koyin sithuNovember 1, 20111min27816
ဒီပိုစ့်လေးကို ရေးဖြစ်တာကတော့ လမ်းမှန်လျှောက်နေတဲ့ လင်သားအပေါ်မယားဝတ္တရားငါးပါးကျေပြွန်တဲ့ ဇနီးမယား များကိုရည်ရွယ်ပြီးရေးခြင်းမျိုးမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။လမ်းမှားကိုရောက်နေတဲ့ လင်သားပေါ် မယားဝတ္တရားငါးပါး မကျေပြွန်သေးသော ဇနီးမယားများ ဒီပိုစ့်လေးကိုဖတ်ပြီး အသိတစ်ခုခုရရှိစေလိုခြင်း၊ရရှိလိုက်သည့် အသိလေးကို အချိန်မှီ ပြုပြင်စေလိုခြင်း၊လင်သားအတွက် တကယ်တန်ဘိုးကြီးတဲ့ ဇနီးမယားတစ်ယောက်ဖြစ်စေလိုခြင်း၊ ကျွန်တော်အပါအဝင် အိမ်ထောင်ပြုမယ့် ရွာသားများအနေနဲ့လည်း ဘယ်လိုဇနီးမျိုးကိုရွေးချယ်သင့်တယ်။ အမျိုးသမီးများအနေနဲ့လည်း လင်သားအပေါ် ဘယ်လိုဇနီးမယားအဖြစ်နဲ့ ဘဝကိုဖြတ်သန်းတာကောင်းတယ်။ဘယ်လိုဇနီးမယားမဖြစ်အောင်မိမိကိုယ်ကို ကြိုးစားမယ်စတဲ့အချက်တွေကြောင့်ရယ်ပါ။ ဒီဇနီမယား(၇)မျိုးဖြစ်ပေါ်လာပုံက မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချွေးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမစကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သားကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီင်္းက သူရဲ့ချွေးမဟာ သူ့သားအတွက် ဘယ်လိုဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထားပါတယ်။မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။အဲဒီ(၇)မျိုး (၁)။ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား) […]


naywoon niOctober 26, 20111min48018
အတွေးထဲ ရောက်နေတဲ့ အကြောင်းအရာလေးတွေ ရွာထဲမှာ လာလာတွေ့နေရတော့ တစ်ဖြေးဖြေးနဲ့တော့ ဇာတ်ရည်လည်လာပါပြီ….။ ကိုယ်တိုင် ဘယ်ကပြန်ပြီး စပြောရမှန်းမသိတာ သူတို့လေးတွေက အစဖော်ဖော် ပေးနေသလိုဖြစ်လာလို့ ကျေးဇူးလည်းတင်ပါတယ်…။ ဟုတ်ပါတယ်…။ ခေတ်အလွဲ ပါ…။ အဲဒါနဲ့ ပါတ်သက်ပြီးပြောရရင် မျိုးဆက် အကြောင်းပါ ပြောရလိမ့်မယ်…။ ကနေ့ လူကြီးနဲ့ လူငယ် မျိုးဆက်ကွာဟမှုဟာ အပိုင်းအခြားကျဉ်းမြောင်းသွားတာပါ…။ ယခင်ကတော့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက် နှစ်သုံးဆယ်လောက် ကွာမှ အတွေးအခေါ် အယူအဆ ကွာဟ ပေမဲ့ ကနေ့ ဆယ့်ငါးနှစ်လောက် အသက်ကွာရင်ကို မျိုးဆက်တစ်ဆက် ကွာဟသွားပါပြီ…။ ဆိုလိုတာက နေဝန်းနီ တို့ အသက် 40-45 ကြားရှိတဲ့သူတွေနဲ့ အသက် 25-30 ကြားရှိတဲ့လူငယ်တွေ ဟာ မျိုးဆက်တစ်ဆက်ကွာဟသွားပါပြီ…။ အတွေးအခေါ်ချင်း ခံယူချက်ချင်း ဖြတ်သန်းလာခဲ့ရတဲ့ […]


