ko sixOctober 30, 20141min2478
​လေပဲဘယ်​​နေရာကရှူရှူ ​ရေငုပ်​သ​င်္ဘော ​ရေ​အောက်​မှာအသက်​ရှူတာ အဆန်​းလား ငါတို့ဟာ အာကာသတက်​ပြီး ရှူချင်​ရှူမယ်​ ​မြေ​အောက်​မှာ ရှူချင်​ရှူမယ်​ ထိုးကြိတ်​တိုက်​ခိုက်​ပြီးမှ မရှူရတဲ့​နေရာဖြစ်​ဖို့ပဲ အ​ရေကြီးတယ်​ ကိုစစ်​


ခင္ခOctober 28, 20141min44025
      ” မြန်မာတို့ရဲ့ ပုဂံမြေ “   အလည်လာခဲ့ ပုဂံ တကယ်သာတဲ့ အမှန် ရှေးလက်ရာ ကြည့်မဆုံး ရှုမျှော်တိုင်း စေတီတွေ လက်ရာမွန် လွန်မြောက်သလေ ကနုတ်ကယ် စီကာချယ်လို့ ပန်းပုလက်ရာ လွန်စွာသာသမို့ ပန်းတမော့နဲ့ နံရံဆေးပန်းချီ ရှေးခေတ်လက်ရာ ပြလှစ်လေမည် ယဉ်ကျေးမှုအမွေအနှစ် လေ့လာဖြစ်ဖို့ တစ်ခေါက်တစ်ခါ အရောက်လာကာ ကြည့်ပါ ရှုပါ လေ့လာပါလို့ ဖိတ်ခေါ်ပါတယ်ဗျို့။     ခင်ခ။


alinsettOctober 28, 20143min47021
        ” မိဘ ပြည်သူများ ခင်ဗျား ” အာရုံအလှည့်အပြောင်းနဲ့ သတင်းစကားတွေ  အတင်း ပါးတယ်။ ခပ်စပ်စပ်ကလေးပေါ့. . . လုပ်ကြံဇာတ်လမ်းကြီးတစ်ပုဒ် ပွဲထုတ်မယ့် အထာနဲ့ မီဒီယာတံခါးချပ်တွေကိုမှ တဖျောင်းဖျောင်း ဖွင့်ချပြလိုက်တယ်။ ~~~~~~~ တံခါးကြား ညပ်သွားတဲ့ ကြောင်တွေလို ညှောင်နာနာ အော်လိုက်ကြဦးပေါ့ကွယ်. . . ဒို့အရေး ဒို့အရေး . . .ရယ်လို့. . . (ဝဋ်နာကံနာ အသံနာနာ. . . အကဲပါပါနဲ ့) ~~~~~~~ ” အဟမ်း” ”မိဘပြည်သူများခင်ဗျား” ”ကျွန်တော်တို့ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကြီးဟာ မိုးထိအောင် ပျံတက်ဖို့ ရည်မှန်းချက်အတုအယောင်နဲ့ လက်ရှိ ပေအမြင့် […]


ko sixOctober 27, 20141min1494
ကြိုး​တွေက ခုနှစ်​​ထွေအကတိုက်​ဖို့ တပ်​ဆင်​ထားတာမဟုတ်​ မှန်​ကင်​းတစ်​လှည်​့ထင်​းတစ်​လှည်​့ဟာ ​အောက်​တန်​းစား​တွေအတွက်​မဟုတ်​ တစ်​ညလုံးမအိပ်​တဲ့မြို့ဟာ နှစ်​ယူး​ယော့မြို့လို့အမည်​ရရင်​ ဘယ်​​တော့မှမအိပ်​တဲ့မြို့က ​ရှော့ဖြစ်​​နေတဲ့မြို့ပဲဖြစ်​မယ်​ ဟီရိုရှီးမားမြို့​ပေါ်ကျလာတဲ့အရာလို နှုတ်​ခမ်​းတစ်​စုံဟာ ​ကိုယ်​့အနာဂါတ်​ကို ဖျက်​လို့ ​ရေမရခဲ့ဘူး အ​ငွေ့ပျံ​နေတဲ့အသက်​​တွေ ​ရေမထားခဲ့ကြဘူး ​ဟောခန်​းရဲ့တစ်​ဘက်က​ ထိုင်​ခုံ​လေးက ကိုစစ်


