Silver TwigJanuary 26, 20151min43414
  မာမီ Twig ======== ကျွန်ုပ် တောပျော်ကြီး ကတွတ်ပီ Twig သည် ဆံပင်ညှပ်ဆိုင် ဟူ၍ သီးသန့် မရှိ. ဆိုင် အသွင်အပြင်သပ်ရပ်သည်ထင်ပါက..ကြုံရာကျပန်း…ခေါင်းထိုးညှပ်လေ့ ရှိလေသည်.. အမျိုးသမီးများညှပ်သော ဆိုင်ကိုတော့ တောပျော်ကြီးပီပီ ရှက်တတ်ပါသဖြင့် မသေးမျှင်မပါက မဝင်ရဲချေ…. မတော်..ငါ့ဆွဲထားနေမှဆိုတဲ့ အတွေးနဲ့ ရင်ခုန်မိပါရဲ့ ………… လွန်ခဲ့သော ၂ နှစ်ခန့်က .. ထိုနေ့တွင် ပြာလချောင်ကို စမ်းချောင်းရှိ ဧရာဝတီ တိုင်း မြို့နာမည် ရှိသော လမ်းတခုတွင် ကျူရှင် ပို့ပြီး သကာလ. ၂ နာရီ ထိုင်စောင့်ရမှာ ပျင်းပျင်း ရှိလှသဖြင့် ဟိုဝင်ဒီထွက် လမ်းလျောက် ငေးမျော နေမိ၏.. ဟော အလို…..ဟိုမှာ ဆံပင်ညှပ် ခေါင်းလျော် မျက်နှာချေးချွတ်ရွှေသွင်း […]


တောဇီးကွက်January 24, 20151min2206
ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန်သတိရသွားတယ်ဗျာ… ဟုတ်တယ်…… ကျွန်တော့်ရဲ့ ဘုရင်မ….. တစ်ချိန်တုန်းက ကျွန်တော့်ရဲ့ ဘုရင်မတစ်ပါးပေါ့………. ဒါပေမယ့် ကျွန်တော်က နန်းချခံလိုက်ရတဲ့ ဘုရင်တစ်ပါးမဟုတ်ဘူးဗျ……. နန်းတောင် တက်ခွင့်မရလိုက်တဲ့ နယ်ရုပ်တစ်ရုပ်ပါ……. အတွေးတွေနဲ့ အတူ ကျွန်တော် ကြေကွဲစွာ ပြုံးလိုက်မိတယ်…….။ စိတ်တွေကတော့ အတိတ်တွေဆီသို့……… ကျွန်တော်သူမကို စတွေ့ခဲ့တာ တက္ကသိုလ်ပထမနှစ်မှာ…… အမြဲတမ်း တင်းတင်းစေ့ထားတတ်တဲ့ သူမနှုတ်ခမ်း… မာနရောင်ကြောင့် စူးရဲနေတဲ့ သူမမျက်ဝန်း… သူမရဲ့ ခြေလှမ်းတွေကအစ ရဲဝင့်တယ်… သူမကို စသတိထားမိတာ အနီရောင်ကြောင့်ဗျ.. သူမ စီးတဲ့ဖိနပ်က အနီရောင်.. သူမဆိုးတဲ့ နှုတ်ခမ်းနီက အနီရောင်.. အိုဗျာ..ကုန်ကုန်ပြောမယ်.. သူမ ကိုင်တဲ့ ဘာပစ္စည်း မဆို အနီရောင်တွေပဲလို့ပြောရလောက်အောင်ကိုပဲ နီနေခဲ့တာ. အဲတုန်းကတော့ အဲအနီရောင်တွေဟာ ကျွန်တော့် နှလုံးသွေးတွေ […]


