စဆရ ႀကီးJanuary 8, 20121min40515
ရောက်ပါလေပြီ။ အခန်းဝတွင် မယောင်မလည်ဖြင့် ကိုယ်ယောင်ပြနေမိသည်။ ပြောမယ့်သာပြောရတာ၊ ကိုရင်ရှူံးမှာ အသည်းသာငယ်သော်လည်း လူကောင်က လူတန်းစေ့ဖြစ်သည့်အတွက် အလွယ်တကူမြင်နိုင်သည်။ လက်နှစ်ဖက်ကို အရှေ့မှာထားရမည်လား၊ အနောက်မှာပဲ ထားရမည်လားနှင့် မွေးကတည်းက ပါလာသော အဲဒီဟာကြီးကို ဘယ်နားထားရမည်မသိအောင် အတော်လေးဂွကျလှပေသည်။ မျက်နှာကို ဘယ်လိုထားရမလဲဟုလည်း စဉ်းစားမိသေးသည်။ ပြုံးနေရမလား…? ဒါလဲ မဖြစ်သေးပါဘူးလေ၊ ရုပ်ကိုက ပြောင်စပ်စပ်နဲ့ဆိုပြီး ဝိုက်လက်သီး၊ ပင့်လက်သီးတွေက အဆက်မပြတ်ကျလာမှ ဒုက္ခ။ တည်နေရမလား…? ဒါလဲ မဖြစ်နိုင်၊ ရုပ်တည်ကြီးနဲ့ ကောင်မလေးကိုလာပိုးတယ်ဆိုတာ တော်တော်ကြောင်တယ်ဟု တွေးမိပြန်သည်။ နောက်ဆုံးတွင်မတော့ မချိသွားဖြဲလေးဖြင့် ကပိုကယိုလေး လက်လှမ်းပြလိုက်သည်။ (ဒါမှ သူလဲ ကျေနပ်ပေလိမ့်မပေါ့) သူကခဏနေဦးဆိုသည့်သဘောဖြင့် လက်ဝါးကာပြသည်။ မျက်လုံးထဲတွင်မတော့ လက်သီးကြည့်ထားဟု ပြသည်ပဲ ထင်မှတ်နေတုန်း။ သိပ်မကြာခင်မှာပင် ငါးသလောက်ပြုံးလေးဖြင့် သူမမှ သူမပုံစံအတိုင်း […]


padonmarJanuary 7, 20121min80722
ကျွန်မတို့မြန်မာနိုင်ငံမှာ ဟိုရှေးမြန်မာဘုရင်တွေ လက်ထက်က အယူတော်မင်္ဂလာဆိုတာ ရှိခဲ့ပါတယ်။ လူထုတွေကြားထဲမှာ မြင်ရကြားရတာတွေပေါ် မူတည်ပြီး နောက်အနာဂတ်ကို ဟောကိန်းထုတ်ကြတာပါ။ ကျွန်မတို့လို လူပြိန်းတွေကတော့ နောက်နှစ်တွေကြာတော့မှ ပေါက်ဖေါ်လုပ်ရတာပေါ့။ ဘယ်တုံးက ဘာမြင် ဘာကြားခဲ့တာလေ နောက်တော့ ဘာဖြစ်သွားတာပေါ့ ဆိုတာမျိုးပေါ့။ အမြင်မှာနိမိတ် အတိတ်မှာ လက်ဆောင် ကြားလျှင် တဘောင် တဲ့။ မြင်ရတာတွေက အနာဂတ်အတွက် နိမိတ်၊ လက်ဆောင်ရတာကို အတိတ်ကောက်၊ ကြားရတာကို တော့ တဘောင်လို့ခေါ်ပါတယ်တဲ့။ လူကြီးပိုင်းက ကြားဖူးကြပါလိမ့်မယ်။ အဆိုတော် “ဇော်မင်းလေး”ရဲ့ နာမည်ကျော် “အာလူးလာမပေးနဲ့” ဆိုတဲ့သီချင်းလေ။ အဲဒီသီချင်းထဲမှာပါတဲ့ “ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လို့တဲ့၊ မယုံမရှိနဲ့၊ အမှန်ပါဘဲကွယ့်” ဆိုတဲ့ စာသားအတိုင်း သိပ်မကြာခင်နှစ်မှာ ပြည်မြို့ဘူတာရုံနားအထိ သင်္ဘောတွေ၊ လှေတွေသွားလို့ရအောင် ရေကြီးခဲ့တယ်လို့ဆိုပါတယ်။ အမြင်မှာ […]


