ကာရံSeptember 16, 20141min1122
မနမ်းထိုက်တဲ့ပန်း မြက်ခင်းစိမ်းစိမ်း လွမ်းတေးရေးရင်း မျှော်ငေးမိတယ် ကာရန်အစပျိုးလို့ ငါ့နံဘေးမှာ သူခိုနားဖူးတယ် ကြေကွဲခြင်းဆိုတာ မသိလိုက်သေးခင် နှလုံးသား နွမ်းနေဖူးတယ် ပန်းကလေးတစ်ပွင့်ရယ်ပါ အနမ်းလေးမပေးလိုက်သေးခင် ရနံ့လေးပျက်ကြွေနေပြီလား မျက်ရည်ဆိုတာ အချစ်ကြီးသူအဖို့တော့ သံဇဉ်လေးတစ်ပုဒ်ပါ သူရင်နစ်စွာ ငိုကြွေးနေပါပြီလေ ဆူးမရှိပါဘူး သူ့အနားမှာလိပ်ပြာလေးများ ပျံဝဲနေတုန်းပါ တိမ်ကလေးများ ဟိုဒီပြေးရင်း ဘယ်အရပ်မှာ ခိုနားမည်နည်း ဒီည လမင်းအလည်မလာဘူးနော် အဘယ်မှာ သူပုန်းခိုမည်နည်း ကြယ်ပွင့်လေး ကြွေကျလာတယ် ငါ့အနားတော့မဟုတ်ပါဘူး ရနံ့ပြယ်ပန်းကလေးရယ် နံနက်ခင်း နိုးမထခင်မှာပဲ သူ သူလေ ငါ့ဘေးကစွန့်ခွာခြေပြီပေါ့ ရှာလည်းမတွေ့ ကြာလည်းမမေ့တာထက် ငါလည်းတစ်နေ့ လိုက်လာခဲ့မယ်ဆိုရင်လေ သူ သူ သူက မနမ်းထိုက်တဲ့ပန်း မနမ်းထိုက်တဲ့ပန်းလို့ ဘယ်သူဆိုနေမလဲကွယ် ကာရံ{11.4.2014}


ကာရံSeptember 16, 20141min1404
အလွမ်းမိုး အလွမ်းမိုးများ တစ်ဖြည်းဖြည်း ရင်ထဲသို့ ခြွေသက်ဆင်းပြီလေ တစ်ရက်ပြီးတစ်ရက် ခွဲခွာတဲ့အချိန်ကို ငါတွေးရင်း ရင်မောမိတယ် ချစ်သူရယ် အကြင်နာကင်းမယ့် တိမ်ရိပ်ကလေး ဘယ်တော့များ ကင်းစင်နိုင်မလဲလေ ဟိုးတစ်ဘက်မှာ မိုးခြိမ်းသံများ မစဲသေးပါလား မုန်တိုင်းရဲ့ကမ်းတစ်ဘက်မှာ အလွမ်းကို လောင်မြှိုက်နေကြတယ် သူက အောင်နိုင်သူလား ခံစားချက်ကို ရေတွက်ရင် မင်းနဲ့ငါ အနေခက်မှာသေချာတယ် အနာဂတ်က မသေချာလို့ပါ သတိရသေးတယ်ဆိုရင် အလွမ်းမိုးရယ် ခဏလောက်တော့ စဲပေးပါကွယ် ငါသိပ်လွမ်းတာ သိရင်ပေါ့ ကာရံ ၁၆ ့၉ ့၂၀၁၄


