Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကိုရီးယားမှာ လူသတ်သမားတစ်ယောက်ကို ဖမ်းမိပြီတဲ့ အဲ့သည်လူသတ်သမား လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးမှ သတ်တာဆိုပဲ။ လူအားလုံးကို သူ့ကိုမုန်းကြတာ အခုတော့ဖမ်းမိသွားပြီတဲ့။ ဒါလည်း သူ့အလုပ်မဟုတ်ပါဘူးလေ။ သူ့အလုပ်က သူ့ကုန်တင်ကားလေးနဲ့ ကုန်တွေတင်မယ်။ သူ့အမေနဲ့သူ့သမီးလေးအတွက်ပိုက်ဆံရှာမယ်။ သူ့သမီးလေးကလည်း မွေးရာပါနှလုံးမကောင်းရှာဘူး သူ့အမေဆီက ရခဲ့တဲ့ အမွေတွေပေါ့ သူ့အမေလည်း ဒီရောဂါနဲ့ပဲ သူနဲ့သူ့သမီးလေးကို ထားသွားခဲ့တာလေ။ သူ့သမီးလေးအတွက် ရုန်းကန်ရမှာပေါ့။ ဆိုးလိုက်တဲ့ကံကြမ္မာက သူ့သမီးလေးဆီထပ်ရောက်လာပြီ။ နှလုံးအစားထိုးရမယ်တဲ့။ အလှူရှင်လည်းအဆင်သင့်။အဆင်သင့်မဖြစ်တာက ငွေ ဆရာဝန်ပြောလိုက်တဲ့စကားက ခွဲစိတ်ဖို့လိုတဲ့ငွေကို ခင်ဗျား မရရအောင်ရှာခဲ့ပါတဲ့။ သူ့သမီးလေးအသက်ရှင်ဖို့ သူငွေလိုတယ်။ ငွေချေးလုပ်ငန်းတွေ သူလိုက်ချေးတယ်။ ရသမျှ ရှာတယ် ဒါပေမယ့် ခွဲစိတ်ဖို့လိုတဲ့ငွေက မပြည့်ပါဘူး။ သူဘာလုပ်ရမလဲ….။ လောင်းကစားမမက်တဲ့သူ လောင်းကစားသူငယ်ချင်းတစ်ယောက်ဆီမှာ ငွေချေးတယ်။ ပိုက်ဆံတွေပွာပေးမယ်ဆိုတာနဲ့ သူလိုက်သွားမိတယ်။ ယုတ်မာတဲ့ သူ့သူငယ်ချင်းက တစ်ဖက်လှည့် […]


KyaemonJuly 2, 201710min5160
ချုံကင်း  Chongqing အဆက်       Tourist Attraction    အကုန်ပျောက်၊သင်္ဘောတွေသွားလို့မရတော့ဘူး၊   (ယန်ဇီမြစ်ကောလို့)” Tourist Attraction(ကြည့်စရာရှူခင်းနေရာတွေ) အကုန်ပျောက်၊သင်္ဘောတွေသွားလို့မရတော့ဘူး၊” ဆိုပြီးမိုးဇလညွှန်ချုပ်ဟောင်း ဦးထွန်းလွင်ကဟောပြောပါတယ်၊   (ဒါလဲမဟုတ်မမှန်ပါ၊ ဖော်ပြပြီးတဲ့အတိုင်းယန်ဇီမြစ်ကမကောပါ။ (ကြည့်စရာရှူခင်းနေရာတွေ Tourist Attractions)   ရှိပါတယ်၊   သွားနေတဲ့သင်္ဘောတွေ လဲ စုံလို့ဘဲ၊         ချုံကင်း နားကယန်ဇီမြစ် ရေတွေကို၎င်း၊ခရီးသွားသင်္ဘောတွေကို၎င်း၊ လိုက်ပြရင်း တရုပ်ပြည်ကိုလိုက်ကြည့်ရတာပေါ့၊ ဦးထွန်းလွင်က တော်တော်လေး လွဲချော်မှားယွင်းနေကြောင်းမြင်တွေ့ရပါမယ်၊     ———–   ဦးထွန်းလွင်က ယန်ဇီမြစ်ကောတော့မယ်ဆိုပြီး ၂၀၁၁ မှာ ဟောပြောခဲ့တယ်၊ ၎င်း မတိုင်ခင်ကထဲကနေခု ၂၀၁ရ ခုနှစ်အထိမှာ သင်္ဘော ကြီးငယ်တွေက […]


