nigimi77April 18, 20121min17515
နှစ်ဆန်း  ၁ ရက်နေ ့   မင်္ဂလာရှိသော  အခါသမယ ဖြစ်သည်။  ဒီနေ ့ မနက်ခင်း စောစောထပြီး ဘုရားဖူးကြဖို ့ တိုင်ပင်ထားခဲ့သည် ။  သွားခါနီးမှ  မေလ်းပို  ့စရာ ကိစ္စ တခု ပေါ်လာသောကြောင့် အဖွဲ  ့အား အရင်သွားနှင့်ရန်ပြောပြီး  လုပ်စရာရှိသည်ကို ဆက်လုပ်နေခဲ့သည် ။ မိနစ် ၃ဝ လောက် အကြာမှာ အားလုံးပြီးစီးသွားတာကြောင့်  အဖွဲ ့အား ဖုန်းခေါ်လိုက်သော အခါ ဘုရားဖူး ကားတန်းမှာ များပြားလွန်းလှ သဖြင့်  ကျွန်တော်တို ့ အဖွဲ  ့၏ ကားမှာ  Camp သို ့ ပြန်လာ မခေါ်နိုင်သောကြောင့် ရွာလမ်းမ အတိုင်း လမ်းလျှောက်ပြီး ကားရပ်ထားရာ […]


asiamastersApril 7, 20121min2716
Asia Masters ကျွန်တော့်ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့သူတွေထဲမှာ ဆရာတော်ဦးဇောတိကလည်းပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆရာတော်ဦးဇောတိကနဲ့လည်း နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးပါတယ်။ ပါရမီလမ်း ဒါယိကာတစ်ယောက်ရဲ့ အိမ်မှာ တစ်ကြိမ်နဲ့ ရန်ကုန်-ပဲခူး လမ်းဘေးက နေရာမှာတစ်ကြိမ်ဖြစ်ပါတယ်။ လူသားတွေဟာ များများသိရမယ်။ များများသိရင်များများရွေးချယ်နိုင်တယ်ဆိုတဲ့ အလွန်မှန်ကန်တဲ့ အမှန်တရားကို ဆရာတော်ဆီကပဲ သင်ယူခဲ့တာပါ။ ဒီသဘောတရားကိုလည်း ကျွန်တော်ရဲ့ တပည့်တပန်းများကို ဆက်လက်ဖြန့်ဝေပေးလျှက်ရှိပါတယ်။ ဘာသာရေးနဲ့ပတ်သက်လာရင်တော့ ကျွန်တော့်အမြင်က မိမိနှစ်သက်ရာကို ရွေးချယ်ပိုင်ခွင့် Freedom of choice ရှိရမယ်ဆိုတာမှန်ပါတယ်။ Freedom of choice က Buddha ဘာသာတစ်ခုလည်းမဟုတ်ပါဘူး။ တခြားဘာသာတွေလည်းရှိပါတယ်။ ဥပမာ ခရစ်ယာန်ဘာသာဆိုရင်လည်း လူတစ်ဦးကို ခရစ်ယာန်ဘာသာဖြစ်လာဖို့ အတင်းအကျပ်လုပ်ဖို့ခွင့်မပြုထားပါဘူး။ ဘယ်လိုဘာသာတစ်ခုကိုပဲဖြစ်ဖြစ် ကိုးကွယ်ဖို့ရွေးချယ်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်ကိုပြောရရင် နှစ်ခုလိုပါတယ်။ ပထမတစ်ခုက Law လို့ခေါ်တဲ့ လူသားတွေလိုက်နာရမဲ့ […]


