အာဂNovember 19, 20101min47712
ဘယ်ဟာတရားခံလဲ တနင်္ဂနွေနေ့မှာ ခြောက်တန်းကျောင်းသားလေး မိုက်ကယ်အောင်ပု ဟာ လမ်းလျောက်ဖို့ ထွက်လာ တယ်။ ယောက်ျား နှစ်ယောက်ဟာ ပုခုံးချင်းယှဉ်ပြီး သူ့ရှေ့က လျောက်သွားတယ်။ သေချာကြည့်လိုက်တော့ အဲဒီယောက်ျားနှစ်ယောက်ဟာ လက်တစ်ဖက်ချင်း လက်ထိပ်နဲ့တွဲခတ် ထားတာတွေ့ရတယ်။မာဖီဝတ်ထားတဲ့ ရဲက တရားခံကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားနေတာနဲ့တူတယ် ။ “ဘယ်ဟာက မာဖီဝတ်ရဲလဲ။ ဘယ်ဟာက တရားခံလဲ။” ကျောင်းသားလေး မိုက်ကယ်အောင်ပုက ခေါင်းစောင်းပြီး တွေးကြည့်တယ်။ သင်ကောသိရဲ့လား။ အဖြေကတော့ ထုံစံအတိုင်းပဲပေါ့


ဂ်စ္စူNovember 17, 20101min1981
Iron Cross တီးဝိုင်း ပြင်ဦးလွင် မီးပုံ ပွဲတော်တွင် ပထမဆုံး အကြိမ် ဖြော်ဖြေမည် ပြင်ဦးလွင် မီးပုံးပျံပွဲတော်တွင် Iron Cross တီးဝိုင်း ပထမဆုံး အကြိမ် သီဆို ဖျော်ဖြေမည် ဖြစ်ကြောင်း ပြင်ဦးလွင် မီးပုံးပျံ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ မှ ဦးကျော်ဌေးကို က ပြင်ဦးလွင်မြို့၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်း ပွဲတွင် ပြောကြားသည်။ “ ပြင်ဦးလွင် မီးပုံးပျံ ပွဲတော်ကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ ကနေ ၂၂ ရက်နေ့ အထိ မဟာအံ့ထူးကံသာ ဘုရားကြီး အရှေ့မြောက်ဘက် မီးပုံးပျံ လွှတ်တင် ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ နိုဝင်ဘာလ ၁၉ […]


ဂ်စ္စူNovember 16, 201013min2261
အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန် သည်။ Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ ၁၄ ရက်နေ ့မှ စတင် ၍ စမ်းသပ် သုံးစွဲ ၍ ရနေပြီ ဖြစ်ကာ မိမိ ၏  Face Book  ကွန်ယက် အတွင်းရှိ သူများ သာမက အခြား သူများ နှင့် […]


အာဂNovember 13, 20101min60818
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။ တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဒေါ်လာ သန်း ၃ဝ တန် ကမ္ဘာ့ ရှားပါတံဆိပ်ခေါင်းတစ်လုံး အခိုးခံ ရတယ်။ တရားခံဟာတံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ်လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ရဲများကလည်း ချက်ချင်းလိုက်လာတယ်။ “ခိုးလာတဲ့တံဆိပ်ခေါင်း ထုတ်ပေး” ရဲကလက်ထဲကပစ္စတိုကိုယမ်းပြီး အမိန့်ပေးတယ်။ “ဟင်း၊ ခင်ဗျားတို့ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိဖြေတယ်။ ဒါနဲ့ရဲက တရားခံကိုလက်ထိပ်ခတ်လိုက်တယ်။ တရားခံ ကိုယ်ပေါ်ရှာတယ်။ တံဆိပ်ခေါင်း ကိုမတွေ့ဘူး။ အကျင်္ ီတို့၊ခြေအိတ်တို့၊ဖိနပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလဲမတွေ့ဘူး။ အဲဒီ့အခန်းထဲမှာက စတီး ရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာတစ်လုံးသာရှိတယ်။ ဒါတွေ မှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာလည်နေတယ။ရုံးစားပွဲတော့ မပြောနဲကတော့။ ကြမ်း ခင်း၊ မျက်နှာကျက်တွေအားလုံး ကို အသေအချာရှာပြီးပြီ။ ဘာမှမတွေ့ဘူး။ “ဟေ့၊ မင်းဘယ်မှာဝှက်ထားသလဲ” […]


အာဂNovember 12, 20101min51312
ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို […]


