ဆူးMay 18, 20121min37417
ဦးခေါင်းရတနာဓါတ်တော်ကြုတ် ဒီရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေက အံ့မခန်းတွေ ဖြစ်နေခဲ့ပါတယ်။ ကွန်မြူနစ်ပါတီကြီးစိုးတဲ့ တရုတ်နိုင်ငံကြီးမှာ ဗုဒ္ဓဘာသာကို နေရာတစ်နေရာ အခိုင်အမာပြန်ပေးနေပြီဆိုတဲ့ သတင်းလေးကိုလည်း ဘလော့မှာ ဖော်ပြခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယသမ္မတကြီး ကိုယ်တိုင် တရုတ်နိုင်ငံပြည်သူတွေအတွက် ဆန်ချီစေတီပုံတူ ဗုဒ္ဓဘုရားကျောင်းတော်တစ်ခု လက်ဆောင် နှင်းအပ်ကာ ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်ပြည်သူသန်းပေါင်းများစွာဟာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီကြီးရဲ့ ဆယ်စုနှစ်ငါးခုကြာအောင် ဘာသာမဲ့ဥပဒေနဲ့ စည်းမျဉ်းများကန့်သတ်ခဲ့ရာ တရုတ်ပါလီမန်အဆောက်အဦရဲ့ မဟာခန်းမကြီးထဲမှာ ကပြတဲ့ နိဗ္ဗာန်၊ ကံတရားနဲ့ သံသရာစတဲ့ ဗုဒ္ဓဝင်နဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ သရုပ်ဖော်ကကွက်တွေကို ကြည့်ရှုခွင့်ရခဲ့ကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှု နောက်ပိုင်းမှာ ကြီးကျယ်တဲ့ ဘာသာရေးလမ်းဖွင့်မှု အသွင်လက္ခဏာတစ်ခုပါပဲတဲ့။ တရုတ်ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှူချင်းက “ ဗုဒ္ဓဘာသာဟာ […]


(၆၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကော်မတီ အစည်းအဝေး (The 63 rd Meeting of the ASEAN Committee on Science and Technology) ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပနေပါတယ်။ အဆိုပါအစည်းအဝေးတွင် အာင်္ဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေး ၊သိပ္ပံနှင့်နည်းပညာဆိုင်ရာ ရန်ပုံငွေကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ကျင်းပသည့် နောက်ဆုံးရက်(၁၈.၅.၁၂)တွင်  ဆွေးနွေးဘက်နိုင်ငံများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။ ယနေ့ အစည်းအဝေးတွင် အဆိုပါဆွေးနွေးဘက်နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများအား သိပ္ပံနှင့်နည်းပညာ […]


kaiMay 16, 20121min2329
အခန်း (၉) ကျွန်မရဲ့ အတိတ်အကြောင်းကို ပြောနေခဲ့တာ အချိန်တွေ ဘယ်လောက် ကြာသွားပြီလဲ ဆိုတာတောင် ကျွန်မ မသိပါဘူး။ ကျွန်မဘဝ အကြောင်းကို တော်တော်များများ ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မဟုတ်ဘူးဆိုတာကိုတော့ ကျွန်မစိတ်ထဲမှာ သေချာနေပါတယ်။ ကျွန်မစကားရပ်လိုက်တော့ အချိန် တမိနစ်လောက် တိတ်ဆိတ်သွား ပါတယ်။ ပြီးတော့မှ အေးဂျင့် Kirwan က ကျွန်မရဲ့ ကျောင်းမှတ်တမ်းတွေအားလုံးကို သူတို့ကြည့်ပြီးပြီလို့ ပြောပါတယ်။ ဒါက သူမရဲ့ စတိုင်ပါပဲ။ တိုက်ရိုက်ဆန်လွန်းပြီး၊ ဘတ်စ်ကားအိုကြီးရဲ့ အမြီးတွေလိုပဲ ဒုန်းတိတိနဲ့။ ဒါပေမယ့် ကျွန်မနဲ့ ပတ်သက်ပြီး သူတို့စုံစမ်းလေ့လာနေတယ်ဆိုတာကိုတော့ သူမပြောလိုက်ပါပြီ။ ” မင်းက ဆရာ၊ ဆရာမတွေအတွက်တော့ သိပ်ပြီး ဉာဏ်ကောင်းလွန်း နေတယ်” သူမက ဆက်ပြောပါတယ်။ ဒါက […]


