who whoOctober 30, 20111min1392
ရှေ့က ဆေးညွှန်းမှာပါတဲ့ အကြောင်း(၄)ပါးများ ညီညွတ်သွားရင် အကျိုးဖြစ်တဲ့ (၃)ပါးကလည်း တစ်ခုပြီးတစ်ခု ရရှိလာမယ့်အကြောင်း လေး ဆက်ကြပါစို့။ ဒီအကျိုးတွေကတော့ အကြောင်းပြုလို့ အကျိုးဖြစ်တယ်လို့ မှတ်ပါ နော်။ ရှေ့တုန်းက ညွှန်းခဲ့တဲ့ အတိုင်း သတိထား၊ ဝီရိယစိုက်လို့ ပညာနဲ့စိစစ်သုံးသပ်ပြီး ရှု့မှတ်နေမယ်ဆိုရင် ခုပြောမယ့် အကျိုးတရားတွေက အလိုလို ရောက်လာ ရလာကြမှာပါပဲ။ (၁) ပီတိ သမ္ဗောဇ္ဈင် ပီတိဆိုတာ သိမ့်ကနဲ၊ ငြိမ့်ကနဲ တခဏလေးချင်း ငြိမ်းအေးတာကို ခံစားရမှာဖြစ်သလို ခပ်ကြာကြာလေး လည်း ဖြစ်တတ်ပါတယ်။ တစ်ခါ တစ်ခါမှာ တောင်ပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်လို့ အေးကနဲ ဖြစ်သွား တာမျိုး၊ ချားရဟတ်ကြီးစီးလို့ အပေါ်က အောက်ကို အကျမှာ ဖြစ်သွားတဲ့ သိမ့်ကနဲ ခံစားမှု့မျိုး၊ တခါတရံကျတော့လည်း […]


who whoOctober 29, 20111min3228
ဒီနေ့တော့ လိမ်းဆေးနဲ့ သောက်ဆေး မှားသုံးမိတာလေး ပြောပြဦးမယ်။ အဖြစ်က ဒီလို။ ကျနော် fifth year လောက်တုန်းကပေါ့။ ကျနော်မှာ တော်တော်လေး ချူချာခဲ့တာ။ ကျန်းမာရေးက တရှောင်ရှောင် ဖြစ်ခဲ့တာပါ။ ဒီတော့ သူငယ်ချင်း တစ်ယောက်က အကြံပေးတယ်။ ကျန်းမာရေး မကောင်းရင် ဗောဇ္ဈင်္ဂသုတ်ကို တနေ့(၁၁)ခေါက်ရွတ်ရင် ကောင်းလာလိမ့်မယ်တဲ့။ ဒါနဲ့ ကျနော်လည်း လိုက်လုပ်ခဲ့တာပေါ့။ ယုံကြည်မှု့ကြောင့်လား မသိဘူး။ တော်တော်လေး သက်သာခဲ့ပါတယ်။ တကယ်တော့ ဒီသုတ်ရဲ့အဓိပ္ပါယ်ကို မသိဘဲ ရွတ်ခဲ့တာလေ။ နောက်မှပဲ ကိုယ့်အမှားကိုယ် မြင်တော့ တယ်။ ဒီသုတ်က ဘာကိုဟောထားသလဲဆိုရင် လက်တွေ့ကျင့်သုံးနည်းကို ညွှန်းထားတာပါ။ ဒါပေမယ့် ဆေးနည်း အညွှန်းကို နားမလည်ခဲ့ပဲ ကျင့်သုံးရမယ့် တရားကို ရွတ်ဖတ်ပူဇော်နေခဲ့တယ်လေ။ ဒါကြောင့် ကျနော်က သောက်ဆေးကို […]


FatherOctober 26, 20111min28612
တိုင်းပြည်ကနှမ်းတစ်ထောက်တောင်မတိုးတက်သေး၊ ဆေးပညာ ပစည်းကိရိယာ၊ဆရာဝန်င်္တေ၊ဝန်ထမ်းင်္တေအင်္တက်ထောက်ပံ့မှုကနတ်ထိ သို ့သော်……. လူနာင်္တေလျော်ကြေးလိုချင်တာကျ သူများနိုင်ငံတွေကိုမှီအောင်လိုက်ချင်ကြတယ်။ လူင်္တေများမသေကြတော့မှာကျနေတာဘဲ။ God သာရှိခဲ့ရင် ………


