manawphyulayMarch 3, 20131min963
ခုတစ်လော လူငယ်တွေအတွက်ပဲ ပြောချင်တာတွေ ပြောနေလို့ မဖြစ်သေးဘူး။ လူကြီးတွေကိုလည်း နည်းနည်း ပြောချင်မိတယ်။ လူကြီးဆိုတာမှာ အသက်ကြီးတဲ့ လူကြီးပိုင်းတွေထက် အသက်ပြည့်လို့ ပင်စင် ယူလိုက် သူတွေ၊ နောက် သက်ပြည့်မဟုတ်ပဲ ကျန်းမာရေးအခြေအနေကြောင့် ဆေးပင်စင် ယူလိုက်သူတွေအတွက် အဓိက ထားပြောချင်တာပေါ့လေ။ ဒီလိုပြောလို့လည်း မနောက လူကြီးပိုင်းရောက်နေလို့ စောဒက တက်တာလား ဒါမှမဟုတ် လူကြီးကို ဆရာလုပ်တာလားဆိုတာလည်း မဟုတ်ပြန်ပါဘူး။ တွေ့တာ မြင်တာ သိတာလေးတွေ မျှဝေချင်လို့ စကားဦးသန်းရခြင်း ဖြစ်ပါတယ်။ အင်း တစ်ချို့က အသက်ကြီးလို့ ငါ ပင်စင်ယူလိုက်ရပြီ ငါ ဘာမှမလုပ်နိုင် မကိုင်နိုင်တော့ဘူးဆိုတဲ့ စိတ်အတွင်းကို တွေးမိတတ်ကြပါတယ်။ အဲဒီလိုတွေးလိုက်တာနဲ့ စိတ်ကျရောဂါဆိုတာ အလိုလို ရင်ထဲကို ဝင်ရောက်လာပါတော့တယ်။ အိမ်မှာဆိုလည်း အိမ်မှာအလျောက် လူပိုကြီးလို […]


asiamastersMarch 3, 20131min2016
မော်တော်ကားအမောင်းသင်တစ်ဦးသည် တစ်နေ့တစ်ရက်ထဲနှင့် တတ်မြောက်မောင်းနှင်ရန် မဖြစ်နိုင်ပါ။ မော်တော်ကားမောင်းတတ်လာသူများ၊ ကားမောင်းတတ်လာသည့် ပုံစံအမျိုးမျိုးရှိသော်လည်း အခြေခံ (Principle & practices) တို့ကို စနစ်တကျ သင်ပေးထားသူတို့နှင့် မသင်ခဲ့ရသူတို့မှာ များစွာကွာခြားသွားသည်။ စနစ်တကျ မော်တော်ယာဉ်မောင်းနှင်သင်ကြားပေးရာတွင် လုပ်ဆောင်ရမည့် အလုပ်များကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားပေးရသည်။ ထို့အပြင် မော်တော်ယာဉ်မောင်းတစ်ဦးတွင်ရှိသင့်သည့် ကိုယ်ကျင့်သိက္ခာ နှင့်တာဝန်သိတတ်မှု (Ethic & Responsibility) ကိုပါသင်ပေးရသည်။   ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် (Political System) ကို ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သည်မှာ (၂) နှစ်ခန့်ရှိလာပါပြီ။ ကျွန်တော့် အမြင်မှာကား နိုင်ငံတော်အစိုးရသည် လုပ်သင့်လုပ်ထိုက်သည်များကို ဘာမျှ မလုပ်ဆောင်နိုင်သေးပဲ ယခင် စနစ်ပုံစံအတိုင်းသာ ဟိုယောင်ယောင်၊ သည်ယောင်ယောင်ဖြစ်နေသည်။ ဒီမိုကရေစီစနစ်နှင့် ပတ်သက်သမျှ ကို အများပြည်သူများ၊ လူငယ်လူရွယ်များကို […]


