Ko MaltSeptember 1, 20121min1453
. . . ကျနော် တို့ မြန်မာနိုင်ငံတော် တွင် မြန်မာပြည်မြေပုံ ရှိပါသည် ။ ပြည်နယ် နှင့် တိုင်း မြေပုံလည်း ရှိသည် ။ ဆည်မြောင်း တာတမံ တည်နေရာ ၊ သယံဇာတ ၊ ကားလမ်း ၊ ရထားလမ်း ၊ တည်နေရာ ပြမြေပုံ တို့သည် သက်ဆိုင်ရာ ဆိုင်ရာ အလိုက်ရှိ ကြသည့် ။ ….. သို့သော်လည်း ကျန်နေတာ တစ်ခုရှိသည်။ မျက်တောင်မွှေး ကဲ့သို့ နီးကပ်လွန်းရျ် ပဲ မမြင်တာလား မပြောတတ်ပါ ။ ထိုအရာတည်ကား တစ်ခြားမဟုတ်ပါ ၊ မြန်မာနိုင်ငံရှိ ဘုရားစေတီ ပုထိုးများ ၊ သာသနာ့ ကမ္မဌာန်း ရိပ်သာများ […]


            ဝိရသူ၏ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ | ဌေးလွင်ဦး 5:55 PM ဌေးလွင်ဦး မန္တလေး မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဘွဲ့ခံ ဝီရသူ (မစိုးရိမ်) ဟာ သမ္မတ ထောက်ခံပွဲ ဆိုတဲ့ ခေါင်းစီးကို သုံးပြီး မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ ဆော်ပွဲကို ၂၀၁၂ စက်တင်ဘာလ ၂ ရက်နေ့မှာ တရားဝင်ဦးဆောင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ သူ့ခေါင်းစီးက ရိုဟင်ဂျာများကို ဒုက္ခသည်စခန်းများကို ပို့၊ တတိယနိုင်ငံများသို့ မောင်းထုတ် ဆိုတဲ့ ခေါင်းစီးပါ။ ဒါဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာများနဲ့ ပတ်သက်ပြီး ပထမဆုံး ယူအင် ကိုယ်စားလှယ်ကို […]


သီရိဓမ္မာသောကမင်းကြီးသည် ခမည်းတော်မင်းကြီးလက်ထက်ကအတိုင်း တိတ္ထိတို့အား ကျွေးမြဲသောဝတ်ကို မချွတ်စေဘဲ အိမ်တော်၌ အမြဲလုပ်ကျွေး၏။ တစ်နေ့သ၌ ခြင်္သေ့ခံသော လေသာ နန်းတံခါးကို လှပ်၍ ကြည့်တော်မူသော် လျှပ်ပေါ်သော ဣန္ဒြေဖြင့် နေထိုင်စားသောက်ကြသော တိတ္ထိပုရိပိုဇ်တို့ကို မြင်၍ “ဤသူတို့၌ မြတ်သောတရားသည် မရှိရာ၊ သွားလာနေထိုင်ခြင်း ကိစ္စတို့၌ ငြိမ်သက်သိမ်မွေ့ခြင်းမရှိ၊ ပကတိသော လူတို့ကဲ့သို့ပင်တကား၊ မြတ်လှသော အလှူခံတို့ကို ရှာကြံရွေးချယ်၍ လှူမှသာလျှင် အကျိုးရှိရာသည်တကား”ဟု ကြံမိလေ၏။ ထို့သို့ကြံပြီးသော် အမတ်တို့ကို ခေါ်၍ “အမောင်တို့သည် သူတော်ကောင်းဟု သမုတ်အပ်သော အလှူခံမြတ်တို့ကို ရှာ၍ ပင့်ခဲ့ကုန်၊ ငါအလှူပေးလိုသည်”ဟု ဆိုလေ၏။ အမတ်တို့လည်း တိတ္ထိပုဂ္ဂိုလ်တို့ကို ပင့်ဆောင်၍ “အရှင်မင်းကြီး ဤပုဂ္ဂိုလ်တို့ကား အကျွန်ုပ်တို့၏ ဆရာ ရဟန္တာပါတည်း လျှောက်ကုန်၏။ မင်းကြီးလည်း သူမြတ်မဟုတ်မှန်း သိ၍ […]