alinsettSeptember 16, 20141min48025
အတည်ပြောမလို့ပါ… ။ မွှေတယ်ထင်မှာဆိုလို့…ကြိုပြောတာ.. ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 1306 ခုနှစ် ၊ ၅ လပိုင်း ၊ ၁၅ ရက်နေ့မှာ သေဆုံးခဲ့တဲ့ ပုဂိ္ဂုလ်ကြီးတစ်ပါးရှိတယ်။ နာမည်က Musho Josho တဲ့ ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့  ဂျပန်ဘုန်းတော်ကြီးဆိုပါတော့…။ သူက…မသေခင်…သေတော့မယ့်ဆဲဆဲ အချိန်ကလေးမှာ.. ဘာလုပ်လဲ..ဆိုတော့… သေတော့မယ့်အချိန်ကလေးမှာ…သူရဲ့ တပည့်တွေကို စုဝေးစေပြီး…ကဗျာတစ်ပုဒ် ရွတ်ဆိုပြတယ်။ သူရွတ်ခဲ့တဲ့ ကဗျာစာသားကို မြန်မာလို ပြန်ဆိုထားတာလေး ဖတ်ဖူးတယ်…။ ဒီလို… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ လာတဲ့အခါမှာ…ဒါပဲ… သွားတဲ့အခါမှာ… ဒါပဲ… လာခြင်းနဲ့သွားခြင်း… နေ့တ်ိုင်း ဖြစ်ပျက်နေတယ်… အခု..ငါပြောတဲ့စကားတွေဟာ…ဒါပဲ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ စာသားတွေကို အပေါ်ယံဖတ်ရင် ဘာမှ မဟုတ်ဘူးထင်ရပေမဲ့…တကယ်လေးလေးနက်နက် ဖတ်ကြည့်ရင်.. အဲဒီပုဂ္ဂိုလ်ကြီးကို လက်ဖျားခါလိုက်ရတယ်… ။ […]


ခင္ခSeptember 16, 20141min20014
” အစည်းအဝေး “   ရှေ့တန်းမှာဦးစားပေး ဗီအိုင်ပီတဲ့လေး သူတို့လေးတွေရေဆာလို့ ရေဗူးလေးတွေထောင်ထားစို့ စားစရာကလည်းအရှန်ပယ် သူတို့တွေကဆာတတ်တယ် နောက်တန်းတွေမှာထိုင်သူများ အဟာရသိဒ္ဓိပြီးလို့လား ရေလေးတောင်မှမတိုက်ထား မြန်မာ့ရုံးများရဲ့အခမ်းအနား အစဉ်လာမပျက် ကျင်းပလျှက် မြင်ကွင်းမှတ်တမ်းတင်စေသောဝ်။ ခင်ခ။


ခင္ခSeptember 16, 20141min1116
” ဘယ်တော့များမှ အမြဲမခွဲနေရပါ့ “   နှစ်တွေအလီလီ ပြောင်းကာ မင်းငါကိုလှည့်စားနေတာသိပေမယ့်လည်း ညနေဆည်းဆာနေဝင်လွန်ရင် ငါနဲ့အတူရှိစေချင်။   တစ်ခါတလေ မင်းမလာသေးဘူးဆိုပေမယ့် ငါကမျှော်လင့်မိနေတယ် ဘာရယ်တော့မဟုတ်ဘူး မင်းကိုငါနဲ့အတူရှိစေချင်တာပါ။   ညဖက်အိပ်နေရင်း လန့်ကာနိုးလို့ ညဦးယံမှာ မင်းရှိနေပြီး ထကာကြည့်မှ မင်းမရှိရင် စိတ်ထဲဘဝင်မကျ စိတ်ပူမိပါ့ မနက်ထိတိုင်ပြန်လာပါ့မလား စိုးရိမ်မိတယ်။   အနားမှာအမြဲ နာရီတိုင်းစက္ကန့်တိုင်းရှိပါ့မယ်လို့ မင်းပြောခဲ့တာမုသားဆိုတာသိပေမယ့်လဲ စိတ်တော်မဆိုးရက်ဘဲ မလာရင်တော့မျှော်နေမိသလို လာပြန်ရင်လည်း ဘယ်တော့များပြန်ပျောက်မလဲလို့ စိုးရိမ်စိတ်အစဉ်နဲ့နေခဲ့ရပြီး၊ တစ်နေနေ့တော့ ငါအနားအမြဲရှိလာမှာပါလို့ စိတ်ဖြေမိကာနေခဲ့တာလည်း နှစ်လအလီလီ ကြာလှပေါ့ကွယ်။   တကယ်တော့ ငါအတွက်ရွေးချယ်စရာမရှိ မင်းမှမင်းဘဲဆိုတာ သိနေရော့မို့ အိုက်တင်ခံကာ လာတလှည့် မလာတလှည့် လုပ်နေတာများလား ဒါမှမဟုတ် သတင်းကြီးတဲ့မင်းသမီးမို့ မော်ကာကြွားပိုဂရုမစိုက်လေလား ဘာဘဲဖြစ်ဖြစ် မင်းမရှိတဲ့ညဟာ […]


