” ကို တံ ငါ “ တစ်ဝမ်းတစ်ခါး လမ်းမများဘဲ အာရုံမလင်းမှီ လှေငယ်ပြင်လို့ ကမ်းမှာဖယ်ခွါ ပင်လယ်ပြာဆီ ငါးဖမ်းထွက်သည့် တံငါသည်။ လင်းအာရုံလွန် ပိုက်သိမ်းယူလို့ ပါလာသည့်ငါး ပုဇွန်များကို အိမ်သူသက်ထား ဈေးထဲသွားကာ ရောင်းချဟင်းစား နေ့တဒူဝ လုပ်နေရတော့ ရိုးနေပါပေါ့ မောင်တစ်ထမ်းမယ်တစ်ရွက် ဇနီးတံငါသည်။ ငါးမဖမ်းနဲ့ အကုသိုလ်ကွဲ့ သူ့သတ်မသတ်နဲ့ အကုသိုလ်ကွဲ့ ဟောကြပြောကြ သိလာရလည်း ပင်လယ်ပြာပြာ ကမ်းစပ်မှာနေ လုပ်စရာအလုပ် ဒီတစ်လုပ်ပဲမို့ ငါ့ဝမ်းပူစာ မနေသာတော့ နောက်နေ့အာရုံ မလင်းမှီတွင် ပင်လယ်ယောက်ျား တံငါသည်ကား ငါးဖမ်းထွက်ရန် လှေငယ်ကိုပြင်။ သမုဒ္ဒါဝမ်းတစ်ထွာအတွက် ကျရာဆေးစက် ပုံရိပ်ထွက်အောင် ပြုမူနေရ ထိုဘဝတွေ ပင်လယ်ပြင်လို ကျယ်ပြောနေပြီး ဘယ်ကစလို့ ဘယ်မှာဆုံး မသိတဲ့ခရီးလမ်း သွားမြဲသွားတဲ့ […]