ဖေဖေတို့ငယ်ငယ်က ရွာဘုန်းကြီးကျောင်းမှာ စာသင်ရတာပေါ့ သူငယ်ချင်းတွေအများကြီးနဲ့တဲ့ အဲဒီထဲမှ မြတ်ဦးဆိုတဲ့လူကတော့ ရွှတ်နောက်တတ်သလို ခပ်တည်တည်တစ်မျိုးလဲနေတတ်၊ ပရိယာယ်လဲ ကြွယ်ဝသူတစ်ဦးပေါ့။ ရွာဦးဘုန်းတော်ကြီးက၊ ဒေါသလဲနည်းနည်းကြီး၊ စာသင်လဲကောင်း၊ စည်းကမ်းလဲရှိဆိုတော့ ကျောင်းသားတွေ ချစ်ကြောက်ရိုသေရတာပေါ့။ အဲဒီထဲမှ မြတ်ဦးဆိုတဲ့ လူတစ်ယောက်က ဘုန်းတော်ကြီးရှေ့မှာဆိုရင် ဘယ်တော့မှ ကြက်ဥမစားဘူးတဲ့။ ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကြော်မစားဘူးလို့ ပဲ လူအများနဲ့ဘုန်းတော်ကြီးက သိထားကြတာပေါ့။ အဲဒီလို ကြက်ဥ မကြိုက်ပါဘူး။ ကြက်ဥကြော်မစားပါဘူးဆိုတဲ့ မြတ်ဦးဟာ ကျောင်းမှာ ရှိတဲ့ ကြက်တွေက ပေါက်တဲ့ကြက်ဥတွေကို အမြဲလိုလို ယူကြော်စားနေခဲ့သတဲ့။ တစ်နေ့ ဘုန်းတော်ကြီးဟာ ကြက်ဥတွေ အမမြဲပဲ ပျောက်ပြီး ကြက်ဥတွေမရှိမှန်းလဲသိရော အရမ်းစိတ်တိုပြီး ကြိမ်တုတ်ကိုင်ကာ ဒီလိုခေါ်လိုက်သတဲ့။ ” မြတ်ဦးနေခဲ့ ကျန်တဲ့သူအကုန်လာခဲ့” ဖေဖေပြောပြဖူးတာလေးပါ ။ ဖေဖေပြောပြတုန်းကတော့ အူတက်လောက်အောင်ရယ်ခဲ့ရတယ်။နာမည်တူရှိရင် ခွင့်လွှတ်ပါနော်။