black chawOctober 26, 20111min72224
ဘာသာရေးဆောင်းပါးများကို ကျွန်တော် ဖတ်ခဲပါသည်။ ဘုန်းကြီးဝတ်ချိန်လောက်သာ ဆရာတော်အချို့၏ ဘာသာရေး စာအုပ်တချို့ ဖတ်ဘူးပါသည်။ ရွာထဲရောက်တော့ ကံငါးပါးအကြောင်း ရေးသည့် ကိုငြိမ်းအေး ၏ ပို့စ်တွေကို သူကြီးက sticky လုပ်ပေးထားပါသဖြင့် ဖတ်ကြည့်ဘူးပါသည်။ ဝင်တော့ မဆွေးနွေးဖြစ်ပါ။ လွန်ခဲ့သည့် တစ်ပတ်လောက်က မေတ္တာရှင်(ရွှေပြည်သာ) ၏ သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်ကို ဖတ်စရာစာအုပ်မရှိ၍ (အမှန်အတိုင်းပြောတာပါ) ဖတ်ဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းလေးတွေနှင့် စိတ်ဝင်စားအောင် ရေးထားပါသဖြင့် လက်က မချနိုင်ပဲ ဆက်ဖတ် ဖြစ်ပါသည်။ စာမျက်နှာ ၄၅ အရောက်တွင် ပါဏာတိပါတာကံနှင့်ပတ်သက်၍ ကုလားအစ်နှင့် မြန်မာအစ်ဆိုသည့် ခေါင်းစဉ်ပါ စာအချို့ကို ရွာသူရွာသားများ ဖတ်သင့်သည် ထင်ပါသဖြင့် အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ ကျွန်တော့်အာဘော် လုံးဝမဟုတ်ပါကြောင်း နှင့် ဆွေးနွေးစရာ ရှိပါက […]


who whoOctober 21, 20111min29910
ဒီနေ့ ကျနော် ရေးချင်တာလေးကတော့“မီးလွတ်ကျင့်စဉ်” ဆိုတာလေးပေါ့။ ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့။ ကျနော် တရားပွဲတစ်ခုကို သွားနာတော့ အဲဒီတရားပွဲက “ အထူးအလုပ်ပေး မီးလွတ်တရား” လို့ ရေးထားတာတွေ့ရပါတယ်။ ဒီတော့ ကျနော် စဉ်းစားတယ်။ မီးလွတ်က ဘာအဓိပ္ပာယ်လဲပေ့ါ။ အင်း.. တစ်ယောက်ယောက်ကို မေးကြည့်ဦးမယ်ဆိုပီး ဘေးက လူတစ်ယောက်ကို မေးတော့ သူကပြောတယ်။ အင်း..တရားပွဲက တနေကုန်ဆိုတော့ လူတွေက ထမင်းဗူးတွေနဲ့ အဝေးက လာရတော့ အိမ်မှာ ချက်ချိန်မရှိလို့ မီးငြိမ်းလို့ “မီးငြိမ်းတရားပွဲ”လို့ ရေးထားတာ နေမှာပေါ့လို့ဖြေတယ်။ ဒါပေမယ့် သူလည်း ကောင်းကောင်းမသိဘူးလို့ ပြန်ဖြေရှာတယ်။ ဒါနဲ့ ကျနော်လည်း ဘာရယ်မဟုတ် ဒီမီးငြိမ်းဆိုတဲ့ အဓိပ္ပါယ်လေးကို တရားဟောမယ့် ဆရာတော် ကြွမလာခင် လျှောက်စဉ်းစားကြည့်နေတယ်။ ကျနော် အရင်က ကြားဖူးတာတွေနဲ့ ဆက်စပ်တွေးနေတာပေါ့။ […]


