Ma MaFebruary 14, 20153min55520
နှစ်သစ်တစ်နှစ်ပြောင်းတိုင်း ပြက္ခဒိန်အသစ်တွေ လက်ဆောင်ရတတ်ပါတယ်။   ဒီနှစ်တော့ ကာတွန်းပုံလေးတွေနဲ့ အတွေးအခေါ်ပေါင်းမြောက်မြားစွာကို ပီပြင်စွာ၊ ထိရောက်စွာ၊ ထူးခြားစွာ တင်ပြထားတဲ့ အော်ရီဒူးပြက္ခဒိန်လေးကို  ကြိုက်လွန်းလို့  ပြန်လည်မျှဝေပေးချင်ပါတယ်။   ကြိုက်ရတဲ့အထဲမှာ စာလုံးပေါင်းသတ်ပုံ မှန်အောင် အထူးဂရုစိုက်ထားတာကလည်း တစ်ခုအပါအဝင်ပေ့ါ။   ပျင်းရိလေးတွဲ့သူတို့ရဲ့ထုံးစံအတို်င်း ၂၀၁၅ နှစ်သစ်က အကြံအစည်ဟာ  ၁လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်တာတော့ ရှက်မိပါတယ်။ :s:   ပြက္ခဒိန်ကိုကြည့်ပြီး ကာတွန်းတွေကို သဘောကျလို့ တနေ့ပြီး တနေ့ သူ့ရက်နဲ့သူ ကာတွန်းကို ခံစားတင်ပြမယ်။ ဖတ်မိ ကြည့်မိသူတွေက သူတို့အမြင်တွေကို ကွန်မန့်ကတဆင့်ပြောကြရင်း အတွေးအမြင်တွေ စုံသွားမယ်လို့ စိတ်ကူးယဉ်မိတယ်။ :kwi:   ဒါပေမယ့်လည်း အလုံးစုံပြီးပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ တတ်နိုင်သမျှအကောင်းဆုံးလုပ်ဖို့ပဲ ကြိုးစားရတော့တာပေါ့။ 😆   ကဲ-အကောင်းဆုံးအချိန်မှာ […]


ムラカミFebruary 14, 20151min117628
​ပြောရအုံးမယ်​ မိညီမ​ရေ ပဲပြုတ်​ နံပြား​ပေါ့ အ​တော်​ဂယက်​ထတာ တနိုင်​ငံလုံး ပဲပြုတ်​ နံပြား အလှူလုပ်​သဗျာ မည်​သူမဆို စားနိုင်​ပါသည်​ ဘာညာဆိုင်​းဘုတ်​​တွေနဲ့ ​ကောင်​းပါတယ်​ ဗိုလ်​ချုပ်​အမှတ်​တရ အ​နေနဲ့လုပ်​တာ စိတ်​ရင်​း ရည်​ရွယ်​ချက်​ကို​တော့ ​ပြောစရာမရှိပါဘူး ဒါ​ပေမယ်​့ဗျာ ခိညားတို့ စဉ်​းစားကျိ ဗိုလ်​ချုပ်​ရဲ့ ထရိတ်​မာ့ခ်​ က ပဲနံဖြစ်​သင်​့လားဗျာ ဒီဂျားထဲ ပဲပြုတ်​က ​ဆော်​ဒါပါလို့ ဘလားဘလား ဆိုတဲ့ ကျန်​းမာ​ရေးသမား​တွေကတမျိုး နံပြားက အင်​ဒိယအစာမို့ ဗိုလ်​ချုပ်​ကို ကီလားစာကြိုက်​တယ်​ ​ပြောသူ​တွေကတဖုံ တကယ်​ဆို ဗိုလ်​ချုပ်​​မွေး​နေ့က က​လေးများ​နေ့ဗျ ဖတ်​မိသ​လောက်​​တော့ အရင်​က က​လေး အားကစားပြိုင်​ပွဲ​တွေ ကျပန်​းစကား​ပြော​တော လုပ်​ကြတယ်​ သည်​နှစ်​ ပြည်​​ထောင်​စု​နေ့မှာ အာ့​တွေလုပ်​သဗျာ ဗိုလ်​ချုပ်​​မွေး​နေ့ကျ​တော့ ပဲနံ ​ပွဲ​တော်​ကြီး ကျင်​းပကြတယ်​ မဟုတ်​​သေးဘူး​နော ပဲနံဝိုက်​မယ်​့အစား ပိုက်​ပိုက်​စုပီး […]


