အရေးပေါ်အစည်းအဝေးခေါ်ယူရေးတင်ြပချက် နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းဝင်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအတွက် တင်ပြအပ်ပါသည်။ အကြောင်းကတော့ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းတော်ကြီးကျောင်း ဝယ်ယူမရရှိသေးသည့် ကိစ္စပါ၊ အကြောင်းအရာတော်တော်များများကို သိရှိနေကြသူများလည်း ရှိနေမည် အမှန်ပါ၊ သို့သော်လည်း ပိုမိုပြည့်စုံရန်ရည်ရွယ်ပါသည်။ ၁၅.၁၀.၂၀၁၁ နေ့က အော်စလိုမြို့မှာ မြန်မာဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည်အစည်းအဝေးကပဲ ပြန်လည်ကောက်ယူ ဖော်ပြလိုပါသည်၊ အဲဒီ အစည်းအဝေးကို စာရေးသူကိုယ်တိုင် တက်ရောက်မိလို့ပဲဖြစ်ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း မြန်မာနိုင်ငံသားများထေရဝါဒအသင်း ဝဘ်ဆိုဒ်နှင့် သူရိယဝဘ်ဆိုဒ်တို့မှလည်း ဖော်ပြပြိး ဖြစ်ခဲ့ပါသည်၊ အနှစ်ချုပ်ကတော့ ဘုန်းတော်ကြီးကျောင်းဝယ်ယူရေးမှာ ငွေနှင့် နေရာအခက်အခဲရှိနေသည့်အတွက် ဝိုင်းဝန်းကူညီကြိုးပန်းကြရန်ြဖစ်ပါသည်။ ထိုဆုံးဖြတ်ချက်အတိုင်း ကျနော်တို့လည်း ကြိုးပန်းဆောင်ရွက်ခဲ့ရာ လီလီဟားမားမြို့မှာ အဆင်ပြေချောမောသည့်အဆင့်ကို ရောက်ပါသည်၊ လီလီဟားမားကွန်မြူးမှ ငွေချေးမည်၊ အိမ်ဝယ်မှုကိုပါ ကူညီမည်၊ […]