ေမွာ္ဆရာAugust 29, 20121min127885
ကမှော်ငယ်ငယ်က အဖေ ဆုံးမခဲ့တဲ့ စကားပုံလေးတစ်ခုရှိတယ် … အမြင့်တက် အမှည့်ရနိုးနိုး မလုပ်နဲ့ တဲ့ …။ အရသာကောင်းတဲ့ အသီးမှည့်ရဖို့အတွက် အထက်အမြင့်ကို မမှီမကန်း စွတ်တက်ဖို့ မလိုပါဘူး ..။ တခါတလေ အပေါ်ကို မျှော်ကြည့်နေပေမယ့် ကို့ဘေးနားမှာ အသီးမှည့်တွေ ဝိုင်းနေတာကို မမြင်မိတာ ဖြစ်တတ်ကြတယ်လေ..။အောက်ခြေကို အရင်လေ့လာ ကြည့်ပါလား ..။ကိုယ့်လက်တကမ်းမှာတင် အသီးမှည့်တွေလေ ..။ ကျွန်တော် လွန်ခဲ့တဲ့ 10 နှစ်တုန်းက အလွန်ဆိုးဝါးတဲ့ ပြသနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ဖူးတယ်။ဓါတ်ပုံသမားချင်းဆို ကိုယ်ချင်းစာနှိုင်မယ်ထင်တယ်.. ။ မင်္ဂလာဆောင်တစ်ခုကို ကျွန်တော် ရိုက်ပေးခဲ့တဲ့ ဓါတ်ပုံ တွေ မကူးရသေးခင် ကဒ်ထဲမှာတင် အစအန ရှာမရအောင် ပျက်သွားတာပါ..။ အဲဒီမင်္ဂလာဆောင်ကလဲ နာမည်ကြီးအသိုင်းအဝိုင်းက ၊ တခြားဓါတ်ပုံဆိုင်တွေက မေတ္တာနဲ့ အလကားရိုက်ပေးပါ့မယ် […]


ဖြစ်ပုံက ဒီလိုဗျ ….။ မနေ့ညက မင်းကွန်းဆရာတော်ကြီး ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓဝင် ဒုတိယတွဲကို ဖတ်မိခဲ့တာက စခဲ့တာပါပဲ … “ ကြီးကြီးကျယ်ကျယ် မင်းက မဟာဗုဒ္ဓဝင် ဖတ်တယ် … ” အဲ့လို မေးမငေါ့ကြပါနဲ့။ တကယ် ဖတ်ဖြစ်ခဲ့တာပါ။ “ကဲ … ဆိုစမ်းပါဦး၊ မင်းပြဿနာက” လို့ မေးရင် “လေးတော်တင်ခဏ်း” ထဲက ပြဿနာလို့ပဲ ဖြေပါရစေဗျာ ….။ Note : မင်းကွန်း ဆရာတော်ကြီး ရေးသားပြုစုတော်မူခဲ့သော ” နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင် – ပဌမတွဲ (ပဌမပိုင်း) မှ ဆဌမတွဲ (ဒုတိယပိုင်း) အထိ” စာအုပ်များကို Download ရယူလိုသူများ အနေဖြင့် ဒီနေရာကို နှိပ်ပါ။ ဟုတ်ကဲ့ […]


Dote KhaAugust 23, 20122min3937
ပါရမီ ဆယ်ပါး၊ အပြား သုံးဆယ်ဆိုတာကို ဗုဒ္ဓဘာသာဝင် အများစု ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ခေတ် ရန်ကုန်က ကလေး၊ လူငယ်တွေကို “ပါရမီ” ဆိုတာ ဘာလဲလို့ မေးကြည့်ရင်တော့ “ပါရမီ” ဆိုတာ အီကြာကွေးဆွဲတတ်တဲ့ လိုင်းကားလို့ ဖြေကြမှာပါပဲ။ ဘုရား အလောင်းတော်တို့ ဘုရားဖြစ်ဖို့အတွက် ဖြည့်ဆည်းရတဲ့ ပါရမီ (၁၀) ပါးရှိပါတယ်။ ဒီလို ပါရမီတွေကို ဖြည့်ဆည်းခြင်းဟာ ကြီးကျယ် မြင့်မြတ်သူတွေရဲ့ အလုပ်၊ ကြီးကျယ် မြင့်မြတ်သူတို့ရဲ့ လမ်းစဉ်လို့ ဆရာတော်ကြီးတွေ ဟောကြားထားတာကို နာယူ မှတ်သားဖူးပါတယ်။ ပါရမီ (၁၀) ပါးကတော့ အောက်ကအတိုင်းပါပဲ။ Ten Perfections (ပါရမီ (၁၀)ပါး) Dāna pāramī :                    generosity, giving […]


ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရန်အခြေခံ အချက်(၁၀)ချက် ဗုဒ္ဓဘာသာစစ်ဆိုတာဟာ ကံ- ကံ၏အကျိုးကို ယုံကြည်ရန်အချက် ၁၀-ချက်ကို သတ်မှတ်ထားသည်ကို သိရှိရပါသည်။၎င်းတို့မှာ ၁။ပေးကမ်းကျိုးရှိ၏။ ၂။လက်ဦးလက်ဖျားပေးလှူပူဇော်ကျိုးရှိ၏။ ၃။အကြီးအကျယ်ပေးလှူပူဇော်ကျိုးရှိ၏။ ၄။သုစရိုက်(၁၀)ပါး၏ ကောင်းကျိုး၊ ဒုစရိုက်(၁၀) ပါး၏ ဆိုးကျိုးရှိ၏။ ၅။ဤလူ့ဘုံလောကသည်ရှိ၏။ ၆။ဤလူဘုံမှတစ်ပါး နတ်ဘုံ ငရဲဘုံရှိ၏။ ၇။အမိ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ကောင်းကျိုး၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။ ၈။ အဖ၌ ကောင်းစွာလုပ်ကျွေးမွေးမြူခြင်း၌ ကောင်းကျိုး ၊ ပြစ်မှားလွန်ကျူးခြင်း၌ မကောင်းကျိုးရှိ၏။ ၉။လောကတစ်ပါးမှ လောကတစ်ပါးသို့ ပြောင်းရွေ့၍ ပဋိသန္ဓေစွဲ နေကုန်သော သတ္တဝါတို့သည် ရှိ၏။ ၁၀။လောက၌ အညီအညွတ်ဖြစ်ကြကုန်သော ကောင်းစွာကျင့်ကြကုန်သော ဤလောက၊ တမလွန်လောက ကို ကိုယ်တိုင် ဒိဋ္ဌသိမြင်၍ မျက်မှောက်ပြု၍ ဟောကြားကြပေကုန်သော ရဟန်း၊ ပုဏ္ဏား၊ ဘုရား၊ ပစ္စေကဗုဒ္ဓ၊ အရိယာသူတော်ကောင်းတို့သည် […]


who whoAugust 20, 20121min3637
ကျနော် နာကြားဖူးတဲ့ တရားလေးထဲက ဇာတ်လေးတစ်ပုဒ်ကို ပြောပြချင်မိတာနဲ့ ဒီစာလေးချရေးမိတယ်။ အမည်ကိုတော့ “ပေါက်ပွင့် ခွေးမျှော်” ဇာတ်လို့ ပေးထားလိုက်မိတယ်။ ဒီလိုဗျ။ တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အရမ်းကို အစာကို တောင့်တရှာဖွေနေ တဲ့အချိန်ပေါ့။ အဲအချိန်မှာ သူဟာ ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့ပါသတဲ့။ ဒီတော့ ဒီခွေးစိတ်ထဲမှာ ဒီပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်ပြီး အာသာငမ်းငမ်းနဲ့ ပေါက်ပင်အောက်ကနေ ဆာလောင်မွတ်သိပ်စွာနဲ့ ဒီအမဲသား ကျလာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်တဲ့။ အဲကြွေကျပါပြီ။ ပေါက်ပွင့်တပွင့်။ ဒီခွေးဟာ ဝမ်းသာအားရနဲ့ အမဲသားအထင်နဲ ့ပြေးပြီး နမ်းကြည့်လိုက်တော့ ပေါက်ပွင့်ကြီး ဖြစ်နေပါရောတဲ့။ သူထင်သလို အမဲသားမဟုတ်ဘူးလေ။ ဒါပေမယ့် သူကတွေးတယ်။ ေဩာ် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ […]