alinsettFebruary 12, 20152min45511
မင်္ဂလာပါ ။ ပုံမှန် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ အခုတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …. မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာနီးပါး ဆက်လက်အကျဉ်းကျခံနေရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကြေညာလိုက်တဲ့သတင်း… ပန်းဆိုးတန်းနဲ့ ဒလဘက်ကမ်းကို ကူးသန်းနိုင်မယ့် မြစ်ကူးတံတား အပါအဝင် ရန်ကုန်မြစ်ကြောင်းတလျှောက်မှာ မြစ်ကူးတံတား (၄) စင်းကို                                          ထပ်မံ တည်ဆောက်မယ်ဆိုတဲ့သတင်း… ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လေတပ်သုံးပြီးတိုက်ခိုက်နေတဲ့                                             အစိုးရနဲ့ လက်နက်ကိုင်အဖွဲများရဲ့ တိုက်ပွဲများနဲ့ နောက်ဆက်တွဲသတင်းများ…                                     အခြား ပြည်နယ်များမှ ပြည်တွင်းစစ်ပွဲဆိုင်ရာ သတင်းများ… US ဖို့တ်ဝိန်းမြို့နဲ့ မြန်မာနိုင်ငံရှိ မွန်ပြည်နယ်မြို့တော် ၊ မော်လမြိုင်တို့ဟာ ညီအစ်မမြို့များဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုလိုက်တဲ့သတင်း မြန်မာနိုင်ငံကို ဘာသာရေး ခွဲခြားဆက်ဆံမှု အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းထဲက ပယ်ဖျက်နိုင်ရေးအတွက် […]


alinsettFebruary 6, 20154min58111
                    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။               သင်၏ လွတ်လပ်မှုသည် ငါ၏လွတ်လပ်မှုလည်း ဖြစ်ပေ၏ဟု.. မြားကို မပစ်မီ လေးညှို့က ဆို၏ ။ (တဂိုး / မြန်မာပြန် –  ဆရာမြသန်းတင့်)   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ To – thura18987@gmail.com Subject – ကြယ်တစ်ပွင့်ဖြစ်ချင်သော… သူငယ်ချင်း သူရ – သို့ သတိရခြင်းများစွာဖြင့် … From – love.yoma@gmail.com   —————— သူငယ်ချင်း မောင်သူရ… ငါတို့က မင်းရဲ့ […]


alinsettFebruary 5, 20156min69012
မင်္ဂလာပါ ခင်ဗျာ… ။ အပတ်စဉ်တင်ပြပေးနေတဲ့  အလင်းခြုံတဲ့ သတင်းဇုန်ကနေ  အခုတစ်ပတ် တင်ပြပေးမယ့် သတင်းတွေကတော့ … မြတ်နိုးလေးစားဖွယ်ရာအကောင်းဆုံး (World’s Most Admired 2015) ပုဂိ္ဂုလ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတဲ့သတင်း ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ့အရေး ပြောကြားချက်များ… စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က မြန်မာအစိုးရ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ ရှိနေခြင်းက မြန်မာ့နိုင်ငံရေး အခြေအနေကို တည်ငြိမ်စေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်း… မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ဖြစ်ပွါးနေဆဲဖြစ်တဲ့အတွက် မြန်မာအစိုးရအပေါ် အကောင်းမြင်လွန်းနေတဲ့ ဗြိတိန်အစိုးရရဲ့ ဆက်ဆံရေး မူဝါဒတွေပြောင်းလဲဖို့ တိုက်တွန်းလိုက်တဲ့ သတင်း… လူတဦးချင်း ဝင်ငွေနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို စာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတဲ့ သတင်း… ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို                                       […]


kaiFebruary 4, 20152min5054
၂၀၁၄၊ မေလ၃၁ရက်က Burmese American Medical Association မှာ ဆရာဒေါက်တာ Anthony Lee က အန်ကယ်ဦး Mikeအေးမြင့်နဲ့လူရွှင်တော်အဖြစ်တွဲဖက်ပြီး မင်းသမီးအဖြစ်  မသန်းသန်းရီနဲ့ အငြိမ့်ကပါတယ်။ အန်ကယ် Mike အေးမြင့်နဲ့ မန္တလေးဂဇက်မှာလွန်ခဲ့တဲ့၄နှစ်လောက်က အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ ယခုလမြန်မာ့ဂဇက်အတွက်တော့ ဒေါက်တာ Anthony Lee နဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။   # ဆရာ့မိသားစုနဲ့ ကိုယ်ရေးအကျဉ်းပြောပြပါဦး။ ကျနော်က ဗန်းမော်ဇာတိ။ မြန်မာနာမည်က တင်မောင်ထွန်း။ အဖေဦးရွှေ၊ အမေဒေါ်ကင်း တို့က တရုတ်ပြည်၊ ကန်တုံက မြန်မာပြည်ကို ၁၉၄ဝမှာ ပြောင်းရွှေ့အခြေချတယ်။မိဘတွေက အင်္ဂလိပ်ခေတ်က အပေါင်ဆိုင်၊ နိုင်ငံခြားအရက်တွေလေလံဆွဲတယ်။ နောက်ပြီး ခေါက်ဆွဲ ဆိုင်ဖွင့်တယ်။ မောင်နှမ၁၂ယောက်(ယောက်ျားလေး ၆ယောက်၊ မိန်းကလေးရယောက်ရှိတယ်။) ဆေးတက္ကသိုလ်၁က ၁၉၆၆မှာ ဆရာဝန်ဘွဲ့ရတယ်။ နောက်တော့US […]


