nicolus agralAugust 27, 20141min59512
26.8.2014 က နေမကောင်းလို့ အလုပ်ကခွင့်ယူပြီးအိမ်မှာနားနေတယ် အားနေတော့ TV ကြည့်ဖြစ်တယ်လေ I robot ဆိုလားဘာလားပဲ လူသားတွေနဲ့ self learning လုပ်နိုင်တဲ့ စက်ရုပ်တွေကြားထဲက အဖြစ်အပြက်တခုပေါ့ အဲ စက်ရုပ်တွေမှာ လိုက်နာရမယ့် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ဖန်တီးထားတာပဲ ဘာပဲလုပ်လုပ် အခြေခံ စည်းမျဉ်း ၃ ခုနဲ့ မကင်းကွာရဘူး self learning လုပ်ရင်း စည်းမျဉ်းတွေပေါက်သွားတာလေးပါ အတွေးလေးနဲနဲရပါတယ် နောက် အချိန်၏သမိုင်းအကျဉ်းလေးလဲ ဆက်ဖတ်ဖြစ်တယ် အဲမှာလဲတခုက ယခင်ဥပဒေသအဟောင်းတွေကို တရားသေ ဆုပ်ကိုင်ထားသလောက် နည်းပညာ အတွေးအခေါ်တိုးတက်မှုနှေးနေမှာပဲဆိုတာလေးပါ နောက် စာအုပ်ထဲကရေးထားတာတွေကို လက်ခံသင့်မသင့် ကိုယ်တိုင်လဲ ယခင်လက်ခံထားတဲ့ အယူအဆတွေနဲ့ ချိန်ထိုးစဉ်းစားမိပါတယ် ဘာသာရေးတွေ အပါအဝင်ပေါ့ (bud,chr,mus ကိုနဲနဲလေ့လာဘူးပါတယ်) နောက်နေကလဲမကောင်းတော့ […]


Ko out of...August 27, 20141min3087
၁။ လူ့အခန်းကဏ္ဍပျောက်တာဟာ လူ့လောကကို အမိုက်ဆုံး အမှောင်ချလိုက်တာပဲ… ၂။ လိုလားတပ်မက်မှုဟာ လူတွေကိုမငြိမ်းချမ်းစေဘူးဆိုပြီး အရာဝတ္တု အထွေထွေရဲ့ အဖြစ်တွေကို ကြည့်တဲ့ အလုပ်ကိုလုပ်နေကြတယ်…. ၃။ မသိတာတွေထဲမှာ မသိတာတိုရဲ့ မသိဆုံးက ဇာတ်ဝင်ပြီး မိမိကျဆုံးပျက်သုဉ်းတာ မသိတာဖြစ်တယ်…. ၄။ တရားမျတ မမျတတာကို ဘယ်သူကမှ သတ်မှတ်ထားမဟုတ်ဘူး သဘာဝအတိုင်းဖြစ်နေတာဖြစ်တယ်… ၅။ လောကုတ္တရာ တရားမျတမှုကတော့ ကိုယ်လွန်ကျူးရင်ကိုယ်ခံ…ကိုယ်မလွန်ကျူးရင်ကိုယ်မခံရဘူး…သူများအရေးယူတာမယူတာနဲ့ မဆိုင်ဘူး…ကိုယ်က တရားမျတမှုပျက်ကွက်တာကို ဘယ်သူသိသိ မသိသိ အရေး မကြီးဘူး အပြစ်ဟာ အပြစ်ပါဘဲ…


