Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


နွေဦးJanuary 18, 20121min2514
ကျွန်တော်သိဖူးတဲ့ ဝိရီယ အကြောင်းလေး ပြောပြချင်လို့ပါ လုံ့လဝိရီယရှိပါ။ဘယ်လောက်ထိလုံ့လကို မလျှော့တမ်းထားရမလဲဆိုရင်.. ၁။ခန္ဓာကိုယ်၏ အရည်သာလျှင်ကျန်ပါစေ မလျှော့ပါနဲ့ ၂။ခန္ဓာကိုယ်၏ အကြောသာလျှင် ကျန်ပါစေ မလျှော့ပါနဲ့ ၃။ခန္ဓာကိုယ်၏ အရိုးသာလျှင်ကျန်ပါစေ မလျှော့ပါနဲ့ ၄။အသွေးအသားခန်းခြောက်ပါစေ ဝိရိယလျှော့မချပါနဲ့ ပန်းတိုင်ထားပါ  ဝိရီယရှိပါ ပန်းတိုင်မရှိ ဝိရီယမရှိပါက ၁။ပညာမရှိ ၂။ဥစ္စာမရှိ ၃။မိတ်ဆွေမရှိ ၄။ကုသိုလ်မရှိ ၅။နိဗ္ဗာန်မရှိ ဝိရိယကိုလျျွှှော့မချပါနဲ့ ၁။ အလုပ်မလုပ်ခင် ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၂။အလုပ်ပြီးသွားချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၃။ခရီးမသွားခင် မှာ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၄။ခရီးရောက်ပြီး ချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ […]


လက်တွေ့မှ ယုံကြည်တတ်သော ကျောင်းဆရာ တစ်ယောက်သည် စာတတ်၊ ပေတတ် ဆရာတော်ကြီး တစ်ပါးအား ဤသို့ လျောက်ထားလေသည်။ ကျောင်းဆရာ ။ ။ အရှင်ဘုရား … တပည့်တော် တစ်ခုလောက် မေးလျောက်ပါရစေ ဘုရား။ ဆရာတော် ။ ။ မေးပါ ကျောင်းဆရာ။ ကျောင်းဆရာ ။ ။ တပည့်တော် မေးမှာက အရှင်ဘုရားတို့ ဟောဟောနေတဲ့ နတ်ပြည်ဆိုတာ၊ ပြီးတော့ ငရဲပြည်ဆိုတာ တကယ် ရှိလို့လား ဘုရား။ တပည့်တော်ကတော့ လက်တွေ့သမားဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် မယုံဘူး ဘုရား။ နတ်ပြည်နဲ့ မြှောက်ပြီး၊ ငရဲပြည်နဲ့ ခြောက်တာလို့ပဲ ထင်တယ် ဘုရား။ ဆရာတော် ။ ။ ဘုန်းကြီးတို့က မြှောက်တာ၊ ခြောက်တာ […]


အောင် မြင်January 12, 20123min3704
ရခိုင်ပြည်နယ်ရဲ ့ မုနိမြေဆိုတာ ကျောက်တော်မြို ့ကို ခေါ်ခြင်းဖြစ်ပါတယ်၊၊ ဘာကြောင့် မုနိမြေ ခေါ်လဲဆိုတော့ မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပယ်တော် မူသောကြောင်း ခေါ်ခြင်း ဖြစ်ပါတယ်၊၊ မဟာမြတ်မုနိဘုရား သမိုင်းအကျဉ်းကို ဖော်ပြရမယ်ဆိုရင် BC ၅၈၈ခု၊ နန်းတက်တော်မူသည့် ရက္ခပူရ ဓညဝတီနေပြည်တော်ကြီး သခင်စန္ဒာသူရိယ ဘုရင်မင်းကြီး လက်ထက် ဂေါတမမြတ်စွာဘုရားသခင်သည် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် (၁၂၃)ခု၊ ဝါတော် ၂ဝမြောက်တွင် ရဟန္တာ(၅၀၀) ခြံရံကာ ပြသာဒ်ယာဉ် ပျံစီး၍ ကောင်းကင်ခရီးဖြင့် ဓညဝတီ နေပြည်တော်ကြီးသို ့ ရောက်ရှိလာကာ ဗုဒ္ဓ၏ ကိုယ်စားတော် မဟာမြတ်မုနိဘုရားကို ရင်ငွေ ့တော် ခုနှစ်လက်ခုပ် ထည့်တော်မူပြီး သွန်းလုပ်တော် မူခဲ့ပါတယ်၊၊ အဲဒီခေတ် ကာလအချိန်ကစပြီး ကျွန်တော်တို ့ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ […]


