kaiDecember 20, 20221min76000
ယခင်လက အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ဖြစ်လာမဲ့ ခလေးငယ်လေးများနဲ့ သင့်တော်တဲ့ စာအုပ်လေးများကိုလက်လှမ်းမှီသမျှ ဖော်ပြပေးခဲ့ပါတယ်။ ယခုလမှာတော့ မကြာခင်မှာ မိသားစုရဲ့တာဝန်၊ တိုင်းပြည်ရဲ့တာဝန်တွေကို ပုခုံးပြောင်းပြီးတာဝန်ယူကြရမဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ထိုက်သင့်တဲ့၊ ထိုက်တန်တဲ့ စာအုပ်လေးတွေကို ဖော်ပြလိုပါတယ်။၁၃နှစ်နှင့် ၁၉နှစ်ကြား အင်္ဂလိပ်လိုတော့ Teenagers လို့ ခေါ်တဲ့ လူငယ်လူရွယ် လေးတွေ ဖတ်ရှုရုံမက၊ သေတပန်သက်တဆုံး သိမ်းဆည်းထားသင့်တဲ့ စာအုပ်ရတနာလေးတွေကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ကမ္ဘာကျော် စာရေးဆရာကြီးMark Twain ရဲ့ Tom Sawyer နှင့် Huckleberry Finn ဆိုတဲ့ စာအုပ်လေးနှစ်အုပ်ကို ဝယ်ဖြစ်အောင် ဝယ်ဖတ်ကြဖို့ တိုက်တွန်းပါရစေ။ Teenage တွေကို ဝင်ခါစ ၁၃ နှစ် ၁၄နှစ်အရွယ် လူငယ်များ လူငယ်လေးများအတွက် Tom Sawyer […]


kaiJune 20, 20224min57000
ယခင်လက နံမည်ကျော် စာရေးဆရာကြီး Thomas Hardy ရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ Tess of the D’Urbervilles အကြောင်းကို ဖော်ပြပြီးခဲ့ပါပြီ။ မဖြစ်မနေ ဖတ်ရှုထိုက်တဲ့ စာအုပ်လေးတအုပ်ပါ။ သို့သော် အင်္ဂလိပ်စာကို သင်ယူခါစ ကျောင်းသူကျောင်းသားလေးများအတွက်တော့ အတော်အတန် ခက်ခဲနေပါလိမ့်မယ်။             ဒီတော့ ဒီ classics လို့ခေါ်တဲ့ Hardy ရဲ့ အခြားဝတ္ထုများဖြစ်တဲ့ The Return of the Native တို့၊ Far from the Madding Crown စသည်တို့ကို အသာထားလိုက်ပါဉီး။ စိတ်ဝင်စားစရာလည်း ကောင်းတယ်၊ ခေတ်နဲ့လည်း လိုက်လျောညီထွေတဲ့၊ classics မဟုတ်တဲ့ စာအုပ်လေးတအုပ်ကို ညွှန်းလိုပါတယ်။             Daniel Keys ရဲ့ […]


kaiMarch 17, 20227min16811
            အင်္ဂလိပ်စကား ပြောချင်သူများမှာ စကားလုံးတွေ ဘယ်လောက် ကြွယ်ဝနေပါစေ၊ ပြောစရာအကြောင်း ရှိနေဦးမှ ဖြစ်မှာပါ။ ပြောစရာအကြောင်း မရှိရင် နှုတ်ပိတ်နေရမှာပေါ့။ ဒီတော့ မိမိရဲ့ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်ဖို့ လိုလာပြီလေ။ မိမိရဲ့အကြောင်းဆိုတော့ အထွေအထူး စဉ်းစားနေစရာ မလိုပါ။ ဉပမာ – မိမိက ညီအကိုမောင်နှမတွေထဲမှာ အကြီးဆုံးလား၊ အငယ်ဆုံးလား၊ အလတ်လား စသည်ဖြင့် အရေးမကြီးလှတဲ့ ကိစ္စလေးကိုဘဲ စိတ်ဝင်စားစရာ ကောင်းအောင် ပြောလို့ရပါတယ်။ ဉပမာ ဖော်ပြပေးထားတဲ့ Dialog လေးကို ကြည့်ကြပါစို့။ Friend: Hey, you know Zaw, right? You: Sure, he’s a good friend. Friend: He’s always […]


