KyaemonMay 15, 20123min2351
              စီအိုင်အေ နှစ်စဉ်မှတ်တမ်းများ မှတနှစ်စီ ကောက်နှုတ်တွက်ချက် ပြီးနှိုင်းယှဉ်နိုင်အောင်ဇယား ပြုစုတာပါ၊ ၂၀၀ရ မှ ၂၀၁၂ ထိ ခြောက်နှစ် ကာလ အတွင်းက မှတ်တမ်းတွေကပါ၊     ဇယား (၁) နဲ့ (၃) ယင်းမှတ်တမ်းတို့က တောင်ကိုရီးယားနိုင်ငံမှအများဆုံး ဝယ်ကြတဲ့ ဖောက်သယ်ကြီး (၄) နိုင်ငံကို နှစ်တိုင်း  ရွေးနုတ်ဖော်ပြထားတာ၊ တွေ့ရှိချက် ဖောက်သယ်ကြီးများအနက် တရုပ်နိုင်ငံ က နှစ်တိုင်း ထိပ်ဆုံးက ပါ၊ ဖျမ်းမျှဆိုရင် တရုပ်နိုင်ငံ သို့ နှစ်စဉ် တင်ပို့တဲ့ ကုန်တန်ဘိုး ဟာ တင်ပို့ကုန် တန်ဘိုးအားလုံး ရဲ့ (၂၃%) ဖြစ်ပြီး ( […]


alinsettMay 9, 20121min47211
( ကဗျာ..) * သိမ်းပိုက်ခြင်းကင်းသော….လက်တွေက… အရာရာကို သိမ်းပိုက်ဖို ့..တဲ ့…. ထွက်ခွါသွား ကြပြီ ။ * ( ယုယခြင်းတွေ နည်းပါးတဲ့ မြေပြင်မှာတော့.. ကောင်းကင်ပြာပြက ခြေထောက်မပါပဲ…. ပြီးတော့ ခြေထောက်…မပါပဲ…. လှမ်း..လျှောက်နေလေရဲ ့…) * ဘယ်တော့လဲ..ကွယ်… မင်းတို ့ရဲ ့တိုငိးပြည်မှာ…. နာကျင်စရာတွေက……. ….. * ဘယ်တော့လဲ.ကွယ်….. မင်းတို ့ရဲ ့ ့အိမ်ကလေးမှာ…. ချို ့တဲ့မှုတွေက…….. …… * ဘယ်တော့လဲ.ကွယ်… ကုန်ဆုံးခြင်းတွေ.စတင်ဖို ့……. * ဘယ်တော့လဲ.ကွယ်…. ။ ပြီးတော့…. ဘယ်တော့လဲ..ကွယ်…..။ ။ အလင်းဆက် 20 . 3 .2012 ________________________________________________________ ကဗျာ […]


etoneMay 9, 20121min78524
ပြည်မြန်မာဂျာနယ် အမှတ်(၈၁၈) 10.5.12 ထုတ် ဂျာနယ် စာမျက်နှာ ၂၃ က သတင်းတစ်ပုဒ်ကို ဖတ်ရင်း…. ဉာဏ်မမှီတော့တာကြောင့် scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်နော် ။ ဘီလျံ ၂ဝဆိုတာ နည်းနည်းနောနော ငွေကြေးလားနော် ။ ဒါတောင်မှ မြန်မာငွေမဟုတ်ဘူးနော် ။ အမေရိကန်ဒေါ်လာဆိုပဲ ။ ဖတ်ရင်းဖတ်ရင်း … သို့လော သို့လော အတွေးတွေပွားနေတာကြောင့် တင်ပေးလိုက်ပါတယ် ။  ဘယ်လိုလူမျိုးတွေ လုပ်ကိုင်နိုင်မလဲလို့လည်း သိချင်စိတ်ပြင်းပျမိပါတယ် ။                  