natureJanuary 7, 20121min44914
၂၀၁၁ ခုနှစ်က ရထားမှောက်လို့ လူတွေသေခဲ့ကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာရထားသံလမ်းတွေရဲ့ကြံ့ခိုင်မှု အားနည်းနေတယ်လို့ယူဆမိပါတယ်။ တနေ့က ကျွန်တော်လည်း ဒညင်းကုန်းဘူတာကို ရောက်ချိန်မှာ အမှတ်တမဲ့နဲ့ တွေ့ရှိလိုက်ရတာကတော့ လူစည်ကားချိန် မှာ ရထားတွဲမှာလူတွေအပြည့်နဲ့ ဒညင်းကုန်းဘူတာကို ဝင်လာချိန်မှာ ရထားသံလမ်းကဇလီဖားတုံးတွေဟာ အနည်းငယ်ကြွတက်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒါတွေဟာအန္တရာယ်ရှိနိုင်မလားလို့တွေးမိပါတယ်။ ဒါကြောင့်ရထားစီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် မိုးရာသီမရောက်မီ ရထားလမ်းများကြံ့ခိုင်မှုကိုစစ်ဆေးသင့်တယ်လို့ယူဆပါတယ်။ အထူးသဖြင့် ရေဝပ်တတ်တဲ့ နေရာတွေ အစိုဓါက်ရှိတဲနေရာတွေမှာ ရှိတဲ့ ဇလီဖားတုံးတွေရဲ့ကြံ့ခိုင်မှုကို အထူးစစ်ဆေးဖို့လိုမယ်ထင်ပါတယ်။   https://myanmargazette.net/90448/creative-writing


naywoon niJanuary 7, 20121min4269
စိတ်ကူးတစ်ခုဟာ ကိန်းသေအလျင်နဲ့ရွှေ့လျား လားရာတစ်ခုဆီကို ခရီးသွားနေတယ် ဆိုပါစို့……။ တည်မြဲတဲ့ အလျင်ဖြစ်စေဖို့ ဘယ်အရာကို တားဂတ်ထားပြီး သမာဓိယူနေသလဲ? မိန်းကလေးတစ်ယောက်အတွက် အသက်ရှင်ရပ်တည်ဖို့ ရုန်းထွက်နေသလား ဒါမှမဟုတ် ဆရာသခင်လား မိဘလား? သားသမီးလား ညီညီမ လေလား…… တစ်ခုခုကိုအာရုံစိုက် ဘဝကိုမောင်းနှင်ခိုက်မှာ အဖြစ်နဲ့ အပျက် ဒွန်တွဲလာရင်တော့ အမှိုက်သရိုက်နဲ့ ဒိုက်ကိုရှင်းလင်း ကိုယ့်ဦးတည်ချက်ကိုယ်ရောက်အောင်သွား လမ်းကြောင်းမပြောင်းစေနဲ့ အသင်လူသား….။ နေဝန်းနီ