သတ်သူနှင့် စားသူ အပြစ်အတူတူပဲလား? 9 diamond ရေ…ဒကာမေးတာက ဘုရားရှင်က အသက်မသတ်ဖို့တော့ ပညတ်ပြီး အသားကြတော့ ဘာလို့စားရတာလဲ၊ ဗုဒ္ဒဘာသာဝင်တွေကလည်း ဘာလို့အသားစားကြရတာလဲလို့ မေးထားတယ်နော်။ (ဒကာကို ဘာသာခြားတွေက အဲလိုလာမေး မဖြေနိုင်လို့ ဦးဇင်းကို ပြန်မေးတယ်ဆိုတဲ့ သဘောနော်၊ ကွန့်မန့်ပေးသူတွေ ဆဲမနေကြနှင့်ဦး။) “ဒကာကို မေးတဲ့ဘာသာခြားက တော်တော်ယဉ်ကျေးတဲ့ ဘာသာခြားဖြစ်ဟန်တူပါတယ်။ ဒါကြောင့် စကားလုံးကို အခုလို အမေးသဘောလေးပြောလိုက်တာ။ တကယ်က သူဆိုလိုချင်တာက “ဝယ်စားတဲ့သူရှိလို့ သတ်ရောင်းတဲ့သူရှိနေတာ ဒါကြောင့် သတ်သူနှင့် ဝယ်စားသူ အပြစ်က အတူတူရှိတာပဲ´´လို့ ဆိုလိုချင်တာပါ။ ဦးဇင်းလဲ ဒီမေးခွန်းကို ခဏခဏမေးခံခဲ့ရဘူးပါတယ်။ ဦးဇင်း ဒကာနားလည်လွယ်မဲ့ အရပ်ပြောနဲ့ပဲ ရှင်းပြပေးပါ့မယ်။ ဒကာရဲ့ ဘုရားကသူများကပ်လှုုတာကို ဘုဉ်းပေးတော်မူတာပါ။ ကိုယ်တိုင်ဝယ်စားတာ ချက်ပြုတ်စားတာ မဟုတ်ပါဘူး။ နောက်တစ်ခုက […]


ဘုရားဟောပါဠိတော်+အဌကထာ+ဋီကာ တို့ကို ထေရဝါဒလို့ခေါ်ပါတယ်။အဌကထာဆိုတာဘုရားဟောခဲ့တဲ့ စကားတွေကိုအနက်ဖေါ်ပြတာတွေပါပဲ။အဌကထာလို့ဆိုတဲ့ကျမ်းပြုဆရာတွေရဲ့ ဘုရားစကားအပေါ်မှားမှားယွင်းယွင်း ကောက်ယူဖွင့်ဆိုချက်တွေကြောင့် ဗုဒ္ဓဝါဒဟာကမာ္ဘမှာ ကျဆုံးခဲ့ရပါတယ်။ နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးဟာ ဘာသာတရားတိုင်းမှာရှိနေတာတွေပါ။ ဗုဒ္ဓလက်ထက်က ဘာသာရေးဆရာကြီးတွေလည်း နောင်ဘဝဖြစ်ရေးနဲ့ မဖြစ်ရေးတွေပဲ လမ်းညွှန်ခဲ့ကြသူတွေပဲ၊ ဘာသာတရားတိုင်းရဲ့ အသည်းနှလုံးပါပဲ။ အဲ့ဒီအသည်းနှလုံးမရှိတဲ့ သဘောတရားဟာ ဘာသာတရားမဟုတ်တဲ့ သဘောတရားပဲ။ ဗုဒ္ဓဟာ အဲ့ဒီဘာသာတရားမဟုတ်တဲ့သဘောတရားကို ညွှန်ပြသူဖြစ်လို့ ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဘာသာရေးသမားတွေက ဗုဒ္ဓအပေါ် နားမလည်နိုင်ဖြစ်ပြီးဗုဒ္ဓကို နောင်ဘဝဖြစ်၊မဖြစ်…အစရှိတဲ့မေးခွန်းတွေမေးတော့ ဗုဒ္ဓက အဲ့ဒါတွေ ငါမပြောဘူးလို့ချည်း ပြောခဲ့သူပါ။ ဗုဒ္ဓဟာ ဒါပဲပြောသူဆိုရင်တော့ ဘာမှမယူတဲ့အယူကို ယူသူလို့ ပြောရမှာဖြစ်ပေမယ့် ဗုဒ္ဓက ဒါပဲပြောသူမဟုတ်တာပဲ ဖြစ်တယ်။ လူ့ဒုက္ခရောက်မှုနဲ့ ဒုက္ခရောက်ကြောင်း၊ လူ့လွတ်လပ်ငြိမ်းချမ်းမှုနဲ့ လွတ်လပ်ငြိမ်းချမ်းကြောင်းတွေကို သူပြောတယ်လို့ ပြောခဲ့သူပဲဖြစ်တယ်။ လူမှာဒုက္ခရောက်တာနဲ့ လွတ်လပ်တာအပြင် လေးနက်တာဟာ မရှိတော့တာပါပဲ။ အဲ့ဒီအချက်လေးချက်ကို အဌကထာကျမ်းပြုသူတွေ […]


