တစ်နေ့ပြီးတစ်နေ့ရေးလာတာ အခုဆိုရင် အပိုင်း (၁၂) ဇွန်လကာတွန်း ၁ရက်နေ့ကနေ ၁၅ ရက်နေ့ အလှည့်ကို ရောက်လာပါပြီ။ 🙂 ပိုစ့်ကိုစပြီးရေးတုန်းက ပြက္ခဒိန်နေ့စွဲအတိုင်း ရေးသွားမှာမို့ ခေါင်းစဉ်ကို တစ်နေ့ပြီးတစ်နေ့ လို့ ပေးလိုက်မိတယ်။ ရေးရင်းရေးရင်းနဲ့ စဉ်းစားမိတာက….. တစ်နေ့ပြီးတစ်နေ့ ဆိုတာထက် တစ်ရက်ပြီးတစ်ရက် ဆိုရင် ပိုမှန်လေမလားလို့။ 🙄 ရုံးစာရေးတဲ့အခါ (Date) ရေးရင် နေ့စွဲလို့ ခေါင်းစဉ်မတပ်ပဲ၊ ရက်စွဲလို့ပဲ ခေါင်းစဉ်တပ်ရတယ်လို့ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရမိသွားလို့။ တနင်္လာနေ့၊ အင်္ဂ ါနေ့စတဲ့ နေ့တွေကို အစွဲပြုပြီးရေးတာကိုမှ နေ့စွဲ။ ၁ရက်၊ ၂ရက်၊ စသဖြင့် ရက်ကို အစွဲပြုပြီးရေးတဲ့ (Date) ကိုတော့ ရက်စွဲ လို့ […]