ကုိ ထြဋ္July 5, 20141min6548
ကွန်ပျူတာတလုံးရဲ့ လုံခြုံရေးအတွက်ဆိုရင် ရွေးချယ်စရာ Anti Virus တွေ အများကြီး ရှိပါတယ်… Panda, Kasper, Norton, Avria, Smadav အစရှိသဖြင့်ပေါ့… ဒီနေ့ပြောမယ့် Anti Virus ကတော့ Microsoft က ထုတ်တဲ့ Microsoft Security Essentials ပဲ ဖြစ်ပါတယ်… ကျန်တာတွေက မကောင်းဘူးလား မေးစရာရှိပါတယ်.. ဒီမှာပို့စ်တင်တဲ့သူတွေ တော်တော်များများက ကွန်ပျူတာနဲ့ပဲ တင်တော့ Anti Virus မျိုးစုံကို တွေ့တော့ ဒါတွေကရော မကောင်းဘူးလား မေးမှာပေါ့… ကောင်းပါတယ်.. Kaspersky ဆိုရင် ပိုက်ဆံပေးမှ ကောင်းမှာပေါ့.. 1 Year, 2 Year ကန့်သတ်ချက်နဲ့ပေါ့… ကျန်တဲ့ဟာတွေကတော့ Smadav က ထားပါ.. တခြားတခြားသော […]


ကုိ ထြဋ္July 2, 20141min6248
    တကယ်တော့ Window 7 ကပဲ ငြိမ်သေးတာပါ… ဒါပေမဲ့ အခု ကွန်ပျူတာ အသစ်တလုံးသာ ပြေးဝယ်လိုက်… အကုန်တင်ပေးပါနော်လို့ ပြောလိုက်ရင် စိတ်သာချ Window 8 ပဲ တင်ပေးပါလိမ့်မယ်… Window 8 တင်ပေးလိုက်လို့… ဟာ.. ငါ့စက်က Window 8 ဆိုပီး ဂုဏ်ယူစရာကို မရှိတာပါ… အခုတွေ့သလောက် သုံးသလောက် Window 8.1 Pro လောက်ပဲ သဘောကျတယ်.. ကျန်တာတွေက သိပ်မငြိမ်သလားပဲ.. နဂို Window က မငြိမ်ရတဲ့ ကြားထဲ.. Office ကလဲ အသစ် 2013 ဆို လှပီ… Activation ကလဲ မရဆို.. အွန်လိုင်းသုံးသလိုပဲ.. တခုခု ဖွင့်လိုက်ရင် […]


ကုိ ထြဋ္July 1, 20141min81913
အုန်းကျွန်းတပုဒ်ပီးတော့ နောက်တပုဒ်ကို ဖျစ်ညှစ်ဖို့ ကြိုးစားနေတုန်း… စကြာဝဠာအစွန်းသိုု့ ခရီးနှင်ခြင်း ဆိုတဲ့ ပို့စ်လေးကို တွေ့တော့ ဝင်ကြည့်လိုက်တယ်… ဟဲ ဟဲ.. အချိုရှာ သကာတွေ့ဆိုသလိုပဲ.. ပို့စ်ကလဲ တင်ချင်  နဂိုကတည်းက အကြောင်းအရာမထွက်နဲ့မှာ အဆင်ပြေသွားတယ်… ဒါဟာ ကူညီတာလဲ ဟုတ်သလို ပို့စ်တခုလဲရသွားတယ်… လေကြောနည်းနည်းတော့ ရှည်ခွင့်ပြုဗျာ.. တကယ်တော့ ကျွန်တော်က အိုင်တီသမားတယောက်ပါ… ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းကိုပဲ ထူးထူးခြားခြား ပြင်ရတဲ့ အရာလေးတွေကို ပို့စ်အနေနဲ့ တင်မလားလဲ စဉ်းစားတယ်ဗျ.. ဒါပေမဲ့ ဒါက အိုင်တီဆိုက်လဲ မဟုတ်ဘူးပေါ့.. အဲလို တွေးမိတယ်..  ဘော်ဘော်တို့ရော.. မန့်ပေးကြနော် ဒါကိုလဲ… ရေးရမယ်ဆိုရင်တော့ အများကြီးပဲ… 🙂 ကဲပါ.. လိုရင်းပဲ ပြောကြမယ်… ၁  ကိုယ်ဖွင့်လိုသော You Tube […]