ဂ်စ္စူNovember 11, 20102min2191
Google မှ ထပ်ဖြည့်ပေးထားတဲ့ Feature အသစ် မိတ်ဆက်ပေးလိုက်ပါတယ်။ဒီ Feature အသစ်ကို  Google က လွန်ခဲ့တဲ့ အင်္ဂါနေ ့က မှ အသစ်ဖြည့်ပေးထားတာလဲ ဖြစ်ပါတယ်။ Google Search box မှာ စာရိုက်ပြီးရှာလိုက်တဲ့ web page ပုံစံကို ဘေးမှာ preview လေးပြပေးတယ်လေ။ Web page များကို ပြေးကြည့်စရာမလိုဘူး..Preview ကြည့်ရုံနဲ ့ သိပါလိမ့်မယ်။ ကိုယ်ရှာလိုက်တဲ့ ဝဘ်ဆိုဒ်ကို ဘယ်လိုပုံစံလဲ ကြိုသိချင်ရင်တော့ဒါလေး Add ထားကြပေတော့။ အဲတော့ကား….. Google Home page မှာ ပေါ်နေတဲ့ Instant Preview လေးကိုသာနှိပ်လိုက်ပါ။ ပြီးရင် Try it now ကိုနှိပ်လိုက်ရင် ရပါပြီ။သို […]


ဂ်စ္စူNovember 11, 20101min3281
မြန်မာမှသူငယ်ချင်းများအတွက် အပိတ်အဆို ့တွေကိုကျော်ဖို ့ လင့်ခ်များကို notepad ထဲထည့်ပေးလိုက်ပါတယ်။အွန်လိုင်းမှာ မပြန် ့စေလိုပါခင်ဗျ။တင်ကျော်ဘန်း အဖြစ်မခံချင်ပါ။အရှေ ့မှာလဲ သာဓက တွေအများကြီးရှိခဲ့ပါတယ်။တင်တဲ့သူက တင်ပေးတယ်။ကျော်တဲ့သူက ကျော်တယ်။ဘန်းတဲ့သူက ဘန်းတယ်။နောက်နေ ့ကျတော့ တိုင်ပတ်ရတယ်။ဒါကြောင့်  ကိုယ့်ဘာသာ ဥပြီး သုံးကြပါလို ့။ သူငယ်ချင်းတို ့ရဲ့ကျော်နည်းခွနည်းလေးတွေရှိပါက ခိုးကြောင်ခိုးဝှက်ဖြင့် မျှဝေပေးခဲ့ကြပါဦး။ Size=1.7KB Download From Multiupload or Download From Multiply or ကျော်ခွနိုင်သော Firefox add on အချို ့ @ ရတနာပုံ or ကျော်ခွနိုင်သော Firefox add on အချို ့ @ Multiply


zinmyotunNovember 10, 20101min1560
**Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း * အီးမေးလ်ထဲရောက်လာတာပါ။ ပြန်လည်မျှဝေသင့်တယ်ထင်လို့ ကျနော်ဆိုဒ်မှာဖော်ပြပေးာတာပါ။ မေးလ်ပို့ပေးတဲ့ ကိုအောင်ထွန်းကိုလည်းအထူးကျေးဇူ* *းတင်ပါတယ်။ ဒီနေ့လည်း ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL WEB SITE အသစ်လား ဟုမေးရာကျွန်တော် ဝင်ရောက် ကြည့်လိုက်ရာ မြင်လိုက်ရသော WEB SITE ကြောင့်ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD နဲ့ မှ ရိုက်ပြီး မဝင်ရန် အမြန်ကြောင်းကြားရပါသည်။ ကွာခြားချက်ကတော့ …. ၁ – GMAIL […]


အာဂNovember 10, 20101min1771
အဓိပ္ပါယ်ရှိသော လှေကားထစ် အမေရိကန်ပြည်ထောင်စု၏ (၁၆)ဦးမြောက်သမ္မတဖြစ်သည် အေဘရာဟင်လင်ကွန်း(၁၈၀၉ – ၁၈၆၅) အားရည်စူး၍ လင်ကွန်းအမှတ်တရ ခန်းမ ကိုသူ၏မွေးရပ်မြေဖြစ်သည့် ကင်တီပြည်နယ် ၊ဟော့ဒ်ဂျင်ဗယ်လီ အရပ်၌ ဆောက်လုပ်ထားသည်။ ထိုခန်းမ၏အောက်ခြေမှ အထက်သို့တက်ရန် လှေခါးထှစ်ပေါင်း ၅၆ ထစ်ရှိပြီး၊ အသက် ၅၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် သမ္မတ လင်ကွန်း၏ အသက်အားရည်စူး၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အလောင်းမရှိသည့် အုတ်ဂူ အင်္ဂလိပ်လူမျိုး နာမည်ကြီး စာရေးဆရာ လော့ရန့်စ်စတန်း(၁၇၁၃-၁၇၆၈)၏ အုတ်ဂူ၌ ၎င်း၏ အလောင်းသည် မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ အားသင်္ဂြိုလ်ပြီး နှစ်ရက်အကြာ၌ လူသေ အလောင်းကို ဖော်ယူသူများက ယူသွားကြောင့်ပင်ဖြစ်သည်။ မိုင် (၁၅၀) အကွာအဝေးသို့ သယ်ယူရွှေ့ပြောင်းခဲ့သည့်အိမ် ဩစတြီးယားလူမျိုး ဂီတစာဆို မိုဇတ်(၁၇၅၆-၁၇၉၁) သည် မျက်လှည့်ဆန်သည့် […]


