Wai Aung Chan MyoMarch 31, 20121min1324
သစ်မွှေးအမျိုးအစားများမှာ… ကမာ္ဘပေါ်တွင်ရှိသည့် သစ်မွှေး၁၅မျိုးလုံးသည် အရှေ့တောင်အာရှတွင် အများဆုံး ဖြစ်ထွန်းပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း အနည်းငယ် ဖြစ်ထွန်းသည်။ — ဟိမဝန္တာတောင်ခြေမှ ပါပူအာနယူးဂီနီကျွန်းအထိ အိုမန်၊ အီရန်အရှေ့ပိုင်း၊ အိန္ဒိယ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ်ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ပါပူအာနယူးဂီနီကျွန်းစသော ဒေသများ သဘာဝအလျောက်ပေါက်ရောက်သည်။ — ၎င်းတို့အနက် အထင်ရှားဆုံးဖြစ်သော Aquilaria Malaccensis. နှင့် Aquilaria Agallocha. မျိုးစိတ်၂မျိုးလုံးမှာ မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသောကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ — အပင်ကြီးမျိုးဖြစ်သောကြောင့် သက်တမ်းအားဖြင့် နှစ် ၅ဝ မှ ၁၀ဝ ကျော်အထိရှိတတ်ပြီး ပေ ၁၃ဝ ကျော်အထိ […]


evolutionMarch 28, 20122min1326
MGမှာ DIY အကြောင်းကိုဖွပြီးတဲ့နောက်ပိုင်း အချိန်တိုအတွင်းပိုစ်တစ်ခုလောက်တော့ စပေးသင့်တယ်ထင်လို့ လက်ရှိပြန်ပြင်ပြီးအသုံးပြုနေတဲ့ Laptop Cooling Fan လေးကိုပြန်တင်ပြလိုက်ပါတယ်။ ကျတော်တို့အသုံးများနေတဲ့ ခေါက်ပြီးသုံးလို့ရတဲ့ Cooling Fan လေးတွေဟာ ခေါက်လိုက်ဖြန့်လိုက်လုပ်တာများလာတဲ့အခါမှာ ကြိုးညပ်ပြီးပြတ်သွားတက်ပါတယ်။ ဒီအတိုင်းပြန်ဆပ်ဖို့ကြိုးစားတဲ့အခါမှာလည်း ကြိုးလေးတွေကသေးသလို များတဲ့အတွက်လည်း ကြိုးချင်းမပူးအောင်လုပ်ရတာ အင်မတန်လက်ဝင်သလို သေသပ်မှုလည်းမရှိပါဘူး။ အဲဒိတော့ သေသေသပ်သပ်နဲ့ စနစ်တစ်ကျဖြစ်အောင်ဆားကစ်လေးတစ်ခုလုပ်ထည့်ပေးဖို့လိုပါတယ်။ ခဲဆော်ဖို့လည်းမလိုတဲ့ လွယ်ကူတဲ့ပြင်ဆင်မှုလေးကိုတင်ပြပါ့မယ်။ လုပ်နည်းအဆင့်ဆင့်ကိုတော့ Photoshop လေးနဲ့ပြန်ဆွဲပြီးတင်ပြထားပါတယ်။ လုပ်နည်းကလွယ်သလို ငွေကုန်ကြေးကျလည်းအင်မတန်နည်းပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ၁။ တစ်လက်မပတ်လည်လောက်၊ ဆန်စိတစ်လုံးလောက်အထူရှိတဲ့ ကော်ပြားလေး ( ဗူးခွံ၊ အဖုံးတွေကရတက်ပါတယ်) ၂။ ဖြတ်ဖို့တောက်ဖို့၊ မြောင်းဖေါ်ဖို့အတွက် သံဖြတ်လွှအပြာတစ်ချောင်း ( ၁၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်) ၃။ Super Glue တစ်ဗူး ( ၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်) […]