  ဓာတ်ဆီဆိုင်က ကိုချူချာ ဆီထည့် ရာတွင်ပညာပါ ၊ ဆီမလာခင် နံပါတ်တက် ပိုက်ဆံများများထွက် ။   လမ်းတွေဆိုးလို့ ပြုပြင်မယ် ကွန်ကရစ်လမ်း ခန့်ခန့်ထည၊် မိုးရွာတော့မှ လမ်းကိုခင်း ဘိလပ်မြေတွေရေပျော်ဆင်း ။   စည်ပင်သာယာ ကိုမေတ္တာ မြောင်းတူးရာတွင် သူဆရာ ၊ ရေစီးရေလာ သွက်လက်ဖို့ ကိုမေတ္တာကို ရေ လောင်းစို့ ။   လျှပ်စစ်ဌါန ကိုမဲမှောင် မီတာခတောင်း ခတ်ပြောင်ပြောင် ၊ မီးပျက်တဲ့ခါ ရှောင်လို့ပြေး ဖုန်းပိတ်ပြီးပြေး ခတ်ဝေးဝေး ။   မ ထ သ ကဆရာတွေ ကြီးကြပ် စည်းကြပ် ညံ့လှပေ ၊ စပယ်ယာတွေ လူမိုက်မွေး ခရီးသည်ကို ရိုက်ကြသေး […]


ကုိ ထြဋ္June 26, 20141min64917
Facebook Page မှာ အလိုအလျောက် ပို့စ်တွေကို တက်အောင်လုပ်မယ် အချိန်ပေးပြီး ဖေ့ဖွတ်ကို မသုံးနိုင်လို့ နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ Facebook Page နဲ့ အလုပ်လုပ်ကြတဲ့ သူတွေအတွက် တကယ်ကို လိုအပ်မယ့် နည်းလမ်းလေး တစ်ခုဖြစ်လို့ မျှဝေပေး လိုက်ရပါတယ်။ (၁) မိမိ၏ Facebook Page မှာ Status တစ်ခု တင်ပါ။ ပုံ ပါလည်း ရပါတယ်။ (၂) Post ကို မနှိပ်လိုက်ပါနဲ့။ (၃) အောက်ဘက်တွင် နာရီပုံလေးကို တွေ့ပါလိမ့်မယ်။ ၎င်းနာရီပုံအား တစ်ချက်နှိပ်လိုက်ပါ။ (၄) Schedule Post ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ (၅) အဲဒီမှာ Add a Time ? ဆိုတဲ့ […]


ကုိ ထြဋ္June 20, 20142min2020
မတ်ခ်ဇူကာဘတ်အမည်ဖြင့် Facebook Page ခိုးသူများအား သတိထားရန် (ဖတ်ရှု မျှဝေ ပေးရန်) ဒီမနက်လေးတင် ရိုးရာလေး Facebook Page ရဲ့ Message Box ထဲမှာ အောက်ပါ စာလေးကို ေတွ့လိုက်ပါတယ်။ ပေးပို့သူရဲ့ Facebook အကောင့် အမည်က Mark Zurkerberg ဖြစ်ပါတယ်။ အကောင့် Link ကတော့ https://www.facebook.com/beqiri.tkushi ဖြစ်ပါတယ်။ သူရေးထားတဲ့ စာကလည်း ရုတ်တရက် ကြည့်လိုက်ရင် ယုံချင်စရာ ပါပဲ။ Dear Facebook User, We have reviewed the suspendion of your pages, After reviewing your page activity, it was […]