Mon LayDecember 11, 20211min89280
သူများတွေက အအားမနေဘဲ..အချိန်တိုင်းကြိုးစားနေတဲ့အချိန်မှာ ကိုယ်က စိတ်ဓါတ်ကျပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရငိနောင်၃-၄ နှစ် ကြာလို့ သူများတွေက ရည်မှန်းချက်တွေပြည့် အောင်မြင်နေတဲ့အချိန်ကျ ကိူယ်က ဒီထက်ပိုစိတ်ဓါတ်ကျပြီး စိတ်ဆင်းပါရဲနေရလိမ့်မယ် အဲ့လိုအဖြစ်ခံချင်လား..သူများတွေ ပန်းတိုင်တွေတစ်ခုပြီးတစ်ခုကျော်ဖြတ်နေတယ်..ကိုယ်လည်း တာဝကနေ ကြိုးစားထပြီး ပြေးလိုက်တော့.. အချိန်ရှိသေးတယ် ချစ်တဲ့မွန်လေး


“နေ့ဆီကို အမြန်ရောက်ချင်နေတဲ့ည” ~~~~~~ကပ်လျက်ရပ်ကွက်မှာလည်းတလောက လူငယ်လေးတစ်ယောက်ရေကန်ထဲမှာ သေနေတာကို ဆယ်ယူခဲ့ကြသေးတယ်။အဲဒီတုန်းက အဲ့ဒီ လူငယ်လေးရဲ့ အလောင်းကိုဆယ်တော့အလောင်းဟာ မျက်နှာနဲ့ လည်ပင်းနားမှာ ပွန်းပဲ့ရာတွေတွေ့တယ်လို့ မြင်တဲ့သူတွေက ပြောကြတယ်။ ရေနစ်ရင် ပွန်းပဲ့ဒဏ်ရာတွေ ရနေတတ်သလား။ ဒါပေမယ့် အဲ့ဒီ ရေနစ်သေဆုံးမှုဟာ မသင်္ကာစရာလို့ယူဆဖို့တောင် သတိမရကြဘဲ (သတိရလျှင်တောင်မှ ရုံးရောက်ဂါတ်ရောက်ဖြစ်ပြီး အလုပ်ရှုပ် မခံချင်ကြတာနဲ့ ပိုင်ရှင်မဲ့အလောင်းအဖြစ်)သာမန် မတော်တဆ သေဆုံးမှုတစ်ခုလိုခပ်လွယ်လွယ် ပြီးသွားလိုက်တာပဲ။ကြားနေရတဲ့ ဆိုးယုတ်မှုတွေအကြောင်းပြန်တွေးမိတိုင်း အတွေးတွေနဲ့ မွန်းကျပ်လိုက်ရတာ။ ဟော. . .နားထောင်စမ်း။အနောက်ဘက်က ခြေသံလိုလို ကြားလိုက်ရသလားလို့။ဘယ်သူလဲ။ တစ်ယောက်ယောက်လမ်းလျှောက်ပြီး လိုက်လာသလား။ဖျတ်ခနဲ ပြန်လှည့်ကြည့်တော့လည်းဘယ်သူ့ကိုမှ မတွေ့ရ။အရမ်းမှောင်နေလို့ မမြင်ရတာလည်းဖြစ်နိုင်တယ်။ ဒီလမ်းဟာ လူပြတ်တဲ့လမ်း ဖြစ်တယ်။ဒီလမ်းဟာ လုယက်မှုတွေ၊သတ်ဖြတ်မှုတွေ ဖြစ်လေ့ရှိတဲ့လမ်း ဖြစ်တယ်။လက်ပတ်နာရီကအစ ဓါးထောက်ပြီး လုယူကြတာမျိုးကိုမကြာခဏ ကြားရတယ်။ ကျွန်တော့်ဆီမှာ နာရီအပေါစား တစ်လုံးရယ်၊ကျောပိုးအိတ်ထဲ […]


