”ကဝေတစ်ကောင်ရဲ့ သီချင်း” ——————————————– ”ဖြောင်းဖြောင်းဖြောင်း” လက်ခုပ်သံတွေ မပြီးသေးခင်မှာပဲ… တချို့လက်တွေ ကွေးကောက်သွားတယ်… ရေတွင်းထဲက လမင်းတစ်စင်း ငေါက်ခနဲ ထပျံပြီး မိုးပေါ် တက်ချိတ်သွားတာကို မြင်ရတာ… လက်ဖဝါးတွေ ယားလို့တဲ့။ ဝိဉာဉ်ဆိုတာ ရင်ဘက်တိုင်းမှာ ရှိပေမဲ့ ရင်ဘက်တိုင်းနဲ့ လက်ဆွဲ နှုတ်မဆက်ဖူးကြပါဘူးတဲ့… သချင်္ ိုင်းကြီးက မီးခိုးတလူလူနဲ့ ဝှါးခနဲ သန်းပြီး ပြောတယ်။ တချို့တချို့ကတော့ သွေးစာမျက်နှာပေါ်မှာ ဓါးမှတ်စုကိုရေးပြီး ဒဏ်ရာအဟောင်းတွေကို အတောင်ပံလုပ် ခပ်သုတ်သုတ် ထ,ပျံတာတော့ မြင်ဖူးလား…မြင်ဖူးရဲ့တဲ့။ […]