black chawOctober 24, 20111min52527
ဘလက်ဆရာ ကျွန်ုပ်ကား ဂဇက်မဟာဘုတ်တွင် ဓါတ်ပုံလေးရိုက်လိုက်၊ ဟိုအကြောင်းဒီအကြောင်းလေးများ ရေးလိုက်ဖြင့် ကျေနပ်နေသော အခါသမယတည်း။ မှန်ရာကို သစ္စာ ဆိုပါမည်၊ ဘလက်ဆိုတာ အိုင်ကျူနိမ့်ပါသည် ဟု လွှမ်းမိုးသီချင်းကို ဖျက်ဆိုရလောက်အောင် ဘလက်ကား စဉ်းစားတွေးခေါ်နိုင်စွမ်း နိမ့်သူဖြစ်ပါသည်။ သာမန် ကိစ္စလေးများ ကိုပင် ဘလက် ဉာဏ်မီစွာ မစဉ်းစားတတ်ပါ။ ဘလက် နားမလည်သည်များကို ဂဇက်တွင် ရေး၍ မေးမြန်း ချင်ပါသည်။ အိုင်ကျူ မြင့်သူ ရွာသူရွာသားများ ဖြေပေးကြပါကုန်။ မကြာသေးမီ နှစ်များဆီက ဘလက်တို့၏ နိုင်ငံတော် အကြီးအကဲသည် တစ်ကမ္ဘာလုံး လိုအပ်လျှက်ရှိသော လောင်စာဆီပြသနာကို ဖြေရှင်းရန် အလို့ငှာ နည်းလမ်းတစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သော ဟူ၏။ ၎င်းကား ဇီဝ အစားထိုး လောင်စာဆီဖြစ်သည့် ကြက်ဆူဆီ ပင် ဖြစ်ပါ၏။ […]


alinsettOctober 12, 20111min32310
ရေးသော စာ နှင့် ထို စာကိုရေးသူ တစ်ထပ်တည်း ကျရမည်…ဆိုသော လေသံများ… တွေ ့လာရသောကြောင့် ယခု ဆောင်းပါ့းကို ရေးပါသည်။ ********** ကျွန်တော် စာတွေ..ရေးပါသည်။ စာ…ဘာကြောင့် ရေး သလဲ ဟု ကျွန်တော့်ကို မေးလာလျှင်…. တွေးမိသော အတွေး ကို ချ မရေးပဲ…မနေနိုင်လို ့ ဟု ဖြေရပါမည်။ **************************************** တွေးမိသော အတွေးသည် ဖျက်ခနဲ..ပေါ်လာသော အတွေးစ များ ဖြစ်ဖြစ်သည်။ တချို ့အတွေးများ သည် ကျွန်တော် ကိုယ်တိုင် လက်ခံ ကျင့်သုံးသော အယူ အဆ များ ဖြစ်သည် ။ တချို ့ကတော့ တခြားသူ တစ်ယောက်ယောက်၏ ခံစားချက် အယူအဆ […]


kaiOctober 12, 20113min1923
စိတ်ကူးတခုပေါက်လို့ထတင်လိုက်တာပါ..။ စပေါက်ပုံက.. အခုတလော.. တိတိကျကျဆိုရင်..စက်တင်ဘာ (၁၇)ကစလို့..အမေရိကပြည်ထောင်စု၊ နယူးယောက် Zuccotti Park မှာ.. လှုပ်ရှားမှုဖြစ်ပါတယ်..။ အမေရိကလူဦးရေအားလုံးရဲ့ .. ၁ရာခိုင်နှုန်းက.. မီလီယံနာ.. ဘီလီယံနာတွေဖြစ်နေပြီး.. ကျန်တဲ့ ၉၉ရာခိုင်နှုန်းကို ချယ်လှယ်အမြတ်ထုတ်နေလို့.. လုပ်တာပါတဲ့..။ အဲဒါကြောင့်.. ဒီလှုပ်ရှားမှုကို.. 99% MOVEMENT လို့လည်းခေါ်ကြတယ်.။ အဲဒီလိုနဲ့.. ဒီနေ့မှာ တကမ္ဘာလုံးပြန့်သွားတာ.. အသေးစိတ်တော့ အောက်က အရောင်ခြယ်မြေပုံမှာကြည့်ပါ..။ … မြန်မာ့လူတန်းစားမှာလည်း.. ဆင်းရဲချမ်းသာကွာလွန်းတာမို့.. လှုပ်ရှားမှုထဲ.. ရန်ကုန်ပါသွားအောင် ဂရပ်ဖစ်နည်းနဲ့ ထည့်ပေးလိုက်ပါတယ်.။ 😀 Occupy Yangon/Mandalay/Thandwe စသဖြင့် လုပ်ကြည့်မကောင်းဘူးလား..။ 😆 မြန်မာကို.. ကမ္ဘာက.. ပိုသတိထားမိတာပေါ့..။ ငွေတွေမတရားရှိနေတဲ့.. သူဌေးတွေကို.. မျှမျှတတ လုပ်ခိုင်းတာပါပဲ..။ .. တိုင်းပြည်အုပ်ချုပ်ရေး…နိုင်ငံရေးစံနစ်တွေပြောင်းပြီး. အဲဒီကနေအကျိုူးအမြတ်တွေရ.. အရမ်းချမ်းသာနေတဲ့သူတွေ… အနစ်နာခံနေသူ/ခံခဲ့သူတွေကို.. […]