asiamastersMarch 1, 20131min29814
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူများအနေနှင့် အကြံပြုကြပါရန် ၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့ တွင်နိုင်ငံတော်သမ္မတရုံး Facebook မှ တရားဝင်ဖေါ်ပြလာပါသဖြင့် နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက်များကို စတင်ရေးသားသည်။ ပြည်သူ့ဝန်ဆောင်မှု၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍ နိုင်ငံသူ/နိုင်ငံသားတို့မှ ပွင့်ပွင့်လင်းလင်းအကြံပြုနိုင်သဖြင့် နိုင်ငံတော်အစိုးရတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံးနှင့် ဆုံးဖြတ်ချက်တို့သည် အများပြည်သူတို့အတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။ တကယ်တမ်းအားဖြင့် ယနေ့နိုင်ငံတော်အစိုးရသစ်ပေါ်ထွက်လာသည့် ကာလအတွင်း ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှုတို့ပေါ်ထွက်လာခဲ့သော်လည်း၊ အချို့သောလုပ်ဆောင်မှုများမှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဝိသမလုပ်ငန်းရှင်လေးများ၏ အဆင့်အတန်းလောက်သာရှိနေပါသေးသည်။ အရေးတကြီးအမြန်လုပ်ရမည့် တစ်ချို့အလုပ်များမှာ စပင် မစရသေးပါ။ တစ်ချို့လုပ်ငန်းများမှာ မူဝါဒမရှိပါ။ တစ်ချို့လုပ်ငန်းများမှာ အယူအဆပိုင်း Concept များပျောက်နေပါသည်။ (၂) နှစ်တာကာလအတွင်း ထိုမျှလောက်ပြောင်းလဲနိုင်သည်ကို ပင်အလွန်ကျေးဇူးတင်ရမည်ဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာ […]


ဇီဇီMarch 1, 20131min41945
တရုတ်နှစ်သစ်ကူး ပြီး ပေါ့။ ဒီရာသီက အလုပ်ပြောင်းအရွှေ့လုပ်ကြတဲ့ အချိန်ဖြစ်နေပြီ။ ဒီလို အလုပ်အပြောင်းအရွှေ့တွေက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ရတာ အတော်ကြာပြီရယ်။ ကိုယ့် ဘိုးတော်ကြီးကို ချစ်တာရယ်၊ အလုပ်မှာ ပျော်တာရယ်၊ အင်တာဗျူးတွေ မဖြေချင်တာရယ်၊အလုပ်သစ်တစ်ခုပြောင်းရင် ရမဲ့ ဖိစီးမှုတွေကို မယူချင်တာရယ် နဲ့ ဒီတစ်လုပ်ထဲမှာ အပျင်းကြီးနေတာ။ ကိုယ့်သဘောဖြစ်နေတဲ့ နေရာလေးက မရွှေ့ချင်တာလည်း ပါတာပေါ့လေ။ မန်းလေးတုန်းကတော့ ဘာအလုပ်မှကို မလုပ်ဖူးတာ။ အလုပ်ဝင်မယ်လို့ စဉ်းစားပြီး အင်တာဗျူးဖြေရမဲ့နေ့မှာ အဲ့ လမ်းထိပ်က စမူဆာသုပ် ဆိုင်မှာ ထိုင်ရင်း အင်တာဗျူးဖြေရမှာ ကြောက်လို့ သေချာပေါက်ဆိုတဲ့ အလုပ်ကြီးကို စွန့်လွှတ်ပြီး ထပြန်လာတာ။ သတ္တိက အဲ့ဒီလို။   အလုပ်လက်မဲ့ဆိုတဲ့ နာမည်ကိုပဲ မျက်နှာပြောင်ပြောင်နဲ့ ယူပြီး နေဖူးတယ်။ အလုပ်ဆိုတာ ကိုယ်နဲ့ […]


စိန်ကြက်ဆင်February 27, 20131min92447
ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။ ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း […]


မိုး မင္းသားFebruary 25, 20131min1508
ဘဝရဲ ့နိဂုံး ဘယ်လိုအဆုံးသက်မလဲ….. လူတိုင်းသိချင်ပေမဲ ့ ရေရေရာရာ တိတိပပမသိကြပေ……. ဆင်းရဲတယ်.. ချမ်းသာတယ် လူတန်းစားတွေ ကွဲပြားတယ်….. ချစ်ခြင်း မုန်းခြင်း ကာရံနှစ်မျိူး ကွဲပြားမယ်….. ဒါတွေ….အားလုံးနဲ ့ ဝေးရာကိုထွက်ပြေး…ဖို ့ ဘယ်လိုမှလည်းမရပါ… နောက်ဆုံး……. သွားရမဲ ့…..တစ်လမ်းတည်းသော သေမင်းဆီ…….. ချစ်ခြင်းမေတ္တာဖြင် ့ မိုးမင်းသား ၂၅.၂.၂၀၁၃ ့