fattyJanuary 7, 20121min55515
သွားရင်းလာရင်းလမ်းဘေးမှာ ကလေးတယောက်နဲ့ တောင်းနေတဲ့သူတယောက်ကိုတွေ့လို့ ရိုက်ထားလိုက်တာပါ။ ခေါင်းထဲမှာလဲအတွေးတွေဝင်လာပါတယ် ..။ ဒါမျိူးတွေဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲတွေ့ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဆီမှာ အသားလွတ်ကြီးထိုင်တောင်းနေတာတော့မတွေ့ရဘူးဗျ။ ကိုယ်တတ်တဲ့အနုပညာလေးနဲ့ဖျော်ဖြေကြရပါတယ်။ ဒီမှာတော့ ဟုတ်တာရောမဟုတ်တာရော ရောနေပြီပေါ့နော …။ အဲဒါတွေဟာ စံနစ်ရဲ့သားကောင်ဖြစ်ကြရတာလို့ကျနော်မြင်မိပါတယ်။ ခေါင်းဆောင်လုပ်သူက သူကြိုက်တဲ့စံနစ်နဲ့ ကိုင်တွယ်အုပ်ချုပ်တယ် သူကတော့ချမ်းသာသွားတယ် ကျန်တဲ့ပြည်သူတွေကတော့ သားကောင်ဖြစ်ရပြီးလှိမ့်နေအောင်ခံကြရတာမို့လား။ အခုတော့ ပြည်သူတွေကြိုက်တဲ့စံနစ်ကိုသွားနေပြီလို့ပြောနိုင်ပြီပေါ့နော …။ ကိုယ်ကြိုက်တဲ့စံနစ်ကိုကူးပြောင်းနေတဲ့အချိန် ကိုယ်ကိုယ်တိုင်ကလည်း တဖက်တလမ်းက ပါဝင်ရပါလိမ့်မယ်။ ပါလည်းပါသင့်ပါတယ်။ ကဲ တဦးတယောက်ချင်းအနေနဲ့ ဘယ်လိုပါဝင်သင့်လဲ ဘယ်လိုပါဝင်နိုင်မလဲဆိုတာလေးတွေ နဲနဲဆွေးနွေးပေးကြပါလို့တောင်းဆိုပါရစေဗျာ ….။ လာဒ်ပေးလာဒ်ယူတွေ့ရင် ဒီအတိုင်းငြိမ်မနေဘဲ အများသိအောင်လုပ်တာမျိုးတို့ အမြင်မတော်တာတွေ့ရင် နစ်နာနေတာတွေ့ရင် အရင်ကလို ငါနဲ့မဆိုင်ပါဘူး ဆိုပြီး အရင်ကလို မနေကြဘဲ မီဒီယာတွေကိုဆက်သွယ်ပြီး ပြောပြတာမျိုးတို့ လိုပေါ့ …. တာဝန်သိတတ်တဲ့ နိုင်ငံသားတယောက်ဖြစ်ရင် ခံယူချက်ရှိတဲ့နိုင်ငံသားတယောက်ဖြစ်ရင် ပိုကောင်းတာပေါ့နော ..။ […]


htet wayJanuary 7, 20121min49616
ကျွှန်တော်ဆီကို ခါးဆစ်ရိုးကျီးပေါင်းတက်တဲ့ အမျိုးသမီးကြီးတယောက်ရောက်လာပါတယ်။ဆရာလေးရယ် ခါးက ကုန်းလို့ကွလို့မရချင်ဘူး တအားနာတယ်၊ဒီမှာဓါတ်မှန်ပါ လိုရမယ်ရယူလာတာပါ ကင်ဆာလားမသိပါဘူးဆရာလေးရယ်။ သူကလက်ပြင်ကလည်းကိုက်နေကြောင်း၊ ဇက်မှာလည်းကျီးပေါင်းတက်နေကြောင်းပြောပါတယ်၊အဲ့ဒီအချိန်က ဆေခန်းစဖွင့်စ၂၀၀၃ခုနှစ်ပါ သူကမရပ်မနားညည်းပြောပြောနေပြီး သူစကားထဲမှာကင်ဆာလားမသိဘူးဆရာလေးရယ်တဲ့ဆိုတာကထပ်နေပါတယ်။သူက မူလတန်းပြဆရာမတစ်ဦးပါ ။ဒါကြောင့် လေးလေးစားစားပဲ ဆရာမရယ်ကုပေးပါ့မယ် ကင်ဆာမဟုတ်ပါဘူး ကျီးပေါင်းတက်တာပါ အဲ့ဒီကစ ပြီးအတက်ဖြစ်တာပါခင်ဗျာ..ဆိုလည်း ဆရာလေးရယ် ကယ်ပါနော် ကင်ဆာလားမသိပါဘူး လို့ပဲ ဆီမန်းမန်းနေပါတယ်။ ကန်တော်ကဆေးစည်းဖို့ ကုတင်ပေါ်မှောက်ခိုင်းတော့ နေအုံးလက်ပြင်အောင့်နေတယ်၊အဲ့ဒါအရင်ဆေးစည်းပေးနော်တဲ့ ။ဆေးစည်းဖို့ အကျင်္ီကိုချွတ်ပါတယ် အတွင်းခံင်္အကျီပါချွှတ်တယ်။ထမီရင်ရှားပါတယ် ဒါတွေလုပ်နေချိန်မှာကျွှန်တော်က အခန်းရဲ့ အပြင်မှာပါ။သူမကိုကူဖို့ ကျွှန်တော်အမကြီးအပျို ကြီးကရှိနေပေးပါတယ်။ဒီအချိန်မှာဒူးနာတဲ့ ဝေဒနာရှင်အမျိုးသမီးလေးတယောက်ရောက်လာပါတယ် ၊ကျွှန်တော်က ခဏစောင့်ခိုင်းပြီး ဆရာမကိုဆေးစည်းဖို့ အခန်းထဲဝင် ဆေးစည်းပါတယ်။လက်ပြင် ကို ဆေးစည်းပြီး ကျွှန်တော်က ကဲ ဆရာမ ခါးကို ဆေးစည်းမယ်ဆိုပြီးအဝတ်လဲချိန် ပေးပါတယ် ကျွှန်တော်ပြန်ဝင်လာတော့ ကုတင်မှာမှောက်လျှက်နဲ့ပဲကျောမှာတော့ အဝတ်ဖုံးထားပါတယ် ဆေးစည်းနေတုန်းမှာလဲ […]


