စစ်ကိုင်း ဟံသာဂီရိသို့ ဝါဆိုသင်္ကန်းကပ်လှူရန် တစ်အိမ်လုံးကျွတ် ချီတက်ခဲ့ကြပါပြီ။ ဟဲ့ လှူဖွယ်ပစ္စည်းတွေ ဘာကျန်သေးလဲ စစ်ပါဦး။ မေ့နေရင်ခက်ရော့မယ်။ အမေ့သတိပေးသံကြားမှ အပြေးအလွှားစစ်လိုက်မိပါတယ်။ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဆရာတော်ကြီးအတွက် နဝကမ္မအလှူငွေ၊ စားဖွယ်ရာများနှင့်အတူ အခြားအခြားသော လှူဖွယ်ပစ္စည်းများကို တစ်မျိုးစီလိုက်စစ်ပြီးနောက် မိသားစုအားလုံး စုံညီစွာဖြင့် ကုသိုလ်ခရီးစဉ် စတင်ခဲ့ပြီပေါ့။ အရင်ဆုံး စစ်ကိုင်းမြို့ရဲ့ အမြင့်ဆုံးတောင်ထိပ်ရှိ ဆွမ်းဦးပုညရှင်ဘုရားသို့ ဦးခိုက်ဝင်ရောက် ခဲ့ကြပါ တယ်။ ဘုရားမီးဆိုင်းလေးများ ဆက်ကပ်ပူဇော်ပြီးနောက် ဟံသာဂီရိသို့ ဆက်လက်ထွက်ခွာခဲ့ပြီပေါ့။ အော်… စေတီပုထိုးတို့ဖြင့် တင့်တယ်သပ္ပာယ်လှတဲ့ စစ်ကိုင်းမြို့ရဲ့ သာသနာ့အရိပ်က အေးမြလှပေစွ။ တစ်တောင်ဆင်းလို့ တစ်တောင်တက်ကာ ဟံသာဂီရိချောင်ဆီသို့ ကျနော်တို့ကားလေး အပြေးအလွှား ရောက်ရှိခဲ့ပါပြီ။ နာရီကိုကြည့်လိုက်တော့ ၁ဝနာရီထိုးဖို့ (၁၅) မိနစ်အလို။ ကျောင်းဝင်းအတွင်း ဦးခိုက် ဝင်ရောက်လိုက်သည်နှင့် […]