alinsettJuly 29, 20147min178944
  ဟိုတလောက… အန်တီ သဲ…တစ်ယောက်… ပိုစ့်တင်ရင်.. စာလုံးကို..အရောင်ခြယ်တာတို ့…စာသားအကြိီးအသေးလုပ်တာတို ့..  မလုပ်တတ်သေးဘူးဆိုလို ့… တခြားသူတွေလည်း (သိပြီးတတ်ပြီးသူတွေကအကြောင်းမဟုတ်.).မသိသေးသူတွေများ ရှိဦးမလား..တွေးမိလို ့… ဒါလေး…တင်ပြရပါကြောင်းးး အရင်က…  အံဇရာအတုံးတို ့… လမ်းညွှန် တင်ပြထားတာ ရှိပေမယ့်…. အခု  ဖုန်းနဲ ့..ဝင်လုပ်တဲ့..လက်ရှိ ပုံစံ နဲ ့.. ပြန်တင်ပြလိုက်တာ ဖြစ်ပါကြောင်းးး အသုံးဝင်မလားလို ့….       ———————- www.mandalaygazett.com ထဲ..  ဝင်လိုက်ရင်.. ပထမဆုံးမြင်ရမှာက..ဒီလိုကြီးဖြစ်နေမယ်..ဆိုရင်… H0me စာမျက်နှာရဲ့..အောက်ဆုံးနားထိ..သွားပြီး….   ———————————————————————————————————————————    Desktop ဆိုတာလေးကို..ကလစ်ပြီး..ခဏစောင့်လိုက်တာနဲ့.. ကွန်ပူတာမှာ မြင်ရသလို… ဟောသလို…. ——————————————————————————————————————————— ကွန်ပူတာမြင်ကွင်းလို..မြင်ရပြီဆိုရင်တော့.. Add new ကို  ရွေးရတာ […]


ခင္ခJuly 28, 20141min3756
” မြင်နေတယ် မျက်လုံးများ “   မိုးတွေက သဲသဲမဲမဲ ရွာနေစဲ အဝေးပြေးလမ်းမကြီးတစ်ခုမှာ လမ်းမီးတိုင်ဆိုတာကလည်း ဘေးနှစ်ဖက်မှာမရှိဘူး မိုးတိမ်တွေမဲပြီး မိုးကရွာနေတာမို့ သဘာဝလရောင်ဆိုတာကလည်း မပေါ်လေဘူး အသွားအလာလည်း နည်းပြီးနဂိုကတည်းက အသွားအလာနည်းတဲ့ ထိုလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားလေးတစ်စီးဟာ ရုတ်တရက် သွားနေရာက ထိုးရပ်သွားလေသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတဲ့ ထိုကားပေါ်က လူတစ်စုဟာ ထိုးရပ်သွားတဲ့ကားနား ရပ်ကာနေပြီး လမ်းပေါ်မှာ ကားတစ်စီးတစ်လေများ လာလေမလားလို့ အချိန်ပေါင်းများစွာ သဲသဲ မဲမဲမိုးရွာကာ မှောင်မိုက်နေတဲ့ နေရာမှာ မျှော်လင့်ခြင်းများစွာနဲ့ စောင့်နေကြရှာတယ်ပေါ့။ အဲဒီလိုအချိန်ပေါင်းများစွာစောင့်နေပြီးမှ ဟိုး အဝေးဆီက ကားအလင်းရောင်လေးပေါ်လာတော့ သူတို့တွေစိတ်ထဲပျော်သွားခဲ့ပြီး အဲဒီကားအလင်းရောင်လေး နီးလာလေလေ သူတို့စိတ်ထဲ ခုန မျှော်လင့်ချက်မဲ့ အင်အားတွေ ပြန်နိုးထလာပြီး မျှော်လင့်ချက်အင်အားတွေ ဖြစ်တည်လာခဲ့တယ်။ […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် ငါး ) “ ပ လက် ဖောင်း အမှတ် -၁၉” က တော့ ကျ နော့် ဘဝ ရဲ့ အကြီးမားဆုံး သော လမ်း ခွဲ လို့ ဆို နိုင် ပါတယ်။ ကျ နော် ဆယ် တန်း အောင် ပြီး နောက် တစ်နှစ်မှာ တက္ကသိုလ်ဝင် ခွင့် နဲ ့ ပါတ်သက်ပြီး မူ ဝါ ဒ ပြောင်း ပြန ်ပါ တယ်။ အရင်လို ဆယ် တန်း အောင် တာ […]


ခင္ခJuly 25, 20141min2804
” သူတို့တွေရဲ့ စေတနာ “   မန္တလေးရန်ကုန်ကုန် အမြန်လမ်းမကြီးအတိုင်း ကျုပ်ကားလေးမောင်းပြီး ရန်ကုန်ကိုသွားနေတုန်း အချိန်အားဖြင့် မနက် ရ နာရီခွဲကျော်လောက်အချိန်မှာ မိုင်တိုင် ၃၂ဝလောက်မှာ အဖြူနဲ့အစိမ်းဝတ် ကျောင်းဆရာမနှစ်ဦး လက်လေးပြပြီး ကားတားနေတာကို လှမ်းမြင်နေရလို့ ကားအရှိန်လေးမှေးရင်း သူတို့အကျော်နားလောက်မှာ ကားလေးရပ်လိုက်တယ်ဆိုရင်ဘဲ ခုနကျောင်းဆရာမနှစ်ဦး ကျုပ်ကားဆီကိုလျှောက်လာပြီး ” မိုင်တိုင် ၃၂၈/၁ ကို ကားကြုံလေးလိုက်လို့ရမလားလို့ပါ” ဆိုတာနဲ့ ” ဟုတ် ရပါတယ် ” ဆိုပြီး ဆရာမနှစ်ဦးကို ကားကြုံလိုက်ခွင့်ပြုပြီး ကားဆက်မောင်းလာတော့ ကျုပ်ဇနီးသည်က ကားပေါ်ပါလာတဲ့ ဆရာမနှစ်ဦးကို စပ်စုပြီးမေးတယ်လေ ” ဆရာမတို့ သွားမယ့်မိုင်တိုင်နဲ့ အခုဆရာမတို့တားစီးတဲ့နေရာနဲ့ဆို ၂ မိုင်လောက်ခရီးရှိတာ နေ့တိုင်း အခုလိုဘဲ ကားတားစီးရတာဘဲလားဟင် ” ” ဟိုအရင်တုန်းကတော့ […]


alinsettJuly 25, 20142min60616
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


“ဂွဒ် မောနင်း ကလပ်စ်” “ဂွဒ် မောနင်း မစ္စတာကျောက်စ်” ဘုံဘဝမှာ အခုတခါကြုံရတာက ကျောင်းဆရာဆိုတော့ ကျနော်မောင်ကျောက်ခဲလည်း ပါလာတဲ့ အထုပ်ကလေးကို စားပွဲပေါ်တင် ၊ လည်ပင်းက ကြောင်လျှာသီးလို့ မြန်မာလို နာမည်ပေးထားတဲ့ နက်ခ်တိုင် ကို နေရာချရင်း ဟန်ပါပါနဲ့ ချောင်းကလေးဟန့်လိုက်ရတာပေါ့ဗျာ ။ အမှန်ပြောရရင် အခုလို ဟန်ကြီးဂွကျ ဟန်မူပိုရတဲ့ အလုပ်မျိုးကို မောင်ကျောက် မလုပ်ချင်ပါဘူး ။ ကြမ်းကြမ်းရမ်းရမ်း အလုပ်သမား အင်ဂျင်နီယာ တရုန်းရုန်းနဲ့ တောထဲ ဆိုက်ထဲက ပရောဂျက်အင်ဂျင်နီယာ ဘဝမှာပဲ ပျော်ရှာတာပါ ။ ဒါပေမယ့် စီမံကိန်းပြီးသွားလို့ နောက်ထပ်အလုပ်သစ်ကလည်း မရသေး ၊ ကျောင်းတော်ဟောင်းကဆရာ ပရော်ဖက်ဆာကလည်း သူ့လက်အောက်မှာ သူ့ကိုကူဖို့ အလုပ်ကမ်းလှမ်းတော့ ပရိယေန ဝမ်းရေးရှိပြန်တာမို့ ဒီအလုပ်ကို […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်လေး) ကျနော် တို့ တက္ကသ ိုလ် စာပေးစာယူ တက် တဲ့ နှစ် တွေ က ပျော် စရာကောင်း ပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာ တစ် ခု ကေ တာ့ သင်ရိုးညွှန်းတန်း စာအုပ်တွေအပြည့် အစုံ မရ တာပါ။ ပထမ ဆုံးအကြိမ်ဖွင့် တဲ့ စာပေးစာယူ သင် တန်းမှာ ဖတ်စာအုပ်အပြည့် မရ တော့ ကျောင်းသူ ကျောင်းသားအချင်းချင်း စာ အုပ်တွေ တစ်လှည့် စီပြန်ငှားပြီး စာစဉ်တွေဖြေကြ ရပါတယ်။ အဲဒီတုန်းက ပေး တဲ့ စာစဉ် ဖြေရ တဲ့ […]


alinsettJuly 24, 20141min80131
အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့… ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။ ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။ ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့.. လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။ တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။ ဘယ်လောက်ထိမြန်သလဲဆိုရင်.. ေလဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။ မောင်သူရတို ့လို… မြန်မာပြည်တွင်းက.. ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။ တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး… (အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့… ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။ ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။ […]


manawphyulayJuly 24, 20141min2373
မနက်လင်းလို့ အိပ်ရာထ အလုပ်သွားဖို့ ပြင်ဆင်ရ စီးမယ့်ရထား မှီဖို့အရေး ပြေးလွှား လှုပ်ရှားရင်း ရထားကြီးက တဂျုန်းဂျုန်း လိုက်ပါရစေဦး ခရီးသည်များ များပြားလာ တိုးကာဝှေ့ကာပါ အလုပ်ရောက်ဖို့ တို့အရေး ပြေးကာ တက်ကာ မနှေး လိုရာရောက်ရင် ဆင်းကြတာ ခရီးသည်များပါ ရထားကြီးက ပို့ဆောင်မြဲ ခရီးဆုံးထိပဲ….


ခင္ခJuly 24, 20141min2361
” ညီညွတ်ခြင်းသည် အင်အား “   သားအဖ မိသားစုတွေ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေတဲ့ ကားပြင်ဝပ်ရှော့တစ်ခုတွင်ဖြစ်ပါတယ်။   ” အဖေ ကျွန်တော် လမ်းထိပ်ဘက်ခဏသွားလိုက်အုံးမယ်” ” ဘာသွားလုပ်မလို့လဲကွ ” ” ဇော်ကြီးတို့အနောက်ဖက်အိမ်မှာ ဂျင်ဝိုင်းလုပ်နေတာကို ရဲတွေဝင်ဖမ်းလို့တဲ့ ” ” မင်းကလည်းကွာ ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးနေစမ်းပါ ” ” အဖေကလည်း ပြောလိုက်ရင်ဒီလိုကြည်ဘဲ ” ” ဒီလိုမပြောလို့ ဘယ်လိုပြောရမလဲ ကိုယ့်ရှိမှကိုယ်စားရမှာ ကိုယ့်အလုပ်ကိုယ်ဘဲ အာရုံစိုက်လုပ်စမ်းပါကွာ”   ” အဖေ ကျွန်တော် ကားပစ္စည်ဝယ်ရင်းနဲ့ မောင်လှအမေဆီ ခဏဝင်ခဲ့မယ်နော် ” ” ဘာသွားလုပ်အုံးမလို့လဲကွ ” ” မောင်လှသတင်းဘာကြားသေးလဲလို့ မေးရုံပါဘဲ ဒီကောင်ကြီးကို အခုတလောသတိရနေတာဗျ ၈၈ […]


alinsettJuly 22, 20141min57320
တော်တော်များနေပြီ…။ ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။ တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။ တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။ အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။ လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။ အဟောင်းတွေ များနေတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။ ”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။ ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။ ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။ အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…? အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။ ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။ အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။ တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။ ကျွန်တော်တို […]


ေမာင္ရိုးJuly 22, 20141min88550
      ကျနော်၏ အဖြူရောင်စာမျက်နှာတို့မှာ ကုန်လောက်ရှိနေပါပြီ ။ ဝါသနာသည်ကား တားလို့မရသေး ။ ထို့ကြောင့် ထိန်ချန်ထားခဲ့သော အမည်းရောင်စာမျက်နှာတို့ကို ပြန်လည်၍တူးဖေါ်မိပြန်တော့သည် ။ ဖတ်မိသူတို့အတွက် စိတ်ပျက်ညစ်ညူးဖွယ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စာရေးချင်သည့်ရောဂါအားကုစားရန်မှာ တခြားနည်းလမ်းရှာမတွေ့သေးသဖြင့် ……………   ……… ~~~~~~~~~~~~~~~~~~~ တစ်ခါကဖြစ်ပါသည် ။ အင်းစိန်လမ်းတလျောက်မောင်းနှင်လာသော ၄၅ ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်တွင်ထိုးရပ်လိုက်သည် ။ ငပိ ငါးချဉ်သိပ်သလို ကြပ်ညှပ်နေသော ဘတ်စ်ကားအတွင်းမှ လူအုပ်ကြီးသည် လွတ်လပ်ရေးရသည့်နှယ် အလုအယက်တိုးထွက်လာကြသည် ။ ထိုလူအုပ်ထဲတွင် မောင်ဆာမိနှင့် ထိုစဉ်က ရီးဇား(ယ္ခု ဇနီး) ဖြစ်သူတို့လည်းပါလာလေသည် ။ ရှေ့မှ လမ်းရှင်း၍ တိုးထွက်နေသော မောင်ဆာမိသည် နှေးတုန့်တုန့်ဖြစ်နေသော ချစ်လှစွာသော မဟေသီအလောင်းအလျာအား လက်ကိုအတင်းဆွဲလျှက် တိုးထွက်လိုက်ပါတော့သည် ။ […]