နေသားမကျနေရာမမှန်မှုတွေနဲ ့ဘဲ ကိုယ့်ဘဝက ၂တန်းကျောင်းသားဖြစ်လာခဲ ့ပြီ..။ အတန်းကျောင်းတက် ရသလို ဘာသာရေးကျောင်းကလဲ တက်ရသေးသည်၊ မြန်မာ အတန်းကျောင်းပြီးလို ့ခဏလေး အစာပြေစားပြီး ဗလီက အချက်ပေးခေါင်းလောင်းသံကြားတာနဲ ့ သွားတက်ရခြင်းပင်..။အခြေခံအတန်းတက်ရတာဘဲ ဖြစ်သည်။ ကျောင်းဆင်းပြီးရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ ့ကစားနေကျ။ အဲဒီနှစ်မှာဘဲ အဒေါ်တွေက ရုပ်ရှင်ပြသရေးလုပ်ငန်းကန်ထရိုက်ဆွဲတော့..ရုပ်ရှင်လုပ်ငန်းကလူတွေနဲ ့ခင်မင်ခဲ ့ ရသည်..။ ထိုအထဲမှာ ရုပ်ရှင်အော်ပရေတာလုပ်သော ဦးခင်မောင်ဝင်းမိသားစုက ဗလီကျောင်းမြေတွင် အပို ဆောက်လုပ်ထားသော အိမ်မှာ ငှားနေကြသည်.။သူ ့မှာ သားသမီး၃ယောက်ရှိပြီး.ကျနော်နဲ ့ရွယ်တူယောကျင်္ား လေးက တစ်ယောက် ပြီးတော့ ကျနော့်ထက်တနှစ်ငယ်သော မြိုင် ..ပြီးတော့ နောက်အငယ်လေးတစ်ယောက်..။ မြိုင့်အကို ဇော်ဝင်းနဲ ့က ရွယ်တူ ကစားဖက် ဖြစ်ပေမယ့် ကျနော်တို ့ကစားတိုင်း ကန့်လန် […]