အမလေးနော် များလိုက်တဲ့ မျိုးစေ့တွေ။ ဘာမျိုးစေ့တွေများပါလိမ့် မယ်လို့ ဆက်တွေးကြည့်လိုက်တော့မှ အော…ငရဲကြီးရှစ်ထပ်နဲ့ ငရဲငယ် ၁၂ဝ ကို အရောက်ပို့ပေးမယ့် မျိုးစေ့တွေဆိုတာ သိလိုက်ရပါတယ်။ တကယ်တော့ ပုထုဇဉ်လူသားတွေရဲ့ ဝမ်းထဲမှာ ဒီမျိုးစေ့တွေက ကိန်းအောင်းနေပါလား။ အတော်လည်း ကြောက်ဖို့ကောင်းနေပါလားနော်။ ဘယ်လိုကြောင့် ဒါတွေက ပွားလာရပါလိမ့်ဆိုတော့ အကုသိုလ်စိတ်တွေ ဖြစ်နေသမျှ ပွားနေပါတော့ တယ်။ အော်…တစ်နေ့ တစ်နေ့ ကုသိုလ်အလုပ်တွေကို ဦးအောင်မလုပ်မိသ၍ ကတော့ အကုသိုလ်တပ်ကြီးရဲ့ သိမ်းပိုက်မှုကို ခံနေရတာပါပဲလေ။ ဒါကြောင့်ပဲ ကုသိုလ်အလုပ်တွေကို အားချိန်တိုင်းမှာ လုပ်ဖြစ်အောင်လုပ်ဖို့ အမြန်ဆုံးကို plan ချထားမှသာ တော်ကာကျပါမယ်လေ။ အင်း…ကုသိုလ်အလုပ်ဆိုတာက လည်းလေ တကူးတကကို မဖြစ်ဖြစ်အောင် လုပ်ယူမှ အောင်မြင်တာမို့ တစ်နေ့တစ်နေ့ကို မပျက်အောင် သေသေချာချာလေး အားချိန်တိုင်းမှာ ပြေး လုပ်နိုင်အောင်ကိုကုသိုလ်အလုပ်တွေကို […]