who whoOctober 20, 20111min4359
ဒီနေ့တော့ ကံတွေရဲ့အကျိုးပေးပုံလေး ကိုယ်နားလည်ထားတာလေး ဖောက်သည်ချချင်ပါတယ်။ ကုသိုလ်ကံပဲ ဖြစ်ဖြစ်၊ အကုသိုလ် ကံပဲဖြစ်ဖြစ် တစ်ခုခု ပြုလုပ်မိတိုင်း သူ့ရဲ့သတ္တိလေးတွေ (၇)ချက် ဖြစ်ပေါ်တယ်တဲ့။ ဥပမာ-ကျနော်တို့ လှိုဏ်ဂူထဲဝင်ပြီး “ဟေး” လို့ အော်လိုက်တယ် ထား။ ဟေး…ဟေး…ဟေး…ဟေး…ဟေး… ဟေး…ဟေး… ဆိုပြီး Harmony အနေနဲ့ ကိုယ့်အသံရဲ့ နောက်ကနေ ဆက်တိုက်ပဲ့တင် လိုဏ်သံပေါ်သလိုပဲ။ ကုသိုလ်၊ အကုသိုလ်မှာလည်း ဘာပဲလုပ်လုပ် သူ့ရဲ့သတ္တိက ကိုယ်ပွား(၇)ခုအနေနဲ့ ဖြစ်သွားပါတယ်။ အဲဒါကိုပဲ ဇော(၇) ကြိမ်ဖြစ်တယ်လို့ ခေါ်ကြတယ်။ ကဲ..အဲဒီ ဇော(၇)ကြိမ်ကနေ အကျိုးတွေပြန်ပေးတော့ ဘယ်လို ပေးသလဲဆိုရင် “ပထမဇော” က ဒီ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အကျိုးပြန်ပေးပါတယ်။ အကယ်လို့ ဒီဘဝမှာ အကျိုးပေးခွင့်မရခဲ့ရင်လည်း အဟောသိကံဖြစ်သွားပါတယ်။ “သတ္တမဇော” လို့ခေါ်တဲ့ […]


kaiOctober 19, 201147min2892
ပါချုပ် ဆရာတော် ကြီး ဒေါက်တာနန္ဒမာလ ဘိဝံသကို ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့ တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။ ဆရာတော်ကြီး၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။ (ဆရာတော်ကြီး၏ တရားစာအုပ်နှင့် တရားအခွေများကို တနေ့ တမျိုး ဝေငှပါမည်။) နေ့ရက်။ ၂၂ အောက်တိုဘာ ၂၀၁၁ စနေနေ့ အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT) နေ့ရက်။ ၂၃ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့ အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ […]


who whoOctober 19, 20111min2112
စိတ်ကလေးကို မဂ္ဂင်အဖော်ရှာပေးဖို့က ကျနော့်မှာ တာဝန်တစ်ခုဖြစ်လို့လာပါပြီ။ ဒီမဂ္ဂင်တပ်သား ငါးယောက် စုဆောင်းမိပါမှ အာသဝ ရန်သူတွေလက်က လွတ်ဖို့ တိုက်နိုင်မှာမို့ အရေးကြီးဆုံးဖြစ်တဲ့ မဂ္ဂင်အဖော်တွေ အရင်စုဆောင်းရပါတော့မယ်။ ဒီတော့ စိတ်ကလေးကို သင်တန်းစပေးမှဖြစ်တော့မယ်။ ဒီတိုင်းထားလို့ကတော့ ကိလေသာစေတသိတ်တွေလက်ချက်နဲ့ပဲ ဒုက္ခပရချာ ဖြစ်နေပြီမို့ အမြန်ဆုံးကယ်တင်ကြဖို့ ခုပဲစလို့ သင်တန်းပေးရပါပြီ။ ဆင်းရဲသော စိတ်ကလေးဘဝမှသည် ချမ်းသာသော စိတ်သူဋ္ဌေးဖြစ်ဖို့ ချမ်းသာနည်းလေးတွေနဲ့သူ့ကို အလုပ်ပေးအပ်ရပါတော့မယ်။ ဒါကြောင့်ပဲ စိတ်ကလေးကို ခုလို ဆုံးမလို့ သင်တန်းစပေးနေရပါပြီ။ ကျနော်ကိုယ်တိုင် ဆရာလုပ်လို့ စိတ်ကလေးကို ခိုင်းရပေတော့မည်။ သင်ခန်းစာ-၁ -ချမ်းသာစေဖို့ အလုပ်ကြိုးစားလုပ်ကြပါစို့။ ဟေ့ စိတ်ကလေး…မင်းတို့ ချမ်းသာချင်တယ်ဆိုရင် အလုပ်ကြိုးစားမှဖြစ်မယ်နော်။ အဲဒီ မှာ ကြိုးစားရမယ့် အလုပ်ရယ်လို့ မယ်မယ်ရရ မရှိလို့ပဲ မင်းတို့(စိတ်) တွေဟာ တောင်ရောက် […]