ムラカミJune 11, 201415min134522
  က။ SIMs ဆိုသည်မှာ   တကယ်တော့ ဆင်းမ် ကတ် လို့ ကျနော်တို့ အလွယ်ခေါ်နေတဲ့ subscriber identification module (SIM) အကြောင်းပေါ့ဗျာ …။ သူဟာ သော့တချောင်းKey ဖြစ်ပါသတဲ့ အဓိကအားဖြင့်တော့ အစိတ်အပိုင်း ၂ခု ပါဝင် လေ့ရှိပါသတဲ့ …။ အဲ့ဒါကတော့     ၁။ international mobile subscriber identity (IMSI) တကမာ္ဘလုံးမှာ မှ တခုတည်းသော အတုမရှိ အတူမရှိတဲ့ နံပတ်တခုဖြစ်ပါသတဲ့ … (အသေးစိတ်အောက်တွင် ဖော်ပြပါမည်) ၂။ related key ဒါကတော့ အသုံးပြုမှု အတွက် ဆိုင်ရာ ဖုန်း ဟန်းဆက် အပြင် ချိတ်ဆက် […]


ムラカミJune 3, 20141min140630
  ဇွန်ရောက်ပြီလေ… (ဇွန်သင်ဇာ ရောက်လာခြင်းမဟုတ်ပါ) ကျောင်းတွေ ပြန်ဖွင့်ပြီ ..   သည်၂ရက်အတွင်းတော့ ..သားတော်မောင် အတွက် ဗလာစာအုပ်တွေ အဖုံးဖုံးပေးရင်း ငယ်ဘဝကို ပြန်အောက်မေ့မိရဲ့ …. ကျနော် စာအုပ်ဖုံးသမား ပေါ့ဗျာ….။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~       ဟုတ်တယ်.. ငယ်တုန်းက ပြည်တွင်းဖြစ်ကို အားပေး ဆိုသော ဆိုရှယ်လစ် လက်ကျန် အမွေဆိုးကြောင့် ..ဗလာစာအုပ်တွေမှာ စာရွက်အသား မကောင်းသလို အဖုံးကလည်း ချာတူးလန်သည်.. သည်တော့ … နှစ်မကုန်ခင်မှာပင်… စာအုပ်တွေ အဖုံးနှင့်ကိုယ်ထည်ကျွတ်ပီး ခွံကွာရေလန် ဖြစ်ကြရ၏။ ဂျေဗီ ဘလားဘလား တွေ မှတ်မိ စိတ်နာသေးသပေါ့ဗျာ.. သည်တော့ မိဘများက ဗလာစာအုပ်မှန်သမျှ အဖုံးဖုံးခိုင်းလေတော့သည်။   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဦးလေးတွေ အဒေါ်တွေ […]


Vampire 124February 26, 20141min14030
SQUAR မှ နင်ဂျာဂိမ်းထွက်ရှိခြင်း SQUAR, Social and Gaming Network မှ ဒုတိယမြောက် ဂိမ်းအဖြစ် Ninja Revenge ဂိမ်းထွက်ရှိခဲ့ပါသည်။ ထိုဂိမ်းသည် မြန်မာဘာသာစကားဖြင့်ပြုလုပ်ထားပြီး SQUAR အကောင့်ရှိသူတိုင်းမည်သူမဆို ဆော့နိုင်ပါသည်။ Application အရွယ်အစားမှာ ၅.၁ MB သာရှိပြီး ဗားရှင်း ၁.၀.ဝ ဖြင့်စတင်ထွက်ရှိပါသည်။ Android 2.2 နှင့်အထက် ရှိသော မည်သည့် Android ဖုန်းမဆို ဆော့နိုင်ပါသည်။ ဂိမ်း၏ ဇာတ်လမ်းမှာ နင်ဂျာ၏ မိန်းမမှာ အသတ်ခံရသဖြင့် ပြန်လည်ဂလဲ့စားချေသည့် ဇာတ်လမ်းမျိုးဖြစ်သည်။ ဂိမ်းတွင် တာဝန်များ(mission) များပါဝင်ပြီး တာဝန်များကိုလည်း လုပ်ဆောင်ရင်း ဒင်္ဂါးများရနိုင်သလို၊ နေ့စဉ်ဆော့ခြင်းအားဖြင့်လည်း ဒင်္ဂါးများရနိုင်သည်။ နင်ဂျာဂိမ်းအတွက် ပြိုင်ပွဲများကိုလည်းကျင်းပလျက်ရှိသည်။ ဒင်္ဂါးအများဆုံးရသော သူသည် အနိုင်ရရှိသူဖြစ်နိုင်မည်ဖြစ်သည်။ […]