aye.kkJuly 2, 20171min3534
ကိုယ့်မှာသူတစ်ပါးကိုအထင်သေးတဲ့စိတ်ထားရှိခဲ့ရင် ကိုယ့်ကိုယ်သူတစ်ပါးကပြန်အထင်သေးတာခံရမယ်ဆိုတာ သေချာသလောက်ပါပဲ။ အထင်သေးတဲ့စိတ်ကလေးက မှန်နေတဲ့တရားကိုအမှားတရားဖြစ်စေပါတယ်။ သူတစ်ဖက်သားကို၊ကိုယ့်အနေနဲ ့အသေအချာမသိနားမလည်ပါပဲ အထင်သေးမိတယ်ဆိုပါလျှင်၊သူတော်ကောင်း,မိတ်ဆွေကောင်းအဖြစ်ကနေ မိတ်ဆွေဖြစ်ခွင့်လည်းဆုံးရှုံးသွားစေပါတယ်။ လူလူချင်းအထင်သေးခြင်းကင်းဝေးမှသာစိတ်ချမ်းသာမှုရရှိစေနိုင်မှာပါ။ အထင်သေးခြင်း၊အချင်းချင်းကင်းဝေးကြပါစေ။။။          


ဦးကျောက်ခဲတို့ ကျောင်းသားဘဝက ကွင်းဆင်းရတာ့မယ်ဆို ပျော်လည်းပျော်တယ် စိတ်လည်းပိန်တယ်ခင်ဗျ ။ ပျော်တယ်ဆိုတာက ကျောင်းနေဘက် ဘော်ဒါတွေတလှေကြီးနဲ့ လွတ်လွတ်လပ်လပ်ခရီးထွက်ရတာရယ် ၊ မရောက်ဖူးတဲ့ တောကြိုအုံကြား သွားရတာရယ်ကြောင့်ပါ ။ ညဘက်ဆို ဆရာတွေမသိအောင် ခြင်ထောင်တွေ ပိတ်ကာပြီး အံစာခေါက် ဖဲခိုးရိုက်လို့ရတာလည်း ပါတာပေါ့လေ ။ စိတ်ပိန်တယ်ဆိုတာကတော့ အထွေအထူးပြောစရာမလို အနေအစား ဆင်းရဲလို့ခင်ဗျ ။ ယောက်ျားလေးမို့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ရတာ ထူးထူးထွေထွေ ကိစ္စမရှိလှပေမယ့် ဝါးတီးမကောင်းတာတော့ အတော် ဆယ့်တစ်ကျပ်ကျဖို့ကောင်းတဲ့ အမှုဗျို့ ။ လူတွေက တနေကုန် ပင်ပင်ပန်းပန်း ကွင်းဆင်း ကျောက်နမူနာရှာ သယ်ရပိုးရတဲ့အထဲ ခါနာမဂွဒ်ရင် ရူပါက မလန်းဘူးလေ ။   ကွင်းဆင်းရိက္ခာ ဆိုတာကလည်း ရန်ကုန်က ဝယ်ပြီးသယ်လာတဲ့ ဘဲဥသေတ္တာလိုက်နဲ့ ညောင်ပင်လေးဈေးက ငါးကွမ်းရှပ်ခြောက် […]