Mon LayJuly 22, 20211min40340
ဒီနေ့ မွန်လေး ကားမောင်းသွားသင်တယ် အပြင်ထွက်မောင်းရတယ်ပေါ့နော်..၂၀၀၉ ခုနှစ်က သင်ခဲ့တုန်းက လမ်းအခြေအနေနဲ့ အခုအခြေအနေက လုံးဝမတူတော့..မမောင်းတာကြာတော့ မရဲတရဲဖြစ်တာပေါ့နော်..အဲ့ဒါကိုဆရာက ကြောက်နေတယ်ထငိတယ်နော်တဲ့ သူက steering ကိူ လိုက်ထိန်းပေးရတယ်လေ..အပြန်တစ်ခေါကိမောင်းတော့ မမောင်းခင် စိတ်ထဲ ရေရွတ်လိုက် တယ်.. ငါကငါလုပ်ချင်ရင်ဘာမဆိုလုပ်နိင်တယ်.. ဒီကားလည်း ငါမောင်းနိုင်တယ်လို့ ရွတ်ပြီး ကားကို စထွက်တယ်…ထူးဆန်းဖို့ကောင်းတာကလေ.. အဲ့လိုရွတ်ပြီးတာနဲ့ ဆရာတောင် steering ကိူင်ထားစရာမလိုဘဲ.. ကိုယ့်ဖာသာမောငိးလို့ရသွားတယ်.. ကြောက်စိတ်လည်းပျောက်သွားရော.. ဆရာကတောင် တယ်ဟုတ်ပါလားတဲ့ ဒါပါပဲ.. နောက်ဆုံးတော့ စိတ်ကပဲ အလုပ်လုပ်သွားတာပါလို့..


Mon LayApril 3, 20211min5960
လမ်းထွက်တဲ့လူက လမ်းမထွက်တဲ့သူကို Profile ပုံမပြောင်းသူက ပြောင်းတဲ့သူကို ပို့စ်တွေကို public တင်ရဲတယ်ဆိုပြီး အကြောင်းကြောင်းကြောင့် friend only တင်သူတွေကို ငွေတတ်နိုင်လို့ လှူနေသူတွေက ကြပ်တည်းနေလို့မလှူကြသူတွေကို …. စသည်ဖြင့်အပြစ်ပြောနေကြရင်း ဘုံရန်သူပျောက်ပြီးအချင်းချင်းပြန်စကားများကြ၊ ပြန်သတ်နေရင် ပန်းတိုင်အလှမ်းဝေးနေပါလိမ့်မယ်။ Pls campaign, but dont blame. (နှိုးဆော်သင့်တာ နှိုးဆော်ပါ။ အပြစ်တော့ မတင်ပါနှင့်) လို့ပြောလိုပါတယ်။ လူတဦးနှင့်တဦး risk profile ခြင်း၊ risk appetite ခြင်းမတူညီပါ။ သူ့ friend list နှင့် ကိုယ့် friend list မတူပါ။ ပြည်ပနေ နှင့် ပြည်တွင်းနေ မတူပါ။ နှေးနှေးသွားသူနှင့် မြန်မြန်သွားသူခြင်းမတူညီပါ။ အဆုံးမှာတော့ လမ်းချင်းတူရင် လူချင်းတွေ့ပါလိမ့်မယ်။ လူတယောက်ခြင်းစီ […]