Mobile HouseJanuary 31, 20141min3456
ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်သော ပြသနာ အမျိုးမျိုး နှင့် ဖြေရှင်း ခြင်း ဖုန်း တစ်လုံး က အနည်း ဆုံး ၃.ရ ဗို့ ရှိမှ ပါဝါ တက်ပါမယ် ။ ၃.ရ ဗို့ ထက်နည်း ပါ က ဖုန်း ပေါ် မူတည်ပြီး ပြသနာ အမျိုးမျိုး ဖြစ်ပါတယ် ၁။ လိုဂို ရပ်ခြင်း ၂။ လိုဂို ပဲတက်ပြီး ပြန်ကျခြင်း ၃။ အားသွင်းပုံ ပြ သော်လည်း အားမဝင် ခြင်း ၄။ ကြိုးထိုး ထားမှ ပါဝါ ဖွင့် ရခြင်း ၅။ အားသွင်းပုံ မပြ […]


ဦး ဂ်စ္January 14, 20141min3337
ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြသည် Google နှင့် Facebook တို့ကပြည်တွင်း၌ ဆာဗာအထိုင်ချခြင်း ပြုလုပ်လာနိုင်ဖွယ် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ အဆိုပါ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ဆာဗာများကို အထိုင်ထားခြင်း ပြုလုပ်ရန်အတွက် ဆွေးနွေးနေကြကြောင်း အဆိုပါဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Google နှင့် Facebook တို့ ပြည်တွင်း၌ ဆာဗာအထိုင်ချမည် ဆိုပါက ထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုများသည် ပြည်ပဆာဗာသို့ ဖြတ်ရန်မလိုတော့ဘဲ အင်တာနက် အသုံးပြုမှုမြန်နှုန်းများလည်း ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်းအထက်ပါ တာဝန်ရှိသူက ဆိုသည်။ “အခုထက်တော့သုံးရတာ ပိုမြန်ဆန်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုလည်း အစိုးရက လိုအပ်ရင်လိုအပ်သလို တောင်းခံကြည့်ရှုမှုတွေ ပိုလွယ်ကူလာနိုင်တယ်” ဟု […]


ကြောင်ဝတုတ်January 10, 20145min151021
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကို ရိုးရိုးလေး 64bit လို့နာမည်ပေးလိုက်ပါတယ်… အလွယ်ဆုံးပြောရရင် ကျွန်တော်ပြောချင်နေတဲ့အကြောင်းအရာဟာ 64bit အကြောင်းအရာပါပဲ… ဒါဆိုရင် 64bit ဆိုတာ ဘာလဲသိချင်ကြလိမ့်မပေ့ါ…. ဒီလိုပါဗျာ… 64bit ဆိုတာ 64bit ပါပဲ… ဒါပေမယ့် 64bit မရောက်ခင်မှာ… 64bit မဖြစ်ခင်မှာ ကျွန်တော်တို့က 32bit နဲ့အကြာကြီးဖြတ်သန်းခဲ့ရတယ်ခင်ဗျာ… ခင်ဗျားတို့ သတိထားမိချင်သတိထားမိမယ်… သတိမထားမိရင်သတိမထားမိဘူး… ကျွန်တော်တို့တတွေ 32bit နဲ့ နှစ်ပေါင်းများစွာလက်တွဲခဲ့ဖူးကြပါတယ်…                     ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း ကျွန်ပျူတာသုံးခဲ့ကြတယ်… အဲဒီကွန်ပျူတာတွေဟာ 64bit လား 32bit လားဆိုတာ သိသူတွေသိကြမယ်… မသိသူတွေမသိကြဘူး… ဒီနေရာမှာ နည်းပညာစကားကို လွယ်လွယ်ရှင်းရှင်းနားလည်အောင်ပြောရရင်… […]


ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။ Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့ ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။ ဒီလို လုပ်ထားဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ပုံတွေနဲ့တကွ ရှင်းပြထားပါတယ်။ http://www.google.com/landing/2step/ ကို […]