ကျနော် ဘဝနှင့်ပတ်သက်လို့ အရေးကြီးဆုံး အလုပ်ကို သိသင့် သလောက် သိခဲ့ပြီးတဲ့နောက် ဒီအလုပ်ကိုပဲ နံပါတ်တစ်ထားလို့ ကြိုးစားခဲ့ ပါတယ်။ ကြိုးစားသလောက်လဲ ကိုယ်နဲ့ ထိုက်သလောက် အသိလေးများကို ရရှိခဲ့ပါတယ်။ အဲဒီ ရလာသော အသိတွေအရ ဖြစ်ပေါ်လာခဲ့သော သေခြင်း အပေါ် ခံစားမှုလေးတွေကို ပူးတွဲပြီး မှတ်တမ်းလုပ်ထားလိုက်သည်။ ကျနော့တို့ အပေါ် တရားဓမ္မတွေ ဟောဖော်ပြသ ညွှန်ကြားခဲ့သော မယ်တော်ကြီး ဒေါ်စိတြာရဲ့ နာရေးတွင်းကာလမှာ ကျနော့ရဲ့ စိတ်ခံစားမှုလေး ကို မှတ်မိသေးသည်။ မယ်တော်ကြီး နာမကျန်း ဖြစ်စဉ် ကတည်းက ကျနော်တို့ ဝိုင်းပြီး ပြုစုခဲ့ကြပါတယ်။ အဲဒီမှာပဲ မယ်တော်ကြီးရဲ့ အသံတိတ် တရားပြသွား ပုံလေးကို တွေ့မြင်ခဲ့ရပါတယ်။ မယ်တော်ကြီးဟာ ခန္ဓာဝန်မချခင်မှာပဲ အားလုံး ကို ဥပေက္ခာနဲ့ […]