ကာရံSeptember 15, 20141min902
မိုးစက် ရစ်ပတ်နေစဲ အချစ်မဲ့ဒီညလေးမှာ ဂစ်တာကိုအဖော်ပြု ရင်း ငါလေ ဘဝအမောတွေကို ဖြေသိမ့်မိဖူးတယ် ့ ့ ့ ့ ့ အလင်းမဲ့နေစဲ ပြီးခဲ့တဲ့အတိတ်မှာ မင်းနဲ့ငါ ပျော်ဖူးခဲ့ပါတယ် ခုတော့ နွမ်းလို့ကြေ ွတဲ့ ပွင့်ရွက်လေလား ရနံ့များ စွံအလို့ပေါ့ ့ ့ ့ ့ ့ ကောင်းကင်လွမ်းတေးဆိုနေကြတယ် မိုးစက်များ တစ်ဖွဲဖွဲမို့ ရင်ထဲထိုးဆင်းခိုက် မျက်ရည်စက်နှင့်အတူ ငါ့နှလုံးသား အလွမ်းဖြေရင်း ့ ့ ့ ့ ့ ကာရံ ၁၅ ့၉ ့၂၀၁၄


ကာရံSeptember 15, 20141min932
နှလုံးသားနုနု အပြုံးများထုစစ်ရင်း မင်းရဲ့အမုန်းတရားအောက်မှာ ငါ့မေတ္တာ လောင်းရိပ်မိခဲ့ဖူးတယ် ့ ့ ့ ့ ့ မျှော်လင့်ချက် ကမ်းစပ်မှာ ရိုက်ခက်လာတဲ့ မာနလှိုင်းတွေက ငါ့ရင်ကို အဆိပ်တက်စေခဲ့ဖူးတယ် ့ ့ ့ ့ ချိုမြိန်ခြင်း နှုတ်ခမ်းပါးထက်က အနမ်းများခြွေချခဲ့ပေမယ့် ရနံ့တွေက တစ်ပါးရပ်မှာပါလေ ့ ့ ကာရံ ၁၄ ့၉ ့၂၀၁၄


naywoon niSeptember 15, 20141min1684
ပစ္စက္ခ ​ ​ခေါင်​း​ဆောင်​မဲ့သူမရှိပဲ ​ခေါင်​း​ရှောင်​မဲ့သူ​တွေနဲ့ဖွဲ့စည်​းထားတဲ့ လူ့အဖွဲ့အစည်​းမှာ ​ခေါင်​း​ထောင်​ဝံ့သူ​ထောင်​ကြည်​့စမ်​း ရိုက်​အချ ခံသွားရမယ်​ ။ အဲ့ဒိလို ဒဲ့ မ​ပြော​ပေမဲ့ လက်​ရှိအ​ခြေအ​နေက အဲ့ဒိအတိုင်​းမ​ပြောင်​းလဲ​သေးပါဘူး ။ ဟိုလိုဒီလို အသံ​ကောင်​းဟစ်​​နေတာက အွန်​လိုင်​း​ပေါ်မှာပဲရှိတယ်​ ။ အပြင်​မှာ အသက်​ရှင်​လျှက်​မ​တွေ့ရတာခက်​တယ်​ ။ ​မြေရှင်​ပ​ဒေသရာဇ်​နဲ့ သက်​ဦးစံပိုင်​ဘုရင်​စနစ်​ ​ကောင်​း​ကောင်​းထွန်​းကား​နေ​သေးတဲ့တိုင်​းပြည်​မှာ ဘယ်​​နေရာသွားသွား ဘယ်​နားက ဒါးသွားထွက်​လာမလဲ ရင်​တစ်​ထိတ်​ထိတ်​ အသည်​းတစ်​ဖိုဖိုနဲ့ မ​လေးရှားစုန်​းကားကြည်​့​နေရသလိုပဲ ။ ​နေဝန်​းနီ


alinsettSeptember 15, 20141min26518
. . . . . . အူသံတွေအဆုံးမှာ. . . ငါ့တို့ ကိုယ် ငါတို့ မီးခိုးလုံးလို ဝေဝါးပစ်လိုက်ရမှာလား??? တိမ်ကို ခိုစီးရင်း သီချင်းတစ်ပုဒ်တော့ ညည်းပါရစေ. . . ”ဒါ တို့ ပြေ . . . ဒါ. . .တို့မြေ. . ” မဟုတ်သေးဘူး. . . ငါတို့နေလို့ရဖို့အတွက် လေထဲမှာတောင် တန်ဖိုးနည်းအိမ်ရာမရှိဘူး။ ဒီသီချင်း. . . သခင်ခေတ်မှာမှ. . .ဆိုကြမယ်နော်. . . တဂျုန်းဂျုန်းခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့ ခြေသံ. . . ဆာလောင်နေတဲ့ ငါတို့ မကြားလိုက်ဘူး။ ဘယ်ကြားမလဲ . […]