ムラカミMarch 27, 20125min27012
ခရစ်သက္ကရစ် ၂၀၁၂ခုနှစ်။ လူတွေ မေးနေဆဲ ဖြစ်တဲ့ မေးခွန်းကတော့ ဝယ်မလား မဝယ်ဘူးလား ဆိုတာပါပဲ …။ စားသုံးသူတွေဟာ ယခင့် ယခင်ခေတ်တွေထက် ပို၍ ပို၍ Smart ဖြစ်လာကြတဲ့ ခေတ်ပါ..။ အကယ်၍များ ကုန်စည် တံဆိပ်တစ်ခုဟာ Relationship Marketing နဲ့ Social Media အကြောင်း ကောင်းမွန်လုံလောက်စွာ နားလည်မှု မပြည့်ဝခဲ့ရင်…. အတွေ့အကြုံရင့်ကျက်လာသော စားသုံးသူ ဟာ “NEXT!” ဆိုတဲ့ စကားလုံးကို ဟစ်ကြွေးပြီး ကျော်ဖြတ်သွားမှာ(ဝါ) ဝယ်ယူသုံးစွဲမှု ပြုမှာ မဟုတ်လို့ပါပဲ …။ Brand တွေဟာ Social media အကြောင်း ပြောရုံသာ ပြောဖို့ မဟုတ်ပဲ လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်သင့်ပြီ ဖြစ်ပါတယ်။   စီးပွားရေး […]


ဒီညနေ အိမ်ပြန်ချိန်နားနီးမှ နိုုင်ငံခြားသားတစ်ကောင်က တေလေဂျပိုုး Website တစ်ခုုက သတင်းကိုု ဖတ်ပြီး လန့်ဖြတ်တော့မူသတဲ့… ဂျီမေးလ်အကောင့်မှာ “.” (dot) ပါတဲ့ကိစ္စ… အချို့သော အီးမေးလ်လိပ်စာတော်တော်များများမှာ “.” ကုိုထည့်သုုံးထားတာတွေ့ရပါတယ်… ဥပမာ- fattycat.mg@gmail.com (သတိ-ကျွန်တော့် အီးမေးလိပ်စာမဟုုတ်ပါ) အဲဒီအီးမေးလ်လိပ်စာကိုု Gmail မှာ Login လုုပ်တဲ့အခါ “.” (dot) မထည့်ပဲ Password ရိုုက်လိုုက်ရုုံနဲ့ Login ဖြစ်သွားပြီး Inbox ကိုုရောက်သွားတာကိုု မြင်ရမယ်…အဲဒီတော့ fattycatmg@gmail.com ပိုုင်ရှင်က fattycat.mg@gmail.com ရဲ့ Email တွေကိုု အမှတ်မထင် hack လုုပ်လိုုက်သလိုုဖြစ်မယ်လိုု့ ထင်ချင်စရာရှိပါတယ်… အဲဒီအကြောင်းကိုု Google က အောက်ကလင့်မှာရှင်းပြထားတယ်ဗျ… http://support.google.com/mail/bin/answer.py?hl=en&answer=10313# Google ရဲ့အဆိုုအရတော့… fattycat.mg@gmail.com = fattycatmg@gmail.com […]