marblecommetMay 8, 20121min67427
မြင်ကွင်း(၁)။ ။ ပတ်ဝန်းကျင်သည် အပ်ကျသံမျှ မကြားရအောင် တိတ်ဆိတ် ငြိမ်သက်နေချေ၏။ လေရူးတစ်ချက် သုတ်ကနဲ တိုက်ခတ်သွားသော အခါ ခြုံစပ်တွင် ထိုးထိုး ထောင်ထောင် လိပ်တက်နေသည့် နွယ်ပင် နွယ်လိပ်တို့ ယိမ်းနွဲ့လှုပ်ခါသွားသည်။ ဤသို့ တိတ်ဆိတ်နေခြင်းမျိုးကား ကျောချမ်းဖွယ် ကောင်းလှပေချိမ့် . . .။ xxxxx မုန်တိုင်း မလာခင် ပင်လယ်ပြင်၏ ငြိမ်သက်ခြင်းမျိုးနှင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် မကြာခင် အချိန်၌ တစ်စုံတရာသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပျက်လေတော့မည့် အတိတ် နိမိတ် တစ်ခုခုကို ဆောင်နေသယောင် ရှိနေသည်။ ခြုံစပ်တစ်ခုတွင် ပြားချပ်နေအောင် ဝပ်နေသော “ညောင်ဝဒုတ်” သည် နှာခေါင်းစီးကြောင်းမှ ပါးစပ်ထဲသို့ ဝင်လဲဆဲဆဲ နှပ်တွဲကို (ညှစ်လိုက်လျှင် ) အသံထွက်သွားမည် စိုးသဖြင့် […]


alinsettMay 7, 20121min70310
ဘုရားသွားတုန်းက…ပုံလေးပါ။ ဘုရား သွားရာ..လမ်းတစ်လျှောက်က အလှုူခံ.တချို ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာက လွဲရင်..ဘုရားဖူး ခရီးစဉ်က အဆင်ပြေပါတယ် ။ အလှုူ ငွေ.မထည့်ရင် ပဲ ..ကျားတွေ..ထွက် ကိုက်တော့မလိုလို..ပြောနေတဲ့ အလှုူခံတချို ့ကို သေချာတွေ ့ခဲ့ရပါတယ် ။ ဒါ မဖြစ်သင့်ပါဘုူး ။ ___________________________________- ဒါကတော့ အမေပြောတဲ ့သားချောလေး…ကိုလင်းပါ။ နေလုံးကြီး ဝင်တော့မှာကို မကြည့်ရဲဘူး။ အရမ်းလှ တဲ ့မြင်ကွင်းလေ….။နောက်မကြည့်ရ မနေနိုင်ရင်..ဘယ်လို လုပ်မလဲ.။ ဒါကြောင့် ဘုရားဘက်ပဲ.လှည့်ပြီး..နေလိုက်တော့တယ် ။ သူငယ်ချင်းတွေက ပုံလေးတွေ .ရိုက်မယ်..ဆိုတော့လည်း..ပဲ.ေ.လး ပေးလိုက်တယ် ။ ____________________________________- ဒါကတော့..အလင်းဆက်တို ့ အတူခရီးထွက်လာတဲ ့အုပ်စုပါ။ တခြားကို ရောက်နေတဲ ့သူတွေ.လည်းရှိသေးတယ် ။ လူစုကွဲသွားတယ် ။ […]