alinsettAugust 27, 20141min40211
  တချို့တွေ… ကျဆုံးကုန်ကြပြီ    မောင်သူရတို့ ရပ်ကွက်ထဲက ဈေးမှာရွှေဆိုင် ၃ / ၄ ဆိုင် ရှိတယ် ။ ဈေးအတွင်းပိုင်းက ဆိုင်တွေရဲ့ အနေအထားကို မောင်သူရ သိပ် မသိပါဘူး ။ ဒါပေမယ့် မောင်သူရကြီး အလုပ်အသွားအပြန် မြင်နေရတဲ့ ဈေးအပြင်ဘက် လမ်းမတန်းပေါ်က ရွှေဆိုင် နှစ်ဆိုင်ရဲ့ အခြေအနေကိုတော့ မောင်သူရ ကောင်းကောင်း သတိပြုမိတယ် ။ တစ်ဆိုင်က ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင် အပေါက်ဆိုးတယ် ။ နောက်တစ်ဆိုင်က သဘောကောင်းတယ်ပေါ့ ။ အဲဒီ သဘောကောင်းတဲ့ ဆိုင်ရဲ့ အနေအထားနဲ့ အပေါက်ဆိုးတယ်ဆိုတဲ့ ဆိုင်… အနေအထားလေးတွေ သိသိသာသာ ကွာသွားတာလေးသတိပြုမိတယ်ဆိုပါတော့ဗျာ.. ။ ………………………………… ဆိုင်နှစ်ဆိုင်ကိုနာမည်တွေတော့ အတိအကျပြောမနေတော့ပါဘူး […]


ေရႊညာသားAugust 26, 20141min962222
အကို့အနေနဲ့ ဒီ Post  က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ…… အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ…. အလင်းဆက် အပါအဝင်   …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်… ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့ မပြောခဲ့ဘူးနော်… ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ… လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်….. တစ်ခုပဲကျွန်တော်ပြောမယ်… မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် … အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ… ကျွန်တော်သက်သေပြတာပါ.. အားလုံးရင့်ကျက်ဖို့လိုပါတယ်.. ကျွန်တော်အပါအဝင်ပေါ့… နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ ခါးအောက်ပိုင်းစာတွေစသဖြင့်ရော… နေရာမရတာတွေရော..စုံလာတယ်.. (၁) […]


alinsettAugust 25, 20142min29914
ဪ… လူရယ်လို့ ဖြစ်လာတာနဲ့ သေမိန့်က ကျထားပြီးသား။ တစ်နေ့ သေရမယ် ။ ဘယ်နေ့လဲ..ဆိုတာသာ သေချာ မသိတာ… ။ ဒါပေမယ့် သေချာ တိတိကျကျသိထားပြန်ရင်လည်း မျှော်လင့်ချက်ဆိုတာတွေ ရည်မှန်းချက်ဆိုတာတွေ မရှိတော့ဘဲ ငါ ဟိုနေ့ သေရမှာ… မသေခင်လေး လုပ်ချင်တာတွေ လုပ်သွားဥိီးမှ ဆိုပြီး…ထင်ရာစိုင်းမိမယ်ထင်ရဲ ့ ။   (အသိနဲ့ ပညာ မြင့်မြတ်သူတွေကတော့ မသေခင်လေး… လောကကို လုပ်ပေးသင့်တဲ့လှပမှုတွေ လုပ်ပေးသွားဦးမှ ပေါ့…လေ။ တစ်ရက် တစ်မနက်လောက်ပဲ နေရတော့မယ်ဆိုရင်တောင်  အကျိုးရှိရှိ နေသွားမယ်ဆိုသူတွေလည်း …ရှိမှာကိုး ။) နေမယ့်အပိုင်းက ထားပါလေ… ။     ပြောချင်တာလေးက… သေမယ့်ကိစ္စ ။   လူရယ်လို့ ဖြစ်လာတဲ့အခါ တစ်နေ့…အိုရမယ်… […]


ေရႊညာသားAugust 22, 20145min186157
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)       ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။ ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။ ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ် မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။ ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။ ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။ မိကေဇီ […]


