တိုင်းရင်းဆေးဆရာကြီးတစ်ဦးက ကျွန်တော့်ကို နန်းတွင်းသွေးကြောပြင်ပညာသင်ပေးရင်း “တပည့်ရယ်…ဒါတွေက လူအထင်မကြီးတဲ့အရာတွေပါ.. ဘာလို့သင်ချင်ရတာလဲတဲ့” ကျွန်တော်ကတိုင်းရင်းဆေးပညာကို ဝါသနာကြီးခဲ့သည်လေ။ ဆေးဆရာအဖေဆုံးသွားတော့ ဆေးဆရာပေါက်စလေးဖြစ်လာခဲ့တယ်။ ဖြစ်ပုံက အိမ်မဲမြို့နယ်သရက်ကုန်းကျေးရွာတစ်ဖက်ကမ်းက “မိုးသဲသဲ”ဆိုတဲ့ကရင်မလေးရဲ့ လက်မောင်းရိုးကို ကုပေးရာကစတင်ခဲ့ပါတယ်။ ကျွန်တော့်အိမ်ကိုလူ(၁၀)ယောက်လောက်ရောက်လာပါတယ်။သူမရဲ့အမေက ဆရာကြီးဘယ်သွားလဲလို့မေးတဲ့အခါ ကျွန်တော်က အဖေဆုံးပါးခဲ့တာ ၆ လကျော်ပါပြီလို့ပြောတော့ မိုးသဲသဲအမေက ငိုပါလေရော။ ကျွန်တော်ကအံဩပြီးငေးနေမိတယ်။ ကျွန်မသမီးလေး လက်ကတော့ ဆုံးပါပြီတဲ့။…ကလေးမလေးက (၆)နှစ်သမီးလေးပါ အခုဆိုအသက်(၂၅)နှစ်လောက်ရှိမယ်ထင်ပါရဲ့။ လက်မောင်းက အလုံးကြီးပြီး အနာပေါက်ဖြစ်ကာပြည်တွေထွက်တယ် အရိုးစအမှုန်လေးတွေပါတယ်လို့ပြောပါတယ်။ ဒီလက်ကိုခွဲစိတ်ပြီးခြစ်ထုတ်ပြစ်ရမယ်လို့ဆရာဝန်ကပြောလို့ငွေကြေးမတက်နိုင်တာရယ် မခွဲစိတ်ချင်တာရယ်ကြောင့် ဒီကိုလာခဲ့ရတယ်လို့ပြောပါတယ်။ကျွန်တော်တွေဝေသွားခဲ့ရတယ်။ ဓါတ်မှန်တွေထုတ်ပြတာတွေကိုငေးကြည့်ရင်း အကြာကြီးရပ်နေမိတယ်။ အဲ့ဒီ့အချိန်က ကျွန်တော် ၁ဝတန်းအောင်ပြီးစ တိုင်းရင်းဆေးသင်တန်းတိုလေးတွေတက်ပြီးစအချိန်ပါ။ နောက်တော့ ကျွန်တော်ကုပေးပါရစေဆိုပြီး ပြောခဲ့မိတယ်။ ဒီကလေးမိဘတွေကလည်း အဖေအရှိန်နဲ့လက်ခံခဲ့ပါတယ်။ဒီကစလို့ဆေးဆရာပေါက်စလေး ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဖြစ်ချင်တာ အသက်မွေးချင်တာက စာရေးဆရာအလုပ်ပါ။ တစ်ကယ်ဖြစ်လာတာက တိုင်းရင်းဆေးဆရာပါ။ ဒီလိုနဲ့ပုသိမ်မြို့တော်ကြီးမှာ တက္ကသိုလ် […]