who whoOctober 18, 20111min2024
နည်းလမ်းရှာလို့ အာသဝရန်သူတွေကို တိုက်ကြပါစို့ ဆိုတော့ အရင်ဆုံး ဆရာလိုလာပြီ။ ဒီလမ်း၊ ဒီခရီးကို ကိုယ်တိုင် လျှောက်ဖူးပြီးသော ကိလေသာ ရန်သူတိုက်ပွဲတွင် တိုက်ခိုက်လို့ အောင်နိုင်ပြီးသော သာသနာ့ အာဇာနည် သူတော်ကောင်း တို့ကို ဆရာတင်ရပေမည်။ ဒါက ကျနော့ရဲ့ နံပါတ်တစ် အစီအစဉ်ပေါ့။ တစ်သံသရာလုံးက မလျှောက်ဖူးခဲ့သောလမ်းကို လျှောက်ရမည်။ ပြီးတော့ကာ ရိုးရိုး အပျော် လျှောက်ခြင်းမဟုတ်ပဲ ကိလေသာ ရန်သူတွေနဲ့ တိုက်ဖို့ ရှေ့တန်းထွက်ရတော့မည်။ ဒီတော့ ဆရာမပြ ၊ နည်းမကျ ဆိုသကဲ့သို့ ကိုယ်မသိသော ခရီးလမ်းကို လျှောက်ဖို့ ဒီခရီးတွင် လျှောက်လှမ်း အောင်မြင်ခဲ့ပြီးသော လမ်းပြဆရာကတော့ ရှိမှဖြစ်မည်။ ဘယ်လို နေရာမျိုးမှာ ဘယ်လို အခက်အခဲတွေ ကြုံလာရင် ဘယ်လိုနည်းနဲ့ ရင်ဆိုင်ရမယ်။ ဆိုတဲ့ […]


who whoOctober 17, 20111min1491
အင်း…ကျနော့ခန္ဓာအိမ်ကြီးမှာက ရန်သူတွေ တပ်စွဲပြီး ဖြစ်နေပါပြီ။ အရင်ကတော့ အဲလို ရန်သူ့လက်အောက် ရောက်လို့ရောက်မှန်း မသိလေတော့ မိုးလင်းမိုးချုပ် သူတို့ခိုင်းတာကို ပျော်ပျော်ကြီးကို လိုက်လုပ်လို့ အဟုတ် ကြီးထင်ပြီး ငါကွလို့ ဂုဏ်တွေတောင် ယူနေပါသေးရဲ့နော်။ အင်း…သိပါပြီ။ သစ္စာသိခွင့်မရအောင် မျက်လုံးပိတ်လို့ အချိုသပ်ခိုင်းခံနေရတဲ့ ကိုယ့်ဘဝ ကိုယ် ဒုက္ခတွင်းထဲကျနေပါပေါ့လားလို့ သိလိုက်ရပါပြီ။ သစ္စာလေးပါးနဲ့ ယောင်လို့တောင် တွေ့ခွင့်ဆုံခွင့် မရရလေအောင် အဝိဇ္ဇာဆိုတဲ့ ခေါင်းဆောင်ကြီးက မျက်လုံးပိတ်၊ နားပိတ်လို့ သူ့တပည့် သုံးယောက်ကို တာဝန်တွေပေးလို့ အချိတ်အဆက်မိအောင်ကို လှည့်ခိုင်းလည်ခိုင်း နေလိုက်ကြတာ။ ဟူး…ဒီလက် အောက်က လွတ်ဖို့ကတော့ ဘယ်နှယ့်များ လုပ်ရပါ့မလဲဆိုတာ တွေးရင်းနဲ့ တောင် စိတ်တွေ မွန်းကျပ်လာရပါပြီ။ ဒီနေ့လည်း ကြည့်ပါဦးတော့။ သူတို့ခိုင်းတာလေး လုပ်ရင်းက သူတို့ကို မျက်ခြေမပျက် […]


၄။ သူတစ်ပါးကို ထိခိုက်နစ်နာအောင် လှည့်ဖြားမှု (မုသာဝါဒ) ကို မပြုရခြင်း။ (ပုံစံအားဖြင့် မဟုတ်၊ မမှန်စကား မပြောရခြင်း)  လူတွေ တစ်ဦးပေါ်တစ်ဦး ထိခိုက်နစ်နာအောင် မဟုတ်၊ မမှန်စကားများ ပြောဆိုဆက်ဆံနေကြမည်ဆိုပါက လူအ ချင်းချင်း ယုံကြည်ခြင်းကင်းမဲ့ကာ မငြိမ်းချမ်းမှုများဖြစ်နေရပေမည်။ လူအချင်းချင်း တစ်ဦးကိုတစ်ဦး ယုံကြည်ပြီး ဆက်ဆံနေထိုင်ကြမှသာ ငြိမ်းချမ်းစွာနေထိုင်မှုလို့ ခေါ်ရမှာဖြစ်ပေသည်။ ဒါကြောင့် လူတွေတစ်ဦးကို တစ်ဦး ထိခိုက်နစ်နာလောက်သော မဟုတ်၊ မမှန်စကားများဖြင့် ပြောဆိုဆက်ဆံမှုများ မပြုသင့်ပေ။ ဒါပေမယ့် ဒီနေရာမှာ စကား (အပြော)တင်လားဆိုတော့ – – – – မပြည့်စုံသေးပါ။ လူသားတွေ အချင်းချင်း ဆက်သွယ်ကြတဲ့အခါမှာ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်(ပုံဟန်) ဒီသုံးမျိုးဖြင့် ဆက်ဆံကြရပါတယ်။          ဒီသုံးမျိုးကို ဆိုင်ရာကိစ္စတွေမှာ […]