အိပ်မပျော်နိုင်တဲ့ညမှာ အေးစက်ခြင်းတစ်ဝက် ပူပန်မှုတစ်ဝက်နဲ့ ဝေဒနာတစ်ချို့က ခေါင်းထဲ နေရာယူတယ်..။ ရပ်တန့်သွားတဲ့ အစိမ်းရောင်လွင်ပြင်တစ်ခုလုံး မနေ့တစ်နေ့ကလို စက်သံတွေ မညံဘူး ကားသံတွေ မစည်ဘူး… ဆိုင်ကယ်သံ မကြားရတဲ့ နီကျင်ကျင် လမ်းမထက်မှာ ကျိုးတိုးကျဲတဲ လူတွေ စိုးရိမ်စိတ်တွေနဲ့ လမ်းလျှောက်နေလေရဲ့… ငါတို့က နေရာတစ်ခုမှာ နားစွင့်ရုံလေးပါ….။ တစ်ချို့က မြင့်တက်သွားတဲ့ ဈေးနှုန်းအောက်မှာ ပြားပြားဝပ်လို့ ဆန်ဆီဆားဈေး မျှော်ကြည့် ဝယ်ချင်တိုင်းဝယ်မရတဲ့ ဒုက္ခနဲ့ ဝယ်စရာ အသပြာမရှိတဲ့ ဒုက္ခ နင်းပြားအောက်ခြေ လူတန်းစားတွေမှာ အိမ်ပြန်စရာ လမ်းက ဘယ်မှာလဲ….။ ငါတို့ ရဲ့ အိမ်ပြန်ချိန် မမျှော်လင့်သေး အလိုရမ္မက်ရဲ့နောက်မှာ ကပ်ငြိနေတဲ့စိတ်တွေက မိသားစုအရေးတွေ..၊ ဇနီးမယား သား မြေးတွေ ရည်ရွှယ်ချက်အပြည့်နဲ့ ခြေလှမ်းခါမှ ရှေ့တစ်လှမ်းမတိုးခင် နောက် ဆယ်လှမ်းမဆုတ်ခိုင်းလိုက်ပါနဲ့… […]