black chawOctober 6, 20111min2334
ဘလက်ချော သင်တန်းတက်တုန်းက မှတ်စုလေးတစ်ခုကို ပြန်ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်း ပါနေလျှင်လည်း ဝိုင်းဆွေးနွေးပေးကြပါဗျာ။ ဝန်ထမ်းတွေကို သံသယမျက်လုံးဖြင့် အမြဲတမ်းကြည့်နေတတ်သော ကုမ္ပဏီပိုင်ရှင်များကို မြင်ဘူးပါလိမ့်မည်။ ပိုင်ရှင်များဘက်ကကြည့်လျှင်လည်း အလွဲသုံးစားလုပ်တတ်သော ဝန်ထမ်းများ ကြုံဘူးသဖြင့် မည်သူ့ကိုမျှ ယုံကြည်မှုပေးချင်ပုံမရပါ။ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုမရှိလျှင် အလုပ်လုပ်ရသည်မှာ မလိုအပ်ပဲ အဆင်မပြေမှုများ ဖြစ်နေတတ်ပါသည်။ ထိုသို့မဖြစ်ရန် ယုံကြည်မှုကို system ဖြင့် တည်ဆောက်ရပါမည်။ ဝန်ထမ်း အလွဲသုံးစားမှု လုပ်သည်မှာ system အားနည်း၍ ဖြစ်ပါသည်။ ထောင့်စေ့အောင် စီမံထားသော system တစ်ခုရှိလျှင် ဝန်ထမ်း အလွဲသုံးစား လုပ်၍ မရပါ။ စီမံမှုအားနည်း၍ ဝန်ထမ်းအလွဲသုံးလျှင် ဝန်ထမ်းတွင် အပြစ်မရှိ။ စီမံသူမှာသာ အပြစ်ရှိပါသည်။ ဥပမာ ဝန်ထမ်းတစ်ယောက် ငွေထုတ်လျှင် မည်သည့်အကြောင်းကြောင့်ထုတ်သည်ဆိုတာကို General Manager […]


BurmaOctober 4, 20111min37319
မြန်မာပြည်ကြီး ဘာနဲ့ရပ်တည်မှာလဲ? စက်မှုနဲ့လား ? လက်မှုနဲ့လား ? စိုက်ပျိုးရေးနဲ့လား? မွေးမြူရေးနဲ့လား? iT နည်းပညာနဲ့လား? Electronic နည်းပညာနဲ့လား? မြေပေါ်မြေအောက် သယံဇာတတွေ ထုတ်ရောင်း မှာလား? . . . .  . ဘာနဲ့ရပ်တည်ကြမှာလဲ??? ကျွန်တော်တို့ တိုင်းပြည်ကြီး အဖြေရှာဖို့ ကောင်းနေပါပြီ။ . . . ရှိသမျှ သယံဇာတတွေ ထုတ်ရောင်းနေရင် ရေရှည်ရပ်တည်ဖို့က မလွယ်ပါဘူး ..  သူများတွေ ဒီမှာ ရင်းနှီးမြုပ်နှံပြီး ဂတုံးပေါ်ထိပ်ကွက်သွားတာကို ဒီတိုင်းခံနေမှာလား?? သူများတွေ အမြတ်အစွန်းရဖို့ တိုးတက်ဖို့ ကျွန်တော်တို့နိုင်ငံက အငှားကိုယ်ဝန်ဆောင်ပေးမှာလား?  ကျွန်တော်တို့နိုင်ငံ က ပညာရှင်ကြီးတွေ  သေချာစဉ်းစား သင့်နေပါပြီ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး စနစ်တကျ လုပ်မယ်ဆိုရင် စီးပွားရေးအမြတ်အစွန်းရဖို့ […]


