alinsettJuly 25, 20142min37916
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]