လွတ်လပ်ရေးနေ့၏ နောက်တစ်ရက်တွင် တိတ်ဆိတ်သွားခဲ့သော မှော်တစ်ခွင်လုံးကိုကြည့်ရင် း သူ စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ပေါ်နေ၏။ ၂၄နာရီပတ်လုံးနည်းပါး အလုပ်လုပ်နေသော မှော်သည် ယခုတွင် စက်သံ၊ကားသံ၊ မိုင်းခွဲသံများ မကြားရတော့ပဲ တိတ်ဆိတ်ခြင်း မင်းမူနေခဲ့ပြီ။ အနီးအပါးရှိ လုပ်ကွက်များသည်လည်း ရုတ်တရက် လုပ်ငန်းလည်ပတ်နေသည်များကို ရပ်ဆိုင်းလိုက်ကြသည်။ သူ လုပ်နေသော ကုမ္ပဏီသည်လည်း အများနည်းတူ လုပ်လက်စ လုပ်ငန်းခွင်ကို ရပ်ဆိုင်းလိုက်ရလေတော့သည်။ ကုမ္ပဏီဝန်းအတွင်းသို့ မြေစာသယ်ကားများ တစ်စီးပြီး တစ်စီးမောင်းဝင်လာနေကြသည်ကိုကြည့်ရင်း သူ မပျော်ချေ။ ဖားကန့်သည် ကျောက်စိမ်းထွက်ရှိရာ ဒေသ။ မြန်မာနိုင်ငံ၏ အားကိုးအားထားပြုရာ သယံဇာတ ရတနာသိုက်ကြီးတစ်ခု။ ယခုတော့ ထိုရတနာနယ်မြေတစ်ခုလုံး ရပ်တန့်နေရသည်။ မည်သည့်ကုမ္ပဏီမှ အလုပ်မလုပ်တော့။ တစ်ချို့က ကုမ္ပဏီသိမ်းနေပြီ။ သို့သော် နေရပ်သို့ပြန်၍လည်းမရ။ အဘယ်ကြောင့်ဆိုသော် ဖားကန့် -မိုးကောင်းလမ်းသည် မတည်မငြိမ်ဖြစ်နေသော အခြေအနေများကြောင့် […]


မွန်းကြပ်လှတဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကြားမှာ ကျင်လည် ကျက်စားရင်း တောအရပ်ဆီက ငြိမ်းအေးလှတဲ့ အမေ့အိမ်လေးကိုသာ ကျွန်တော်မှာ အရမ်း မှန်းဆ၊ တမ်းတ၊ လွမ်းရတယ် ….. အမေ ‘မိသားစုအတွက် အထောက်အပံ့ရပါစေ’ … ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြို့ကြီးပြကြီးအလယ်မှာ ရုန်းကန်လှုပ်ရှားရင်းက စိတ်တွေ တအားမွန်းကြပ်လာတဲ့အခါမျိုးမှာ အမေ့ရင်ခွင်ဆီကိုသာ ပြေးလို့လာလိုက်ချင်ပါတယ် ….. အမေ ‘ဘုရား၊ တရား၊ သံဃာကို မမေ့ပါနဲ့’ … တဲ့ အမေ မှာလိုက်တဲ့စကား ကျွန်တော့်ဦးထိပ်မှာ တင်ထားဆဲပါ … အမေ လူတွေများလွန်းလှတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ရွှေတိဂုံဘုရားကို ဖူးမြင်ရပြန်တော့လည်း ကျွန်တော့်မှာ ကြည်နူးမဆုံးဖြစ်ရပါတယ် ….. အမေ ညဘက် အိပ်ရာဝင်ခါနီးတိုင်းမှာလည်း အမေ့ကို ကျွန်တော် ရှိခိုးဦးချမြဲပါပဲ …. […]


koyin sithuJanuary 7, 20121min57919
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊ ထန်းလျက်ကောင်းကောင်းနဲ့ ရေနွေးကြမ်းကောင်းကော […]


koyin sithuJanuary 7, 20121min10608
တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် ကျွန်ုပ်အိမ်၏ မနီးမဝေးရှိ လှိုင်မြစ်ကမ်းနဖူးလေးသို့ ရောက်လာခဲ့လေသည်။ ထိုကမ်းနဖူးတွင် သဲတူးနေသော သင်္ဘောများ၊ ပေါလော မျောနေသော အမှိုက်ကလေးများကြားမှ ရေချိုးနေသော ကလေးသူငယ်များနှင့်တကွ၊ ငါးဖမ်းလှေငယ်လေးများရှိနေလေသည်။ သေချာစွာ လှမ်းကြည့်လိုက်သောအခါတွင် မြစ်လေးထဲတွင် ဗေဒါပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဦးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ ကျွန်ုပ်သည် မြစ်ကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော Red Ruby ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနံဘေး […]