Mon LayApril 3, 20211min59270
“ စျေးမရောင်းချင်ဘူး ရှက်တယ် စျေးရောင်းရမှာ ရှက်စရာကြီး“ တဲ့ ရှိသမျှလုပ်ငန်းရှင်တိုင်းစျေးရောင်းဖူးကြတယ် စျေးမရောင်းရတဲ့ အလုပ်ဆိုတာ နေရာတိုင်းမှာမရှိပါဘူး…. ကိုယ့်ရဲ့ ဝန်ဆောင်မှု ထုတ်ကုန်တစ်ခုခုကို ရောင်းချနေမှသာ စီးပွါးရေးက လည်ပတ်လို့ရတာပါ… ဘယ်လောက်ပဲ သေးငယ်တဲ့ အလုပ်ဖြစ်ပါစေ…. သမာအာဆီဝကျတဲ့ အလုပ်ကိုလုပ်ကိုင်တာ ရိုးသားစွာ ရှင်သန်ရပ်တည်နေတဲ့ လုပ်ငန်းတိုင်းရှက်စရာမဟုတ်ပါဘူး… အလုပ်မလုပ်တတ်ရင်သာ ရှက်စရာပါ…. မိဘကျွေးမွေးပညာသင်ရတဲ့အရွယ်ထိ အလုပ်အကိုင်မရှိတာ အပြစ်မဟုတ်ပါဘူး.. ဘွဲ့ရပညာတတ်ပြီးနောက် ကိုယ်ပိုင်ဝင်ငွေမရှိရင်တော့ အပြစ်ရှိပါတယ်… တစ်ချို့အတွေ့အကြုံတွေက စာအုပ်ထဲမှာ မဟုတ်ဘူး… ဘဝထဲမှာ သင်ယူရတယ် ပိုက်ဆံရှာတယ် ဆိုတာ ကိုယ်ပေးနိုင်တာ တစ်ခုခုနဲ့ ငွေနဲ့ လှဲလှယ်ရတာပါ….ဝန်ဆောင်မှုတစ်ခုကိုပေးမလား ကုန်ပစ္စည်းတစ်ခုကိုပေးမလား ဝယ်သူက နှစ်သက်လို့ ငွေပေးဝယ်လိုက်တယ်ဆိုရင် အလုပ်ဖြစ်သွားတာပါပဲ…“ဘယ်သူမှ အစကတည်းက မတတ်ပါဘူး လုပ်ရင်းသင်ယူရတာပါပဲ… စျေးမရောင်းတတ်သေးရင် ရောင်းတတ်အောင်သင်ယူပါ ကြိုးစားချင်စိတ်ရှိတာဂုဏ်ယူစရာပါ…စျေးရောင်းတတ်တာ ဂုဏ်ယူစရာပါ”“အလုပ်ဟူသမျှ […]


Mon LayDecember 26, 20201min6430
မွန်လေးရေ, Congratulationsပါ..မင်းအခုလ ဒီဇင်ဘာထိ အသက်ရှင်နေထိုင်ခွင့်ရပြီး ကျန်းမာစွာနဲ့ ဘ၀ကိုဖြတ်သန်းနေနိုင်နေတယ်။ ၂၀၂၀ အစကို ပြန်ပြောကြမယ်နော်။ မင်းရဲ့ ခရီးသွားဆောင်းပါးတွေရေးသားမှု၊ ကြိုးစားအားထုတ်မှုကိုလူတွေသိမြင်လာလို့ မင်းကို  ဇန်န၀ါရီလလောက်တုန်းက ငွေဆောင်က guesthouse တစ်ခုရဲ့ review ရေးခိုင်း ခြင်းကို မင်းရခဲ့တယ်။ ထပ်ကြိုးစားပါ။ ဒါမင်းဖြစ်စေချင်တဲ့အရာပဲ။  ပြီးတော့ ကိုဗစ်ဖြစ်သွားတယ်။ မင်းဆောင်းပါးတွေဆက်မရေးတော့ဘဲ..ရောဂါအခြေအနေပို့စ်တွေပဲ ဆက်ဆက်တင်နေတယ်။ မင်းဘာဖြစ်သွားခဲ့တာလဲ။ နောက် မင်းဆက်မတင်တော့ဘဲ..အရင်ကသွားခဲ့ဖူးတဲ့..ခရီးသွားစရာမလိုသေးဘဲ…ထပ်ရေးလို့ရသေးတဲ့ အကြောင်းအရာတွေနဲ့ မင်းpage ကိုပြန်လာပြီး ပြန်ရေးလာတာတွေ့တယ်။ အဲ့လိုပဲဖြစ် နေရမယ်လေ။ Blogger တစ်ယောက်က follower တွေကို ထိန်းထားဖို့..သူ့တို့ကို တစ်ခုခု  message ပေးဖို့ မင်းကအမြဲကြိုးစားနေရမှာလေ…မင်းဆက်ကြိုးစားပြီးရေးသင့်တာ ပေါ့။ မင်းပြန် ရေးလာတယ်။ Good ပါ…keep going နော်။ ခရီးသွားရင်း မင်းဟိုတယ်တွေတည်းခဲ့ရတယ်မှတ်လား..ပြန်ရေးပေးလေ…ခရီးသွားရင်း ဘာတွေအမှတ်တရဖြစ်စေခဲ့လဲ…ဘာတွေရှောင်ရမလဲ…ဘာတွေစားလို့ရလဲ..ဘာတွေမြင်တွေ့နို်င်လဲ..မင်းရေးလေ…မင်းမအားဘူးဆိုတာနားလည်တယ်။ အရင်လို၀◌န်ထမ်းမဟုတ်တော့ဘူး။ ကိုယ်ပို်င် အ လုပ်လုပ်မှ စားရမှာ ဖြစ်ပေမဲ…အားတဲ့အချိန်လေးမှာ စာလေးတွေဆက်ရေးပါလို့ အားပေးချင်တယ်။ မင်းကဇွဲရှိတယ်။ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်လေ. Travel Blogger ကြီးဖြစ်ချင်တယ်ဆို….ဆက်ရေးပါ..ချပြပါ…မင်းကိုယ်တိုင်ကအားပေးမှ မင်းကိုအားပေးတဲ့ သူတွေရှိမှာပေါ့…ဆက်ရေးပါလို့ပြောချင်တယ်။ ၂၀၂၁ ရောက်တော့မယ်…ကိုဗစ်ဖြစ်နေသေးလို့..ခရီးတွေဆက်မထွက်နိုင်သေးရင် လည်း…စာတွေဖတ်ပြီး…ပြန်ရှယ်ပါ…ခရီးသွားခြင်းဆိုင်ရာ ဗဟုသုတတွေပေါ့။  Fighting!!! အားပေးနေပါမယ်။


