နွေရာသီကျောင်းပိတ်ရက် နေ့လည်ခင်းများတွင် ဘကြီးအိမ်မှာ ရှိသည်ကိုမြင်လျှင်ကျမသွားရောက် လည်ပတ်တတ်ပါသည် ၊ သွားသည့်အခါတိုင်းလည်း ဗဟုသုတအမြဲရ၍ ဖြစ်ပါသည် ။ ဘကြီးအိမ်မှာရှိနေလျှင် ကျမအားအစစအရာရာ သွန်သင်ဆုံးမပြတတ်သဖြင့် နာခံကာစိတ်ထဲမှာပျော်ရွှင်ပါသည် ။ ကျမအနေနှင့်ဗဟုသုတအဖြစ်ပြောပြချင်သောအကြောင်းအရာတစ်ခုရှိပါသည် ။ ကျမခင်မင်ရသောအမ(ထင်ထင်)နှင့်ပါတ်သက်၍ဖြစ်ပါသည် ၊ အမထင်ထင်မှာ ဘကြီးနေသောအိမ်နှင့် တစ်အိမ်ခြားကပ်ရက်တွင်နေထိုင်ပါသည် ။ အမ(ထင်ထင်)၏အမသည်စိတ်မနှံ့သူဖြစ်ပြီး ၊ အမ(ထင်ထင်)က စကားပြောလျှင်အထစ်ကာ မျက်လုံးစွေပါသည် ။အမ(ထင်ထင်)သည် ကျမတို့နှင့်အိမ်နီးချင်းများဖြစ်သည့်အပြင် ကစားဖော်အမလည်းဖြစ်ပါသည်၊ အမ(ထင်ထင်)ကိုတစ်လမ်းတည်းနေသူ အားလုံးတို့ကသံယောဇဉ်ရှိကြပြီး စကားပြောအထစ်နေခြင်းကို ကိုယ်ချင်းစာကာချစ်ခင်သနားကြပါသည် ။ တစ်ရက်တွင်အမ(ထင်ထင်)ကကျမအား သူစကားပြော အထစ်နေရခြင်းကိစ္စနှင့်ပါတ်သက်၍ရှင်းပြသည်မှာ ထမင်းစားတတ်ခါစ အရွယ်က မိဘများကဘဲဥနှင့် အမြဲတစေကျွေးလေ့ရှိခဲ့သဖြင့် ၊ စကားပြောတတ်ခါစ အရွယ်မှစတင်ကာ စကားပြောအထစ်ခဲ့ကြောင်း သူ၏အမေဖြစ်သူအား ရှေးလူကြီးသူမတို့က ကလေးထမင်းစားတတ်ခါစ အရွယ်၌ ဘဲဥနှင့်မကျွေးရန် မှာကြားကြကြောင်း ဘဲဥနှင့်ကျွေးပါက စကားပြောအထစ်တတ်ကြောင်း […]