ムラカミMay 3, 20121min87237
  ကျနော် ရွာတွင် ၂ပါတ်နေပါသည် … ၁ပါတ်တိတိ နေ့အလုပ်လုပ် ည သူရာသောက် နှင့် ကျန်၁ပါတ်သာ ဟုတ်တိပတ်တိ အချိန်အား ရခဲ့ပါသည်.. ခြုံငုံ၍ ဘိုလိုပြောရလျင်တော့ i had good times ပေါ့ …ကျနော် ပျော်ပါသည်.။ သို့သော် ကျနော် လုံးဝ စိတ်မကျေနပ်နိုင်သော (ဝါ) စိတ်မချမ်းသာနိုင်သော အကြောင်းချင်းရာ အချို့ ရှိနေပါသည်…။ ထိုအရာတို့ကို ခေါင်းစဉ်မျှဖော်ပြီး ရေးရပါသော်.. ၁။ အလွန်ပူသော နွေရာသီ ..(မတတ်နိုင် ..မောင်ဂီ့ စိတ်လျှော့ရုံမှတပါး အခြားမရှိ) ၂။ အလွန်နှေးသော ကော်နက်ရှင် (မတတ်နိုင် … မိမိ ဉာဏ်မီသော ကိစ္စမဟုတ်.. ) ၃။ အလွန် ရှုပ်သော လမ်းဘေးဈေးသည်များ […]


alinsettApril 30, 20121min4536
ANTON CHEKHOV ၏ စာအုပ်များကို ကျွန်တော် ချစ်ပါသည် ။ သူ၏ ဝတ္ထုတို အတတ်ပညာ..ကို အားကျမိသလို…. အဆူံးသတ်မှာ..ဘာမှ ထူးထူးခြားခြား.. ဖြစ်ပျက်မသွားတတ်သော.. ဇာတ်လမ်းများကြောင့်..စိတ်ဝင်တစား..ဖတ်ချင်ခဲ့ပါသည် ။ ကမ္ဘာကျော် စာရေးဆရာကြီး.ချက်ကော့ဗ် ( 1860 – 1904 ) ကို စိတ်ဝင်စားစွာ..ဖြင့်.သူ၏ စာအုပ်များကို..ရှာဖွေ.ဖတ်ရှု.မိပါသည် ။ မကြာခင်ကမှ.. CHEKHOV ၏ WARD SIX စာအူပ့်ကို ဆရာ ဖေမြင့် ဘာသာပြန်ပေး ၍… ကျွန်တော်…သေချာ ဖတ်မိပါသည် ။ မူရင်းစာအုပ်ကို ကျွန်တောိ်…မဖတ်ရပါ ။ ( ဆရာဖေမြင့်..WARD SIX ကို..ဘာသာပြန်..ထုတ်ဝေခဲ့သည်မှာ..ကြာပါပြီ ။ ဟိုစဉ်က..မထူးခြားနိုင်သော..စာအုပ်ကလေး..ဟုသာ ထင်ပြီး..လက်ရှောင်နေခဲ့မိသည် ။) 2012 ၊ ဧပြီ..လ…အားလပ်ရက်များမှာတော့..ဆရာဖေမြင့် ၏ […]


ムラカミApril 25, 20121min42524
ကော်နရှင် စုတ်တဲ့ ဒဏ်ကို မောင်ဂီ့ အလူးအလဲ ခံနေရပါသည်.. သည်ရောက် တုန်းလေး တခုခု အမှတ်တရဖြစ်အောင် ရေးမည် ဆိုတော့လည်း ဘာရေးရမှန်းမသိ. …   ဘဘဘလက်ကတော့ Red Ocean Strategy အကြောင်းရေးတဲ့ … ရည်ညွှန်းကိုးကား အလွန် အရှာပျင်းသော မောင်ဂီ့ တယောက် ကော် မကောင်းတာ လေး အကြောင်းပြပြီး ပေကပ်ကပ် လုပ်နေမိပါသည်…။   ဒါ့ပုံတင် ဖို့ ကျပြန်တော့လည်း ..သိတဲ့အတိုင်း … (ဆာကူရာတွေ ရိုက်လာပြီး မိုးတွင်းလောက်ကျမှ တင်နိုင်တော့လည်း မုဒ် က ဘယ်လိုမှ မကောင်း)   ဟီး .. ဘာလုပ်ရမှန်း မသိ မရေးဘဲလည်း မနေနိုင် သည်တော့ … […]