မျက်နှာကြီး အလှူပွဲတစ်သို့ ရောက်ခဲ့ရသည်။ ထိုအလှူပွဲသို့ လာကြသော ဧည့်ပရိတ်များ အနက် လူငယ် ၆ ယောက်ခန့် ပါလာကြသည်။ ရာထူးကြီးကြီး မိဘများ၏ သားများဖြစ်ကြောင်း သိရသည်။ သူတို့ ဝတ်စားထားပုံမှာ မြန်မာမျက်စေ့ဖြင့် ကြည့်သော် အချိုး မကျလှပါ။ ပို၍ဆိုးသည်မှာ အသစ်စက်စက် ဝတ်လာသော ဂျင်းဘောင်းဘီ အသစ်ကို ဒူးနေရာ၌ တမင်ဖာ၍ ဝတ်ထားသော မြင်ကွင်း ဖြစ်သည်။ သူတို့ကတော့ ခေတ်မီလှပြီ ၊ နိုင်ငံခြား စံချိန်မီနေပြီဟု ထင်ကောင်းထင်ပါလိမ့်မည်။ မြင်ရသူ အဖို့မတော့………. ပရိတ်သက်က အထက်တန်းစား ၊ ဝတ်လာပုံက ကိုးရိုးကားရား ၊ အမျိုးသားဟန်က ပျောက်လို့ပါတကား ၊ လူစင်စစ်က မျောက်ဖြစ်ပါပေါ့လား…….။ အတုခိုးမမှားသင့် (မြင်းကျိုးကြီးနှင့် တူတတ်သည်) နိုင်ငံခြားတွင် အလုပ်လုပ်ရလွန်း၍ […]


ariyathitsaMarch 13, 20121min610
သီလတွေဟာ လူ့အနေနဲ့ လူ့ဝန်းကျင်ထဲမှာနေရင် လူ့အစည်းရုံးကနေပြီးတော့ လွင့်ထွက်ပြီးမသွားရလေအောင် ဆောင်ထားရမယ့်အရာတွေပဲ။ဒီသီလတွေကို ဆောင်မထားဘူးဆိုရင် လူ့အစည်းရုံးကနေ လွင့်ထွက်သွားမှာပဲ။ လူ့အစည်းရုံးနဲ့ လူ့အစည်းရုံးရဲ့ စည်းကမ်းကလနားကို သဘောပေါက်ဖို့လိုတယ်။ ဒီလူ့အစည်းရုံးကို သဘောပေါက်မှ လူ့အစည်းရုံးရဲ့ စည်းကမ်းကလနားကို သဘောပေါက်မှာဖြစ်တယ်။ လူဆိုတာ တစ်ယောက်ထဲနေတာမဟုတ်သလို၊ တိရစ္ဆာန်တွေလို အုပ်ဖွဲ့နေရုံလောက်လဲ မကဘူး။ လူတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်ပြီးတော့လယ်သမားက လယ်တွေစိုက်၊ ယက်ကန်းသမားက ယက်ကန်းတွေယက်၊ ဆေးဆရာကဆေးကုနဲ့ ကိုယ့်တာဝန်ကိုယ်လုပ်နေကြတာ။ လူ့စည်းကမ်းကို သိတယ်ဆိုတာ လူ့အစည်းရုံးကို သိတာ၊ဒီစည်းကမ်းသိမှ ဒီစည်းကမ်းကို ပြည့်အောင်ဖြည့်ကြည့်မိမှာ။ ဒီစည်းကမ်းသိတာက သောတာပန်၊ဒီစည်းကမ်းကို သိပြီး ဖြည့်တန်သလောက်ဖြည့်နေပြီ၊ ဒါပေမယ့် ပေါက်တန်သလောက်လည်း ကျိုးပေါက်နေဦးမှာပဲ။သကဒါဂါမ်ကျတော့ တစ်ကြိမ်တလေပဲ ဒီကျိုးပေါက်မှုလာတော့တယ်။ သောတာပန်ကသိတဲ့ အကျင့်အတိုင်း သကဒါဂါမ်ကျတော့ သီလကို ကျင့်လိုက်တာ အတော်ကြီးကို လုံသွားပြီ။ ဒါ့ကြောင့် […]


KingMarch 10, 20121min33316
ဒီကနေ့ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ် …. ဒီသတင်းသာအမှန်ဆိုရင် အဲဒီဌာနကို ဒီနေရာကနေရှုံ့ချပါတယ် အမှန်ဟုတ် မဟုတ် မသိဘူးလားလို့ ပြောရင်လည်းခံရမှာပဲ ဘာလို့လဲဆိုတော့ ပေးထားတဲ့ လင့်ခ်ကိုရောက်ဖို့ အချိန်တော်တော်ကြာ သွားပါတယ် သို့သော် ……… ဆက်မပြောတော့ပါဘူးဗျာ ပြောရရင်လည်း ဓာတ်ပြားဟောင်းပြန်ဖွင့်သလိုဖြစ်နေပါလိမ့်မယ် .. မြန်မာပြည်မှာ နေတဲ့သူတွေကတော့ ဒီလိုကိစ္စတွေကို ကြုံဘူးတွေ့ဘူးနေကြဆိုတော့ အထူးပြောစရာမလိုတော့ပါဘူးထင်ပါတယ် … ဒါကြောင့် ဖတ်မိသမျှလေးကိုပဲ ပြန်လည်မျှဝေတင်ပြလိုက်ပါတယ် … အားလုံးပဲ သိသမျှဝေဖန်သုံးသပ်ပေးကြပါလို့ ……… ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ် 2158 NBC_SNL_Rude_Buddha … (Updated: Mar. 05, 2012 12:04 AM EST) အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် […]