alinsettJanuary 23, 20151min82014
                        အင်စတီကျူးရှင်းများ အားကောင်းသည်ဆိုရာတွင် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာချစ်သူများအတွက် ”Institution များ အားကောင်းသည်ဆိုရာတွင်” ဆိုတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ကို ရေးသားပြုစုသူကတော့ အားလုံးသိတဲ့ ကိုဘမောင်ကြီး (သို့မဟုတ်) ဆရာနေဇင်လတ် ။ လူတော်တစ်ယောက်ရေးသောစာဆိုတိုင်း  စာကောင်းဖြစ်မယ်လို့ တသမတ်တည်း မပြောနိုင်ပေမယ့် … ကိုဘမောင်ကြီးဟာဖြင့်… လူတော်တစ်ယောက်မှန်း သိသာနေသလို.. သူရေးလိုက်သမျှ စာတော်တော်များများဟာလည်း အကျိုးပြု စာပေတွေလို့…အသိအမှတ်ပြုနေရတာချည်း ။ ဒီတစ်ခါ ဖတ်မိတဲ့စာအုပ်ကလည်း သူ့ရဲ့ စာပေလက်ရာကောင်းတွေထဲက အကောင်းတစ်ခု ။ စာအုပ်ကို အပိုင်း ကဏ္ဍတွေ ပိုင်းထားပြီး သူ့ကဏ္ဍတွေနဲ့သူ သပ်သပ်ရပ်ရပ် တင်ပြထားတယ်။ […]


alinsettJanuary 22, 20157min4524
ဒီတစ်ပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့… ပြတိုက်အဖြစ် လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ ရှေးဟောင်းအမွေးအနှစ် ဝန်ကြီးများရုံး အရေး နဲ့ ကန့်ကွက်သူများရဲ့ သတင်း၊ မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်လင်းစွာသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ထည့်သွင်းရေးသားလိုက်တဲ့ US အခြေစိုက် World Wide Web Foundation ရဲ့ အစီရင်ခံစာ သတင်း၊ US အစိုးရ ၊ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard ရဲ့ ရခိုင်ပြည်နယ်ခရီးအပြီး မြန်မာ့အရေး ပြောကြားချက်များ… အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ကျောင်းသား ၁၀ဝ ကျော်ဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို စတင်လမ်းလျှောက် ဆန္ဒပြနေကြတဲ့သတင်း၊ US ၊ နီဗားဒါးပြည်နယ်၊ လတ်စ်ဗေးဂတ်စ်မြို့မှာ […]


alinsettJanuary 21, 20152min78033
                                    ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။               ဇန္နဝါရီလ ၁ရ ရက်၊ စနေနေ့ မနက် ရး၃ဝ ကတည်းက မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံထဲ ကျွန်တော် ရောက်နေခဲ့တယ်။ ကျွန်တော်နေတဲ့ မင်္ဂလာဒုံမြို့နယ်ကနေ အဲ့ဒီ နိုဘယ်-မြန်မာ စာပေပွဲတော်ရှိရာကို ရး၃ဝ ရောက်နိုင်ဖို့ အိပ်ရာစောထပြီး ကားနှစ်ဆင့်ပြောင်းစီးလိုက်ရပါတယ်။ ပွဲတော်ကို ကျွန်တော်ရောက်တော့ စာပေသမားကြီးတွေ စုစုရုံးရုံးနဲ့ စတင် စည်ကားနေပါပြီ။ ပွဲတော် ဖွင့်ပွဲကျင်းပမယ့်အချိန်ကိုက မနက် […]


padonmarJanuary 19, 20151min77714
စမ်းချောင်း ရတနာပုံလမ်း (မြန်မာ့အသံ ရှေ့) ပညာဘူမိကျောင်း မိလိန္ဒပဥှာသင်တန်းမှာ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်၅၀ဝအကြာ ယောနကတိုင်း သာဂလမြို့ (ယခုခေတ် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ မြောက်ဖက် ဆယာယ်ကုတ်)မှာ မင်းပြုခဲ့တဲ့ မိလိန္ဒမင်း (=ဂရိဘုရင် မေနန္ဒရို့စ်) နဲ့ အရှင်နာဂသေနတို့ရဲ့ အယူဝါဒ အမေးအဖြေ အကြောင်းကို ဆရာတော် ဦးပဏ္ဍိတက သင်ကြားပို့ချပေးနေပါတယ်။(စနေ၊တနင်္ဂနွေ မနက် ၈နာရီမှ ၁ဝနာရီထိ) ကဿ ပ ဘုရားရှင်လက်ထက်မှာ နောင်တချိန် အရှင်နာဂသေန ဖြစ်လာမယ့် ရဟန်း က မိလိန္ဒမင်း ဖြစ်လာမယ့် သာမဏေငယ်ကို တံမြက်လှည်းတဲ့ အမှိုက်ကို စွန့်ပစ်ခိုင်းရာက ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ ဖတ်ဖူးကြမှာပါ။ သာမဏေငယ်က ပထမ အမှိုက်မစွန့်ချင်လို့ မကြားချင်ယောင်ဆောင်နေရာက ရဟန်းတော်က ရိုက်ပြီး ခိုင်းလို့ […]