ဇီဇီJune 29, 20173min202733
:k: ငရုတ်သီး ကိစ္စလေးပဲ ရေးမလို့ပါ။ (ဟွာ၊ သိပြီးသားလူတွေကတော့ သည်းခံပေါ့နော့။ ဆရာလုပ်တာဟုတ်ဖု၊ ကွကိုယ်လည်း အရင် က လည်တယ်တယ်မို့ ချက်စားကောင်းမှန်းမသိ အစိမ်းမစားကောင်းမှန်းမသိ ဖြစ်ဖူးလို့ သိသလောက်လေး ပြောပြောမှာ) ကိုယ်က အစပ်/ငရုတ်သီး ကြိုက်သမား ဆိုတော့ လေ့လာထားရတာ။ ဘာရယ်မဟုတ်၊ အသည်းကင်ဆာတို့ အစာအိမ်ရောဂါတို့ တရားခံက သူထဲက ပါတဲ့ မှို လို့ လက်ညှိုးထိုးကြတာများတော့ ကြည့်စားရတာတယ်။ သတိနဲ့ စားရတယ်ရယ်။   ချက်နည်း၊ ထောင်းနည်းတွေ ပြောမှာလည်းမုန့်ဘူး။ အာ့ဒါ နောက်တစ်ပတ်အတွက် သတင်းစာအတွက် ဟောင်ကောင်က လူဂျီး တာဝန်။ အာဟိ။ :k: ကိုယ်က ငရုတ်သီး အကြောင်းလေးပဲ ပြောပြမှာ။ ပျမ်းမျှခွဲလိုက်ရင် … . . ဒါက […]


padonmarJune 28, 20171min108318
တချိန်က မိတ်ဆွေ အိမ်မှာ သူ့အဖေစုဆောင်းထားတဲ့ ဆင်းတုတော် အမျိုးမျိုးကို ဖူးတွေ့ရပြီး အားကျမိပါတယ်။ ရောက်လေရာမှာ အခွင့်သင့်ရင် ဆင်းတုတော်တွေ ဝယ်ယူ စုဆောင်းသလို မိတ်ဆွေတွေဆီက လက်ဆောင်တွေကလည်း ဆင်းတုတော်တွေ ဖြစ်နေတတ်ပါတယ်။ မြဘုရား ပုံတူပလပ်စတစ် ဆင်းတု၊ကမာကူရဘုရားပုံတူသံဆင်းတု ၊မဟာမြတ်မုနိပုံတူ ခရစ်စတယ် မီးလင်းဆင်းတု (ဒါပေမယ့် တရုတ်လုပ်ထင်ပါတယ်) အမျိုးမျိုးပါပဲ။ ဒီဆင်းတုကတော့ ရွှေရောင်ပါ။ ထိုုင်ဝမ် သမဏသုခတောရ ဖားအောက်ကျောင်းမှာ ထိုင်ဝမ်လူမျိုးဆရာတော် ဦးသောပါက လှူထားတဲ့ ဆင်းတုတော် အမျိုးမျိုး အရွယ်ရွယ်အစားစားထဲက မည်သူမဆို ကြိုက်ရာ ပင့်ဆောင်ပူဇော်ခွင့် ရှိပါတယ် (အလွန် သပ္ပါယ်ပါတယ်) ဒီလို အလှူတွေ လက်ခံရတာ အလွန် ဝမ်းမြောက်ပါတယ်။ ကိုယ်လည်း သူများကို (သိသူကိုဖြစ်စေ၊မသိသူကိုဖြစ်စေ) ပူဇော်လိုသူတိုင်းကို ဆင်းတုတော်တွေ လှူဒါန်းနိုင်တဲ့ ဒါနရှင် […]


ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး ကိုယ်လက် မသန့်စင်ခင်မှာ ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့ ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။ အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။ :k: ပြောချင်တာက အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ ထိုင်ရတာ အရသာတစ်ခုခု လျော့နေသလို ခံစားမိတဲ့ကိစ္စ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင် တခြားသူတော့ ဘယ်လို အိမ်သာထဲ ဝင်တယ် မသိ။ ကျွန်တော်ကတော့. . . အိမ်သာထဲ ဝင်ရင် […]


