kaiMarch 16, 20131min43114
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီနဲ့ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုကို ပြည်သူ့လွွှှတ် တော်က သဘောတူလိုက်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွွှှတ်တော်အစည်းအဝေးထဲမှာ ဝက်လက်မြို့နယ် ပြည်သူ့ လွွှှတ်တော်အမတ် သူရဦးအေးမြင့်က အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး မြစ်ကြီးနား မြို့နယ် ပြည်သူ့လွွှှတ်တော်အမတ် ဦးသိန်းဇော်က ထောက်ခံဆွေးနွေးခဲ့တာပါ။ (ဝဲမှယာ-အပေါ်ပုံ သခင်ချန်ထွန်း၊ ဦးတင်ဦး၊ ဦးခင်မောင်ဆွေ၊ အောက်ပုံ ဦးဂျင်မီ၊ ဒေါက်တာအေးမောင်၊ ဦးစိုင်းညွန့်လွင်) ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း၊ နိုင်ငံရေးပါတီအသီးသီးနဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ အမြင်သဘောထားအချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက) “ကျနော်တို့က ၂၀၀၈ သူတို့ လူထုဆန္ဒခံယူပွဲကတည်းက ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မမှန်ကန်ဘူးဆိုတာ တောက်လျှောက်ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်လို့လည်း […]


htet wayMarch 15, 20131min40222
”ဖုန်း လိုချင်တယ်.. ဒါပဲ ကျောင်း ပို့ ကျောင်းကြို ကလေးကိုလုပ်နေရတာ ဖုန်းတလုံးတော့ ရှိရ မယ် ..ဘယ်နှယ် ဧပြီလထဲ တန်ဖိုးနည်းဖုန်းတွေ ထွက် မယ် ရှင် ခုထိ ဖုန်းဝယ်ပေးမယ် မစဥိ်းစား ဘူး..” ဘေးအိမ်က ကို ဘသာ ဇနီးရဲ့ မြည် တွန် တောက် တီးနေတဲ့အတွက် ရေး လက်စ စာ တစ်ပုဒ်ကို ခဏရပ်ပြီး နားထောင် လိုက်မိတယ် “ ဟာ မိန်းမရယ် ကလေး ကျောင်းကြို ကျောင်းပို့ နဲ့ ဖုန်း နဲ့ဘာဆိုင်လို့ လဲ” ကိုဘသာကလည်း း ညည်းပြောလေး ပြောနေသံကြားသည် ့.။ ဖုန်း တန်ဖိုးနည်း တွေ လာမယ် ချမယ် […]


ထီထိုးတယ်ဆိုတာ တကယ်တော့ ဘုန်းကြီးဆွမ်းလောင်းရသလိုပါပဲ။ ငွေရှာရတယ်၊ ရတဲ့ငွေနဲ့ စောစောစီးစီး ချက်ပြုတ်ရတယ်။ ဦးဦးဖျားဖျားဆွမ်းလောင်းပြီး ထိုင်ကန်တော့လိုက်ရသေးတယ်။ ဒီလိုပါပဲ။ ထီလက်မှတ်က ဈေး ကြီးတော့၊ ဝယ်ရင်လည်း တစ်စောင်တည်းဆို မပေါက်ဖို့ကတော်တော်သေချာနေတော့ အတွဲလိုက်ဝယ်ကြတာ များပါတယ်။ အဲဒီဈေးကမသေးတဲ့အပြင် ပေါက်ဖို့မျှော်လင့်ချက်သိပ်မရှိတော့ ထီလက်မှတ်ဝယ်ပြီးရင် ထီပေါက်ဖို့ဘုရားရှိခိုးရင်း ဆုတောင်းရသေးတယ်။ အဲဒီလို အားလုံးအနာခံပြီး ထီလက်မှတ်ဆိုတဲ့စာရွက်ပိုင်းလေးကို ဝယ်လိုက်ရတဲ့အကျိုးဆက်အဖြစ် တချို့သောလူတွေမှာ လုပ်ငန်းတွေ ထူထောင်နိုင်သွားတယ်ဆိုရင် ရလဒ်ကောင်းပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးတစ်လေသာ အပိုအလျှံဖြစ်ပြီး ကျန်ငွေတွေ ငွေလုံးကွဲသွားပြီဆိုရင်တော့ လုပ်ငန်းကြီးတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကျရှုံးတယ်လို့ပဲ သတ်မှတ်ရမှာပါ။ တိုင်း ပြည်ကနုနုလေးဆိုတော့ တခြားတိုင်းပြည်တွေလို ထီကို ရက်ရက်စက်စက်စီးပွားရှာစရာတစ်ခုအဖြစ် သဘောမထားသင့်ပါဘူး။ အောင်ဘာလေထီအကြောင်း အသေးစိတ်မဟုတ်ဘဲ ခြုံငုံပြီးပြောကြည့်ချင်တာကတော့ ကကြီးကနေ အအထိ စုစုပေါင်း အက္ခရာ ၃၃ လုံးအတွက် ကိန်းဂဏန်းက […]