kaiJanuary 2, 20122min2282
ဒုတိယမြောက်ကျူးရှုးကျောင်းထိုင်ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူ၊ ကျောင်းကို ပြင်လည်ပြုပြင်မည်ဟုသိရှိရပြီး၊ ပြီးစီးပါက ပြည်တွင်းမှ သံဃာများ လာရောက်သီတင်းသုံးမည်ဟုသိရှိရ ဂျပန်နိုင်ငံမြောက်ပိုင်း ကျူးရှုးကျွန်း မိုးဂျိအရပ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး စေတီ(ကမ္ဘာအေးစေတီ)နှင့် ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဖြစ်သော ဘဒ္ဒန္တခေမိန္ဒသည် သာသနာနှစ် ၂၅၅၅၊ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ခရစ်သက္ကရာဇ် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်(ဗုဒ္ဓဟူး)နေ့ နေ့ လယ် ၃းဝဝ နာရီတွင် ဘဝနတ် ထံ ပျံလွန်တော်မူသွားပြီဖြစ်ကြောင်းသိရှိရသည်။   ဘဒ္ဒန္တခေမိန္ဒသည် အဆိုပါကျောင်းတွင် ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ ပြည်မှကြွရောက်ခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူခဲ့သည့်အချိန်အထိ ကျူးရှုးကျောင်းတွင် ထေရဝါဒသာသနာတည်တံ့ပျံပွားအောင် ဆောင်ရွက်ခဲ့ သည့် ဒုတိယမြောက်ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်သည်။   ပျံလွန်တော်မူသည့်အချိန်တွင် ဆရာတော်သည် သက်တော် […]


၂၀၁၂ နှစ်သစ်မင်္ဂလာ အခါသမယကို မြတ်ဗုဒ္ဓဟောကြား ဆုံးမခဲ့တဲ့ ရုပ်နာမ်ဓမ္မ သစ္စာတရားများနဲ့ စတင်ချင်ပါတယ်။ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဆိုတာ ဝိပဿနာကမ္မဌာန်းရှုသူအတွက် အခြေခံတရားများဖြစ်ပြီး အောက်အဆင့်မှာ အသိညဏ်နက်ရှိုင်းလာတာနဲ့အမျှ ဒီဘူတာပဲ ပြန်ဆိုက်ပါတယ်။ အလွယ်ရှင်းဆုံးပြောရင် ခံစားမှုမရှိတဲ့ ရုပ်ဝတ္ထု အတွေးအာရုံသက်သက်တို့သည် ရူပက္ခန္ဓာ၊ ဘာညာမသိဘဲ အပြင်ဖက်က တစုံတခု သို့မဟုတ် စိတ်ထဲပေါ်လာတာနဲ့ ဘမ်းကနဲတိုက်ရုံ တိုက်မိလိုက်ခြင်းသည် ဝေဒနက္ခန္ဓာ၊ သိရှိခံစားပြီးသား အာရုံကို သတိရမိခြင်းသည် သညက္ခန္ဓာ၊ ထိုအာရုံအား ခံစားမှုအဖြစ်သို့ ပြောင်းလဲသိရှိခြင်းသည် သင်္ခါရက္ခန္ဓာ၊ နောက်ခံစားမှု တခုသို့ ပြောင်းလဲသွားခြင်းသည် မနောဝိညက္ခန္ဓာ ဖြစ်ပါတယ်။ ဝိပဿနာမှာ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်း နှစ်မျိုးရှိတယ်။ ရုပ်ကမ္မဌာန်းသည် သမာဓိအားကောင်းရပြီး နာမ်ကမ္မဌာန်းက ပေါ့ပေ့ါပါးပါး ပိုရှိပါတယ်။ တချို့လည်း နာမ်ကမ္မဌာန်းသည် ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးကို […]