အပိုင်း (၆) ဆက်ကပ်ရန်- သဘာပတိ မြို့နယ်သံဃာ့ဝိနိစ္ဆယအဖွဲ့ အမှတ် (၁) စစ်ကိုင်း။ နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက် အကြောင်းအရာ။     ။တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့အား စတုတ္ထ                         ပါရာဇိက သင့် မသင့် စီစစ်ဆုံးဖြစ်ပေးပါရန် သောဓ                         နာလွှာပါဘုရား။ (၁)။ တပည့်တော်(ရှင်ဉာဏ၊ ရှင်ဂုဏဝန္တ)တို့သည် နိုင်ငံတော်သံဃာက သာသနာ့အရှုပ်အထွေးနှင့် အညစ်အကြေးများ သုတ်သင်မည်ကို ဝိုင်းဝန်းကူ ညီရန် ရဟန်းသံဃာတိုင်း၌ တာဝန်ရှိသည်ဟု သိသဖြင့်၊ တရားမသိသူတို့၏ အန္တရယ်အထပ်ထပ်အကြားမှ တပည့်တော်တို့အသိကို မြှပ်ကွယ်ထားရန် ကာလမဟုတ်တော့သဖြင့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ ဟု အမည်တတ်၍ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌသို့ တင်ခဲ့ကြသည် မှာ အမှန်ဖြစ်ပါသည်ဘုရား။ (၂)။ ဤလျှောက်ထားတောင်းဆိုလွှာ၌ တပည့်တော်များ လျှောက်ထား တောင်းဆိုသော သာသနာတော်က ဖယ်ရှားရမည့် […]


who whoOctober 11, 20111min2499
အင်း…အနီးကပ်ရန်သူသုံးယောက်ကိုတော့ တွေ့ပါပြီ။ သူတို့တွေက ဘယ်အချိန် ကတည်းကများ ကိုယ့်ခန္ဓာအိမ်ထဲရောက်နေကြပါလိမ့်ဆိုတာရယ်၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲဆိုတာရယ် သိချင်တာကြောင့် ဒီနေ့ တော့ဖြင့် မနက်မိုးလင်းကတည်းက သူတို့ ဝင်လာမယ့်ပုံစံကို ကြည့်ဖို့ စောင့်နေပါပြီ။ အင်း…အရင်ဆုံးကတော့ ကာမာသဝက အရင်ဆုံး ဝင်လာပါပြီ။ ဒီနေ့ ဘယ်သူ့ ဆွမ်းကျွေး ကိုတော့ဖြင့် မသွားလို့ မဖြစ်ပေဘူး။ အပြန်ကျရင်တော့ ဈေးဝင်ဦးမှပဲရယ်လို့ စတွေးမိလိုက်တာနဲ့ပဲ အော..ကာမာသဝရေ.. ရောက်လာပါပေါ့လား ဆိုတာ တန်းသိလိုက်ပါပြီ။ မကြာပါဘူး…။ အော်..ဒီရက်ပိုင်း အလုပ်တွေများနေတာတောင် ကျန်းမာနေတာ တော်သေးရဲ့။ ဘာပဲဖြစ်ဖြစ် လူကလည်း ကျန်းမာလို့ လှူချင်တန်းချင်တာလည်း လှူနိုင်တန်းနိုင် နေတာကိုက အရတော်တဲ့ ဘဝပဲလို့ တွေးလုံးတွေက ပေါ်လာပြန်ပါတယ်။ ဟော…ဒီရန်သူက ဘယ်သူပါလိမ့်မယ်။ သတိနဲ့ ကြည့်လိုက်တော့မှ အော် ကိုယ့်ဘဝလေးကို […]