Ma MaMarch 12, 20131min40832
လုပ်ငန်းခွင်တိုင်းမှာ သူ့သဘာဝနဲ့သူ ရှိတတ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေ ကွာခြားသွားတာနဲ့အမျှ လုပ်ငန်းခွင်သဘာဝတွေလည်း ပြောင်းလဲကွာခြားသွားတတ်ကြပါတယ်။ မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့ ပွဲရုံလုပ်ငန်းကို မိရိုးဖလာအစဉ်အဆက်လုပ်ကိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း၂ဝ ကျော်လို့ ၃ဝနားကို ကပ်လာပါပြီ။ တချို့နိုင်ငံကြီးတွေရဲ့ ကုန်အမှတ်တံဆိပ်တွေမှာ သူတို့လုပ်ငန်းရဲ့ သက်တမ်းကြာမြင့်မှုကို ဂုဏ်ယူစွာဖြင့် Since 19…. လို့ ရေးတတ်ကြတာကို အလွန်သဘောကျတာကြောင့်……. ကိုယ့်လုပ်ငန်းမှာဆိုရင်လည်း Since 1986 လို့ ရေးချင်တယ်လို့ မိသားစုတွေကို မကြာခဏပြောဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းကြာရှည်စွာ လုပ်ကိုင်လာတာနဲ့အမျှ …. ကိုယ့်လုပ်ငန်းခွင်ရဲ့သဘာဝကို စောမေတို့က နောကြေနေတယ်လို့ဆိုလိုချင်တာပေ့ါ။ :harr: ************************************************ ကျမတို့ ရောင်းဝယ်ဖောက်ကားနေတဲ့ ရေထွက်ကုန်ပစ္စည်းဆိုတာ တာရှည်အထားမခံတဲ့ သဘာဝရှိပါတယ်။ ရက်ကြာရင် ပျက်စီးတတ်ပါတယ်။ အဲဒီသဘာဝကြောင့်ပဲ လာရောက်အပ်နှံတဲ့ ကုန်ပစ္စည်းတွေကို …. ရံဖန်ရံခါ ကုန်ပစ္စည်းအရည်အသွေးညံ့ဖျင်းတာကြောင့်သော်လည်းကောင်း၊ […]


ပတ်စဝေါ့ ကလည်းပျောက် ဒတ်စတော့ကလည်း ဖောက် ခပ်မျော့မျော့ ဘဝမှာ …… နောက်ဆုံးတိုင် သတိရနေလို့ နှုတ်ဆက် လိုက်ပါတယ် ….   အဟောင်း မဟုတ်ပေမဲ့ အကြောင်းချုပ်ရင် ….. ဒီသူတောင်းစုတ်ကလေးကို How? လို့ ကြိုဆိုနော် ကန်တော့ပွဲထိုးထားတယ် မမန့်လို့တော့ ဆန့်သွားမယ်မှတ် ဟင်း ….. ဟင်း :harr: :harr: :harr:


မကြာခင် ၁ဝတန်းစာမေးပွဲတွေ ဖြေရတော့မယ်။တက္ကသိုလ်စာမေးပွဲတွေလည်း ဖြေရတော့မယ်။ မြန်မာနို်င်ငံက တက္ကသ်ုလ်ဝင်တန်းစာမေးပွဲအပါအဝင် စာမေးပွဲတွေ အကုန်လုံးကို ကျောင်းသားတွေအကုန်လုံး ဖြေဆိုနို်င်ကြပါစေကြောင်း———–။ ကျတော့်ညီမလေးလည်း ၁ဝတန်းဖြေရမှာဆိုတော့ စာတွေ ကြိုးစားပမ်းစား (ခေါင်းရှုပ်ခံ-၊ ပါးစပ် အညောင်းခံပြီး– တတွတ်တွတ် ကျက်နေတယ်—) သနားလိုက်တာ—-။ ကျောင်းသားတွေအကုန်လုံးလည်း ဒီလို ဒုက္ခက ကင်းဝေးစေကြောင်း — ဒီဂါထာလေးကို သက်စေ့ရွတ်ရင် အောင်မြင်နို်င်ဖို ့ ၉၉% သာလိုပါတော့ကြောင်း ဝမ်းသာအားရ ပြောကြားလိုပါတယ်။ ကျန်ုပ် ၁ဝတန်းစာမေးပွဲကြီးကို ဖြေစဉ်က အထက်ဆရာ အောက်ဆရာများ ပေးသနား လမ်းညွှန်ခဲ့သော ” ကျက်ဂါထာ”တော်ကြီး ရှယ်ကျက်– big ကျက်– ဘာမှမသိလည်းကျက်—— ကြီးကြီးကျယ်ကျယ်ကျက်—– မနေနို်င် မထို်င်နို်င်ကျက်———– တုန်တုန်ခါခါကျက်———- ပြုတ်ထွက် ပြန်တပ် နေရာလွဲ အတုကြီး— ပြီးရင် […]


manawphyulayMarch 8, 20131min1735
လူပုဂ္ဂိုလ် တစ်ဦးချင်း၊ အခြေအနေတစ်ခုချင်းနှင့် တိုင်းနိုင်ငံတစ်ခုချင်းစီပေါ် မူတည်ပြီး တစ်ဦးနှင့် တစ်ဦး၏ အခြေခံလိုအပ်ချက်၊ ဖြည့်ဆည်းရရှိထားသင့်သည့်အရာများ ကွဲပြားသွားနိုင်ပါသည်။ ကျွန်မတို့ ပိုင်ဆိုင်ခွင့် ရှိသော လောကအရာများသည် ကျွန်မတို့အတွက် စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို ပေးနိုင်သည်ဟု ဆိုသော်ငြား လည်း တဒင်္ဂသာဖြစ်ပါသည်။ ပြီးလျှင် ရရှိပိုင်ဆိုင်ထားသော အတိုင်းအဆပေါ် မူတည်၍ ကျွန်မတို့ရဲ့ ပျော်ရွှင်မှု အတိုင်းအတာကို ပုံသေတွက်ချက်၍ မရနိုင်ပါ။ ကျွန်မတို့၏ အခြေခံလိုအပ်ချက်များ ပြည့်မှီပါက ကျွန်မတို့သည် ကျေနပ် ပျော်ရွှင်ရပါမည်။ တိုင်းတာသတ်မှတ်ချက်များကို ပြည့်မှီကျော်လွန်ခြင်းသည် ပိုလျှံခြင်း ဖြစ်ပါသည်။ အစားအသောက်နှင့် အဝတ်အစားများသည် ကျွန်မတို့၏ အခြေခံလိုအပ်ချက်များကို ကိုယ်စားပြုသည်။ ယနေ့ခေတ်ရေစီးကြောင်းအရ အစားအသောက်၊ အဝတ်အစား ဖူလုံရုံဖြင့် လူပုဂ္ဂိုလ် တစ်ဦးအတွက် အခြေခံ လိုအပ်ချက်များ ပြည့်မှီသည်ဟု မဆိုနိုင်ပါ။ […]