ခင္ခSeptember 15, 20141min843
မိုးစက်တို့ မစဲဘဲ တသဲသဲနဲ့ကျလေသည် လူသူကင်းမဲ့ လမ်းမဘေးဝယ် ဗန်ဒါပင်အောက် မိုးခိုသူတစ်ယောက် အမြင်ပုံစံဆင်းရဲဟန်ဖြင့် စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးလေးတိတ်ဖို့မျှော်လင့်တယ်။ စပါးစိုက်ခင်း လယ်တောတခွင်ကို ရေအားနည်းစဉ်ရွာပါ့မိုးအစဉ် ကောင်းကင်ရယ်လင်း တိတ်ဟန်ပြုတော့ စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးကြီးဆက်ရွာနေဖို့မျှော်လင့်တယ်။ မတူကွဲပြား မျှော်လင့်ချက်များ ကျင်လည်ဘဝ မတူကြတော့ သူတို့ဆန္ဒပြည့်ဝပေးဖို့ မိုးနတ်မင်းလည်း စိတ်ရှုပ်မယ်။ ခင်ခ


“မိုးနေ့ “   အိုု…………….. မိုးရယ်မှောင် လွမ်းလေအောင် သူပြုစားတယ် ရက်စက်လေအား။   တိမ်တွေပြို ငိုနေသလိုပါလား။ မိုးစက်စွေ ရွာနေပုံက လွမ်းစေရော့သလား   ရွှဲရွှဲရယ်စို မိုးခိုတဲ့ငှက်ငယ်လေး သူလဲကွယ်  တစ်ကောင်ထဲရယ် မို့ ကိုယ့် လိုပါလား။    ဟိုးးးးးးးးးးးးးးးးးးးးး အဝေးကလူ ဆွေးသူကို ဖေးကူချော့လာလှဲ့ကွဲ့ ချစ်တဲ့သက်ထား။   ကိုပေါက်လက်ဆောင်အတွေးစဉ် 14-9-2014


ကာရံSeptember 14, 20141min902
မေတ္တာဟူသည် မေတ္တာကိုထုစစ် အနုအရင့်များတဲ့ စိတ်ရောင်စုံ ရင်မှာတော့ အကြင်နာတရား မာနမင်းသားတော့ မဟုတ်ပါလေ . . . . .. မျိုးစေ့ကယ်မှန် ရှင်သန်စေဖို့ ပျိုးလို့ရယ် မေမမောပါဘူး နောင်လာမယ့် အနာဂတ်မှာ ရိပ်ခိုဖို့ရာ ခရောင်းလမ်းလည်း လျှောက်မြဲပါ . . . . . . အတ္တလည်းရင်မှာမထား စေသနာအရင်းခံလေးမို့ ပျိုမေတ္တာအဖြူ ရောင်လမ်းမှာ သူတို့လေးများ ပျော်ပါးဖို့ပါ . . . . . . . မေတ္တာသည်သာ အမြတ်ဆုံးမို့ နွေလည် မိုး ဆောင်း ပြောင်းလဲပါစေ မုဒိတာတစ်မိုးအောက်မှာ ပျိုးခဲ့သည့် အကြင်နာပန်း . . . . . […]


ကာရံSeptember 14, 20141min1094
မိုးမြေပျက်သုံး အမုန်းကင်းစေ မခွဲမခွာ မြဲသစ္စာသည် ချစ်ခြင်းတရား ရင်မှာတည်ရင်း အပြုံးပန်း ပွင့်လန်းစေရန် ကို့မေတ္တာစွမ်း ဖန်ဆင်းရင်းဖြင့် ရှင်လေးရင်မှာ ကိန်းပါစေသား (ရှင်လေးရဲ့ကို) ကာရံ ၁၄ ့ ၉ ့၂၀၁၄