ဘာရယ်မဟုတ်ပါဘူးဗျာ။ဒီရက်ပိုင်း အလုပ်ကမအား ရေးစရာကလဲမပေါ်။ ဖတ်စရာစိတ်ကြိုက်ကလည်းမတွေ့။ ဒါနဲ့ကိုသူရတင်တဲ့ပိုစ့်တပုဒ်ပေါ်လာတော့ ဝင်ဖတ်ကြည့်။ ဝင်ပြီးနဲနဲလျှာရှည်။ အဲဒီမှာသူကြီးနဲ့ညှိတော့တာပဲ။ မအားပါဘူးဆိုနေမှ လောဂျစ်သလေးဘာလေးနဲ့ကွန့်နေလိုက်တာများ။ ပြန်ရေးမယ်လုပ်တော့ ကော်နရှင်ကကျ။ ဟိုမရောက်ဒီမရောက်နဲ့။ ကိုသူရပိုစ့်ထဲဝင်ရေးလို့မရလဲ ပိုစ့်အနေနဲ့တင်မယ်ဆိုပြီး ရှားရှားပါးပါး အားတုန်းပိုစ့်တပုဒ်အနေနဲ့တင်လိုက်ရတာပါ။ (အမှန်ကသူကြီးနဲ့သိပ်မဆိုင်ပါဘူး။ သူကြီးပြောတာနဲ့ရေးစရာတခုသတိရ သွားလို့ပါ ) သူကြီးကြောင့်ရေးစရာတခုသတိရသွား စေတဲ့စကားကတော့(အတိအကျတော့ ကော်နရှင်မကောင်းလို့မကူးလိုက်ရ) “လော့ဂျစ်အရ ပညာလိုချင်ရင် ငွေရှာ ပညာတတ်လေလေ ငွေရလေလေ” ဟိုးးးးရှေးးးး ရှေးးးးး တုန်းကပေါ့ဗျာ။ မောင်ဘ နဲ့ မောင်လှ ဆိုသော သူငယ်ချင်း နှစ်ယောက်ရှိလေသည် အဲသလိုနဲ့ပဲအပြင်ကလူတွေရဲ့နာမည် ရင်းကို လွဲပြီးပြောရပါတော့မယ်။ အဲသည်နှစ်ယောက်သည် အသက်တူ အခြေအနေတူ အိမ်နီးချင်းများဖြစ်ကြလေသည်။ မောင်ဘသည် စာတော်သည်။ကြိုးစား သည်။စာမေးပွဲဟူသမျှ အဆင့်တစ်ချည်း သာတည်း။ ရုပ်ရည်အသင့်အတင့်နှင့် မိဘသွန်သင်မူ့အောက်မှတသွေမတိမ်း ဘဝခရီးလမ်းကို မှန်မှန်လျောက်လှမ်းရင်း မိဘကဲ့သို့ပင် […]


KyaemonAugust 18, 20144min7579
အိန္ဒိယဝန်ကြီးချုပ်ရွေးကောက်ပွဲမှာNarendra Modi  နာရိန်ဒ မိုဒီ က မဲဆန္ဒအပြတ်အသတ် အနိုင်ရခဲ့ပေပြိ၊ Gujaratဂူဂျာရတ် ပြည်နယ်ဝန်ကြီးဘဝ ကပင် ယင်းပြည်နယ်ကိုတိုးတက်အောင်ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့လို့ လူကြိုက်များပြီးလူထုတွေကကြည်ညိုလေးစားကြတယ်၊   ခုတင်မှာက ပြည်နယ်ဝန်ကြီးဘဝ က စွန်လွှတ်တဲ့ပုံတွေပါ၊ ရုပ်ရှင်မင်းသား Salman Khan ဆလ်မန် ခန်နဲ့အတူ ဂူဂျာရတ်ပြည်နယ် Ahmedabadအမီဒါဘဒ် မြို့ Sabarmati ကမ်းခြေက ကမ်ဘာ့ စွန်လွှတ်ပွဲကျင်းပ ရာမှာ မိမိရဲ့စွန်လွှတ်တဲ့ ဝါသနာနဲ့စွမ်းရည်ကိုပြခဲ့တယ်၊ မိမိရဲ့ပြည်နယ်အတွက် ကမ်ဘာ့ ခရီးသွားဧည့်သယ်လုပ်ငန်း ဝင်ငွေစီးပွါး တိုးဘို့လဲပါတယ်၊             အကြောင်းအရာများစွာ အနက်မှ စွန်လွှတ်လို့ (တနည်းဆိုသော် လူထုနဲ့ တသားထဲထပ်တူနေနိုင်၊ အကျိုးဆောင်နိုင်လို့)လဲ၊ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အကြောင်း တချက်လို့ ဆိုနိုင်တယ်၊ နိုင်ငံရေးသမားများ […]