ムラカミMarch 7, 20136min2266
စီးပွားနယ်ပယ်ထဲမှာ သိပ်ကို Smart ဖြစ်တဲ့ လူတွေ ပေါများစွာရှိနေပေမယ့် ပြောင်မြောက်တဲ့ မာကတ္တာတော့ နည်းနေသေးတယ် လို့ ခံစားရပါတယ်။ အောက်ကအချက် ရချက်ကတော့ ပြောင်မြောက်တဲ့ မာကတ္တာတွေရှိထားသင့်တဲ့အချက် ရချက်ဖြစ်ပါတယ်။   1. စားသုံးသူရဲ့သဘောကို နက်ရှိုင်းစွာ ထိုးထွင်းသိမြင်မှု ကျနော်ဟာ အမြရတစေ စားသုံးသူရဲ့ ပကတိအတွင်းသဘော ပါဝင်တဲ့ သတင်းအချက်အလက်များကို ရှာဖွေ လေ့ရှိပါတယ် Pepsi မှာတုန်းကပေါ့ ကျနော်တို့ဟာ စားသုံးသူအနေနဲ့ အများဆုံး သောက်သုံးလိမ့်မယ်လို့ မှန်းဆ တွက်ချက်ထားတဲ့ ပမာဏအတိုင်းဂိုထောင်ပြည့် အချိုရည်တွေကို ထုတ်လုပ်နိုင်ခဲ့ကြပါတယ်   သည်လို ထုတ်ပြီးတဲ့အခါမှာ ကမာ္ဘမှာ ပထမဦးဆုံးအနေနဲ့ ၂လီတာ ဝင်း ဗူးတွေ ကို မားကတ္တင်း အာရုံစူးစိုက်မှုနဲ့အတူ ဈေးကွက်ကို အရောက်ပို့ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ် […]


asiamastersMarch 5, 20131min1403
မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင် ရည်  အကဲဖြတ်အဖွဲ့မှ အကြံပြုရေးသားပါရန် နှိုးဆော်ထားသဖြင့် ရေးသားခြင်း လည်းဖြစ်သည်။ ကျွန်တော်သည် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံ တွင်နေထိုင်နေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံခိုင်မြဲရေး၊ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း၍ အရေအတွက် တိုးပွားနေရေး၊ အလုပ်အကိုင်ဝင်ငွေပုံမှန်ရှိ၍ ဂုဏ်သိက္ခာရှိရှိနေနိုင်ရေး၊ မျှမျှတတနှင့် မဖေါက်ပြန်သောလူမျိုးများဖြစ်ရေး အတွက်ကိုသာယုံကြည်၍ မိမိလုပ်ဆောင် နိုင်သည်များကို လုပ်ဆောင်နေသူလည်းဖြစ်သည်။ ယခုကဲ့သို့ အကြုံတင်ပြချက်များ ရေးသားခြင်းမှာ ယခု အစိုးရတာဝန်ယူလုပ်ကိုင်နေသူတို့ကို မကောင်းမြင်ဝါဒဖြင့် ဆက်ဆံလို၍မဟုတ်၊  မနာလိုဝန်တိုဖြစ်၍လည်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် ကလည်း အငြိမ်းစားဝန်ထမ်းတစ်ဦးသာဖြစ်သည်။ ကျွန်တော်ရေးသားရခြင်းတွင် ရည်ရွယ်ချက်ရှိပါသည်။ တစ်ချို့အကြောင်းကိစ္စတို့ကို ရေရှည်အတွက် စဉ်းစားကြရ သည်။ တစ်ချို့သောအကြောင်းကိစ္စတို့မှာ အခုချက်ချင်းလုပ်ဆောင်ရမည့် ကိစ္စများရှိသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ တစ်ပါတီအုပ်ချုပ်သည့် စနစ်ဖက်သို့ ပြန်လည်ဦးတည်သွားရန်များစွာအကြောင်းမရှိပါ။ […]