kokoeaimmdyOctober 2, 20111min2594
ကျွန်တော်မွေးကင်းစမှာ ကျွန်တော့်ကိုထုပ်သော အနှီးဟာ ချည်ဖြင့်ရက်လုပ် ထားသော ချည်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သော ပုခက်မှာ ကြိမ်ဖြင့်ပြုလုပ် ထားသော ကြိမ်ပုခက် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သောအိပ်ယာမှာ ဝါဂွမ်းဖြင့်ပြုလုပ် ထားသော ဂွမ်းကပ်စောင်နှစ်ထည် ဖြစ်ပါသည်။ ကျွန်တော့်အတွက် ခေါင်းအုံးကိုတော့ ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးငယ်ကလေး ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော် ချောင်းအလွန် ဆိုးတတ်ပါသည်။ ထိုသို့ ချောင်းဆိုးလျှင် ကွမ်းရွက်နှင့်ပြုလုပ်ထားသော ကွမ်းရွက်ပုံလျက်ဆားကို အမေကကျွေးတတ်သည်။ ကလေးသဘာဝ အစားစုံစားမိ၍ အစာမကြေဖြစ်လျှင်လည်း ထန်းပင်မှဖြစ်သော ထန်းလျက်ကို ဆေးသဖွယ် ကျွေးတတ်ပါသည်။ ငါးနှစ်ပြည့်၍ သူငယ်တန်းတက် သောအခါ ကျောင်းစိမ်းပုဆိုးနှင့် အိကျီင်္အဖြူကလေးကို ဝတ်ရပါသည်။ ချည်သားအထည်လေးများ ဆိုရင်ဖြင့် ဝတ်ရတာအလွန် သဘောကျမိသည်။ ကျောင်းကို ထည့်သွားသော […]


JianjunOoSeptember 24, 20111min2229
ဧရာဝတီ ရွှေနဂါးတကောင်နှင့်ဖုန်းရွှေအမြင် ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေလို့ ကြားသိလိုက်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် စိတ်ပူသွားခဲ့သည်၊ တရုတ်ကမြန်မာနိုင်ငံမှ အကောင်းဆုံးနဂါးရဲ့သွေးကြောကိုစုတ်ယူတာနှင့်တူသည်၊ အဘယ်ကြောင့်ဒီလိုပြောလိုက်ရသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ရွှေနဂါးတကောင် ကို သတ်ဖြတ်လိုက်ခြင်းနှင့်အတူတူဖြစ်သည်၊北斗七星ဆိုတာ မြောက်ဖက်မိုးကောင်း ကင်မှာရှိသော ခုနှစ်စင်ကြယ်တည်ရှိနေတဲ့ ဧရာဝတီနဂါးခေါင်းတည့်တည့်龍脈ကို ဖျက်စီးလိုက်တာနဲ့အတူတူဖြစ်သည်။ မြန်မာနိုင်ငံရဲ့စီးပွားရေးနှင့်နိုင်ငံဝန်ထမ်းထိပ်တန်းထဲမှ ပျက်စီးနိုင်ကြောင်းတွေ့ ရှိရသည်၊ (၎င်းထိုနည်းအတူ ထိုင်ဝမ်းနိုင်ငံတွင် 雪 山龍脈 ရွှယ်စန်းလှိုင်ဂူဆိုတဲ့ နဂါးရဲ့အဓိကအကြောကိုဖောက်ပြီးဖျက်စီးလိုက်တဲ့အတွက် ၎င်းအထက်လူ ကြီးသုံးဦးသေဆုံးချင်း၊စီးပွားကျဆင်းသွားခြင်းများဖြစ်ခဲ့သည်။) Jian Jun Oo


barnaySeptember 24, 20111min2003
ကျနော်တို့တတွေ ဂရုစိုက်ခြင်းဆိုတဲ့ အရာကို ငယ်ငယ်လေးကတည်းက နားလည်လာခဲ့ကြပေမဲ့ သူ့ရဲ့ နက်နဲမှုကို သေချာ မသိခဲ့ကြဘူး ..။ အများအားဖြင့် အပေါ်ယံလောက်ကိုသာ သိပြီး စိတ်ထဲ နှစ်ပြီး မထားတတ်ကြဘူး ..။ တချို့လည်း အပေါ်ယံသာ ဂရုစိုက်သယောင် ရှိတတ်ပြီး စိတ်ထဲ မပါတတ်ကြပြန်ပါဘူး ။ အဲ့ဒီလို အမျိုးမျိုး အထွေထွေ ရှိတတ်ပြန်ရာ အံဝင်ခွင်ကျ ဂရုစိုက်ခြင်း ဆိုတာဟာလည်း ရှားပါနေပါတယ် ။ ဂရုစိုက်ခြင်းဟာ ဘာလဲဆိုရင် သာမန်လုပ်နေကြ ၊ ဖြစ်နေကြ လမ်းကြောင်းကနေ သွေဖီပြီး ဆိုးကျိုး ဖြစ်မှုတွေကို တားဆီးတဲ့ အနေနဲ့ ၊ ပြုပြင်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဆိုလိုချင်တာပါ ။ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဂရုစိုက်ခြင်းမှာ .. ကိုယ့်ကိုယ်ကို […]


ThantwetharSeptember 15, 20111min646
ကျွန်တော်တို.ငပလီကမ်းခြေဟာအရှေ.တောင်အာရှမှာအကောင်ဆုံးကမ်းခြေတစ်ခုပါ။ ပင်လယ်ကမ်းခြေအရှည်ဟာ(၁၂)မိုင်ရှည်ပါတယ်၊ပြည်တွင်းဧည်. သည်တည်းခိုနိုင်တဲ.Hotelကတော့(၃-၄)ခုလောက်ရှိပါတယ်။ အဲဒီHotelတွေကတော.Memento,Linthar  oo,Eden  Hotelတွေဘဲဖြစ်ပါတယ်။ဘာဖြစ်လို.ရွေးပြီးပြောရလဲဆိုရင် အဲဒီHotelဈေးနှုန်းကတစ်ရက်ကို(၃၀၀၀ဝိ)နဲ့(၄၀၀၀ဝိ)ဝန်းကျင်ဘဲရှိတယ်၊ ကျန်တဲ.ဈေး များပြီးနိုင်ငံခြားသားတည်းခိုနိုင်တဲ့Hotelကတော့ေ လာလောဆယ်(၉)ခုလောက်ရှိပါတယ်၊ အလယ်အလတ်နဲ.ကောင်းကောင်းနေချင်တယ်ဆိုရင်  Silver   Beach Hotelရှိပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ကနေ(၁၅၀၀၀ဝိ)ထိရှိပါတယ်၊ ရန်ကုန်ကနေငပလီကိုလာမယ်ဆိုရင်လေကြောင်းရောကားလမ်းပါလာလို.ရပါတယ် ။လေကြောင်းလိုင်းတွေကတော့  Air Bagan,Air Mandalay,Asian Wingsတို့.ဖြစ်ပြီးဈေးနှုန်းကတော.(၆၅၀၀ဝိ)ဖြစ်ပါတယ်။Myanmar Airwayကတော.တစ်ပတ်မှာ(၂)ကြိမ်ဆွဲပါတယ်၊ဈေးနှုန်းကတော.(၂၂၀၀ဝိ)ဖြစ်ပါတယ်။ကာလိုင်းတွေကတော.အောင်သစာExpressနဲ.ရဲအောင်လံ    Expressတွေဖြစ်ပြီးဈေးနှုန်းကတော.(၁၂၀၀ဝိ)–Airc0n  Busကတော.(၁၆၀၀ဝိ)ဖြစ်ပါတယ်။ Aircon  Busကတော. ရန်ကုန်-တောင်ကုတ်-သံတွဲ-ငပလီလမ်းကြောင်းကလာပြီး ရိုးရိုးကားကတော.ရန်ကုန်-ငါးသိုင်းချောင်း-ဂွ-သံတွဲ-ငပလီလမ်းကလာပါတယ်။ ငပလီကမ်းခြေရဲ.ထူးခြားခြက်ကတော.ပင်လယ်သဲကဖြူတယ်၊ပြီးတော.ပင်လယ်စာတွေကိုလတ်လတ်ဆတ်ဆတ်  စားရတာပဲ၊ရခိုင်BEERလို.ခေါ်တဲ.ဓနိရည်ပင်ကျကလည်းကောင်းမှကောင်းဘဲ၊ ရခိုင်ငရုတ်သီးထောင်းနဲ.ကြက်သောက်ဆမ်းဆိုရင်သံတွဲမြို.        ပေါ်ကကောင်းမှကောင်းနဲ.နှုတ်ခမ်းမွှေး စားသောက်ဆိုင်ဆိုရင်ဈေးလည်းသက်သာအရသာလည်းရှိတယ်။တရုတ်စာဆိုရင်Excellence,Best Friendစားသောက်ဆိုင်တွေမှာဈေးလည်းသက်သာပြီး H0telအတိုင်းကောင်းတယ်။ဒါကြောင်.မို. ငပလီကိုမဖြစ်မနေတစ်ခေါက်လောက်လာလည်ကြည်.ပါလို. ဖိတ်ခေါ်ရေးသားလိုက်ရပါတယ်။