kaiMarch 9, 20121min47213
အရေးပေါ်အစည်းအဝေးခေါ်ယူရေးတင်ြပချက်                 နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းဝင်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအတွက် တင်ပြအပ်ပါသည်။               အကြောင်းကတော့ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းတော်ကြီးကျောင်း ဝယ်ယူမရရှိသေးသည့် ကိစ္စပါ၊ အကြောင်းအရာတော်တော်များများကို သိရှိနေကြသူများလည်း ရှိနေမည် အမှန်ပါ၊ သို့သော်လည်း ပိုမိုပြည့်စုံရန်ရည်ရွယ်ပါသည်။                ၁၅.၁၀.၂၀၁၁ နေ့က အော်စလိုမြို့မှာ မြန်မာဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည်အစည်းအဝေးကပဲ ပြန်လည်ကောက်ယူ ဖော်ပြလိုပါသည်၊ အဲဒီ အစည်းအဝေးကို စာရေးသူကိုယ်တိုင် တက်ရောက်မိလို့ပဲဖြစ်ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း မြန်မာနိုင်ငံသားများထေရဝါဒအသင်း ဝဘ်ဆိုဒ်နှင့် သူရိယဝဘ်ဆိုဒ်တို့မှလည်း ဖော်ပြပြိး ဖြစ်ခဲ့ပါသည်၊ အနှစ်ချုပ်ကတော့ ဘုန်းတော်ကြီးကျောင်းဝယ်ယူရေးမှာ ငွေနှင့် နေရာအခက်အခဲရှိနေသည့်အတွက် ဝိုင်းဝန်းကူညီကြိုးပန်းကြရန်ြဖစ်ပါသည်။                ထိုဆုံးဖြတ်ချက်အတိုင်း ကျနော်တို့လည်း ကြိုးပန်းဆောင်ရွက်ခဲ့ရာ လီလီဟားမားမြို့မှာ အဆင်ပြေချောမောသည့်အဆင့်ကို ရောက်ပါသည်၊ လီလီဟားမားကွန်မြူးမှ ငွေချေးမည်၊ အိမ်ဝယ်မှုကိုပါ ကူညီမည်၊ […]


တစ်ခါတစ်ခါ စာရေးသူရော စာဖတ်သူပါ စိတ်ညစ်တာတွေ၊ စိတ်မအီမသာဖြစ် တာတွေ ကြုံတွေ့တတ်ရပါတယ်။ ဒီလိုအချိန်မှာ အနားမှာ အားပေးဖော်သူငယ်ချင်း တွေရှိနေရင် ကို်ယ့်ရဲ့ညစ်နေတာလေးတွေကို မျှဝေလိုက်ရင် အဆင်ဖြေတတ်ပါတယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေဆိုတာ အမြဲတမ်းကိုယ့်အနားမှာ ရှိမနေနိုင်ကြပါဘူး၊ ရှိနေပြန် ရင်တောင် ကိုယ့်ရဲ့စကားတွေကို အချိန်ပေးပြီး မမြဲတမ်းပေးပြီး နားမထောင်နိုင်ကြ ဘူးလေ၊ ဒီလိုဆိုရင် စိတ်ညစ်စရာတွေကြုံတွေ့လာတဲ့အခါ အားတင်းပြီးဖြေနိုင်ကြအောင် သူတော်ကောင်းကြီးတွေရဲ့ နှလုံးသွေးနဲ့ရေးသွားကြတဲ့ ဖြစ်ရပ်လေးတွေ ပြောပြချင်ပါ တယ်၊ သူတော်ကောင်းကြီးများဟာ သူတို့အပေါ်ဘယ်လောက်ပဲ ရက်စက်စက်၊ တိုက် ခိုက်တိုက်ခိုက် မေတ္တာနဲ့သစ္စာနဲ့ သာယှဉ်ပြိုင်အနိုင်ယူသွားကြတာပါ၊ ရက်ရက်စက်စက် စကားလုံးတွေ တုန့်ပြန်ရန်မူတာတွေနဲ့ အနိုင်မယူကြပါဘူး၊ ပထမဆုံးအနေနဲ့ ဘုရားအလောင်းတော် ဆဒ္ဒန်ဆင်းမင်း သူတော်ကောင်းကြီး အကြောင်းကိုပြောပြချင်ပါတယ်၊ ဆဒ္ဒန်ဆင်မင်းကြီးမှာ မဟာသုဘဒ္ဒါရယ် စူဠသုဘဒ္ဒါ ရယ်ဆိုတဲ့ ဆင်မမိဖုရားနှစ်ပါးရှိပါတယ်၊ တစ်နေ့တော့ […]