ムラカミMarch 5, 20135min52933
Status Quo ဒီစာလုံးကို ဘာသာပြန်ဖို့ လိုက်ရှာတော့ စကားပုံထဲမှာ သွားတွေ့လေရဲ့။ ဘာတဲ့ ပိုနေမြဲ ကျားနေမြဲ ဆိုတာ။ ခေတ်ပြောင်းစနစ်ပြောင်းမှာ စာဖတ်သူများ သိထားကြတဲ့အတိုင်း ပိုနေမြဲ ကျားနေမြဲ လုပ်နေလို့မရတဲ့ လုပ်ငန်းတွေ အများကြီးရှိပါရဲ့။ ဒီတော့ ပြုပြင်ပြောင်းလဲရေး ဆိုတာ လုပ်ဖို့ မဖြစ်မနေ လိုအပ်လာကြပါတယ်။ ဒါဆို ကျနော်တို့ ဘယ်လို ပြုပြင်ပြောင်းလဲကြမလဲ ဆိုတာကို တွေးမိရင်း Change အကြောင်းကို ရေးဖြစ်ပါတယ်။ တကယ်တော့ပြုပြင်ပြောင်းလဲရေး ဆိုတာ စီးပွားလုပ်ငန်း အဖွဲ့အစည်း တခုခုရဲ့ အရွယ်အစား ၊ စီးပွား နယ်ပယ် နဲ့ ခေတ် စနစ် စတာတွေကိုလိုက်လို့ အချိန်နဲ့ တပြေးညီ ကျင့်သုံးသင့်တဲ့အရာဖြစ်ပါတယ်။ ယနေ့ ကမာ္ဘဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ် ဆိုရင် […]


ဇီဇီMarch 4, 20136min50045
အမှန်တော့ ဒါက ပို့(စ) ဟုတ်ဘူးရယ်။ အရင်က စလုံးကို အလုပ်လာလုပ်မဲ့ သူငယ်ချင်းတွေ၊ ကိုယ့်မောင်လေးတွေ အတွက် အင်တာဗျူးရင် အစဉ်ပြေပြေဖြေတတ်အောင် ဟိုရှာဒီရှာနဲ့ သီတင်းစာထဲကတွေ့လို့ သူတို့ကို ဆရာလုပ်နိုင်အောင် ဘာသာပြန်ထားတာ။ ရေးရင်း၊ မေးရင်း အတော်တော့ များသွားပါတယ်။ ကိုယ်တွေ စလာတုန်းကတော့ ဘယ်သူမှ ဒီလိုအဆင်သင့်ရှာမပေးဘူး။ ခုတော့ ဒီသီတင်းစာထဲပါ အကြောင်းအရာကို  ကိုယ့်လက်တွေ့အကြောင်းအရာနဲ့ မွှေနှောက်ပြီးရေးသွားမယ်နော့။ ရွာသူ/သားတွေ မူးသွားမှာစိုးလို့ ဓာတ်ပုံတွေလည်း တင်တော့ပါဘူး။ ဆီလျော်အောင်ဘာသာပြန်ဆိုထားသော (ကိုယ့်ဟာကိုယ် အဲလိုထင်တာပဲ) စာလုံးတွေနဲ့ပဲ မူးသွားအောင်လုပ်ပါတော့မယ်။ စပါပြီ။ ခေါင်းစဉ်ကတော့ဖြင့် အင်တာဗျူးမေးသူတွေ မေးလေ့ရှိတဲ့ ခက်ခဲ မေးခွန်းများပါတဲ့။ သူကတော့ “Knowing the answers is half the battle won” ဆိုပဲ။ ကိုယ့်အာဘော်လေးကလည်း […]