ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မဿကတာဉာဏ်ဟု ဆိုအပ် သော ကံနှင့် ကံကျိုး ဆက်သွယ်မူ၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ် နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင်ရှိပါ သည်။ ကံထမ်းလာသည်ကိုမမြင်ရ၊ လှံထမ်းလာသည်ကိုသာမြင်ရသည်ဟူ၍ ဖြစ်ပါသည်။ ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မဝိသယော အစိန္တေ ယျောဟုဆိုပြီး ကံအရာမကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများ မှသိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှ မသိလျှင် ကံနှင့် ကံအကျိုး ဆက်သွယ်မှု၌သာဖြစ်သော ကမ္မဿကတာဉာဏ် ဘယ်သို့မျှ ဖြစ် ရန်အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက် ထစ်ဆုံးဉာဏ်ဖြစ်ပါသည်။ ဤဉာဏ်မျှမထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အားနည်းလှမည်ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ […]