မမမျိုးရေ….ဟောဒီမှာ…သံလွင်နဲ ့ ကျွန်တော်….

alinsettJuly 25, 20142min50016

မမမျိုး….ရယ်…
ကျွန်တော်လေ…

မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။

မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။

မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။
ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။

ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့…
နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။

အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. .
ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။

အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့…

ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။

တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။

အခုတော့..

ကျွန်တော်တစ်ယောက်တည်း… ။

ခရီးစဉ်တလျှောက်လုံးမှာ.. မမမျိုးကိုပဲ.. တမ်းတမိနေတာတော့… အမှန်ပါပဲ..မမမျိုး…။
…………………………………………………………………………………………………………………………….

မမမျိုးကို..ကျွန်တော်….ပြောပြခဲ့ဖူးပါတယ် ။
ကျွန်တော် ရောက်ဖူးသမျှ အရပ်ဒေသတွေထဲမှာ… ကရင်ပြည်နယ်…ဘားအံမြို ့ပတ်ဝန်းကျင်က..

ကျွန်တော့်ကို.. . ဆွဲဆောင်မှုအားကြီးကြိီးနဲ ့…မေ့မရစေဆုံးနေရာပဲ..လို ့.. ။

ဟုတ်တယ် မမမျိုး.. ။ ကျွန်တော်.. စိတ်ထွက်ပေါက်ရရာရှာမိတဲ့ အခါတိုင်း… ဘားအံမြို ့ဘက်ကိုပဲသွားချင်နေခဲ့တာ… ။

အခုတစ်ခါလည်း.. ဇွဲကပင်မြေ….သံလွင်မြေ…..ဒေါနတောင်တန်းကြီးတွေဆီပဲ…ပြေးထွက်ခဲ့တယ်.. ။

ရွှေစင်စကြာကားကြီးပေါ်မှာ… တစ်ယောက်ထဲ.. ထိုင်နေရတုန်းကလည်း..တွေးမိတယ် ။

ဘေးမှာလာထိုင်မယ့်…တခြားသူတစ်ယောက်ယောက်အစား…မမမျိုးသာဆိုဘယ်လောက်ကောင်းလိုက်မလဲပေါ့ … ။

မမမျိုးရဲ ့ ပုခုံးလေးကိုဖက်ပြိီး..ကြည်ကြည်နူးနူးစကားတွေဆို….ပျော်ပျော်ပါးပါးသွားကြမယ်လို ့ တိုင်ပင်ထားခဲ့ပေမယ့်…

ရည်ရွယ်ထားခဲ့ပေမယ့်

အခုလို… ကျွန်တော်တစ်ယောက်တည်း..ရုတ်တရက် ထထွက်လာရတော့…ပျင်းစရာကောင်းလိုက်တာ… မမမျိုးရယ်.. ။

ညရှစ်နာရီခွဲထက်…နောက်ကျပြီးမှ…ရန်ကုန်က..ထွက်မယ့်ကား..မရှိတာတော့ မကောင်းဘူး..မမမျိုး ။

ရန်ကုန် – အောင်မင်္ဂလာအဝေးပြေးဝင်းထဲကနေ…ဘားအံဘက်ကို…ထွက်တဲ ့ ကားတော်တော်များများကညရှစ်နာရီခွဲ…နောက်ဆုံးကများတယ်.. ။ ကားကောင်းကောင်းတွေက…ပေါ့…မမမျိုးရယ်.. ။

ခရီးဝေးသွားရင် စီးရမယ့်ကားကို…ငြိမ့်ငြိမ့်လေးဆိုမှ စီးချင်တတ်တဲ့ ကျွန်တော်…

တခြားနာမည်သိပ်မရှိတဲ့ ကားဂိတ်တွေကိုတော့..သေချာလိုက်စုံစမ်းမနေတော့ပါဘူး ။

ရွှေစင်စကြာဂိတ်ရဲ ့…ရန်ကုန်ကနေ.. ည ရှစ်ခွဲထွက်တဲ့ကားနဲ့ပဲ..လိုက်ခဲ့တယ်.. ။

ဆိုးတာက…ဘားအံမြို ့ကို…ရန်ကုန်ကနေ.. ခြောက်နာရီကျော်ကျော်ပဲ…မောင်းရမှာဆိုတော့…

ည(မနက်အစောကြီး) ၂ း ၃ဝ လောက်မှာ …ရောက်သွားလိမ့်မယ်.. ။

လမ်းမှာ..နားချိန် စားသောက်ချိန် နှုတ်ဦး… အလွန်ဆုံး… မနက် ၃ း ဝဝ မှာ..ရောက်မှာပါပဲ.. ။

ဘာလို ့ အစောကြီးရောက်တာဆိုးသလဲ…ဆိုတော့… ဘားအံမြို ့ထဲက… ကျွန်တော် ဆင်းတဲ့ နာရီစင်နားမှာ… အဲဒီအချိန်ဆို..

ဘာလက်ဖက်ရည်ဆိုင်မှလည်း…မဖွင့်လို ့ပါပဲ.. ။

ထင်တဲ့အတိုင်းပဲ…မမမျိုးရယ်… ။

ကားက… ဘားအံမြို ့… နာရီစင်ကိုရောက်တော့.. ၃ းဝဝတောင် မထိုးသေးဘူး ။

နောက် နှစ်နာရီသုံးနာရီဆို…မိုးလင်းမယ်.. ။

ဒီအချိန်လောက်လေးနဲ ့တော့… ကျွန်တော်..တည်းခိုခန်းမှာ…မတည်းချင်တော့ဘူး ။

မိုးလင်းပြီဆိုတာနဲ ့..ကျွန်တော်က…လျှောက်သွားတော့မှာလေ.. ။

ပြီးတော့… နာရီစင်နဲ့ အနီးဆုံးနေရာမှာရှိတဲ ့… တည်းခိုခန်းတစ်ခုမှာ… ကျွန်တော်..တည်းဖူးတယ် ။

စိတ်ပျက်စရာကောင်းလောက်အောင်ပါပဲ…မမမျိုးရယ်.. ။ အဲဒီတည်းခိုခန်း..မသန့်ဘူး ။
အပြင်အဆင် ညစ်ပတ်တာရော…မမမျိုးကို..ပြောပြလို ့မကောင်းတဲ့… ကိစ္စတွေရော..ပေါ့… ။

ယောက်ျားတစ်ယောက်အနေနဲ ့တောင်မှ… စိတ်ပျက်စရာကောင်းနေတယ်ဆိုရင်… မမမျိုးတို ့လို..မိန်းကလေးတွေ…ဘယ်လိုမှ တည်းချင်မှာမဟုတ်တဲ့…အနေအထားလေ.. ။

ဒါကြောင့်….အနီးနားက…တည်းခိုခန်းမှာလည်း..မတည်းချင်ဘူး ။

တခြားနေရာကို.. သွားပြီး….တည်းလည်း.. သွားရမယ့် အချိန်နဲ ့…မိုးလင်းတော့မှာနဲ့..ဆိုတော့…

ကျွန်တော်..တည်းခိုခန်းတစ်ခုခုမှာ… ခဏတည်းဖို ့ဆိုတဲ့..အစီအစဉ်ကို.. မစဉ်းစားတော့ဘူး ။

ညလုံးပေါက် ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်လည်းမရှိဘူး ။

နာရီစင်ကနေ….အနောက်နည်းနည်းပြန်လျှောက်ပြီး…

သံလွင်မြစ်ကမ်းဘေးလေးမှာ…ငြိမ်းငြိမ်းချမ်းချမ်းရှိနေတဲ့… ရွှေယဉ်မျှော်စေတီဘက်… လမ်းလျှောက်ခဲ့ရင်း….စဉ်းစားမိတာက…

ဘားအံမြို ့ကလူတွေ..စီးပွားရေးအကွက်မမြင်တာလား…ရှိတာလေးနဲ့ ရောင့်ရဲနေနိုင်တာလား…

ဘာလို ့များ…အဝေးပြေးကားတွေပေါ်ပါလာတဲ့ ခရီးသည်တွေ တစ်ထောက်နားဖို ့.. စားသောက်ဆိုင်လေးတွေ..မဖွင့်သလဲ…လို ့… ။

နာရီ်စင်ကနေ… ရွှေယဉ်မျှော်စေတီကို..သိပ်မလျှောက်ရပါဘူး..မမမျိုး.. ။

ခပ်ဖြေးဖြေး…အေးအေးလူလူလျှောက်ရင်တောင်.. ငါးမိနစ်စွန်းစွန်းဆိုရောက်ပါတယ် ။

လမ်းမှာ…ပဲပင်ပေါက်တွေကို….ခြင်းတောင်းကြီးတွေနဲ ့အပြည့်အသိပ်ထည့်ပြီး…သုံးဘီးတို ့..

ဆိုက်ကားတို ့နဲ့… တင်သွားကြတဲ့…လှုပ်ရှားမှုတွေကလွဲရင်…တခြားဘာမှ…မတွေ ့ရဘူး ။

မနက်သုံးနာရီရဲ ့ မှောင်ရီဝိုးတဝါးအောက်မှာ… မြို ့ထဲက…အိမ်သူအိမ်သားတွေ အားလုံးလိုလိုအိပ်မောကျလို ့…. ။

ကျွန်တော်…ရေယဉ်မျှော်စေတီခြေရင်း..ရောက်တော့…ထုံးစံအတိုင်း…

စေတီတော် တံခါးက..မဖွင့်သေးဘူး ။

စေတီတော်ရဲ့တာဝန်ရှိသူ ဂေါပကအဖွဲ ့လည်း…အိပ်နေတုန်းပဲ…ထင်ပါရဲ့ … ။

စေတီတော်…အဝင်ဝ….လှေကားထစ်လေးမှာ…ထိုင်ပြီး…

ကျွန်တော်..

ဖုန်းလေးနဲ ့..အင်တာနက် ဖွင့်သုံးနေလိုက်တယ်.. ။

ဘားအံမြို ့ထဲမှာ…ဖုန်းလိုင်းတော့… ကောင်းကောင်းမိတယ်.. .မမမျိုးရဲ ့ ။ မနက် အစောကြီးမို ့လို ့..အင်တာနက်လိုင်း မြန်တာလည်း..ပါတာပေ့ါ ။

မနက် ၃ း ၄၅ လောက်ကျတော့… ရန်ကုန်သားတစ်ယောက်…စေတီအပေါက်ဝ ရောက်နေတာကို..ဘုရားလူကြီးတစ်ယောက်…သိသွားတယ်..ထင်ပါရဲ ့… ။

စေတီတော်ထဲကနေ… အဘကြီးတစ်ယောက် ထွက်လာပြီး..

”လူလေး…ဘုရားပေါ်တက်ကွဲ ့..” ဆိုပြီး ကျွန်တော့်ကိုလာခေါ်တယ်လေ… ။

မမမျိုးရေ… ကျွန်တော်… ဒီမြို ့ကိုချစ်တာက..

ဒီမြို ့သူမြို ့သားတွေက..ဖော်ရွေတယ်.. ။ သဘောဖြူတယ်.. ။

တတ်နိုင်တာကို…ကူညီဖို ့..အသင့်ဖြစ်နေတတ်ကြတယ်.. ။ ပြီးတော့… သူတပါးဆီက… ဘာတစ်ခုမှ လောဘတကြီးမလိုချင်ကြတဲ့ ပုံတွေပါ… ။

ကျွန်တော်..စေတီတော်ပေါ်တက်ပြီး… အဘကြီး ပြတဲ့နေရာမှာ.. ကျွန်တော့်ကျောပိုးအိတ်ကိုချ…

အဘကြီးက…မျက်နှာသစ် ခြေလက်ဆေးဖို ့..စီစဉ်ပေးလို ့… ကိုယ်လက် သန့်စင်…မျက်နှာသစ် သွားတိုက်ပြီး…

အဲဒီ ဘုရားဝန်ထမ်း…အဘကြီး နှစ်ယောက်နဲ ့အတူ..

.စေတီတော် ပတ်လည်မှာရှိတဲ့…ဘုရားရုပ်တုတွေရှေ ့ချထားတဲ ့..သောက်တော်ရေခွက်အားလုံးကို…
ဆေးကြောသန် ့စင်ပေးလိုက်တယ်.. ။
ပြီးတော့… သောက်တော်ရေအသစ်လဲပြီး..ဘုရားကို..ကပ်လှူပူဇော်လိုက်တယ်.. ။

ကိုယ်နေထိုင်ရာမဟုတ်တဲ့ ပတ်ဝန်းကျင်မှာ.. ကိုယ်နဲ ့ မသိတဲ့..သူစိမ်းတွေ…နဲ ့အတူ..
ကိုယ်တစ်ခါမှ .စိတ်လိုလက်ရမလုပ်ဖူးတဲ ့….ဘုရားသောက်တော်ရေကိစ္စကို….
မနက် အစောကြီး..ထလုပ်နေခဲ့တာ..။ ကျွန်တော့် ဘဝမှာ… အမှတ်တရပါ…မမမျိုး ။

မိုးလင်းတော့မယ်…မမမျိုး…ရေ… ။

ကျွန်တော်…ဘုရားဂေါပကအဘကြီးတို ့… ဘုရားကို..ဆွမ်းကပ်နေကြတာကို…ထိုင်ကြည့်နေလိုက်တယ်… ။

ကျကျနနပါပဲ… ။ ထမင်းတွေ ဟင်းတွေ..သစ်သီးတွေနဲ ့… အသံကျယ်ကျယ်ကြီးနဲ ့….အားပါးတရ…ကပ်လှူပူဇော်နေကြတာ…။

နေ့စဉ် လုပ်ရိုးလုပ်စဉ်ထင်ပါရဲ ့…မမမျိုးရယ်… ။

စေတီပေါ်က….တရားခွေသံကို…နားထောင်ရင်း….ကျွန်တော်… စေတီဘေးမှာ..ငြိမ့်ငြိမ့်လေး..စီးဆင်းနေတဲ ့…

သံလွင်မြစ်ကြီးကို…ထိုင်ကြည့်နေတယ်… ။

သံလွင်ဟာ….ရေစီးကြမ်းတယ်ဆိုတဲ့..ပြောဆိုသတ်မှတ်မှုတွေဟာ…

ရွှေယဉ်မျှော်စေတီဘေး..အရောက်မှာတော့… မမှန်တော့ဘူး..မမမျိုးရေ…
ဒီစေတီဘေးမှာ…မြင်ရတာတော့… သံလွင်ဟာ… အင်မတန် ငြင်သာသိမ်မွေ ့တဲ့… ပိုးပဝါစလေးလိုပါပဲ… ။

ရေဟာ….စီးတယ်ဆိုတာ … သိသာစေရုံမျှပါပဲ…. ။

ငြိမ့်ငြိမ့်ကလေး…စီးဆင်း…နေတဲ့… သံလွင်….

ဟိုမှာ…တစ်ဖက်ကမ်းကို..လှမ်းကြည့်တော့… တောင်စဉ်တောင်တန်းတွေ…..ညှို ့ညှို ့မှိုင်းမှိုင်း….

လင်းလုလု….ရောင်နီအောက်မှာ…

အရာရာဟာ…ကြည်လည်လှပနေတယ်… မမမျိုး….

မမမျိုးသာ…ပါရင်… ကျွန်တော့်ကို… ပြုံးပြုံးလေး..ကြည့်ပြီး…

”မောင်…ပျော်စရာမကောင်းဘူးလား…” လို ့ မေးဦးမယ်…မဟုတ်လား.. ။

ကျွန်တော့်ကိုအစစအရာရာအလိုလိုက်ထားတဲ့….အစ်မကြိီးတစ်ယောက်လို… မျက်နှာထားလေးနဲ ့…

ကျွန်တော် ပျော်နေရင်…မမမျိုးလည်း..ပျော်ပါတယ်..ဆိုတဲ့…သဘောထားလေးတွေ….

သံလွင်ရဲ ့…ရင်ခွင်ကမ်းစပ်မှာ…မမမျိုးကို.. ကျွန်တော်..လွမ်းနေတယ်… ။

မိုးစင်စင်လင်းပြီ…မမမျိုး… ။

ဘုရားစောင်းတန်းမှာ…. အမှတ်တရပစ္စည်းးအရောင်းဆိုင်လေးတွေတောင်..ဖွင့်စပြုပြီ.. ။

ဒီအချိန်…အစောကြီးမှာ… ဘယ်ဘုရားဖူးမှတော့… လာတာမတွေ ့သေးပါဘူး … ။

ကျွန်တော်တစ်ယောက်ပဲ…ဘုရားကိုအပတ်ပေါင်းများစွာ…ပတ်ပြီး…

(ဒါပေမယ့်…ကျွန်တော်တစ်ယောက်တည်း..မဟုတ်ပါဘူး..မမမျိုးရယ်…ကျွန်တော့်ဘေးမှာ…မမမျိုး…ပါလာသယောင်ယောင် အတွေးတွေနဲ ့ပါ…မမမျိုး… ။ )

စေတီတော်ပေါ်က…ဆင်းပြီး..မြစ်ကမ်းစပ်ဘက်…ဆင်းတဲ့လမ်းကလေးအတိုင်း…လျှောက်ခဲ့တယ်။

မြစ်ကမ်းစပ်ကို…စေတီတော်ဘေးကနေ..သိပ်မဆင်းရပါဘူး … ။

ခြေလှမ်းသုံးဆယ်လောက် လှမ်းအပြီးမှာပဲ… ကြည်လင်တဲ့…မြစ်ရေစပ်မှာ…ခြေချကြည့်လို ့ရပြီ..မမမျိုး… ။

ကျွန်တော်… မြစ်ကမ်းစပ်မှာ..အကြာကြီးရပ်ပြီး…မြစ်ရေကို…ငေးနေမိတယ်.. ။

မြစ်ရဲ ့ဟိုဘက်ကမ်းက..တောင်တန်းတွေ…အဲဒီထဲက…ခပ်မြင့်မြင့်…တောင်ကြီးတစ်လုံးကို….

တိမ်ဖြူတွေ… ရစ်ပတ်သွယ်တန်းနေတယ်…မမမျိုးရေ….

ကြည့်ရတာ…အိပ်မက် ဆန်လိုက်တာ… ။

ရေပြင်ကျယ်ကြီး… တောင်တန်းကြီး….ပြီးတော့…တိမ်ဖြူတွေ…

မမမျိုးရေ…. ဟောဒီမှာ…ကျွန်တော်…

အိပ်မက် မက်သလို…မျောသွားပြန်ပြီ… ။

မမမျိုးသာ…တွေ ့ရင်…

”မောင်….အဲဒီလို…စိတ်ကူးအိပ်မက်တွေထဲ..ပြုတ်ကျသွားသလိုမျိုး…မျောပါမသွားစမ်းပါနဲ့ဟယ်…….

မောင့်ကို…ပစ္စုပ္ပန်မှာပဲ…တိတိကျကျ ရှိနေစေချင်တယ်…”

လို ့… ပြောဦးမှာ..သေချာတယ်.. ။

အခုလို…ဘေးမှာ..တစ်ယောက်ယောက် မပါတော့…

ကျွန်တော်တစ်ယောက်…အိပ်မက်တွင်းကြီးထဲ…ပြုတ်ကျချင်တိုင်း… ကျလည်း…

ဆွဲတင်ပေးမယ့်သူ …မရှိဘူး … ။

ကိစ္စမရှိပါဘူး…မမမျိုးရယ်…။

ကျွန်တော်… လက်ရှိ ဖြစ်ပျက်နေမှုတွေထဲကနေ..ဗြုန်းခနဲ… ပျောက်ဆုံးသွားပြီင်္း….

အိပ်မက်ဆန်ဆန်…တွေဝေ…ငေးမော….. အချိန်အတိုုင်းအတာ…မသိ…

ဘာဆိုဘာမှ…မသိတော့ပဲ…ငြိမ်ကျသွားရတာကို… ကျွန်တော်…ကြိုက်ပါတယ် ။

ခဏ…ဖြစ်ဖြစ်… ဒါမှမဟုတ်…ဘယ်လောက်ကြာကြာ…

ကျွန်တော်…မျောပါရစေဦး…. ။

ကျွန်တော်… မြစ်ကမ်းစပ်မှာ…မတ်တပ်ရပ်နေရာကနေ….

မြစ်ရေနဲ ့..ကျွန်တော့်ခြေထောက်တွေ…ထိသွားတဲ့အထိ…ဆင်းလိုက်တယ်…. ။

ကျွန်တော်….ဟိုဟိုဒီဒီလှမ်းကြည့်တော့… မလှမ်းမကမ်းရေစပ်မှာ…

သစ်သားပြားလေးတစ်ခု… ရှိနေတယ်.. ။

ဒီအနီးနားကလူတွေ မြစ်ရေချိုးတဲ့အခါ…ဒါမှမဟုတ်…အဝတ်လျှော်တဲ့အခါ…. အဲဒီသစ်သားပြားလေးပေါ်မှာ…ထိုင်ကြတာနေမှာပေါ့…

ကျွန်တော်.. အဲဒီမှာ.. သွားထိုင်လိုက်တယ်..မမမျိုး… ။

ကျွန်တော်….မြစ်ရေထဲ…ခြေထောက် ဆင်းပြီး..သစ်သားပြားပေါ်မှာ…ထိုင်လို ့… တသွင်သွင်စီးနေတဲ့..မြစ်ရေပြင်ကြီးကို….ငေးးးလို ့… ။

ကျွန်တော်…အိပ်မက်ထဲ..ရောက်နေပြီလား… ။

တိမ်တွေ…. တိမ်ဖြူတွေ….

ကျွန်တော့်ဆီ…လာနေပြီလား… ။

ကျွန်တော်ရှိရာကို..မြစ်ပြင်ပေါ်ကနေ…တိမ်ဖြူတွေ…လာနေပြီ…

အင်းးးး ..

ကျွန်တော်… ကြိုက်တယ်.. ။

တိမ်ဖြူငွေ့ငွေ ့တွေ…..အေးစက်စက် ဖြူလွှလွှနဲ ့…

ကျွန်တော့်ကို..ထိတွေ ့လာတဲ့ အခါတိုင်း…. ကျွန်တော်… ကြိုက်တယ် ။

တစ်သက်လုံး…မမေ့တော့အောင်… အဲဒီတိမ်ငွေ ့တွေ ရဲ ့ အထိအတွေ ့ ကို… ကျွန်တော်…မှတ်သားလိုက်တယ်… ။

ရေပြင်ဟာ…ကြည်နေတယ်…မမမျိုးရေ… ။

မြစ်ကမ်းစပ် …အတိမ်ပိုင်းလေးမှာဆိုတော့… မြစ်ရေကြည်ကြည်လေးအောက်မှာ…ငြ်ိမ်ငြိမ်လေးရှိနေတဲ့…

ကျောက်တုံးကျောက်ခဲလေးတွေကိုတောင် မြင်နေရပါတယ်…မမမျိုး.. .။

သံလွင်ရေဟာ…အေးစက်စက်…လေး… ။

ကျွန်တော့် ခြေထောက်ကို….ဖြတ်တိုက်ပြီး….

ကျွန်တော့်…ညာဘက်ခြမ်းကို…ဆက်စီးဆင်းနေတယ်… ။

အိုးးးး

ရေက..စီးနေတာပဲ…ကိုး…. ။

ကမ်းစပ်နားမှာ… ရေဟာ..ငြိမ်လွန်းလို ့… စီးမနေလောက်ဘူးတောင် ထင်ရတာ… ။

မြစ်ပြင်အလယ်ကို ကြည့်ရင်တော့…သိသာပါတယ်.. ။ ဝေ့ကာဝဲကာ…ရေစီးနေတာလေး…. ။

အော်…မြစ်ရေ….စီးနေပါလား…။

မမမျိုး..ကြားဖူးမှာပေါ့… ။

လူတစ်ယောက်ဟာ… မြစ်တစ်မြစ်မှာ..ရေနှစ်ခါ…ချိုးလို ့မရဘူး..ဆိုတဲ ့စကားလေ….

ဟုတ်တယ်နော်…

ပြီးခဲ့တဲ့တစ်မိနစ်လောက်က… ကျွန်တော့်…ဂျင်းဘောင်းဘီရဲ ့…ဒူးနားလောက်ထိ….ထိတွေ ့တွန်းတိုက်ပြီး…

စီးနေခဲ ့တဲ ့..သံလွင်ကို…

အခု….. အခု….မတွေ ့ရတော့ဘူး… ။

ကျွန်တော် အခုတွေ ့နေတာက….နောက်ထပ်…သံလွင်ရေ…

သံလွင်ရေဟာ…. ဆက်ခါဆက်ခါ…. ပြောင်းလဲ…စီးဆင်းနေတယ်… ။

ကျွန်တော်….ထိတွေ့ကာစက…သံလွင်ကို… ပြန်မြင်ချင်ရင်တောင်….မတွေ ့ရတော့ဘူး..မမမျိုး…ရယ်။

ကျွန်တော်…. အခု…တွေးမိသွားပြီ…. ။

ကျွန်တော့် ဘဝရဲ ့…ဆိုးရွားမှုတွေပဲ..ဖြစ်ဖြစ်…ကောင်းမွန်မှုတွေပဲ..ဖြစ်ဖြစ်…

ဖြစ်ပြီးတာတွေဟာ..ပြီးသွားပြီပဲ… ။

ကိုယ့်အောက်က…ဖြတ်စီးဆင်းသွားတဲ ့…ရေလိုပဲ… … ပြီးသွားပြီ… ။

သွားပြီ…

ဘယ်နည်းနဲ ့မှ….နောက်တစ်ခါ…ပြန် လှည့် ဝင်မလာတော့ဘူး.. ။

ဝင်လာဥိီးမယ်ဆိုလည်း…

အဝင်မခံသင့်တော့ဘူး .. ။

မမမျိုးရေ…. သံလွင်ဟာ… ကျွန်တော့်ကို…

ညီငယ်တစ်ယောက်ကို…လမ်းညွှန်ဆုံးမလိုက်သလိုမျိုး…

ကျွန်တော်…. အိပ်မက်တွင်းထဲကနေ… ရုန်းထလိုက်ပါတော့မယ်…မမမျိုး.. ။

ကျွန်တော်…မြစ်ရေထဲ…..ချဆင်းထားတဲ ့ခြေထောက်ကို ပြန် ရုတ်ပြီး… ကမ်းစပ်ကနေ…ထရပ်လိုက်တယ်.. ။

ကျွန်တော့်မှာ…. သွားရမယ့်..ခရီးတွေ…အများကြီး… ..

လုပ်ရမယ့် အလုပ်တွေ…အများကြီး…. ။

ကျွန်တော်…ခရီးဆက်တော့မယ် … ။
…. …. …. …. …. …. …. …. ….
…. …. …. …. …. …. …. …. …. …. …. ….

 

(ဆက်လက်ရေးသားပါဦးမည် … … … )

မိတ်ဆွေများ…လွတ်လပ်ငြိမ်းချမ်းကြပါစေ…

လေးစားစွာဖြင့်….
အလင်းဆက်(Gazette)

 

16 comments

  • မဟာရာဇာ အံစာတုံး

    July 25, 2014 at 3:40 pm

    ဟကောင်ရ
    မမမျိုး ဆိုတာ ဘယ်သူတုန်း
    ဒေါ်ဖွားမေ မဟုတ်တော့ဘူးလား …
    နင်ကတော့ အပြောင်းအလဲ များပါ့ …

    • alinsett (gazette)

      July 25, 2014 at 3:47 pm

      မမမျိုးဆိုတာလေ
      အဟိ
      ဟိုကနားစီးခေါ်ခေါ်နေတဲ့ မျိုးမမ ဆိုတဲ့ ဦးမျိုးကြီး ဟုတ်ဖူးနော်
      အဟိ

      :mrgreen:

      အမှန်က မမမျိုးဆိုတာ
      အင်းးးး
      မမမျိုးဆိုတာ. . .

      ဒေါ်ဖွားမေ မဟုတ်တဲ့တစ်ယောက်

      😆

      • Myo Thant

        July 26, 2014 at 11:39 am

        မမမျိုးအစား ဦးဦးမျိုး ဖတ်ရှုခံစားသွားပါတယ်ကွယ် ၊ 🙂

        • alinsett (gazette)

          July 26, 2014 at 2:54 pm

          မမမျိုး လာဖတ်ရှု ခံစားသွားတယ်ပဲ မှတ်ပါ့မယ် ဦးဦးမျိုး

          အဟိ

          :mrgreen:

  • Iris

    July 25, 2014 at 3:50 pm

    စာ​ရေးဆြာ​တွေနဲ့မတူတဲ့အ​တွေးနဲ့​ပြောရရင်​. ဘုရားသခင်​​ပေးတဲ့အတိုင်​း​ပေါ့။
    အ​ကောင်​း​တွေက ​ပျော်​ရွှင်​မှု​ပေးသလို ။ အဆိုး​တွေက စိတ်​ကိုရင်​့ကျက်​​စေတယ်​။ ​ရောင်​စုံခံစားချက်​က ဘဝကိုပြည်​့စုံ​စေတယ်​လိုခံယူထားပါတယ်​။ အဲ့ဒီအ​ပေါ်ဘယ်​လိုအ​လျှော့အတင်​းလုပ်​မလဲဆိုတာ​တော့ ကိုယ်​့ရဲ့သတ်​မှတ်​ချက်​​ပေါ့။

  • alinsett (gazette)

    July 25, 2014 at 4:20 pm

    lris ရေ၊။၊

    စကားလေး ကောင်းတယ်ဗျာ ။
    တကယ်ပါ ။
    မှန်ကန်တိကျတဲ့ အလျှော့အတင်း လုပ်တတ်ဖို့. . .လိုတယ်ပေါ့ ။

    😆

    ဖတ်ရှုပေးသွားတဲ့အတွက်ရော
    စကားလက်ဆောင်လေးအတွက်ပါ
    ဇူးဇူးပါ လို့

  • lu lu

    July 25, 2014 at 8:44 pm

    ဒါနောက်တစ်ယောက်ပေါ့
    လောကကြီးမှာလုပ်စရာတွေအများ
    ကြီးကျန်သေးတော့လွမ်းစရာတွေ
    ကိုခနဘေးချိတ်ပြီးပြန်မရနိုင်တော့
    တဲ့အခြေအနေတွေကိုလည်းဘေးချတ် ထား လုပ်သင့်လုပ်ထိုက်တာတွေ
    ကိုအမြန်ဆုံးလုပ်ရမယ် သဘာဝအလှတရားတွေကစိတ်
    သောကတွေကိုကုစားနိုင်စွမ်းရှိပါတယ် 🙂

    • alinsett (gazette)

      July 26, 2014 at 11:14 am

      ဟုတ်တယ်…လုလုရေ…
      သဘာဝအလှတရားတချို ့က…သောကတချို ့ကို…ကုစားပေးနိုင်တယ်… အမှန်ပဲ…ဗျ .. ။

  • အရီးခင်

    July 26, 2014 at 3:29 am

    ကြားရတာ အူ ယား လိုက်တာ။
    သံလွင်ရေ ကို ပြောတာပါ။
    ရေစီး သန်လွန်းလို့။ :-))

    အခါ ၅ဝ လောက် ခေါ်နေတဲ့ နာမည် မပါရင် ပိုပြီး ဖတ်လို့ ကောင်းမယ်။
    lol:-)))

    • alinsett (gazette)

      July 26, 2014 at 11:11 am

      ီအရီး ။။။

      အဟိ….
      ခေါ်ခေါ်ပြီး…ရေးရတာ…အရသာ ရှိနေတာပါရှို..
      :mrgreen:

      သံလွင်ကတော့… တကယ် ရေစီးသန်တယ်ဗျို ့…

  • manawphyulay

    July 26, 2014 at 3:43 pm

    မမမျိုး လာဖတ်သွားတယ်နော် အဲ မွှားလို့
    မမ မနော လာရောက်ခံစားပြီး ရွှေယဉ်မျောဘုရားပေါ်က ဖားစည်ကြီးနဲ့ ဓာတ်ပုံရိုက်ခဲ့တယ်နော်။

    • alinsett (gazette)

      July 26, 2014 at 6:36 pm

      ဟုတ်ကဲ့မမမျိုး အဲအဲ မမမနော

      :mrgreen:

      အဲဒီစေတီတော်ပေါ် သုံးခေါက်တိတိ မိုးမလင်းခင်ရောက်ပြီးပြီ
      မိုးလင်းတဲ့အထိ နေဖူးပြီ။
      သိပ်အေးချမ်းတဲ့ သံလွင်မြစ်ကမ်းဘေးကစေတီလေး

      😆

  • ဦးကြောင်ကြီး

    July 27, 2014 at 4:09 am

    မမမျို း
    လှပဖြို း
    ကားခတိုး
    ညားရခိုး..

    • alinsett (gazette)

      July 27, 2014 at 7:46 am

      ကားက…တိုးသွားတာ.. သိနေပြီလား.. ဦးကြောင်…
      အရင်က…၅ဝ လမ်းပိုင်းက…အခု.. ၁၀ဝ ။
      မင်္ဂလာဒုံ – ဆူးလေ ( ၅၁ ဘတ်စ် )

      🙁

      :mrgreen:

  • ခင်ဇော်

    July 27, 2014 at 9:53 am

    ဟိ၊
    မမ မောင်လေး ဇာတ်လမ်းမှတ်လို့။ :mrgreenn:

    မမမျိုးကို တသလိုနဲ့ ရေးသွားတဲ့ ခရီးစဉ်လေးပါလားကွယ်။
    တကိုယ်တည်း ခရီးထွက်ရလို့ ရှိရင် ကိုယ်ချစ်တဲ့သူတွေ ကြိုက်တတ်တဲ့ ရှုခင်းရှုကွက်တွေမြင်ရင် သတိရတတ်တာမျိုးကို ခံစားလိုက်ရတယ်။
    စိတ်ထဲမှာ အမြဲထည့်ပြီး သွားလေရာ စိတ်ထဲက တိုင်တည်မိနေတာမျိုးပေါ့။

    အဲလို အခြေအနေက သူကိုယ်တိုင် ကိုယ်နဲ့လိုက်ပြီး သွားရတာထက် ပိုကောင်းသလားလို့ ဆက်ဆက်ရေ။
    လူကိုယ်တိုင်ကမှ မလိုက်နိုင်တဲ့ နေရာမျိုးတွေရှိနေဦးမယ်။

    အတူတူသွားရပေမဲ့ ခရီးဖော်ဆီမှာ ကိုယ့်စိတ်မရှိရင်လည်း အဲဒီ ခရီးက အလကားလေနော့။
    :s:

    • alinsett (gazette)

      July 27, 2014 at 1:40 pm

      အစစ်ပေါ့ဗျာ.. ။
      သူကိုယ်တိုင်… ပါလာရင်တောင်…
      သူကိုယ်တိုင် လိုက်မလာနိုင်တဲ့ နေရာတွေ.. ရှိတယ်.. ။

      😆
      —————
      မမမျိုးကို..တသလိုနဲ ့…ရေးသွားတဲ့ ခရီးသွားဆောင်းပါး…ဆိုတာလည်း..အစစ်ပဲ..မမဂျီး.. ။
      ဟုတ်တယ်. ။
      ဆောင်းပါး မဆန်အောင်… ဝတ္ထု ဆန်ဆန်… ရသ ပါအောင်..ရေးကြည့်တာပါ.. ။

      မပြတ်မကွက်…လာဖတ်ရှု ခံစားပေးတဲ့…မမဂျီး..
      စိုင်းစိုင်းနဲ ့..ဓါတ်ပုံတွဲရိုက်လို ့… ရပါဇေ..

      အဟိ
      နောက်ထာ

      :mrgreen:

Leave a Reply