ashinariyaMay 16, 20121min86339
(“ယနေ့ခေတ် ဘာသာရေးမှ ဗိုင်းရပ် (virus) အယူများ (ပထမပိုင်း)” ၏ အဆက်) “သေပြီးနောက် ဖြစ်/ မဖြစ် အတွေးတွေဟာ လူတွေအတွက် ဗိုင်းရပ်လိုမျိုးပဲဆိုရင် တပည့်တော်တို့ အဲဒါတွေကို မတွေးတော့ပဲ ဝိပဿနာရှုတာကိုပဲလုပ်နေရတော့မှာလား ဘုရား။” “ကွန်ပျူတာ (computer) တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် သူ့မှာ အသုံးတည့်တဲ့ ဆော့ဝဲ (software) တွေ ထည့်ထားဖို့လိုသလို လူတွေ ဘဝမှာ ငြိမ်းငြိမ်းအေးအေး နေနိုင်ဖို့အတွက် အမှန်ငြိမ်းအေးစေတဲ့ အသိတွေ သိထားဖို့တော့လိုတာပေါ့ ဒကာ။ ဝိပဿနာအသိဉာဏ်ဆိုတာ လူသားတွေငြိမ်းအေးစေတဲ့ အသိဉာဏ်ပါ။ ဒါပေမယ့် အဲဒီအသိဉာဏ်ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က ဦးဇင်းတို့ ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ အရိယာသစ္စာအသိဉာဏ်တော့ ဖြစ်ဖို့လိုတာပေါ့။” “ဒီနေ့ခေတ်မှာ ပြနေကြတဲ့ ဝိပဿနာနည်းတွေကကော ဘုရား။” “ဝိပဿနာတော့ ဝိပဿနာပါပဲ၊ ဒါပေမယ့် […]


etoneMay 7, 20123min38626
                အောင်ဇေယျ တံတား အဆင်းအနီး ၊ လှိုင်သာယာမြို့နယ်တွင်း ကစင်ကျောင်းဆရာတော်ကြီးဧ။် ဓါတ်တော်များကို ၄-၅-၁၂နေ့ ညနေပိုင်းတွင် အမှတ်မထင် ဖူးခွင့်ကြုံခဲ့ပါသည် ။ ကစင်ကျောင်းဆရာတော်ကြီးဘဒ္ဒ န္တ သုမနမဟာထေရ် ၊ သက်တော် ၉ရ ၊ ဝါတော် ၇ရ သည် ၁၀-၄-၁၂ ရက်နေ့(အင်္ဂါနေ့)  မနက်ဆယ်နာရီခန့်တွင် ပန်းလှိုင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည် ။ ဆရာတော်ကြီးဧ။် ရုပ်ကလပ်အား ၃၀-၄-၁၂နေ့ ည ရနာရီအချိန်တွင် ဈာပန အခမ်းနားဖြင့် ယမ်းဒုံးကျည်ပစ်လွှတ်  မီးသဂြိုလ်ခဲ့ကြောင်းသိရပြီး ၊ သနပ်ခါးတုံးများနှင့် ယမ်းများအား မီးစာ အဖြစ် အသုံးပြုခဲ့ကြောင်းလည်း သိရသည် ။ သာမန်အားဖြင့် […]


က ဆုန် လ ပြည့် ဗုဒ္ဓ နေ ့မှတ် သား စ ရာ များ ၁ ။ အား လုံး သော ဗုဒ္ဓ မြတ် စွာ တို ့သ စ္စာ လေး ပါး ကို သိ မြင် ကြ သော နေ ့ ၂ ။ ဂေါ တ မ ဗုဒ္ဓ မြတ် စွာ ဖွား မြင် သော နေ့ ၃ ။ ဂေါ တ မ ဗုဒ္ဓ ဘု ရား ဖြစ် သော နေ ့ […]


may julyMay 5, 20122min1243
ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှတ်ရန် ဗုဒ္ဓနေ့…. ဟူသော ဗုဒ္ဓဝင်သီတံအရ ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။ ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။ ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။ စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။ ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။ ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် […]


သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ မဟာသက္ကရာဇ် ၆ရခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။ မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ […]


လာမယ့် ၁၃၇၄ခုနှစ်၊ ကဆုန်လပြည့် (၅-၅-၂၀၁၂)၊ စနေနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးကြီးတဲ့ မမေ့အပ်တဲ့နေ့လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနှစ် ကဆုန်လပြည့်နေ့မှာဆိုရင် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးချိန်မှ စတင်ပြီး ရေတွက်လာခဲ့တဲ့ သာသနာတော် ၂၅၅၅နှစ် ပြည့်တဲ့နေ့လည်း ဖြစ်သလို ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးချိန်မှ စတင်ရေတွက်လာခဲ့တဲ့ ရှင်တော်ဗုဒ္ဓ ပွင့်ထွန်းတော်မူလာခြင်း နှစ်ပေါင်း၂၆၀ဝနှစ် ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရှင်နဲ့ ရှင်တော်ဗုဒ္ဓ တည်ထောင်တော်မူသွားတဲ့ သာသနာတော်မြတ်ကြီးရဲ့  ကြာမြင့်လာတဲ့ သက်တမ်းဆိုရင်လည်း မမှားပါဘူး။ နှစ်ပေါင်း ၂၅၀ဝကျော် ယနေ့ကာလတိုင်အောင် သာသနာတော်မြတ်ကြီး အရှည်တည်တံ့အောင် ၄၅နှစ်လုံးလုံး မနေမနား သာသနာပြုတော်မူသွားတဲ့ အနှိုင်းမဲ့ အရှင်မြတ်ကြီးရဲ့ မှတ်ကျောက်ကာလလို့ ဆိုရင်လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။   ကြည်ညိုတတ်မယ်ဆိုရင် ဒီလိုနေ့ထူးနေမြတ်ကြီးမှာ ဘုရားရှင်ရဲ့ […]