zinmyotunNovember 9, 20101min1630
ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး WindowsSystem32Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ […]


အာဂNovember 9, 20101min3304
ငယ်ရွယ်ရွယ်နှင့် ဆံပင်ဖြူသူ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သည့် အီတလီလူမျိုးရေကြောင်း သွားလာရေးသမား ခရစ်စတိုဖာကိုလံဘတ်စ် (၁၄၅၁- ၁၅၀၆) ၏ ဆံပင် များသည် အသက်သုံးဆယ်အရွယ် ၌ ဆွတ်ဆွတ်ဖြူခဲ့ သည်။ သွေးထိုးပေးမှုကို မယုံသည့် မဟာအလက်ဇန်းဒါး သမိုင်းတစ်လျှောက်လုံး၌ မိမိလက်အောက်ငယ်သားများကို အယုံကြည်ဆုံးဘုရင်ဖြစ်သူ မဟာ အလက်ဇန်းဒါးဘုရင်သည် သူ့အား သူ၏ဆရာဝန်ဖီလစ်က အဆိပ်ခတ်သတ်လိမ့်မည်ဟူသည့် ပစ်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာကိုရရှိပြီး သိပ်မကြာလှသည့် ကာလ၌ သူ၏ဆရာဝန် ဖီးလစ်က သူ့အားဆေးသောက်ရန်ပေးလာခဲ့သည်။ မဟာ အလက်ဇန်းဒါးသည် သူရရှိထား သည့် ပစ်စာကို သူ၏ဆရာဝန်အား ပေးဖတ်စေခဲ့ပြီး၊ ထိုစာကို သူ့အနေဖြင့် လုံးဝမယုံကြည် ကြောင်းပြသသည့် အနေဖြင့် ဖီးလစ်ပေးသည့် ဆေးခွက်ကို တစ်ကျိုက်တည်းဖြင့် ကုန်အောင် မော့သောက်ပစ်လိုက်သည်။ မဟာအလက်ဇန်းဒါးဘုရင်ဘာမှ မဖြစ်ခဲ့ပါ။ မှတ်ဉာဏ်ကောင်းသည့် […]


zinmyotunNovember 9, 20102min1700
ဒီပို့စ်မှာ Tools တွေကို စုစည်းဖော်ပြပေးမှာ ဖြစ်ပါတယ်။ Color ရွေးချယ်တဲ့ Tool တွေ၊ Color Palette တွေ၊ JS Library တွေ၊ CSS/HTML/PHP Framework တွေနဲ့ WYSIWYG editor တွေ စသည်ဖြင့် စုစည်းဖော်ပြပေးမှာပါ။ အားလုံးက Development Project တွေမှာ အသုံးဝင်နိုင်မယ့်ဟာတွေပါပဲ။ အကောင်းဆုံးတွေဖြစ်ပြီး အားလုံးက အခမဲ့ရနိုင်ပါတယ်။ ၁။ PHPAnywhere PHPAnywhere ဆိုတာ Online Service တစ်ခု ဖြစ်ပြီး မည်သည့်နေရာကမဆို PHP Code တွေကို ရေးလို့ရအောင် စွမ်းဆောင် ပေးပါတယ်။ သင်လိုမှာ နှစ်ခုတည်းက Browser နဲ့ အင်တာနက်ပါ။ ၂။ CAPTCHA(Completely Automated Public […]


zinmyotunNovember 9, 20102min1590
ကျွန်တော်ဒီနေ့ USB 3.0 လေးနဲ့နည်းနည်း မိတ်ဆက်ပေးချင်လို့ပါ။ USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိူးအစားတွေထက် 10 လောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mb/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Mb/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gb/sရဲ့တစ်ဝက ်တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြူနေကျဖြစ်တဲ့ […]