asiamastersFebruary 22, 20131min892
သားနဲ့သမီးတို့မှတ်သားဖို့ ၁။ လူ့ဘဝမှာအရေးကြီးဆုံးဟာ ငွေဖြစ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ငွေနောက်မလိုက်ရဘူး။ ၂။ လူ့ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ မိမိကိုယ်ခန္ဒာဖြစ်တယ်။ မိမိကိုယ်ခန္ဒာ ညစ်နွမ်းအောင်၊ ပျက်စီးအောင် မလုပ်ရဘူး။ ၃။ ကျန်းမာရေးကို နားမလည်သူများ မကြာမီ ငရဲကျတယ်။ ၄။ ဝင်ငွေမရှိသူများဟာ အမြတ်နိုးဆုံးအရာများ စွန့်လွှတ်ရမယ်။ ၅။ မိတ်ဆွေမရှိသူများ ခံတပ်မရှိတဲ့ မြို့များကဲ့သို့ လုယက်ဖျက်ဆီးခံရမယ်။ ၆။ အတတ်ပညာတစ်ခုကို ဆုံးခန်းတိုင်အောင် မတတ်သရွေ့ သူတပါး၏ ဆဲဆိုနိုပ်စက်မှုကိုခံရမည်။ ၇။ အရေအတွက်တိုးပွားအောင်လုပ်ရမယ်။ မတိုးပွားရင် လူမျိုးခြားသွားမယ်။ ၈။ ဝင်ငွေရှာရမယ်၊ စုဆောင်းရမယ်၊ တိုးပွားအောင်လုပ်ရမယ်။ ၉။ သမာသမတ်ရှိမှ ဘယ်လုပ်ငန်းမဆို ရေရှည်ရပ်တည်နိုင်တယ်။ ၁၀။ ကောင်းခြင်းဘက်ကို ပျင်းပြစွာယုံကြည်ပါ။


Joker GyiFebruary 19, 20131min2737
စီးပွားအမှိုက်သိမ်းဆည်းခတဲ့…. သူငယ်ချင်းတို့ရေ စီးပွားအမှိုက်သိမ်းဆည်းခတဲ့… အင်တာနက်ဆိုင်ကို လာပြီးတော့ စီးပွားအမှိုက်သိမ်းခတဲ့.. တစ်ခါမှလဲလာမသိမ်းဘူး… လာသိမ်းဖို့ဆိုဝေး.. .အမှိုက်ကားတောင်တစ်ရက်တစ်ခါမလာတာကို.. .အဲ့ဒါကိုအမှိုက်သိမ်းခတဲ့…စားသောက်ဆိုင်တို့.. လ္ဘက်ရည်ဆိုင်တို့ကဘာလုပ်ဖို့ထားတာလဲ..တောင်းစားစရာမရှိတော့ဘူးလား… အင်တာနက်ဆိုင်ကိုတောင်လာတောင်းစားနေကြပြီးလား… ဘယ်လိုတွေဖြစ်ကုန်ပြီးလဲ… နည်းနည်းတော့များလာပြီးထင်တယ်ဗျာ ဘာတွေဖြစ်ကုန်တာလဲ.. .စီးပွားအမှိုက်သိမ်းဆည်းခတဲ့… သူငယ်ချင်းတို့ဆိုင်ကိုလဲလာတော့မယ်နော်… အဲ့လိုစာရွက်လေတွေ…အဲ့ဒါလေကိုဖတ်ပြီးနည်းနည်း စိတ်ကတိကအောင့်ဖြစ်လာလို့ ဒီစာလေကိုတင်လိုက်တာပါ… .ပို့စ်မတင်တာတောင်ကြာပြီး အခုဒီစာလေပြန်တင်ပေးလိုက်တာပါ… ကျွန်တော်တို့အင်တာနက်ဆိုင်ဖွင့်တာတစ်လတောင် မကြာသေဘူး… အခုစလာပြီး…ဟီးဟီး…


Foreign ResidentFebruary 17, 20137min38630
စဉ်းစားကြစေလိုပါတယ် ( ၄၈ ) ( Credit Card – 2 )   အဘ ရဲ့ Credit Card – 1 Post မှာ Credit / Debit Card တွေရဲ့ အခြေခံ တည်ဆောက်ပုံ နှင့် လုံခြုံရေး စံနစ်တွေအကြောင်း ရေးခဲ့ပါတယ် ။   အဘ ရဲ့ Credit Card – 1 Post မှာ အားတက်သရော ဝင်ရောက် အားဖြည့် ဆွေးနွေးပေးကြတာ တော်တော်လေးတောင် စုံသလောက် ဖြစ်သွားပါတယ် ။ ဝင်ရောက် အားဖြည့် ဆွေးနွေးပေးကြတဲ့ ၊ kai ၊ ဦး […]