who whoDecember 30, 20111min2583
ဒီနေ့တော့ ဗြဟ္မစိုရ် ကျင့်စဉ်တရား(၄)ပါး အကြောင်းလေး စဉ်းစားမိတာနဲ့။ ဒီတရား(၄) ပါးက ဘာတွေလည်း ဆိုရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာတို့ပဲ ဖြစ်တယ်။ ဒီ ကျင့်စဉ်တွေသည် မြတ်သော အကျင့်တရားတွေ ဖြစ်လို ့ မဖြစ်မနေ နားလည်ထားသင့်ပါတယ်။ ဒါကြောင့်လည်း တခုစီကို အသေးစိတ် နှလုံးသွင်းလေးမှန်စေဖို့တော့ ကြိုးစား ရပြီပေါ့။ (၁) မေတ္တာ ဒီမေတ္တာပို ့တာနဲ ့ ပတ်သက်ပြီးတော့ လူတိုင်းမေတ္တာပို ့နေကြတာ မြင်နိုင်သလို ကိုယ်လည်း တတ်စွမ်း သ၍ မေတ္တာတွေပို ့နေရတယ်။ ကျွန်တော်တို့ မေတ္တာပို့တဲ့အခါ ၁။ အရင်ဆုံး “ ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ” လို ရွတ်ကြ တယ်နော်။ အဲလို […]


မောင် ပေDecember 30, 20111min52515
one day တုန်းကပေါ့ ။ အသိတစ်ယောက် နဲ ့စကားပြောကြရင်း ၊ အလှူလုပ်တဲ့ ကိစ္စ အကြောင်း ပြောဖြစ်သွားတယ် ။ ကျွန်တော် က ငွေ/ပိုက်ဆံ အလှူလုပ်ချင်နေတဲ့ အချိန် ၊ ဘယ်မှာ ဘယ်လို သွားလှူရမလဲ ဆိုတာ ကို ကျွန်တော် မသိဘူး ဖြစ်နေတယ် ။ ယခင်လှူခဲ့ဖူးတဲ့ နေရာတွေရှိပေမယ့် ၊ အခြားနေရာတွေမှာလည်း လှူချင်တာကိုးဗျ ။ ကျွန်တော် က စာတွေဖတ်ရင်း ၊ ကောက်ချက်ချ မိတဲ့ အယူဝါဒ တစ်ခု က ၊ “ လူ ဖြစ်လာတာ ဘာတာဝန်ရှိလဲ ၊ တွေးကြည့်တော့ မနည်းမနော ပါဘဲ ၊ အဲဒီ တာဝန်တွေ […]


who whoDecember 29, 20111min3176
ဘုရားဂုဏ်တော်ပွားရင်းက သုဂတောဂုဏ်တော်နဲ့ ဆက်စပ်လို့ “ကောင်းသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား”ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ထပ်သိချင်လာတဲ့ အချက်ကလေးတစ်ချက်။ ကောင်းသောစကားကို ဆိုတယ်ဆိုတော့ ဘယ်လို စကားမျိုးပါလိမ့်လို့ စပ်စုချင်လာတာနဲ့ ထပ်လေ့လာ လိုက်တဲ့အခါ “ဘုရားပြောသော စကားနှစ်ခွန်း”ဆိုတာလေး ထပ်သိလာရပါတယ်။ မြတ်ဘုရားနဲ့ ပတ်သက်လို့ သိလာရသမျှတိုင်းဟာ ကျနော်တို့အတွက် အတုယူလိုက်နာဖွယ်ရာများသာ ဖြစ်တာကြောင့် အားလုံးလည်း အကျိုးများစေရန် အလို့ဌါ ထပ်မံ ဝေမျှလိုက်ရပါတယ်။ လောကမှာ လူတွေ ပြောနေကြသော စကားတွေကို အမျိုးအစား ခွဲခြမ်းလိုက်တဲ့အခါ စကားကြီး ခြောက်ခွန်းရယ်လို့ ထွက်လာပါတယ်နော်။ အဲဒါတွေကတော့ ၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။ ၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။ ၃။ “ဟုတ်တယ်၊ […]