        သရဏဂုံအား ချဉ်းကပ်ရာတွင် လူနှင့်လူ့ပတ်ဝန်းကျင်၌ ထာဝစဉ်သက်ဆိုင်နေသော ဗုဒ္ဓဘုရားရှင်၏အမြင်ကို လူသားတိုင်းနှင့် သက်ဆိုင်စေခြင်းသာလျှင်ဖြစ်၏။ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မံသရဏံဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ ….လို့ကြားဖူးမှာပါ။ အဲဒီမှာ…           ဗုဒ္ဓံဆိုတဲ့ ဗုဒ္ဓကိုညွှန်ပါဆိုလျှင် မြတ်စွာဘုရားကိုဆိုပြီးပြောကြသလို ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကိုလို့ နားလည်ထားကြသလို ဒီလိုပဲ ပြောနေကြတာပါပဲ။           တကယ်တော့ ဗုဒ္ဓဆိုတာက သိသူသာလျှင်ဖြစ်ပါတယ်၊ ဘာကိုသိတာလည်းဆိုရင်တော့ လူတွေမှာ လူသားတွေမှာလာရောက်ကပ်ငြိတတ်တဲ့ ပျက်စီးခြင်း ဆိုးဝါးခြင်း အနှစ်သာရမရှိခြင်းလို့ဆိုသော ဒုက္ခနဲ့ အဲဒီဒုက္ခဖြစ်ကြောင်း သမုဒယကိုသိပါတယ်။ပြီးတော့ အဲဒီလိုလူမှာ လာရောက်ကပ်ငြိနေတဲ့ ဒုက္ခကနေ လွတ်ရာဖြစ်တဲ့ နိရောဓကိုသိတယ်။ အဲဒီလို ဒုက္ခကနေ လွတ်မြောက်ဖို့ရယ်..ဒုက္ခဖြစ်ကြောင်း သမုဒယကိုပယ်နိုင်စေတဲ့ တစ်ကြောင်းထဲ တစ်ခုတည်းသောလမ်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးလို့ဆိုသော မဂ္ဂကိုသိပါတယ်။ ချုံပြောရရင် အရိယသစ္စာလေးပါးကို သိသူပေါ့။ ဒါက ဗုဒ္ဓဆိုတဲ့ သိသူရဲ့ […]

DSC05178.jpg

black chawFebruary 25, 20124min29418
မနေ့က ည ၈ နာရီလောက် ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီး ရှိရာသို့ သွားဖြစ်ပါတယ်။ ဦးဝိစာရလမ်းတစ်လျှောက် ကားတန်းရှည်ကြီးကြားက ကြပ်တည်းစွာနဲ့ ရွှေတိဂုံဘုရားလမ်းဘက်မုခ်ဘက်သို့ ရောက်အောင် သွားခဲ့ပြီး ဘုရားပေါ်ကို ည ၉ နာရီလောက်မှာ ရောက်ပါတယ်။ ဘုရားပေါ်မှာ လူတော်တော်များတာ သတိထားမိပါတယ်။ ရောက်တဲ့အခိုက် ရန်ကုန်နဲ့ ဝေးနေကြသူတွေအတွက် ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ရွှေတိဂုံပွဲ ဆိုတော့ ရွှေတိဂုံစေတီတော်ကြီးပုံတွေ ဖူးရပါမယ်။ ကိုစိန်သော့ရဲ့ လက်ချာတွေ အောက်မှာ အရင်ပုံတွေနဲ့ ရိုက်ချက်မတူအောင် ကြိုးစားရိုက်ခဲ့ပါတယ်။