Silver TwigJanuary 18, 20151min56334
      ရသာ မှော်ရုံ ……….. သူမကို မီးသဂြိုဟ် စက်သို့ ပို့မည့်နေ့သည် ကျနော် အကြေကွဲရဆုံး နေ့တနေ့ ဖြစ်ခဲ့သည်.. ဒါပေမဲ့ သူမသည် ကျနော့် အတွက် မျိုးဆက်တခု ထားခဲ့လေသည်… ထိုမျိုးဆက်ကို ဆက်လက် ကြီးပြင်းဘို့ရန်အတွက် သူမရဲ့ အမျိုးများရှိရာ ဂျပန်နိင်ငံသို့..စုံစမ်းရန် အေးဂျင့်တဦး ရှာရအုံးမည် … သူမ ကျနော့ ရင်ခွင်သို့ ၁၉၉၄ မှာ ရောက်ရှိလာသည်…သူမသည် ထိုခေတ်အခါမှာတော့ လှပသော ဂျပန်မလေးတယောက်သာ… အစ ပထမတွင် ဗမာပြည် ရာသီဥတုနှင့် သူမ အဆင်မပြေလှ.. သို့သော် သူမသည် ဗမာပြည်တွင် ပျော်သည်ဟု ဆိုသည်.. ကျနော့အတွက် ဘုရားသွား ကျောင်းတက် အဖော်မွန်ကောင်းဖြစ်ခဲ့သည်.. ရန်ဖန်ရန်ခါ နွဲ့ဆိုး […]


တောဇီးကွက်January 18, 20151min59324
“မင်း.. သူ့ကို ဘယ်လို မြင်လဲ .. မဆိုးဘူး မဟုတ်လား” ………… ………….. ကျွန်တော်နှင့် ခင်မင်နေသော ဆရာဝန်အကို တစ်ယောက်မှ သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးပြီး နောက်..မေးလိုက်သော စကားလုံးဖြစ်သည်။ ကျွန်တော် မဖြေချင်၊ လိမ်လဲ မလိမ်ချင်..။ နှုတ်ဆိတ်နေမိသည်။ …….. “ပြောပါကွာ ငါ့ကို အားမနာပါနဲ့ ..မင်း လူကဲခတ်တော်တယ်ဆိုတာ ငါသိပါတယ် မင်းပြောသမျှကလဲ ဘယ်တော့မှ မလွဲဘူး” “ကျွန်တော် ပြောလိုက်တဲ့ အကောင်းအဆိုးပေါ်မှာ မူတည်ပြီး အကို့ဘက်က ပြောင်းလဲ သွားဖို့ရှိလား.. အကိုသူ့ကို လက်ထပ်ဖို့ ရည်ရွယ်ထားတာလား ” ကျွန်တော် ပြန်မေးလိုက်သော စကားကို အကို မဖြေနိုင်.. တွေဝေသော အကြည့်ဖြင့်သာ ပြန်ငေးကြည့်နေသည်။ ” အကို… ကျွန်တော်ပြောတာ အရင်နားထောင် […]


