မညှာမတာချစ်ခဲ့တဲ့ နာဂစ်ရဲ့ ကျနော်တို့ရပ်ကွက်အတွက် လက်ဆောင်မွန်ကတော့ တာဝါကရိန်းအကျိုးကြီးပေါ့ဗျာ ၊ ဒိုင်းမွန်းကွန်ဒို ဆောက်ရင်းတန်းလန်း အဲဒီ နာဂစ်ညမှာ ပြည်ရိပ်မွန်တိုက်တစ်လုံးအပေါ် ကျိုးကျခဲ့ပါတယ် ၊ ကျနော့် အသိ ကိုအောင်ကြွယ်ရဲ့ ဆလွန်းကားလေးခမျာ ရစရာကို မရှိခဲ့ပါဘူး ၊ အဲဒီညမှာ အဲဒီနေရာ ရပ်မိတာကို မှားတယ်ပဲ ဆိုပါစို့ ၊ သူက စမ်းချောင်းမှာနေပြီး အဲဒီညကျမှ ရပ်ကွက်ထဲက ဘော်ဒါတွေနဲ့ လာဝိုင်းဖွဲ့ပြီး မပြန်ဖြစ်တာပါ ၊ အဲဒီ တာဝါကရိန်း အပိုင်းပိုင်းကြီးကို စီမံကိန်းမြေပုံထဲမှာ ကလေးကစားကွင်းဆိုပေမယ့် စားမဝနိူင်တဲ့ လူကြီးမင်းများ ဝေငှခွဲယူထားတဲ့ မြေကွက် ၂ ကွက်မှာ ပစ်ထားခဲ့တာ အခုမှ ပြန်လာသယ်ပါတယ် ၊ လူကြီးမင်းများ အဆင့်ဆင့်ရောင်းစားထားတဲ့ အဲဒီအကွက်တွေမှာ ၈ ထပ်ကွန်ဒိုတွေ လာတော့မှာမို့ […]