     ဤ ကမ္ဘာလောကကြီးတွင် လူ ့အဖြစ်သို ့ရောက်ရှိလာကြသူများသည် အစပထမတွင် ယောကျာ်းလဲမဟုတ်၊မိန်းမလဲ မဟုတ်ကြပေ။ထူးဆန်းသည့် လိင်မဲ့ သတ္တဝါများသာဖြစ်ကြသည်။      နောင်သောအခါ ကာလကြာမြင့်လာမှ ယခင်ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကမ္ဘာမှ ဗြဟ္မာမဖြစ်မှီ ဘဝဟောင်းက မိန်းမဖြစ်ခဲ့ဘူးသူအားက္ကုတ္တိယဘာဝရုပ်ပေါ်လာခဲ့ပြီး ယောကျာ်းဖြစ်ခဲ့ဘူးသူအား“ပုမ္ဘေါရုပ်”ဖြစ်ပေါ်လာခဲ့သည်။       လူ ့ဘဝကို ယောကျာ်းဘဝမှစတင် ဖြစ်ပေါ်ခြင်းလော၊မိန်းမဘဝမှစတင်ဖြစ်လာခြင်းလော ဆိုသည်ကိုကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးနှစ်ပါးတို ့၏အမေး အဖြေပြုကြသော ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ ့ရသည်မှာ —     က္ကုတ္တိယတဲ့ ပုရိဿပေါ်စကမ္ဘာမှာ      ဘယ်သူမှာအစထူး ရှေးဦးဖြစ်လာ     လွှဲမသွေ ခွဲဝေစမ်းပါဗျာ့။     ရွှေကျမ်းတတ် မြတ်ဆရာရယ်     မှတ်ပါ လှချင်လွန်း     ဥဒါန်းငယ်ပြောင်     လူ ့တန်းမှာ တမူဆောင်လို ့     ဇမ္ဗူဘောင် မညှိုးအောင်    […]


ေမွာ္ဆရာSeptember 12, 20111min50919
အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Mhaw Sayar Company နှင့် အောက်ပါလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်လိုက်သည်။ 1. ပြက္ခဒိန် သိုလှောင်ခြင်းလုပ်ငန်း ယခုအခါ နှစ်လည်ပိုင်း ကျော်လွန်လာပြီဖြစ်သဖြင့် ပြက္ခဒိန်များ ဈေးကျသော ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် 2011ခုနစ်ထုတ်ပြက္ခဒိန်များအား လျှော့ဈေးဖြင့် လိုက်လံဝယ်ယူပြီးလျှင် 2012 ခုနှစ် ပြက္ခဒိန်ရာသီတွင် အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။၅လတာမျှ ရင်းနှီးမြှတ်နှံရုံ မျှဖြင့် အမြတ်အစွန်း ၂ဆကျော် မြတ်စွန်းမည် ဖြစ်ပါသဖြင့် စိတ်ကူးမလွဲသင့်သော လုပ်ငန်းဖြစ်သည်။ 2. အအေးခန်းကား အငှား ဝန်ဆောင်မှုလုပ်ငန်း တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ လေ့လာရန်အတွက်ဖြစ်စေ။အပျော်ခရီးဖြစ်စေ သွားရောက်လိုသောသူများ […]