evolutionMarch 22, 20121min49117
ဒီရက်တွေထဲဗျာ လူကလဲဘာဖြစ်နေမှန်းကိုမသိပါဘူး အလိုလိုနေရင်းဝံသာနုစိတ်ဓါတ်တွေထကြွနေသလိုပဲ။ အင်တာနက်သုံးရင်း MGကိုမွှေရင်းနဲ့ဆက်စပ်စဉ်းစားပြီး သတိထားမိတာတစ်ခုရှိလာလို့ ဖောက်သည်ချပြချင်လာပြန်တယ်။ ဒီလိုဗျ MG ကိုစရင်းနှီးခဲ့မိတာက ၂၀၀၈ လောက်တုန်းကတဲက။ အစကတော့လိုက်ဖတ်ရုံပေါ့ နောက်တော့လဲ ပြောချင်တာလေးတွေပေါ်လာတော့ အသင်းဝင်ပြီး ဝင်ပြောနဲ့ပေါ့။ ဒီလိုနဲ့ပဲသတိထားလာမိတာက MGမှာက သုတ၊ရသအစုံတွေ့ရသလို အဖွဲ့ဝင်တွေရဲ့ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ်ထားတဲ့စေတနာတွေ၊ အားမလိုအားမရဖြစ်တာတွေကို သတိထားမိလာတယ်။ ကျတော်တို့လူငယ်တွေ (လူငယ်ထင်တာပဲ) မှာဒီလိုစိတ်ဓါတ်မျိုးကိန်းအောင်နေတယ်ဆိုတာက အထူးတစ်ထွေတော့မဟုတ်ပါဘူး။ ဒီရက်ထဲမှာပဲ ကျတော်ကလဲတရုတ်ကတင်သွင်းတဲ့ပစ္စည်းတွေနဲ့ပက်သက်လို့ဆွေးနွေးမိသလို၊ ပြည်တွင်းဖြစ်တွေ၊ ထုတ်ကုန်တွေအကြောင်းဆွေးနွေးထားတဲ့ ပရုတ်လုံးလေးတွေကိုကယ်ကြရအောင်ဆိုတဲ့ပိုစ်လေးနဲ့ နောက်ဆက်တွဲဆွေးနွေးမှုတွေကိုလိုက်ဖတ်ဖြစ်တော့ ဆက်စပ်တွေးမိတာလေးတစ်ခုပေါ်လာတယ်။ အဲဒါကတော့ DIY ပဲ။ Do It Yourself လို့ဆိုတယ်။ ကိုယ့်အိမ် (သို့) ကို်ယ့်လိုအပ်တဲ့ပစ္စည်းတစ်ခုအတွက် ဆိုင်မှာအဆင်သင့်တင်ရောင်းနေတဲ့ပစ္စည်းကိုသွားဝယ်မသုံးပဲနဲ့ ကိုယ့်မှာရှိတဲ့ လက်လှန်းမှီပစ္စည်းတွေကို ပေါင်းစပ်ပြီးတော့ကိုယ်တိုင်ပြုလုပ်တာပါပဲ။ အဲဒိမှာသတိထားမိတာက အဲလို DIY အကြောင်းရေးထားတဲ့ဆိုဒ်တွေအင်တာနက်မှာ လိုက်ရှာဖတ်လို့ရပါတယ်။ ဥပမာ။ […]


ကျွန်တော်ဖေ့ဘွတ်အကောင့်ကိုဖွင့်တိုင်းကျွန်တော့်ရဲ့ဟုမ်းပေ့ချ်မပေါ်လာဘဲ ဘာတွေမှန်းမသိတဲ့ဝဘ်ဆိုဒ်တွေပေါ်ပေါ်လာတယ်။ ဗိုင်းရပ်ကိုက်တယ်ထင်လို့ ဝင်းဒိုးအသစ်တင်လည်းမရဘူးဗျာ…… ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်ရဲ့ requestကို acceptလုပ်ပြီး ဖွင့်မိသွားကတည်းက ကျွန်တော့်ဖေ့ဘွတ်အကောင့်တိုင်းမှာ ညစ်ညမ်းဝဘ်ဆိုဒ်တွေပဲပေါ်ပေါ်လာတယ် အကောင့်ကိုပဲကိုက်တတ်တဲ့ ဗိုင်းရပ်တစ်မျိုးလားမသိဘူး။ အဲဒီ့သူငယ်ချင်းကိုမေးတော့လည်း သူလည်းပဲrequestရလို့ accept လုပ်လိုက်တာ အော်တိုပို့စ်တွေအနေနဲ့တက်လာပြီး frတွေအကုန်လုံးကို ပို့နေတော့ တာပါပဲတဲ့ သူလည်းမရှုနိုင်မကယ်နိုင်တွေဖြစ်ပြီး ဒုက္ခတွေတွေ့နေရတယ်တဲ့ ပေါ်လာတဲ့boxလေးကဒါမျိုးဗျ OMG! CHECK OUT THIS? Kohtet Shweoh Thet Naing Snow Fox Nangkhamswe Kham Oo September Ruby Man Barbie Huan Ma Hnin Ei Chaw MC Green Shaowsharman Man My Home S3x Vide0 okatokat.cf.gs အစမှာတော့ […]