KyaemonFebruary 3, 20158min4094
ဆက်လက်ပြီးနှစ်သစ်ကူးဓာတ်ပုံအလှတွေလိုက်ကြည့်ကြရအောင် — —– Malaysia မလေးရှားကပါ ——- တောင်အမေရိက Mexico မက်စီကိုနိုင်ငံ ——- တောင်ကိုရီးယား ——– ကျန်တာတွေကတရုပ်ပြည်မ က ပါ တရုပ်ပြည် ရှန်ယန်လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်ရောက် နိုင်ငံခြားကျောင်းသားများ —— ၂၀၀၈ အိုလံပစ်က ငှက်သိုက်ပုံအားကစားရုံမှာနှစ်သစ်ကူးပွဲကျင်းပ   ချုံကင်းမြို့လယ်ကွင်း မှာနှစ်သစ်ကြိုစုဝေးပြီး မိုးပျံ ဘော်လုံးလွှတ်    —— အန်ဟွေကကျောင်းသူကျောင်းသား အ “က” နဲ့ကြို     မြောက်ပိုင်းတရုပ်ပြည် ဟာဘင်က မီးပုံးပျံ လွှတ်ပြီးကြို           ရှန်ဟဲကနှစ်သစ်ကြို       ——- ၂၀၁၄က ရှန်ဟဲကနှစ်သစ်ကြို   ဟီနန်ပြည်နယ်ဘုရားကျောင်းမှာခေါင်းလောင်းတီးပြီးကြိုဆို     ——– […]


kaiFebruary 3, 20151min68311
အရင်တပတ်က ဗမာပြည်က ဆရာဝန်ကလေး ၂ ယောက် ကျုပ်နေတဲ့မြိုကိုရောက်လာလည်ကြရင်းနဲ့ လမ်းကြုံ ကျုပ်ကို လာတွေ့တယ်။ အကြောင်းထူး မရှိပါဘူး ။ America မှာ ရောက်နှင့်နေတာကြာပြီး သမ္ဘာရင့်နေပြီဖြစ်တဲ့ ဗမာဆရာဝန်မကြီးတယောက်က Guide လုပ် ဦးဆောင် ခေါ်လာတာပါ ။ ကျုပ်တို့မြို့ကလဲUS မှာတော့ Fun City အပျော်အပါးမြို့၊ Sin City ဒုစရိုက်မြို့၊ Entertainment City ဖျော်ဖြေရေးမြို့အဖြစ် ထင်ရှားတာကို…။ American တွေကိုယ်တိုင်ကလဲ  အနည်းဆုံး တခေါက်မှ မရောက်ဖူးရင် American မပီသသေးဘူးလို့ ယူဆတတ်ကြတာကို…။ သည်မှာ ဆရာမကြီးက တောသားဆရာဝန်ကလေး ၂ ယောက်ကို ကြွားခေါ်လာဟန် တူပါရဲ့။ ဗမာ ဗုဒ္ဓဘာသာ ဓမ္မစစ် ဖြစ်မဖြစ်တော့ မသိ။ ဗုဒ္ဓဘာသာဆိုရင် […]


၁၃-၂-၂၀၁၅ ရက်နေ့ဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့ပါ။ ဗိုလ်ချုပ်ရဲ့မွေးရာဇာတိ နတ်မောက်မြို့မှာ ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သလို၊ မြန်မာပြည် တနှံတလျားမှာလည်း အမှတ်တရပွဲတွေ အသီးသီးကျင်းပကြမှာ မလွဲပါပဲ။ (နှစ်ပေါင်း ၅ဝ ကျော် ဗိုလ်ချုပ်အကြောင်းကို မပေါ်လွင်စေချင်တဲ့ သူတွေကဆင်းသက်လာတဲ့ အစိုးမရသူများကတော့ အထူးတလည်ပွဲလမ်းလုပ်မယ် (ကျနော့်အထင်)မကြားမိပေမယ့် ရန်ကုန်မှာ လမ်းပိတ်ပြီး ရာပြည့်ပွဲလုပ်မယ်ဆို ခွင့်မပြုလို့ တနေရာမှာ ဖတ်လိုက်မိသလားလို့ … …) ဗိုလ်ချုပ်ရာပြည့်ပွဲမှာ တပြည်လုံး ဂုဏ်ယူဆင်နွှဲကြမှာ ဖြစ်သလို ဒီနှစ် ၁၃-၂-၂၀၁၅ ရက်နေ့မှာဆိုရင် ဗိုလ်ချုပ်နောက်ဆုံးခေါင်းချသွားရာ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သာမန်နေ့တွေထက် ပိုများတဲ့ လူသူလေးပါး အမှတ်တရ လာရောက်ကြမှာ အမှန်ပါပဲ။ လူကြီး၊ လူငယ် […]