အန္ဒိယစာပေသမိုင်း ဗုဒ္ဓစာပေကဏ္ဍ ပြန်ကြားရေးဌာန ဘာသာရေးဆိုင်ရာ စာပေခွင့်ပြုချက် အမှတ် ၆၅၆ တာဝန်ခံထုတ်ဝေသူ ဦးစိန်ကြည် ပြည်သူ့အလင်းစာပေတိုက် ၁၀၇၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ရန်ကုန်မြို့။ ၁၉၆ရခုနှစ်၊ အောက်တိုဘာလတွင် အုပ်ရေ ၂၀၀ဝကို ပထမအကြိမ်အဖြစ် ရိုက်နှိပ်ပြီးစီးသည်   မူလရေးသူ – ဂျာမန်ပါမောက္ခကြီး ဒေါက်တာ မောရစ်(စ်)ဝင်တာနစ် မြန်မာပြန်သူ – အရှင် ဇာဂရာဘိဝံသ   ဤစာအုပ်သည် မျက်မှောက်ခေတ် မြန်မာလူမျိုး ဗုဒ္ဓဘာသာများ အတွက် အလွန် တန်ဘိုး ကြီးမားလှသော ကျမ်းစာအုပ် တစ်အုပ်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆောက်လိုက်ရပေသည်။                             MA ကောလင်း အမှာစာမှ   ရှေးအကျဆုံး ဗုဒ္ဓဘာသာစာပေ အားလုံးလောက်လိုလိုတွင် ဟောချက်ပြောချက်များ၊ ဩဝါဒတော်များ၊ ဂါထာများ၊ ဝတ္ထုကြောင်းများ […]


ကိုပါႀကီးAugust 12, 20121min39711
(Aung Kyaw Moရဲ့ facebook စာမျက်နှာမှ ဖော်ပြချက်ကို ဂေးဇတ် အဖွဲ့သားများအတွက် ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်၊ ပင်ကိုယ်ရေး မဟုတ်ပါ။) တင်နိုင်လင်း ဆိုတဲ့ ညီလေးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခုလိုမေးခွန်းထုတ်လာပါတယ်။ (ကိုလင်းထက်ဆွေ.. ကျွန်တော့်..အကို့ကို..Buddha ဘာသာဝင်တစ်ယောက်လို့..ထင်မြင်မိပါတယ်..။ကျွန်တော်..တစ်ခုလောက်မေးပါရစေ..။ ရှေ့လျှောက်..ပြောင်းလဲ..လာတဲ့..ခေတ်စနစ်..အခြေအနေအရ..ကျွန်တော်တို့Buddha ဘာသာ community အနေနဲ့..လိုက်လျောညီထွေဖြစ်အောင်..(Buddha ,Dama Value တွေမလျော့ပါးစေပဲ) ဘယ်လို..၊ဘယ်ပုံ..ရှေ့ဆက်သွားရင်…ပိုမိုကောင်းမွန်ကြီးမားကျယ်ပြန့်သော…Buddha ဘာသာလူ့အဖွဲ့အစည်းတစ်ရပ်..တိုးတက်ပြန့်ပွားနိုင်မလဲဆိုတာ..အကို့ရဲ့..အမြင်လေးကို..ပြောပြပေးနိုင်မလားခင်ဗျား…။ ရိုးသားစွာဖြင့်…။) သူ့မေးခွန်းက လေးနက်ကျယ်ပြန့်လွန်းတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ အတွေ့အကြုံနဲ့ အသိဗဟုသုတက အလွန်နည်းပါးသေးငယ်ပါတယ်။ ဒီမေးခွန်းကြီးကို အတိအကျ ဖြေနိုင်မဲ့ စွမ်းအား မရှိပါဘူး။ ဒါပေမဲ့လဲ ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ မိမိ ဘာသာတရားနဲ့ အခြားသော ဘာသာကြီးများရဲ့ လူမှုရေး အကျိုးရောက်မှုတွေကို နိုင်းချိန် ကြည့်ခဲ့ဖူးတော့ စဉ်းစားထားတာလေးတွေတော့ရှိတယ်။ […]


