အသောကမင်းကြီးရဲ့ ကျေးဇူးနဲ့ ဘီစီ ၂၃၅ ခန့်မှာ ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို မွန်ပြည်နယ် သထုံတဝိုက်ရောက်လာတယ်ပဲ ဆိုပါစို့။ အဲ့ဒီအချိန်ကစပြီး သထုံတဝိုက် ဗုဒ္ဓဘာသာ အတော်စည်ပင်ပြန့်ပွါးခဲ့ပုံပေါ်ပါတယ်။ ဒါ့ကြောင့် သထုံဒေသမှာရှိတဲ့ မွန်လူမျိုးတွေဟာ မြန်မာနိုင်ငံအလည်ပိုင်းနဲ့ အထက်ပိုင်းမှာရှိတဲ့လူမျိုးတွေထက်စောပြီး ဗုဒ္ဓဘာသာအရသာနဲ့ ဗုဒ္ဓဘာသာကျင့်စဉ်တွေကို သုံးဆောင်ခံစားကျင့်သုံးခွင့်ရခဲ့တယ်လို့ မှတ်ယူနိုင်တယ်။ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စာပေများကို သထုံတဝိုက်မှာရှိတဲ့ မွန်လူမျိုးတွေက အရင်ကျင့်သုံးခွင့်ရတဲ့အတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဆင့်အတန်း၊ စာပေမြင့်မားမှုမှာ သူတို့က ရှေးပိုကျတယ်လို့ ဆိုနိုင်ပါတယ်။ လူနဲ့သူနဲ့တူအောင်နေနိုင်တာ သူတို့က ပိုစောတယ်လို့ဆိုရမယ်။ ဒါ့ကြောင့် အညာသားရှင်ဘုရင် အနော်ရထာတို့ မွန်ဘုရင် မနူဟာမင်းဆီသွားပြီး ပိဋကတ်သုံးပုံတောင်းတော့ “မင်းတို့လိုအရိုင်းအစိုင်းတွေနဲ့ ပိဋကတ်နဲ့လားလားမှ မထိုက်” လို့ ပြောလွှတ်လိုက်တာဖြစ်မယ်။ ထား။ ဒီနေရာမှာ ပြောချင်တာက သထုံတဝိုက်မှာ အသောကမင်းလက်ထက်ကစပြီး ဗုဒ္ဓဘာသာစတင်ရောက်ရှိထွန်းကားလာတယ်လို့ ပြောလိုရင်းဖြစ်တယ်။ နောက်ပိုင်းနှစ်အတန်အကြာ […]