သိသမျှ ပြောပြချင် သည်က ကျွန်တော့် ရဲ. ပင်ကိုယ်ဝါသနာ မဟုတ်ပါ။ …..                     သို့သော်လည်း ထပ်ဆင့်မျှဝေပြီး ကိုယ်သိထားသည့် ဖတ်ထားသည့် ဗဟုသုတ လေးများအား အန်တီအေး post ဖတ်ပြီးနောက် သိသမျှ ပြောပြချင်စိတ် ပေါ်လာလို့ share လိုက်ရပါတယ်… Member အသစ်မို့လို့ အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်……. ဆင်ခြင်ဖွယ် တရား(၅)ပါး   ငါ့မှာ အိုခြင်းသဘော ရှိတယ်၊ အိုခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါ့မှာ နာခြင်းသဘော ရှိတယ်၊ နာခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါ့မှာ သေခြင်းသဘော ရှိတယ်၊ သေခြင်းသဘောကို ငါမလွန်ဆန်နိုင်ဘူး။ ငါချစ်မြတ်နိုးတဲ့ အရာတွေနဲ့ ရှင်ကွဲသော်လည်း ကွဲရမယ်၊ သေကွဲသော်လည်း ကွဲရမယ်။ ငါ့မှာ ကံသာလျှင် မိမိဥစ်စာရှိတယ၊် ငါဟာ […]


moethuzarMay 1, 20121min304
ကိုယ့်အပြုအမူ၊ကိုယ့် စိတ်ထားက ကိုယ့်သမိုင်းကိုရေး၊ကိုယ့်လမ်းကိုယ်လျှောက် ခဲ့ကြတာ မဟုတ်လား။သူများကို လက်ညှ ိုးတစ်ချောင်းထိုးရင် ကိုယ့်ဖက် သုံးချောင်းပြန်ထိုးမှာ မေ့နေ တယ် ထင်ပါတယ်။ဝိုင်း ဆဲနေတာ၊ကိုယ့် အပြစ်ကိုယ်မှ မမြင်ကြဘဲလေ။သနားစရာ ထို သတ္တဝါ တွေပါလား။


moethuzarApril 27, 20121min26119
စာရေးဆရာတစ်ယောက် ပြောတာ မှတ်သားဖူးပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေဟာ ပြည်သူလူထုက သူတို့ကို အားကိုးယုံကြည်လာအောင် လူမျိုးခြား မုန်းတီးရေး ကိုဦးတည်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို  သွတ်သွင်းလေ့ရှိကြတယ်တဲ့။ ပြီးရင် လိုရင်လိုသလို လူမျိုးရေး- ဘာသာရေး အဓိကရုဏ်း ဖန်တီးပြီး နိုင်ငံရေး အာရုံပြောင်းအောင် လုပ်လေ့ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ခေတ်ကစလို့ ဒီနေ့ထိ  ဗုဒ္ဓဘာသာဝင်တွေ နဲ့  အစ္စလမ်ဘာသာဝင်တွေကို ရန်တိုက်ပေးတဲ့ နည်းကို ကျင့်သုံးနေတာ အထင်အရှားပါပဲ။ ရလဒ်ကတော့ လူနည်းစုဖြစ်တဲ့ မူစလင်တွေသာ မြေစာပင်ဖြစ်ရတာ အမြဲပါပဲ။ လူနည်းစုကိုစွတ်စွဲပြီး မြေနိမ့်ရာ လှံစိုက်တာကတော့ အင်မတန်သေးသိမ်တဲ့ လုပ်ရပ်ပါပဲ။ (သတိရတာလေးတခု ပြောရရင် ဆူနာမိကာလ ထိုင်းနိုင်ငံကမ်းခြေက မြန်မာအလုပ်သမားတွေကို ပစ္စည်းတွေ ခိုးနေတဲ့လူတွေ လို့စွတ်စွဲတာ သတင်းတွေထဲပါလာတော့ မြေနိမ့်ရာ […]