(၁) “ဟေ့ကောင်၊ အဲဒီထောင့်ကို သွားမကပ်နဲ့၊ ငါမနေ့ညက ချန်ထားတဲ့ ဝိုင်တစ်ပက်နဲ့ ကြက်ကင်တစ်လုတ်စာ ရှိသေးတယ်။မင်းသွားရင် ဖုန်တွေ ကျကုန်မယ်။ ပြန်လာခဲ့။ ”   ပြောသာ ပြောရသည်။ သူ့ အစားအသောက်တွေက ဖုန်မကျလည်း ပုရွက်ဆိတ်တွေ တက်နေပြီး သား။ကြွက်ကိုက် ဒဏ်ရာများဖြင့် ပြည့်နေသည့် အုပ်ဆောင်းက သူ့အစားအသောက်တွေကို မကာကွယ် နိုင် သူ့စကားကို ပင့်ကူက အရေးမထားသည်လား၊ နားပဲမလည်တာလားတော့မသိ။ ပင့်ကူကြီး အာရုံစိုက် နေသည်က သူယက်ထားသည့် ပင့်ကူအိမ် အနီးတွင် တဝဲလည်လည် လုပ်နေသည့် အင်းဆက် တစ်ကောင် ကို ဖမ်းရန် ပင့်ကူမျှင်များပေါ်မှ တရွေ့ရွေ့ချီတက်လျက်။ သို့သော် ယခု အခြေအနေမှ အမြတ်ထုတ်ရန် ချောင်းနေသော အန္တရာယ်ကောင် အိမ်မြှောင် ရှိသေးသည်ကို ပင့်ကူခမျာ […]


moonpoemFebruary 14, 20131min44033
ဒီနေ ့ရုံးကို ကျွန်မနေရာတွင် အစားဝင်ရန်မိန်းကလေး ၃ယောက်ကို အင်တာဗျူးသည်။အင်တာဗျူး သည် ့၃ယောက်ထဲမှ ၂ယောက်ကို ခန် ့မည် ဖြစ်သည်။ ထို ၂ယောက်တောင်းဆိုသည့် လစာက နည်းလေသလား သို ့မဟုတ် ကျွန်မ မန်နေဂျာက သတ်မှတ်လိုက်လေသည်လားတော့ မသိ။ သူတို ့၂ယောက်လုံးကို ခန့်လျှင်ပင် ၂ယောက်ပေါင်းလစာက ကျွန်မအခု ရသည့်လစာကို ပင် မပြည့်ဟု မန်နေဂျာက ပြောသည်။ ကျွန်မသူ ့ဆိုလို်ရင်းများကို နားလည်ပါသည်။ သူလျှော့ချသည့်လစာကို ကျွန်မ လက်မခံခဲ့ရျ် ထွက်ဖြစ်ခဲ့သည်ရှိသော်ငြား သူ ့အတွက် လူမရှားကြောင်း သူပေးသည့်လစာသည် အဆင်ပြေကြောင်း သက်သေပြဟန်ရှိဧ။်။ မထွက်ဘဲ တဖန်ပြန်လည် စဉ်းစားသင့်ကြောင်း ပြောလာဧ။် ။ ကျွန်မကို နားချသောသူများရှိဧ။် ။ ဒီရွာထဲက မိတ်ဆွေများ […]


ムラカミFebruary 14, 20133min20412
ခုတလော ဘာသာပြန်ရတာ အရသာတွေ့နေတာ ကတကြောင်း Copyright အကြောင်း စာကောင်းလေး ဖတ်ရတော့ ပြန်မျှဝေချင်တာကတကြောင်းကြောင့် Lifehacker ဆိုတဲ့ နာမည်ကျော် Weblog မှာ ဒီနေ့ပဲ တက်တဲ့ စာကို ဘာသာပြန်ပြီး ဖော်ပြလိုက်ရပါတယ်။   အကြောင်းအရာကတော့ Ralph လို့ခေါ်တဲ့ Liefhacker စာဖတ်သူတယောက်က Lifehacker ကို မေးထားတာလေး စိတ်ဝင်စားဖို့ ကောင်းလို့ပါ   ကိုယ်ပိုင် DVD တစ်ချပ်ကို အရံအနေနဲ့ Backup ပွားတာ တရားဝင်ပါသလား ??? တဲ့   Dear Lifehacker,   ကျနော်ပိုင်ဆိုင်တဲ့ DVDs နဲ့ Blu-Ray discs တွေကို အရံအဖြစ် ကူးယူသိမ်းဆည်းထားမှုဟာ တရားဝင်ပါသလား ။ ဒါနဲ့ပါတ်သတ်ပြီး […]