padonmarJune 27, 20171min116545
အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။ ဘဝတွေကူးသွားတဲ့အခါမယ်.. အဲဒီသိမ်းထားတဲ့ မှတ်ဉာဏ်ဘယ်လိုသယ်သွားသလဲ ဆိုတာလည်း သိချင်လို့..။ စိတ်ကော၊ရုပ်ကော ဖြစ်ရပ်ပျက်ဆိုတော့ ဦးနွေဦး ပို့စ်ထဲ သူကြီးက အဲသလိုမေးတော့ ကိုယ်တယောက်တည်း ဒီလက်ပေါက်ကပ်တဲ့ သူကြီးနဲ့ သူများပို့စ်နဲ့ မဆီမဆိုင်အပြန်အလှန်ငြင်းမယ့်အစား အဖော်အပေါင်းနဲ့ ငြင်းရအောင် ပို့စ်အဖြစ်တင်ပါတယ်။ (သူကြီးဆီက ပွိုင့်ရအောင်ရောပေါ့.ဒါမှ ကိုဘလက်ကို မြန်မြန်ကျော်မှာ) စိတ်ဝင်စားရင် လာမန့်ပြီး မုန့်ဖိုးပေးပါ။ (၁) နွေဦး says: “အဘိဓမ္မာအရ.. မှတ်ဉာဏ်ဆိုတာ ဘယ်လိုသိမ်းထားသလဲ သိချင်လို့ အမတော်ရေ..။” ဆိုတာ နည်းနည်းတော့ရှင်းရခက်ပေမဲ့ အလွယ်ပြောရရင် မီးသီး တလုံး မှာ မီးလင်းအောင် လျှပ်စစ်ဓါတ် ဝင်တယ် ။ပြီး မီးပိတ်သွားတယ်. လျှပ်စစ်ဓါတ် က မကျန်ဘူး.. ဒါပေမဲ့ မီးသီးပူပြီး […]


KyaemonJune 26, 201713min5650
  မိုးဇလညွန်ချုပ်ဟောင်းက ဟောပြောခဲ့တာက     ဒါတွေက “ကွက်ပြောတာတွေဖြစ်လို့” မဟုတ်မမှန်ပါ၊အကြီးအကျယ်မှားယွင်းနေပါတယ်၊   မျက်ကန်း၆ဦးနဲ့ဆင်တကောင်လို”ကွက်ပြောတိုင်း”ဆိုရင်ဘယ်တော့မှမမှန်ပါ။   မှန်သလိုလိုနဲ့မှားနေပါတယ်၊   (မြစ်ဆုံကအမှားနဲ့အမှန် # ၃၁ မှ # ၃ရ ထိဆောင်းပါးတွေမှာ ဦးထွန်းလွင်ရဲ့လွဲမှားတာတွေ အချို့ကိုထောက်ပြခဲ့ပြီးပါပြိ၊)      ရှေးလူကြီးပြောသလို ဦးထွန်းလွင်က “ဆင်ကန်း တောတိုး”သလိုဖြစ်နေပါတယ်၊   မှန်သယောင်ယောင်နဲ့စင်စစ်က မပြည့်စုံပါ၊ သချာအောင် မ လ့လာတာ ကြာင့်  လုံးဝမှားနေပါတယ်၊    “The Truth, the whole truth, and nothing but the truth” ဆိုတာကြားမိမှာပေါ့၊ တချို့တဝက်ကို ထိန်ချန်တာ၊ကျန်ရစ်ခဲ့တာ ဆိုရင် အမှန်တရားမဟုတ်ပါ၊ ဥပမာ၊ မစ်တစင်းလုံးမကောပါဘဲနဲ့ကောတယ်လို့ပြောရင် ဒါကမုသားလို့သတ်မှတ်ကြတယ်၊”  […]


နွေဦးJune 26, 20171min117722
” အဘရေ့.. ကျွန်တော်တော့ ဒီကောင်ကြီး  နှစ်ကောင် နသတ်ရုံ ထုတ်လိုက်တော့မယ်ဗျာ..   ” ကိုတိုးကြီး ပြောလိုက်တဲ့ စကားကြောင့် အဘ မောင်တင် တွေဝေသွားတော့တယ် ။ ခုတလော အသက်ကထောက် လာတော့ အလုပ်တွေကို သူ့သားကိုတိုးကြီးကို လွှဲတန်သလောက်လွှဲ နေပြီ..။ ဒီစပါးတရာသီ ကစလို့ သူ့သားကို ဦးစီးပြီး လုပ်ခိုင်းတော့မလို့ ပြောနေကြရာကနေ ကိုတိုးကြီး ပြောလိုက်တာပါ ။ ” ဟေ… ဝန်ပေါ့တော့ ဆွဲခိုင်းလို့ရသေး မဟုတ်လား..  ” ” အဘရာ.. ခိုင်းရမှာနဲ့ ကျွေးထားရမှာ မကိုက်တော့ဘူးဗျ.. အဘ ကောင်ကြီးတွေက  ကျနေပြီ. ခုနေ ပွဲစားလက်ထည့်ရင်တောင် ဈေးရမှာ မဟုတ်တော့ဘူး..” ” တို့နဲ့ အတူရုန်းလာတာ ကြာပြီလေ..  ” ” ဗြာတစ်ရှဉ်းက ဒီမိုး ခိုင်းရပြီလေ.. နနီတစုံကလဲ ဒီနွေဆို […]