မောင် ပေJanuary 7, 20121min45510
မင်္ဂလာပါ ခင်ဗျာ ။ သည်ကနေ ့စနေ နေ ့ည မှာ တော့ အက်ဖ်အေဖလား ရ း ဝဝ ဘာမင်ဂမ် – ဝုဗ် ရ း ၃ဝ ဒါဂန်ဟမ် – မီဝေါ ၉ း ၃ဝ မစ်ဒယ်ဘရော့ – ရှရူးဘူရီ ။ နော်တင်ဟမ် – လက်စတာ ။ ကရော်လေ – ဘရစ်စတိုးစီးတီး ။ ဒွန်ကတ်စတာ – နော့စ်ကောင်တီ ။ စပါး – ချဲတင်ဟမ် ။ အမ်ကေဒွန်း – ကျူပီအာ ။ ဟားလ်စီးတီး – အပ်ဆွစ် ။ ကိုဗင်ထရီ – […]


ေရႊဘိုသားJanuary 7, 20121min40313
ကျောင်းတက်တုန်းက အတွေ့ကြုံလေးတစ်ခု အကြောင်းပြုပြီးပြောရအုံးမယ် စာမေးပွဲရက်ကြီးပေါ့ဗျာ စာမေးပွဲဖြေရမှာမို့ အေးအေးဆေးဆေးရှိမဲ့ဆိုင်လေးတစ်ဆိုင်မှာ တစ်ယောက်ထဲထိုင် ကောင်မလေးတွေကိုကြည့်နေတာ မှားလို့ စာကြည့်နေတာ ဒေးသမားတွေ ကျောင်းအပ်လို့ရတဲ့အချိန်ကိုးဗျ ဒေးကျောင်းသူတွေဗျာ တစ်ဖွဲ့ကြီးဆိုင်ထဲဝင်လာရော သူတို့ပြောနေတာတွေကြားရတာ ကျောင်းအပ်ပြီးပြန်လာတာတဲ့ စားသောက်ဆိုင်ဝင်နားတာပေါ့ ဆိုင်ရှင်ကလည်းသူတို့နဲ့ တော်တော်ရင်းနှီးတယ်ဗျာ ကြည့်ရတာ သူတို့ဒေးတက်တုန်းက ဒီဆိုင်ရဲ့ဖောက်သည်တွေထင်ပါတယ် ဆိုင်ထဲလည်းရောကရော ကိုယ်တွေရှိနေတာတောင် ဂရုမစိုက်ဘူးဗျာ သူတို့ထိုင်တဲ့ဝိုင်းမှာပဲ ထဘီတွေကို ချွတ်ချလိုက်တယ် ရွာသားတွေ တလွဲမတွေးနဲ့နော် အောက်မှာ ဘောင်းဘီတွေပါတယ် အလှပြလို့ရတဲ့ဘောင်းဘီပေါင်လည်လောက်တိုတာကကတစ်ချို့ အရှည်ကတစ်ချိုပေါ့ပြောတာနော် သူတို့ဝိုင်းကိုသိပ်ဂရုမစိုက်မိတော့လည်း ဒါပဲသိတယ်ဗျ ဟဲဟဲ သိတယ်မလား ငယ်သေးတယ်လေ သေချာတာကတော့ စာကြည့်လို့မရတော့ဘူးဗျ စာထဲကိုစိတ်မပါတော့ဘူး ို ဘာကြောင့်လည်းဆိုပြီးတလွဲမတွေးမတွေးနဲ့နော် ပြောပြီးသား ငယ်သေးပါတယ်ဆို ဘာတွေတွေးနေသလဲဆိုတော့ဗျာ မြန်မာမိန်းကလေးတွေဖြစ်တာပဲဗှာ ကိုယ့်ယဉ်ကျေးမှုဖြစ်တဲ့ ထဘီလေးတွေ ဝတ်ထားတာက ပိုကြည့်လို့ကောင်းပါတယ် ဘာဖြစ်လို့များ ဒီလိုခဏပိုင်းလေ လာရတာတောင် […]