အာဂMarch 20, 20121min1715
။ ကျုပ်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ အဘွားရဲ့အဖေ၊ ဘိုးကြီး အဘိုးရဲ့အမေ ဘွားကြီးတို့နဲ့ တောင်နေခဲ့ဖူးသဗျ။ အဲဒီ အဘိုး- အဘွား ဘိုးကြီး ဘွားကြီးတွေက ရှေးလူကြီးတွေမဟုတ်လား၊ ရှေးရိုးဆန်တာပေါ့ဗျာ။ အဲဒီတော့ သူတို့နားဝင်ဆိုးတဲ့ စကားမျိုး ကြားလိုက်ရရင် သူတို့လက်သုံးစကားနဲ့ပဲ တွင်တွင်ကြီးတုံ့ပြန်တော့တာပေါ့။ သူတို့ လက်သုံးစကားက ´ကြားရ- ကြားရ နားဝမချမ်းသာလိုက်လေကွယ်´တဲ့။ အခု ကျုပ်ကိုယ်တိုင်လည်း ရှစ်ဆယ်ကျော် အဘိုးကြီးဖြစ်လာတော့ နားခါးတဲ့စကားသံတွေ၊ ပြောသံ-ဆိုသံတွေ ကြားလာရရင် အဘိုးကြီးနည်းနဲ့ တုံ့ပြန်မိလာတယ်ဗျာ၊ ကြားရ- ကြားရ နားဝမချမ်းသာလိုက်တာလေသကွယ်။ ကျုပ်နားခါးနေတဲ့ စကားက ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်းဗျ။ ခင်ဗျားတို့ အားလုံးလည်း အဲဒါတွေကြားနေကြရမှာ ပေါ့ ။ကြားတိုင်းလည်း နားခါးနေကြမှာပေါ့ ။ ပြည်သူတွေအားလုံးလည်း နားခါးနေကြမှာပေါ့ ။ ဒီချုပ်အဖွဲ့ဝင်တွေ အားလုံးလည်း နားခါးကြမှာ […]


Zaw WonnaMarch 19, 20121min1343
၁။ မခေါ်မဖြစ် ခေါ်ဆိုရမည့် ကိစ္စများ အတွက်သာ အသုံးပြုပြီး ဖုန်းခေါ်ဆိုချိန်ကိုလည်း တိုတောင်းပါစေ။ နှစ်မိနစ် မျှသော ဖုန်းခေါ်ဆိုချိန်သည် ဦးနှောက်၏ သဘာဝ လျှပ်စစ်လှိုင်းများအား တစ်နာရီကျော် ကြာသည် အထိပြောင်းလဲစေသည်။ ၂။ ကလေးငယ်များအား အရေးပေါ် ကိစ္စမျိုးတွင်သာ ဖုန်းအသုံးပြုခွင့် ပြုပါ။ ကလေးငယ်များ၏ တည်ဆောက်ဆဲ ဖြစ်သော ဦးခေါင်းခွံသည် ရောင်ခြည်များအား ပိုမိုနက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်စေနိုင်သည်။ ၃။ ပုံမှန် အသုံးပြုသည့် ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်အစား လေပိုက် နားကြပ် (air tube headset ) ကို သုံးပါ။ ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်များသည် နားပြွန်အတွင်းသို့ ရောင်ခြည် ဝင်ရောက်မှု ဖြစ်စေနိုင်သည်။ ထို့အပြင် အသံဖမ်းတိုင် (antenna) […]


ကြောင်လေးMarch 18, 20121min16310
နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေ စတင်ရောင်းချနေပါပြီ။ အချို့ဒေသတွေမှာ မတ်လ ၂၈  ရက်နေ့မှ ရောင်းမယ်၊အချို့ဒေသတွေကတော့ ဧပြီ ၅ ရက်နေ့မှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေလည်းအမျိုးမျိုးပေါ်ထွက်နေပါတယ်။ အဲဒါကအရေးမကြီးပါ။ အရေးကြီးတာက ကျေးလက်နေ သူတွေနဲ့ မြို့ကြီးတွေရဲ့ဆင်ခြေဖုန်းမှာ နေသူတွေဟာ ဖုန်းဝယ်တော့မယ်ဆိုရင်     မိမိနေထိုင်ရာ/ အများဆုံးသွားရောက် ပြီး (ဖုန်းနဲ့) အလုပ်လုပ်မည့်နေရာဟာ  ဆက်သွယ်မှု ဧရိယာမိတဲ့နေရာဟုတ်မဟုတ် ကို သေချာသိသူများနဲ့ မေးစမ်းလေ့လာပြီးမှ ဝယ်သင့်ကြပါတယ်။ တချို့ကျေးရွာတွေ ဟာ စီမံကိန်းလျာထားတဲ့ အထဲမှာပါလို့ ရမယ်လို့ သတင်းအသေအချာထွက်ပေါ်နေပေမဲ့ လတ်တလောမရသေးတဲ့ဒေသတွေ ရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အဆင့်လိုက်                      ပထမ၊ဒုတိယ၊ တတိယ စသည်ဖြင့် ခွဲပြီးအကောင်အထည်ဖော်နေတာပါ၊ ဒါကြောင့်မိမိဒေသဟာ လက်ရှိသုံးလို့ရနေပြီလား၊ဘယ်တော့လောက်မှရမှာလဲဆိုတာ ဆက်သွယ်ရေးမှာ အရင်စုံစမ်းသင့်ပါတယ်၊ အဲဒါလဲ ဆက်သွယ်ရေးရဲ့  နယ်ကအဆင့်တွေ သေချာမသိပါဘူး၊ […]