ကျောင်းဖွင် ့ရာသီ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်း သွားလာနေတာတွေ ့ရတော ့ ခုခေတ်ကျောင်းသားလူငယ်တွေ ကျောင်းတက်သွားလာရတာ အဆင်ပြေလာကို တွေ ့ရတော ့ တောတွင်းပျော် ငယ်ဘဝတုန်းက နယ်က ကျောင်းလာတက်ကြတဲ ့ သူငယ်ချင်းတွေကို သတိရလာပြန်တယ်။ ခုတောတွင်းပျော်နေတဲ ့ ဒေသက အရင်က အနက်ရောင်နယ်မြေ ဒါမှမဟုတ် အညိုရောင် သတ်မှတ်ခံရတဲ ့ရွာ။ ဟိုတုန်းက ကျေးရွာတွေတိုင်းမှာ စာသင်ကျောင်းရှိဖို ့ဆိုတာ အလွန်ခက်ခဲပါတယ်။ နှစ်ရွာပေါင်း သုံးရွာပေါင်း ခနော်ခနဲ ့ စာသင်ကျောင်းတစ်ကျောင်းဆိုသလို။ ကျောင်းဆရာ/မ ဆိုတာကလည်း ရှားတယ်။ ဟိုတုန်းကများဆို ၈ တန်းအောင် ရွာခန် ့ ဆရာ/မတွေ ရဖို ့တောင် အနိုင်နိုင်။ မိဘတွေဆိုတာကလည်း စာမတတ်တာတွေများတော ့ သားသမီး […]


black chawJune 25, 20171min497243
မအေးသောင်း တဲ့။ ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။ ဘယ်သူများလဲလို ့ စုံစမ်းလိုက်တော့ အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။ ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ ကြာ ကြာလှပေါ့။ ခင်ဗျာ အခုမှ ပေါက်ရရှာ။ အရွယ်တော်တဆိတ်ဟိုင်းကာမှ ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့ မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။ ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး တစ်ယောက်နဲ ့ဆွေးနွေးတော့ ဟိုတုန်းက မအေးသောင်းက ဟော့ရှော့တွေ ဝတ် ဆိုသကိုး။ ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့ အကြည်ဓါတ်ပါတဲ့ မျက်နာလေးက ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။ အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့ မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့ လူပျိုကြီးရဲ ့နှလုံးသားကို အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ […]


( တောအကြောင်း တောင်အကြောင်း – 3 ) တောနက်တွင်းမှ လုပ်ကြံမှု ဒီလို စာသားခေါင်းစဉ်နဲ ့ စလိုက်တော ့နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားတတ်ကြတဲ ့ မိတ်ဆွေတွေ တချိန်က ABSDF ( မြောက်ပိုင်း ) ကျောင်းသားအဖွဲ ့တွေရဲ ့ ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် မသတီစရာ ပွဲစဉ်ကြီးကို မြင်ယောင်မိကြမှာပါ။ တကယ်က ဘာမှမဆိုင်ပါဘူး … ကိုယ် ့ Post လေးကို လူတွေစိတ်ဝင်စားအောင် စကားခင်းတာ ??? ၂၀၀ရ ဖေဖော်ဝါရီလနှောင်းပိုင်းလောက်မှာ Sungai Mas နယ်မြေကို ကျနော်အပါအဝင် လူ ၅ ယောက် စခန်းပြောင်း ရှေ ့ပြေးအနေနဲ ့ရောက်သွားခဲ […]