Mon LayNovember 23, 20201min31740
မွန်လေး ရက်၃၀ challenge လေးလုပ်ထားလို့ပါ အခု day 1 က describe your personality တဲ့။ ကိုယ့် ကိုယ်ရည်ကိုယ်သွေးအကြောင်းကို စပြောရမှာဆို‌တော့ အကောင်းကနေစပြောမယ်နော်။ မွန်လေး ဘာပဲလုပ်လုပ် လုပ်ချင်ပြီဆို ဇွဲရှိရှိနဲ့လုပ်တတ်တယ်။ မပျင်းဘူး။ မခိုဘူး။ ရည်မှန်းချက်  ကြီးတယ်။ လုပ်ပြီဆိုရအောင်လုပ်တာ။ မလုပ်ရင်လည်းမလုပ်ဘူး။ တခါတလေလောဘကြီးတတ်လို့ ရောင့်ရဲတင်းတိမ်ဖို့ ကိုယ့်ကိုယ်ကို ကြိုးစားရတယ်။  စိတ်ထားကောင်းထားတယ်။ စိတ်ပုတ်၊ စိတ်ယုတ်မရှိဘူး။ ကိုယ်လည်းမတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလုပ်ရင်လည်းမခံဘူး။ မဟုတ်မခံ ပြန်ပြောတတ်တယ်။ စွာတယ်။ မျှမျှတတနဲ့ သမာသမတ်ကျတာပဲကြိုက်တယ်။ ကိုယ့်အပေါ်မကောင်းလုပ်ရင် ကပ်ကပ်လန်အောင်ပြန်အော်တတ်တဲ့ အကျင့်ဆိုးတစ်ခုရှိတယ်။ အအိပ်မက်တယ်။ အစားမက်တယ်။ ခရီးသွားရတာကြိုက်တယ်။ လူတစ်ယောက်က ကိုယ့်ကို မခင်ခင် ကိုယ်ကစပြီးခင်တတ်တယ်။ သူကကိုယ့်ကိုပြန်မခင်လို့ကတော့ နောင်ခင်ဖို့ မွန်လေးမှာ ဆန္ဒမရှိ။ ဒါပါပဲ။ #day1challenge #30dayschallenge


manawphyulayNovember 16, 20201min9942
သမီး….. ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုယ်တိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။ သမီး…….. ကိုယ်အလေးချိန်လျှော့မယ်။ ဝိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲ ကောင်းပါတယ်။ သမီး သိရမှာ ကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။ သမီး……. လူဆိုတာ […]