alinsettAugust 7, 20141min46717
    ဟိုဟိုဒီဒီ…လျှောက်သွားတတ်သူ… ဟိုဟိုဒီဒီရောက်သွားတိုင်း… တွေ ့ရသမျှကို…ဟိုဟိုဒီဒီ…လျှောက်တွေးမိတဲ့သူ.… ။ တွေးမိသမျှကို.. ဟိုလိုလိုဒီလိုလိုနဲ ့…ချ ချရေးပြီး… ဟိုလူဒီလူတွေ… ကိုယ်ရေးထားတာကိုဖတ်ပြီးဘာများပြောကြလေမလဲ..လို ့… သိချင်လာပြန်သူ..… ။ ဒါနဲ ့ပဲ… အခုလိုဟိုဟိုဒီဒီအတွေးတစ်စ… ရေးပြမိပြန်တယ်…ဆိုပါတော့… ။ ……………………………………………………………………………………………………………… ကျွန်တော့်အမြင်တွေပဲ…စောင်းနေလေသလား… ။ ဒါမှမဟုတ်… သူတို ့ သူတို ့…အမြင်တွေကပဲ…စောင်းနေလေသလား.. ။ သေချာတာတော့… ကျွန်တော်က. . . သူတို ့သူတို ့…အများစုရဲ ့ အမြင်ကို… မှားတယ်..လို ့ ပြောရမှာတော့… ခပ်လန့်လန့်ရယ်… ။ အများညီလို. ..”ဤ”ကို”ကျွဲ”လို ့ သံပြိုင်အော်ဟစ်နေကြပြီပဲ… ။ (ဒါမှမဟုတ်… ကျွန်တော်ကများ… ကျွဲကို…ဤ ထင်နေတာလား… ။ အမှန်တရားတော့…ရှိလိမ့်မယ်…) […]


Foreign ResidentAugust 3, 20148min103733
စဉ်းစားကြစေလိုပါတယ် ( ၇၆ ) ( စဉ်းတောင် မစဉ်းစားချင်တော့ပါဘူးကွယ် )   အင်းးးးး ။ အဘ လဲ အခု ရွှေပြည်ကြီး ကို ပြန် ရောက်နေလို့ ၊ ရွှေပြည်ကြီး ရဲ့ Super Fast Connection ကို ၊ ( သေချင်လောက်အောင် ) စိတ်ကုန်လွန်းလို့ ၊ ဘာ Post တစ်ခုမှ မရေးဘဲ ၊ ငုတ်တုပ်ထိုင်နေတာ ။   အောက်က သတင်းလေးကို ဖတ်မိလို့ ၊ ရွာသူားတို့ရဲ့ ဗဟုသုတ အလိုငှာ အသိပေးသင့်တယ် ထင်လို့ ၊ ဒီ Post လေးကို ကောက် ရေး / […]


ကုိ ထြဋ္July 25, 20141min47511
သိထားသင့်သော ဗဟုသုတ   ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့         အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….   ဟုတ်ပါတယ်.. စမ်းဖူးတယ်.. စိတ်ကြောင့်လား..တကယ်လားတော့ မသိ.. သက်သာတယ်…   ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….   ဒါလဲ ဟုတ်တယ်.. စမ်းဖူးတယ်.. ဖုန်းပြောတာတော့ ဟုတ်ဘူး.. သီချင်းနားထောင်တာ ပိုကျယ်တယ်… စမ်းကြည့်…   ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ […]


NovyJuly 23, 20141min58217
“ငါ့အတွက်တော့”   ငါ့အတွက်တော့ မင်းဟာကောင်းကင် မင်းရှိမှ ငါ့အတွက် အလင်းရှိမယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါ့အတွက်တော့ မင်းဟာမြေပြင် မင်းရှိမှ ငါ့အတွက် ရပ်တည်နိုင်မယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါ့အတွက်တော့ မင်းဟာအရှင်သခင် မင်းရှိမှ ငါ့အတွက် တင့်တည်နိုင်မယ် မင်းအတွက်တော့ ငါဟာဘာလဲ   ငါကမင်းကို ဘာတွေနဲ့ တင်စားတင်စား ခိုင်းနှိုင်းပဲပြုပြု မင်းအတည်မပြုလည်းရတယ်   မင်းအတွက်တော့ ငါဟာ မင်းပဲဖြစ်ခွင့်ရပါရစေ     နိုဗွီ (နှလုံးသားဖြင့် ကမ္ဗည်းတင်)