alinsettJanuary 31, 20156min4548
  အခုတစ်ပတ် အလင်းခြုံတဲ့ သတင်း Zone ကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့ … US ရှိတဲ့ ကမ႓ာကျော် ယေးလ်တက္ကသိုလ်ကနေ                                    မြန်မာကျောင်းသား လူငယ်များအတွက် အထူးအစီအစဉ် လျှောက်လွှာများကို လက်ခံနေပြီဆိုတဲ့သတင်း… US အခြေစိုက် ငြိမ်းချမ်းရေး စေတမန် Peace Corps အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ အကူအညီပေးဖို့အတွက် လုပ်အားပေး လုပ်ငန်းတွေ စတင်တော့မယ့်သတင်း.. ကချင်တိုင်းရင်းသူ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး                      ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ တောင်းဆိုကြေညာချက်များ.. ဇီဝနဲ့ ဓာတုလက်နက် ဖျက်သိမ်းရေးစာချုပ်တွေ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာကို လိုအပ်တာတွေ ကူညီမယ်လို့ US နိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းလိုက်တဲ့ သတင်း… လူထုခေါင်းဆောင် […]


alinsettJanuary 28, 20151min71416
        =======================================================================   အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေးရှောင် Friday, January 23, 2015   အမျိုးသမီးတွေ အသက်ရှည်ချင်ရင် အမျိုးသားတွေကို ဝေးဝေး ရှောင်ရပါမယ်တဲ့။   စကော့တလန် နိုင်ငံမှာ သက်ရှိထင်ရှား အသက်အကြီးအဆုံး အမျိုးသမီးကြီး တဦးက ဘဝမှာ အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်တာမှာ ဒီအချက်က အဓိက ဖြစ်တယ်လို့ huffington post.com သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။   ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူးသော အသက် ၁၀၉ နှစ်ရှိပြီဖြစ်တဲ့ Jessie Gallan ဆိုသူ အမျိုးသမီးကြီး က အသက်ရှည် ရခြင်းရဲ့ လျှို့ဝှက်ချက်ဟာ ဆံပြုတ်စားခြင်းနဲ့ ယောက်ျားတွေနဲ့ […]


Kaung Kin PyarJanuary 26, 20151min91219
“မွေ့….ညီမလေး ကလေးတွေကို ကျွေးပြီးပြီလား….” မနက်နိုးနိုးချင်း…အိမ်ပြင်က ငှက်တွေ အာဗြဲစိန်လုပ်နေတာ ပြတင်းပေါက်က လှမ်းကြည့်နေတဲ့…ကျမကို မြင်လိုက်လို့…အမြီးပြုတ်မတတ် လှုပ်ခါပြနေတဲ့ ခွေး လေးကောင်ကို မျက်နှာလွှဲလိုက်ပြီး မီးဖိုခန်းကို လျှောက်လာရင်း အိမ်က အမကို မေးလိုက်တာပါ…။ “အမလေး…ပြီးပါပြီတော်….လူတောင်မစားရသေးဘူး..သူတို့ကို ကျွေးပြီးပြီ….” “များများကျွေးနော်…၊ ကိုယ့်သမီးချည်းပဲ မကျွေးနဲ့။ ညီမလေး ကလေးတွေက ဗိုက်အိုး ပိုကျယ်တယ်….” “သိတယ်..သိတယ်…စားနိုင်တာကို သိတယ်…” အိမ်က အမကလဲ မခံဘူး…၊ ပြန်အော်တယ်…။ ကျမ ၃နှစ်သမီးအရွယ်ကတည်းက သူက အိမ်ကို ရောက်နေတာ…။ အမေနဲ့ ဆွေမျိုးမကင်းဘူး..ပြောတာပဲ…၊ တစ်အိမ်လုံးကိစ္စ အမေက အဲ့ဒီအမကို စိတ်ချတယ်…၊ ကျမတို့နဲ့ကလဲ ညီအစ်မလိုပဲ…။ နာမည်က မမြင့်မြင့်ဝေတဲ့…။ ကာလရွေ့လျားလာတော့ မွေ့ဖြစ်သွားတယ်…။ နာမည်အပြည့်အစုံခေါ်ရမှာတောင် ပျင်းလို့..အဲ့ဒီအမခမျာမှာ…မွေ့တစ်လုံးနဲ့ ကျေနပ်လိုက်ရရှာတယ်….။ သူ့အသဲကျော်က အိမ်က […]