BurmaFebruary 24, 20121min1184
စတင် တည်ဆောက်စဉ်က သစ်တိုင် ၊ အုပ်ကြွပ် မိုး အဆောက်အဦး ဖြစ်ခဲ့ပါသည်။ 1900 ပြည့်နှစ်တွင် ” စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင် ” တို့က မတည်ပြီး ပထမအကြိမ် ကျောင်းတော်ကြီးအား အသစ်မွမ်းမံ ပြုပြင်ခဲ့ရာ ကျောင်းဆောင်အတွင်း အနုစိပ် လက်ရာများကို လှပစွာ သစ်ထွင်း လက်ရာများနှင့် တန်ဆာ ဆင်ကာ တိုက်ကျောင်းအဖြစ် တည်ဆောက်ခဲ့သည်။ (“စန်ဇူးချပ် ၊ ပိုင်ဝမ်စိုင်” ဆိုသည်များ မြန်မာမှုပြုထားခြင်းဖြစ်ပြီး တရုတ်နာမည်အစစ် မဟုတ်ကြောင်းပါ) ၊ ထိုခေတ် ငွေစင် ဒဂါင်္း (10570 ကျပ် 50 ပြား) ကုန်ကျကာ ရေတွင်းအတွက် “ဒေါ်ရွှေခက်” မှ လှူဒါန်းပြီး ငွေ 200 ကုန်ကြောင်း ကျောက်စာ […]


   အရမ်းလှတယ်ဗျာ မောင်းကြီးကတော့ အရှေ.ဘက်မုဒ်မှာရှိတာ…        အရမ်းကို သပ်ပယ်ပါတယ်ဗျာ.. မီးရောင်စုံနဲ.                      စနေထောင့်က ဂဝန်ကျောက်နဲ.လုပ်ထားတဲ့ ထီးတော် ပါ…   ဒါကတော့ စနေထောင့်မှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေ စုဝေးရာနေရာပေါ့


ကျွန်တော်ရုံးကပြန်တော့ MRTV-4 မှာ သတင်းလာတာ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော် ဖွင့်ပွဲဆိုတော့.. ကိုယ်လဲ ကမန်းကတမ်း ထမင်းစားပြီး ကင်မရာ ဆွဲပြေးရတာပေါ့ဗျာ တော်ကြာ သူများဦးသွားမှာစိုးလို. ဟိဟိ….. ရနာရီကနေသွားလိုက် တာ ၉နာရီခွဲ အထိ မန်မိုရီကုန်တဲအထိလျှောက်ရိုက်ပါတယ်….. ဒါကတော့ အနောက်ဘက်မုဒ်ပါ မြောက်ဘက်နဲ. အရှေ.ဘက်က ပိတ်ထားလို.လေ လူတွေကိုအများကြီးပဲဗျာ ဘုရားဖူးလာကျတာ ကျွန်တော်လဲ လေးပေါက်တို. ကိုလုတို. ကိုစိန်သောတို.ကို အတုခိုးပြီး ဝမ်းယားထိုးမှောက်ခုံ အကုန်ရိုက်လာခဲ့တယ် ဟေဟေ      မီးရောင်စုံနဲ.ပူဇော်ထားတာ အရမ်းကိုကြည့်ညိုဖို.ကောင်းပါတယ်.. အရမ်းလဲလှတယ်ဗျ..   အဲဒီလို ပန်းပင်အစစ်တွေနဲ. စေတီတော်ပတ်ပတ်လည်ကိုလဲ ပူဇော်ထားသေးတယ်လေ… ပန်းတွေက လဲ အရောင်အသွေးမျိုးစုံပါပဲဗျာ..    အောက်က လမ်းပတ်ပတ်လည်မှာလဲ ပွဲဈေးတန်းတွေအများကြီး အရှေ.ဘက်မုဒ်မှာဆို ခြင်းလုံးပွဲ။ […]