mrphilipsAugust 12, 20121min50313
  တောင်ဂုတ်မြို ့တွင် ဇွန်လ(၃)ရက်နေ ့ ခရီးသွား ၁ဝ ယောက်အသတ်မခံရခင် ကြိုတင်ဝေထားသော စာမူရင်းကိုတင်ပြလိုက်သည်။ နောက်ထပ် ထူးခြားသတင်းများကို တင်ပြပေးပါမည်။ (တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ်ဆယ်ဦးကို ရာနဲ့ချီတဲ့ လူတွေက ဝိုင်းပြီး ရိုက်သတ်ကြတယ်။သေတဲ့အလောင်းတွေကို အလယ်မှာချပြီး မိန်းမယောက်ျားတွေကခုန်ပြီး အောင်ပွဲခံတယ်။ အရက်ပုလင်းခွံတွေကို အလောင်းတွေပေါ် ပစ်ချတယ်။အလောင်းတွေကို သေးနဲ့ပန်းတယ်။ အလောင်းတွေပေါ် အန်ချတယ်။ ဆီလောင်းပြီးခရီးသည်တင်ကားရော၊အလောင်းများကို မီးရှို ့ရန်ပြုလုပ်။မိန်းမတွေ အရှက်မဲ့တဲ့ပုံသဏ္ဍာန်တွေနဲ့ အလောင်းတွေပေါ် တက်နင်းပြီး ကပြအောင်ပွဲခံတယ်။ နောက်ဆုံး အလောင်းတွေကို သံတွဲကိုသယ်သွားတော့ ကားပေါ်ကို တိရစာ္ဆန်တွေလို ရက်ရက်စက်စက် ပစ်တင်ပေးလိုက်တယ်။ ကျနော်ပြောခဲ့သလိုတွေ သူတို့ လုပ်ခဲ့လား၊ မလုပ်ခဲ့လားဆိုတာကိုတော့ ဒီပုံကိုသာ ကြည့်လိုက်ကြပါ။ ဒါ သံတွဲမြို့ကို အလောင်းတွေ ပြန်ယူလာတော့ ကားပေါ်မှာ အလောင်းတွေနဲ့ […]


“သေသည့်တိုင်အောင်ဇာတ်လမ်းမပြီးသေးသောဆိုင်းဘုတ်များ” မနေ့မနက်ကအလုပ်ထဲရောက်တော့ ကလေးတွေကြွက်စီကြွက်စီနဲ့ပြောနေကြတာကို မသဲမကွဲကြားနေရ။ “အကျီအပြာနဲ့ကောင်မလေးသနားပါတယ်အေ” “ဟိုကောင်က အကျီတောင်ပါဘူး ပြဲလာတာနေမှာ” အဲဒီတုန်းကတော့ သူတို့ဘာပြောမှန်း မသိခဲ့ဘူး။ ဒီနေ့မနက် ကျောက်တော်ကြီးဘုရားသွားတော့ 35လမ်းနဲ့73လမ်းမှာတစ်ခု။ နန်းရှေ့ 19လမ်းနဲ့ 66လမ်းဆုံတဲ့ထိပ်မှာတစ်ခုဆိုင်းဘုတ်အကြီးကြီးတွေထောင်ထားတာကိုမြင်တော့မှ ရုံးက ကလေးတွေပြောတာကို သဘောပေါက်ပါတော့တယ်။ တစ်ပုံကတော့ အကျီဗလာ ဂျင်းဘောင်းဘီအပြာနဲ့ ကောင်လေးတစ်ယောက်သွေးအိုင်ထဲမှာ။ နောက်တစ်ပုံကတော့ အကျီအပြာနဲ့ ကလေးမလေးတစ်ယောက်သွေးအိုင်ထဲမှာ။ ဆိုင်ကယ်အချင်းချင်း ဆိုင်ကယ်နဲ့ကား တိုက်မိလို့ သေဆုံးသွားသူတွေရဲ့ဆေးရောင်စုံ ပုံကိုတင်ထားတာပါ။ ကြည့်ရတာနဲ့ တင်သွေးပျက်စရာ ။ ကျနော်ခပ်ငယ်ငယ်ကပေါ့။ မော်တော်ယဉ်ထိန်းသိမ်းရေးက ထုတ်တဲ့စာအုပ်လေးတစ်အုပ်ကို အမှတ်မထင်ကြည့်မိပါတယ်။ အဲဒီစာအုပ်ထဲမှာမော်တော်ယဉ်တိုက်မှု့အမျိုးမျိုးကြောင့်လမ်းပေါ်မှာသေဆုံးတဲ့ပုံတွေကို ဓါတ်ပုံရိုက်ထားတာပါ။ အတော်လေးကို ပိုးစိုးပက်စက်နိုင်တဲ့ပုံလေးတွေပါဘဲ။ အဲဒီနေ့ညလဲရောက်ရော ကျနော်တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။ နေ့လည်က ကြည့်ထားတဲ့ပုံတွေကို ပြန်မြင်နေလို့ပါဘဲ။ ကလေးဘဝဆိုတော့ စိတ်က စွဲမိစွဲရာကိုးဗျ။ ကျနော်အမြင်ပြောရမယ်ဆိုရင်တော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဘဲ တင်တင် အခုလို […]