who whoDecember 29, 20111min4044
နဝမမြောက်နေ့ ဒီနေ့ကတော့ မြတ်ဘုရားရဲ့ နောက်ဆုံး ဂုဏ်တော်ဖြစ်တဲ့ ဘဂဝါ ဂုဏ်တော် အကြောင်းလေး သိခွင့်ရတော့မှာမို့ ညအိပ်ယာဝင်ခါနီးတောင် သိချင်လွန်းလာတာကြောင့် မအိပ်တော့ပဲ ဒီစာလေးကို ထရေးမိပါတော့သည်။ ဘဂဝါ ဂုဏ်တော် ရှေ့က ဆိုခဲ့ပြီးသော ဂုဏ်တော် ကျေးဇူးတော်တို့အရ လူရော နတ်ရော ဗြဟ္မာပါ မလပ်အောင် ဆုံးမ၍ ယဉ်ကျေးကြသော သတ္တဝါတို့၏ တစ် ပါးတည်းသာ ဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကျက်သရေတော်၊ တန်ခိုးတော်တို့ ကြီးမားပုံကို အာရုံပြုမယ်ဆိုလို့ကတော့ ကုန်နိုင်တော့မည် မဟုတ်ပေ။ ဘဂဝါ ဂုဏ်တော်ရဲ့ အနက်က ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ် ပြန်ကြတယ်နော်။ အဲဒီမှာ ဘုန်းတော် ခြောက်ပါးတွေက ဘာတွေပါလိမ့်လို့ သိစရာတွေ […]


who whoDecember 28, 20111min2723
အဋ္ဌမမြောက်နေ့ ကျေးဇူးကြီးလှတဲ့ မြတ်ဘုရားရဲ့ ထူးခြားဂုဏ်အင်တွေကို ခုလို သိခွင့်ရတာကိုပဲ အထူးနှစ်သက် ကြည်နူးမိရပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော် တွေပွားရင်းကလည်း တစ်စတစ်စ စိတ်ကလေးက ငြိမ်ပြီး ကြည်ရွှင်လာရပါပြီ။ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်မှာ ခိုလှုံခွင့်ရနေရတာကိုလည်း အထူးကံကောင်းသူ တစ်ယောက်လို ခံစားလာရကာ စိတ်အစဉ်ကလည်း တဖြည်ဖြည်း နုညံ့လာရ ပါပြီ။ ဒီနေ့တော့ သတ္တာဒေဝမနုဿာနံ ဆိုတဲ့ ဂုဏ်တော်ကို ဆက်ကြပါမယ်။ သတ္တာဒေဝမနုဿာနံ ဂုဏ်တော် နတ်တွေ လူတွေကို ဦးစီး ဦးဆောင်ပြုတော်မူနိုင်တဲ့ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရားတဲ့နော်။ သေချာလေး စဉ်းစားကြည့်လိုက်ရင် ဒို့ တတွေဟာ သံသရာ ခရီးရှည်ကို သွားလာနေကြတဲ့ ခရီးသည်တွေပါနော်။ အစမထင် သံသရာကတည်းက သုံးဆယ့်တစ်ဘုံမှာ ကျင်လည်လာခဲ့လာ လိုက်တာ ဘယ်တော့မှ ဒီလမ်းကြီး အဆုံးသတ်ရပါ့မလဲရယ်လို့ […]


who whoDecember 27, 20111min5962
သတ္တမမြောက်နေ့ လောကဝိဒူ ဂုဏ်တော်ကြောင့် မြတ်စွာဘုရားရှင်၏ အံ့မခန်းဘွယ် ကျေးဇူးတရားတို့ကို ပွားများရင်း ပို၍ပို၍ တိုးကာ သိမြင်လာရလို့ သဒ္ဓါတရား တွေ ယိုဖိတ်ကျခဲ့ရပါတယ်။ ဒီနေ့ ဆက်ကြရမှာကတော့ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်ကို ရှင်းရှင်းလင်းလင်း သိစေဖို့ သေချာလေး လက်လှမ်း မှီသလောက် ကြိုးစားကြပါစို့လား။ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော် ဒီဂုဏ်တော်ရဲ့ ခေါင်းစဉ်လေးကို ရေးတဲ့အချိန်မှာကိုက စိတ်ဝင်စား စရာ အချက်လေး သွားတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မလို့ မဖော်ပြ ဘဲ ဒမ္မလို့ ဖော်ပြထားတာကြောင့်ပါ။ အဲဒါလေး သိချင်တာနဲ့ လေ့လာကြည့် လိုက်တော့ ဒမ္မဆိုတာသည် ဆုံးမထိုက်သူလို့ အနက်ရပါတယ်တဲ့နော်။ သာရထိ ကတော့ ဆုံးမနိုင်စွမ်းရှိတယ်လို့ အနက်ရပါတယ်။ အနုတ္တရော ပုရိသ […]