CPI-2011-Map-600x424.jpg

winterkoeApril 18, 20123min78070
မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။ မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။ အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။ နိုင်ငံပေါင်း […]


winterkoeApril 16, 20121min38414
၁။ စစ်အာဏာသိမ်းတာလား… ၂။ မဲခိုးမဲလိမ်တာလား… ၃။ ပြည်တွင်းဖြစ်ဆိုရင်ဘာမှမသုံးတဲ့ (သင်္ကြန်မှာတောင်ပါတိတ်တွေတပြောင်ပြောင်နဲ့) လက်နက်ကိုင်ပညာမဲ့လူတန်းစားက နိုင်ငံကိုအုပ်ချုပ်တာကိုပြောတာလား… ၄။ ဂါရဝေါစ နိဝါတောစ ဆိုပြီး လာဘ်ပေးလာဘ်ယူလုပ်တာလား… ၅။ မဟုတ်တာအကုန်လုပ်… ငွေရှိတဲ့၊ အာဏာရှိတဲ့လူတွေကို အမြဲတမ်းကာကွယ်ပေးပြီး ဆင်းရဲသားတွေကိုမတရားဖိနှိပ်တာလား… ၆။ သယံဇာတတွေရှိလျက်နဲ့ အကျင့်စာရိတ္တကသူခိုးစာရိတ္တဖြစ်နေပြီး ကိုယ့်အတွက်ခိုးနေကြလို့ လူတွေဆင်းရဲဒုက္ခပင်လယ်ဝေကြရတာလား… ၇။ လူသိန်းနဲ့ချီသေတာတောင်မကူညီတဲ့အပြင် သူများကူညီတာကိုပိတ်ပင်၊ သူများလှူတဲ့ပစ္စည်းကိုခိုးတဲ့ အစိုးရမျိုးကိုပြောတာလား… ၈။ ဆရာ၊ ဆရာမကိုရိုသေသလိုနဲ့ရှိခိုးပြီး အဲဒီဆရာ၊ဆရာမတွေအများစုကြီးခမျာ ကျူရှင်သင်၊ မုန့်ရောင်း၊ ပုဆိုး၊ထမီ လပေးရောင်း၊ ငတ်ပြတ်ဆင်းရဲပြီး၊ ပင်စင်ယူပြီးလို့ သားသမီး၊ ထောက်ပံ့မယ့်သူမရှိရင် သူတောင်းလုပ်၊ ဂုဏ်သိက္ခာမရှိပဲနေကြရတာကိုပြောတာလား… ၉။ မိဘကိုရိုသေတယ်ဆိုပြီး သက်ကြီးထောက်ပံ့ကြေးပေးဖို့မစီစဉ်ပဲ တတ်နိုင်တဲ့သားသမီးမရှိလို့ သက်ကြီးရွယ်အိုဖြစ်လာရင် လမ်းဘေးမှာသူတောင်းစားလုပ်ရတာကိုပြောတာလား… ၁၀။ အရေးပေါ်လူနာတင်ကားခေါ်လို့မရတာကိုပြောတာလား… ၁၁။ ဆေးရုံတွေမှာ ငွေမပေးရင်ဆေးမကုပေးပဲ […]


alinsettApril 13, 20121min1771
* ငါ့ရှင်တို ့က ဘာလဲ.. ငါက ဘာလဲ.. နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး.. လှလှပပ ပြိုင်ရဲပါတယ် ။ တစ်နေ့တော့..တွေ ့ကြမယ် ။ * နှစ် ဖက် သွား..ဓါးတစ်လက်လို.. ပြိုးပြက် ဝင်းဖိတ်.. သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။ * အိမ်အပြန်လမ်း.. အမေနဲ ့တွေ ့မှ နမ်းမယ့်.. ငြ်ိမ်းချမ်း နှင်းဆီ.. ငါ့ရင် ဘက်မှာ.. သွေးတစ်စက်လို..နီ နေတယ် ။ * ချစ်သူ ကလေးရေ… မြို ့တံခါးကို ဖွင့်.. မီးအ်မ်တို ့နဲ ့အတူကြိုပါ… လရောင်စက်တဝေဝေနဲ ့.. သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်.. ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို […]