ခုတလော ရွာထဲမှာရော…မန်းဂဇက်ရွာသူားများ ဂရု ဖေ့ဘုတ်မှာပါ ရွာသူရွာသားများ တွေ့ဆုံပျော်ရွှင်နေကြတဲ့ ပုံလေးများကို တွေ့နေရတဲ့အပြင် ပုံအောက်မှာ အပြန်အလှန် ကွန်မန့်တွေနဲ့ ပြောကြဆိုကြ ၊ စကြ နောက်ကြ တာတွေဖတ်ပြီးကြည်နူးပီတိဖြစ်နေမိပါတယ်…ရိုက်ထားကြတဲ့ပုံတွေကလည်း ညီအကို မောင်နှ၊ တူဝရီး အရင်းအချာများလို နွေးနွေးထွေးထွေးရှိနေကြတာ သတိမပြုပဲမနေနိုင်အောင်ပါပဲ…ကျုပ်ကတော့ ဓါတ်ပုံတင်မက အပြင်မှာပါဆုံတွေ့ကြတဲ့အထဲ အမြဲလိုလိုပါနေတော့ လက်တွေ့မှာလည်း ရွာသူားတွေအချင်းချင်း တရင်းတနှီးရှိလွန်းတာကို တွေ့ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမက ခံစားရပါတယ်….. တဆက်တည်းတွေးမိတာက…ကျုပ်တို့တတွေဟာ တစ်ရပ်တစ်နယ်စီမှာနေကြပြီး တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူး မမြင်ဖူးခင်ကပင် အွန်လိုင်းပေါ် စာရေး အပြန်အလှန်ကွန်မန့်ပေးကြရင်းနဲ့တင်…ဆွေမျိုးရင်းချာတွေလို ခင်မင်ရင်းနှီးကုန်ကြတာ အံ့ဩနေမိပါတယ်…ရွာသူရွာသားတွေဟာ…ပညာ၊ အလုပ်အကိုင်၊ အတွေ့အကြုံ နေရပ်ဋ္ဌာနေ၊ ဆင်းရဲချမ်းသာ၊ အသက်အရွယ်တွေ မတူကြသော်လည်း အပြင်မှာဆုံတွေ့ကြတော့ မတူတာတွေအားလုံးမေ့ပြီး….ဂဇက်ရွာသူရွာသား ဆိုတဲ့တူညီမှုလေးတစ်ခုနဲ့တင် ချစ်ခင်ရင်းနှီးနေကြတာ အိမ်က မိသားစုဝင်တွေကတောင် အံ့ဩယူကြရပါတယ်… တစ်နေ့ကလည်း […]


kotun winlattJanuary 17, 20151min2362
  One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၈)   ကျနော်တို့အဖွဲ့ နားဖာကျေးရွာသို့ ဝင်လာစဉ်က ရွာ၏ အရှေ့ဘက်မှ ချောင်းကူးကာ ဝင်လာကြခြင်းဖြစ်ပြီး ပြန်ထွက်သောအခါ ရွာ၏ မြောက်ဘက်မှ ချောင်းကူးကာ ပြန်ထွက်လာခဲ့ကြသည်။ အကြောင်းမှာ ကျနော်တို့ ယနေ့သွားရောက်ကြမည့် ကျေးရွာလေးရွာတွင် နားဖာကျေးရွာ အခြားရွာများကဲ့သို့ လမ်းတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သီးခြားရှိနေသောကြောင့်ပင် ဆားမှော်ကျေးရွာမှ လမ်းအတိုင်းသွားလျှင် နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာ ရောက်မည်ဖြစ်သော်လည်း နားဖာကျေးရွာလေးမှာ သီးခြားခွဲထွက်သွားရသော ရွာဖြစ်နေသည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့မှာ လွန်ခဲ့သည့်နှစ် အလှူခရီးစဉ်တွင် အပြန်ခရီးမှ ဝင်ပြီး လှူကြရခြင်းပင်။ ယခုနှစ်မှာတော့ လူအင်အားနည်းနေသဖြင့် အပြန်ခရီးကို မိုးမချုပ်စေလိုပါ။ သို့အတွက် နားဖာကျေးရွာကို အရင်ဝင်ပြီး မူလခေါင်တုန့်စည်ကျေးရွာတွင် အလှူကိစ္စပြီးသည်နှင့် တန်းပြန်ကြမည်ဟု […]