ムラカミMarch 12, 20121min32133
လက်ပကျွတ် ကလေးတော့ အသက်ထွက်သွားရှာဘီ …. အမျှ အမျှ အမျှ ….. ၂၀၀၈ ကုန်စည်ပြပွဲတုန်းက ဝယ်ထားတာလေး….. (အဟဲ ..မာကတ်တာ များ ယုတ်မာချက်ပြောပါတယ်…) ပါးစပ်ကသာ ကော်ပီရွိုက် အော်နေတာ …. (၁၀ဝလောက်သက်သာလည်း နည်းလား ဆိုပီး ရန်ကုန်ပြန်ပီးကိုဝယ်တာ ..ခိခိ…) အိုအက်စ် အစ သုံးသမျှ အပျော့ထည် အကုန်လုံး ပိုင်းရိတ်တက်တွေချည်း… (ငရဲကလာ ပြာပူမကြောက်….ဆိုသလိုဘဲ…) အပျော့ရဲ့ ပြတင်းပေါက် အမှတ်-ရ အာလတီမိတ်… အဟတ်အဟတ်.. အပျော့ရဲ့ မြင်ကွင်းစတူဒီယို ၂၀၀၈ … အလဲ့လဲ့လဲ့… အပျော့ရဲ့ ရုံးခန်းစု ၂၀၀ရ …. အမယ်မယ့်မယ့်… လာထား …ဒေါ်လေးအဒိုဘီရဲ့ ..ခွီအေ့တစ်ဗ် ဆု …အဟိ… အလင်းခန်း …. (ပလက်ဂင်လေးဒွေတောင် […]


captainamericaMarch 5, 20121min27114
အမေစုရဲ့နေပြည်တော်ခရီးစဉ်ကို ဗီဒီယိုဖိုင်တင်တာတင်လို.မရဖြစ်နေလို. ဖိုင်ဆိုဒ်ကသိပ်လည်းမများပါဝူး ၁၈၂ မီဂါဘိုဒ်ပဲရှိတာကိုတိုင်ပတ်နေလို. ကူညီကြပါအုန်းဗျ


KyaemonFebruary 23, 201216min1964
  စာရေးသူတဦး ပြောတာ က “အဲဒီအထဲမှာ တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမော္ဘဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ …တရုတ်ကို အဓိကကုန်သွယ်ဖက်တခု အဖြစ်သာ ဆက်ဆံနေတဲ့ …. ကျန်တိုင်းပြည်များရဲ့  ဖွံ့ဖြိုးတိုးတက်မှုများကို ယှဉ်ကြည့်တဲ့အခါ တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။ အားလုံး ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှင်နေရတယ်။ တိုင်းပြည် တွင်းထွက်သယံဇာတများကို ဈေးပေါပေါနဲ့ တရုတ်ပြည်ကို ရောင်းစားတယ်။ …”     မှန်မမှန် ကိုဝီးကီး အဘိဓာန် နဲ့ စီအိုင်အေ မှတ်တမ်း စာအုပ်တွေ ကိုလိုက်ကြည့်ရအောင်၊   နှစ်နေရာစလုံး က   ယိုးဒယား နိုင်ငံ […]