marblecommetApril 8, 20121min2779
သူတို့ဟာ ကျိန်စာတစ်ခု မိနေခဲ့ပြီလား လို့ တွေးရမလို ဖြစ်နေခဲ့ပါပြီ။ မမြင်ကွယ်ရာက အကြောင်းတရားတစ်ခုခု သူတို့ကို ဒုက္ခပေးနေတယ်လို့ ယူဆရတော့မယ့် အဖြစ်ဆီကို ဦးတည်နေသလိုလိုပေါ့..။ အရင်ကတော့ သူတို့ ဟာ ဘယ်တော့မဆို ထိပ်တန်း အံ့ဩဖွယ်အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာနဲ့ ပရီးမီးယားလိဂ်မှာ ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးအသင်းတစ်သင်းဆိုတာ တစ်လောကလုံးသိထားကြပါပေရဲ့….။ ဒါပေမဲ့ သူတို့ဟာ အကောင်းဆုံးအရှုံးသမား၊ အကောင်းဆုံး ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဘယ်တောင် ကြာခဲ့ပြီလဲ ။ ဒီတော့ ဘောလုံးပွဲတစ်ပွဲရဲ့ သာမန်အကြောင်းတရား ၊ သမားရိုးကျ ရှုထောင့်ကနေ ဖောက်ထွက်သွယ်ဖယ်ပြီးတော့ပဲ ကြည့်ရတော့မလို ဖြစ်နေခဲ့ပြီမဟုတ်လား …….။ တစ်ချိန်ကတော့ သူတို့ဟာ `ဟိုက်ဘူရီးတောင်ကုန်းမှာ ခြေကုတ်စခန်းယူပြီး အရပ်လေးမျက်နှာကို တစ်ချိန်လုံး ပစ်ခတ်ထိုးစစ်ဆင်နေခဲ့တဲ့ ကမ္ဘာကျော် အမြောက်တပ်ဖွဲ့ တစ်ဖွဲ့ပါပဲ။ ပြိုင်ဘက်အသင်းကစားသမားတွေရဲ့ နှလုံးသားကို […]


etoneApril 3, 20122min43817
      ဒီနေ့မနက်အဆိုတော်လေးဖြူရဲ့ အသည်းကြားက မဲတပြားအကြောင်းရေးခဲ့တဲ့ Envoy News Journalရဲ့ ရေးသားချက်များအပေါ် မှန်ကန်ခြင်းမရှိကြောင်းနှင့် ပြန်လည်ရုပ်သိမ်းစေလိုကြောင်း အတိလင်းပြောကြားခဲ့တဲ့ အဆိုတော်လေးဖြူကို Envoy News Journal က အောက်ပါအတိုင်း တောင်းပန်လိုက်ပါသတဲ့ … ။ အယ်ဒီတာအဖွဲနဲ့ တာဝန်ခံဖြစ်သူတို့ က အနူးညွှတ်တောင်းပန်ပါတယ်လို့ရေးထားသော်လည်း … ဖုန်းနဲ့ ဆက်သွယ်မေးမြန်းသတင်းယူခဲ့တဲ့ … သတင်းထောက်ဖြစ်သူကရော ……….. ……….. ………….. ။ %%%%%%%%%%%%%%%%%%%%% ဒီသတင်းတွေကို ဖတ်ပြီးတော့မှ ဇဝေဇဝါဖြစ်သွားတော့တယ် …. ။ တစ်ဖက်ကလည်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားတာဆိုပြီးရေးတယ် … သို့သော် ကာယကံရှင်ရဲ့ …. ကန့်ကွက်မှုအပေါ်တောင်းပန်တယ် … ။ တစ်ဖက်ကလည်း … သူ့ကိုဆက်သွယ်လာခြင်းမရှိဘူး ၊ […]