လမ်းတွေ   လမ်းတွေ အရှေ့  အနောက်  မြောက်နဲ့တောင် လျှောက်ခဲ့သယောင် ရှိပေမယ့် ပြန်ကြည့်လေတဲ့အခါ ငါ  ဘယ်ဘက်ကလာခဲ့သလဲ မသဲကွဲပြန်ဘူး ရူးတာမဟုတ်ပေမယ့် အတိတ်တွေကပျောက် စိတ်တွေလည်း နောက်ခဲ့ပြီ ၊ ရောက်တော့မည့် ပန်းတိုင်များစွာဟာ ယောင်ချာချာငါ့ကို ကြည့်ရင်း လှောင်ခြင်းတွေနဲ့ ပုန်းနေလေရဲ့ မဆုံးတဲ့ သံသရာလမ်းမှာ မပန်သာပန်းတွေက မွှေးရနံ့နဲ့ လှည့်စား ခပ်ခါးခါးကချင်အရက် တမင်မမက်ပဲမော့ချ ပျော့ကျသွားတဲ့ယောကျင်္ားမာန ငါကွလို့ မာန်မတင်းနိူင် ရှုံးခြင်းတွေကလှိုင်လှ ပြိုင်မရတဲ့ ပွဲတွေကြား လဲသေမသွားပေမယ့် ဝဲတွေများတဲ့ မြစ်အလယ်မှာ နှစ် ၂ဝ ကြာ ကုန်ဆုံးခဲ့ ကြုံဦးဟဲ့ လောကဓံ ဇောမသန်တာ မဟုတ်ပေမယ့် မြုစ်နေတဲ့ ဘဝလှေ ရနေခဲ့ နောင်တများ အမှောင်ကျသွားတဲ့ လောကမှာ ပြောကြတာ ငါလူဆိုးတဲ့ ချိုးဖဲ့ဖဲ့ […]


“ရှက်……………….”   လက်ကမ်းစဉ်က တိတ်တဆိတ် လမ်းခွဲသွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ရောက်လာစဉ်က တိတ်တဆိတ် ပြန်ထွက်သွားတော့ လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်တောင်းပန်တော့ တိတ်တဆိတ် စော်ကားစဉ်က လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ပြန်ယူသွားတော့ တိတ်တဆိတ် ပေ းစဉ်တုံးက လူသိရှင်ကြား ရှက်များရှက်မိပါရဲ့။   ငိုရတဲ့အခါ တိတ်တဆိတ် ပျော်စဉ်တုံးက လူသိရှင်ကြား ရှက်များတောင်ရှက်မိပါရဲ့။     ကိုပေါက်လက်ဆောင်အတွေးစဉ် 9-10-2014        


ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့ ဧရာဝတီဘေးက မြို့ကလေးပါ အဲဒီကစ ကျနော့်ဘဝ ၊ သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ ချမ်းမြခြင်းနဲ့အတူ ကျနော်လိုလူနဲ့ ခြားနားလှပေါ့ ၊ ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ ကျနော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ ကျနော်က လဘက်ရည် ငပိရည်ဆိုတာ ကျနော့်အကြိုက် သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊ စိုင်းစိုင်း ဆိုတာ ကျနော်မသိခဲ့ ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊ ကျနော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့် သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို ဟစ်ဟော့လို […]


ko sixOctober 24, 20141min1676
စဉ်​းစားကြည်​့ ကိုယ်​့ပိုက်​ဆံနဲ့ကိုယ်​ ကိုယ်​့ယဉ်​​ကျေးမှု​တွေ ဖဲ့ဖဲ့​ပေး​နေရ စဉ်​းစားကြည်​့ ကိုယ်​့ဦး​နှောက်​နဲ့ကိုယ်​ ကိုယ်​့အသားအ​ရေ​တွေ ​ဖော်​ပြ​နေရ စဉ်​းစားကြည်​့ ကိုယ်​့အလှနဲ့ကိုယ်​ကိုယ်​့ဆန္ဒ​တွေ လစ်​ဗင်​တူဂဲသား လှစ်​ဟ​နေရ မိုင်​းနပ်​ကို မိတ္တူမကူးကြပါနဲ့ အတုယူတယ်​ဆိုရင်​ အတု​တွေပဲ ရကြမှာပါ စဉ်​းစားကြည်​့ အချိန်​က နည်​းနည်​းပဲ ရှိ​တော့တယ်​ စဉ်​းစား​တော့အ​သေအချာ။ ကိုစစ်​


ကာရံOctober 24, 20141min1292
အလွမ်းတစ်ခန်းရပ် ခေါက်ရိုးကျိုးနေတဲ့ဆန္ဒ အလွဲများနဲ့ ခါးသက်တဲ့နေ့ရက်တိုင်းမှာ အဖြစ်အပျက်များက မျက်လှည့်ပွဲအလား ကြည့်ရတာ အထီးကျန်လိုက်တာ ဆုတောင်းခဲ့ဖူးတယ် ပြောင်းလဲလိုက်တဲ့ကံကြမ္မာက ငါ့ကိုအဖန်တစ်ရာမက ရိုက်ခက်နေစဲပါ လှိုင်းလေထန်တဲ့ ကန်ခြေတစ်ဘက်မှာ အလွမ်းတွေရေတွက်ရင်း ဟားတိုက်မိသေးတယ် ဒါကိုမင်းနားမလည်ပါဘူးလေ အချိန်ကိုရေတွက်တိုင်း လေပြေတိုက်ခက်သွားတယ် နေဝင်ချိန်ကြည့်ငေးခိုက်မှာ တိမ်တိုက်တို့မိုက်မဲပြန်သေးတယ် ဒီလိုနဲ့တစ်ရက်ကုန်လွန်ပြီပေါ့ လမင်းသာခဲ့ပါပြီ ငါ့အလွမ်းတွေတစ်ခန်းရပ်မို့ ကြယ်မကြေ ွခင်လေးမှာ အနမ်းတွေမှေးမှိန်ရင်း အားပြယ်လုနီးပြီလေ ကာရံ ၂၄ ့၁ဝ ့၂၀၁၄