ဦးေက်ာက္ခဲJanuary 16, 20151min121662
မင်္ဂလာပါခင်ဗျား… မြန်မာ့ဂဇက်တွေ့ဆုံပွဲနဲ့ သဘာဝရိပ်သာရှိ သက်ကြီးရွယ်အို ဂီလာနများ အရေးပေါ်ဋ္ဌာနအတွက် စုပေါင်းအလှူတော်မင်္ဂလာလည်း အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါပြီ… ။ ဦးကျောက်ခဲကို လူချင်းမသိကြသော်လည်း ရပ်ဝေးရပ်နီး ပြည်ပနိုင်ငံပေါင်းစုံကနေ သဒ္ဓါတတ်အားသရွေ့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အလှူတော်ရှင်များကိုရော ၊ ဝိုင်းဝန်းကူညီခဲ့ကြတဲ့ ဂဇက်ညီအစ်ကို မောင်နှမများကိုရော ကျေးဇူးအထူးတင်ရှိပါတယ် ။ ဦးကျောက်ခဲ ပကာသနမပါ ရေစက်မချပဲလှူခဲ့တာပါ ။ အလှူခံပို့စ်မှာ ရေးခဲ့သလိုပါပဲ ရေများရာ မိုးမရွာဘဲ တကယ်လိုအပ်နေတဲ့နေရာမှာ ကွက်ကြားမိုးရွာခွင့်ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်ခင်ဗျ ။ သာဓု ခေါ် ၊ အာမင် ရွတ်ပြီး သက်ကြီးရွယ်အို ဂီလာနများအတွက် အလှူတော်ကို ကုသိုလ် ၊ ကောင်းချီးမင်္ဂလာ ယူနိုင်ကြပါပြီခင်ဗျား… ။   ပြန်ပြောရရင် ဒီအလှူကို စတင်မတည်ခဲ့တဲ့ နာမည်ကျော် ရွာသားတစ်ဦးနဲ့ ဦးကျောက်ခဲ သဘာဝရိပ်သာကို […]


kotun winlattJanuary 15, 20151min2449
One Candle စေတနာရှင် လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၇) ဆားမှော်ကျေးရွာလေးမှ ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ နံနက် ၁၁ နာရီ ထိုးတော့မည်။ နောက်မှ လိုက်ပါလာသည့် ကျနော်တို့ အဖွဲ့ဝင်တစ်ဦးမှာလည်း ဆားမှော်ကျေးရွာတွင် ကျနော်တို့အား မီလာသည့်မို့ အဖွဲ့ဝင်အင်အား ရ ဦးဖြစ်သွားတော့သည်။ ကောင်းကင်တွင်ကား တိမ်တိုက်များက ဟိုနားတစ်စု ဒီနားတစ်စုနှင့် …. ဒီရက်ပိုင်းများအတွင်း မိုးပြတ်သွားသည်မို့ လမ်းမှာ ကျနော်တို့ မျှော်လင့်ထားသည့်အတိုင်း ဆိုးဝါးသည့်နေရာ သိပ်မတွေ့ရ…။ အရင်နှစ်များကဆိုလျှင် ဆားမှော်ကျေးရွာ မရောက်မီ ဟောင်းတုန်းကျေးရွာမှ ထွက်လျှင်ပင် ရွံ့များ ဗွက်များကို စတင်ရုန်းကြရပြီ ။ ယခုနှစ်မှာတော့ လမ်းခရီးက သိပ်မဆိုးဝါးတာကတစ်ကြောင်း လူအင်အားနည်းသည်မို့ တစ်စီးနှင့်တစ်စီး သိပ်စောင့်စရာမလိုသလို ဆိုင်ကယ်စီးကျွမ်းကျင်ကြသူများမို့ ခရီးတွင်သည်ဟု ဆိုရပေမည်။ ခရီးဆက်လာကြရင်း […]


alinsettJanuary 15, 20156min42914
မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… အခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့…. ”ရန်ကုန်မြို့တော် ရေရှည် တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ” ပြုလုပ်မယ့် သတင်း ၊ အမေရိက ပြည်ထောင်စု ၊ ဒေသတချို့မှာ ရာသီဥတု ဆိုးဝါးခြင်းကို အခွင့်ကောင်းယူပြီး လိမ်လည်နေသူတွေရဲ့ သတင်းနဲ့ သတိပေးချက်များ … ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်လေ့လာခဲ့တဲ့ US နိုင်ငံခြားရေးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်များ… မြန်မာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့ကြတဲ့ သတင်း… ဓမ္မစေတီခေါင်းလောင်းကြီးကို အိပ်မက်အရရှာဖွေမယ်ဆိုတဲ့ ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း   ဦးကျော်ဝင်းကို အစိုးရက တူးဖော်ခွင့်ပြုလိုက်တဲ့ သတင်း… […]