ကာရံOctober 23, 20141min1943
အခါလွန်မိုး တမာဆိုတာ မချိုတာတော့သေချာတယ် မလိုသူတွေအပြုံးတုမှာ မင်လေးအမုန်းမပေးလိုက်ပါနဲ့ မကြင်နာလို့ ပစ်သွားပြီပဲ မင်းလေးရင်မှာ ချစ်စကားတွေမဆွံ့အသေးပါဘူးလေ အခါလွန်ရွာသည့်မိုး သည်းတာတော့သေချာတယ် အနာဂတ်အိမ်လေးမှာ မင်းလေးကို စောင့်နေသူရှိတယ် မလွမ်းပါနဲ့နော် အနာတရနဲ့ ဒဏ်ရာကိုကုစားဖို့ ခြေလှမ်းတွေဆက်တိုးဖို့လိုတယ် မေ ညလေညင်းသွဲ့သွဲ့မို့  လမင်းတစ်မှေးအိပ်နေတယ် ခပ်တိုးတိုးလေးပြောလိုက်ပါ မင်းလေးရင်မှာ အနွေးဓာတ်အေးမြနေဆဲပေါ့ ကာရံ ၂၃ ့၁ဝ ့၂၀၁၄


ကုိ ထြဋ္October 22, 20141min34110
လိမ်နိုင်လျှင် သမာဓိ ညာနိုင်လျှင် ပညာရှိ အပေါ်ဖားပြီး အောက်ဖိ… ။ ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ မြေနိမ့်တဲ့အခါ လှံစိုက် မရောင်ရာလဲ ဆီလူး… ။ ။ မရှက်အပ်သည်ကို ရှက် ရှက်သင့်သည်ကို မရှက် ငတေမာရင် ပြီးရောစိတ်ဓာတ်… ။ ။ ငကန်းသေရင် ငဆွေတက် သူများမိုးခါးဆို ဒို့မိုးခါး ငွေများရင် တရားနိုင်… ။ ။ ထမင်းတလုပ် တသံသရာ သမုဒ္ဒရာ ဝမ်းတထွာမို့ ဆိုရေးရှိရာ ဆိုပါစေတော့… ။ ။ လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ် နေတတ်ရင် ကျေနပ်စရာမို့ ထမင်းတနပ် ဝမ်းရေးမခက်ဖို့ မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့ ဆေးခါးကြီးကို သောက်လိုက်တော့မည်…. – တခါတလေ အများနည်းတူ ကျှ် ကို […]


အောက်တိုဘာ ၂၁   လူဖြစ်လာတဲ့ငါ အဖေဆိုတာ မမြင်ဖူး အမေကိုသာ ဦးချ ဖြတ်သန်းရ ခရီးလမ်း အတော်ကြမ်းခဲ့တယ် ၊ မျက်နှာမငယ်စေချင်တဲ့အမေ ထားစေတဲ့ကျောင်းက တီတီစီ မညီညာလူတန်းစားတွေကြား နေသားကျအောင်ကြိုးစား အမေ့သား မတော်လှပေမယ့်  ၁ နှစ်မှာ တစ်တန်းတက်ခဲ့ ဘွဲ့ရယ်လို့ရပြီး လောကကြီးကို စ ရင်ဆိုင် နိူင်တာလည်းရှိ ယိုင်တာလည်းရှိ ပြုံးတာလည်းရှိ ရှုံးတာလည်းရှိ သိလာရ ဘဝအကြောင်း ကောင်းချိန်မှာစံ နှောင်းချိန်မှာခံ ကံဇာတ်ဆရာ အလိုတော်အတိုင်း ခပ်မှိုင်းမှိုင်းဘဝလမ်းမှာ သားဟာ အားမပါသူ မဟုတ်ကြောင်း အမေကောင်းကောင်းသိစေဖို့ ကြိုးစားလို့ ရုန်းနေဆဲ အရှုံးတွေထဲက အမြတ်ရှာ ကျနော်ဟာ အမေ့သားပဲဗျာ အားခဲကာ မာန်ကိုတင်း ကောင်းခြင်းဆိုတာ လက်တစ်ကမ်းပါ ၊