ခင္ခSeptember 14, 20141min1435
မနက်ဖြန်ဥပုဒ်ဆွမ်းချက်လောင်းဖို့ ဓမ္မာရုံက လော်အစုံနဲ့ တရားတွေပြ အလှုခံသဗျ မနက်ငါးနာရီမထိုးမှီ တစ်နေလုံးလည်း မဟာဒုတ်ဇာတ်တွဲ အခါခါနွဲလို့အော်လေသမို့ ဒီတစ်နေ့တော့နားမချမ်းသာပေါ့ တိုက်ခန်းတွေများ တိုက်တွေကြားထဲ သံကုန်ဟစ်ကာ ဖွင့်တဲ့လော်သံ တိုက်နံရံတို့ရိုက်ခက်သည့်ဟန် ပဲ့တင်သံနဲ့ တိုက်ခန်းကျဉ်းထဲ ဲနေရဆင်းရဲ တပတ်ဥပုဒ်အဖိတ်ရောက်တော့မယ် ဗုဒ္ဓဘာသာပေမယ့် ကြောက်လှပြီကွယ်။ ္တ ခင်ခ။


ခင္ခSeptember 14, 20141min1156
မြန်မာဓလေ့ တောနယ်ဘက်ဝယ် တွန်လှကြက်သံ အောအီအီးအွတ်ဟန် ခွဲခြားကာသိအချိန်ဟူ၏ မှောင်ရီပျိုးစညနေစောင်း ခြောက်နာရီမှာတွန်လေတယ် အိပ်တန်းတက်ချိန်တဲ့ကွယ် သက်ငယ်ခေါင်းချတွန်သံက ညခွန်းခွဲသာသာဗျ သက်ကြီးခေါင်းချတွန်သံပြ ညတစ်ဆယ်ဝန်းကျင်မယ် ညဉ်နက်ချိန်ခါတွန်လေတာ သန်ခေါင်းဆယ့်နှစ်နာရီဟာ လုလင်ပြန်ချိန်တွန်သံပေး ညနှစ်နာရီအခါလေး နံနက်အာရုံတွန်သံချို မနက်လေးခွဲအခါဆို မိုးလင်ခြောက်နာရီတွန်သံက လင်းကြက်တွန်တယ်ဟ ကိုးနာရီထိုးတွန်သံပျို ဆွမ်းခံဝင်ချိန်ကိုး နေ့လည်ဆယ့်နှစ်နာရီတွန်သံပြု မွန်းလွဲအောက်အီအီးအွတ်။ ခင်ခ။


ခင္ခSeptember 13, 20141min932
” ဘဝဘာလို့ခါးတယ် “   သစ်ရွက်လှုပ်သံ တိုးညှင်းနေတယ် မိုင်းပေါက်သံက ပိုကျယ်လို့ မိုးသံတွေက ပိုဆူသလိုကွယ် စက်သေနတ်က မပြတ်ပစ်လို့ အေးဆေးစွာရယ် မစားသောက်ရ ဘဝလှလှ မရှိလှဘူး စားသုတ်သုတ် သွားသုတ်သုတ်နဲ့ ပြေးလွှားခိုအောင်း နေခဲ့ရတာကြာလှပါပေါ့ ငြိမ်းချမ်းရေးပွဲ ဆွေးနွေးပါလျှက် နှစ်နဲ့ချီကြာ မငြိမ်းချမ်းသေးပါ ဒို့ကချင်ပြည်နယ် ဘဝက ခါးလှတယ်ဗျာ။     ခင်ခ။


ခင္ခSeptember 13, 20141min1667
သတင်းသတင်း အတင်းမတုတ်ရက် မင်း ဆိုးတယ်လည်း ငါမပြောဘူး။ ကမ္ဘာပတ်ကာ မကြာမကြာလည်ပတ် မင်း သုံးလို့လဲ ငါမပြောဘူး။ အရင်အပေါင်းအသင်း ရောင်းရင်းတွေကို အနားခေါ်ကာ အဖွဲ့တွေထား မင်း ဖြုန်းလို့လဲ ငါမပြောဘူး။ ဟိုဟာဒီဟာ လုပ်ပေးမယ်ဗျာ စကားလေထွား ပြောဟန်များပြီး လက်တွေ့မှာတာ ဖြစ်မလာတာကို မင်း ညံလို့လဲ ငါပြောဘူး။ ငါတို့ပြောလည်း အလေးမထားဘဲ မင်း လုပ်ချင်ရာ လုပ်နေတာမို့ ပြောမရ ပြုမရ ငါတို့ဘဝ။ ခင်ခ။


aye.kkSeptember 12, 20143min23011
. ရလိုလျှင်​က . နှစ်​ဖြာရုပ်​နာမ်​ . တလံမျှကို  လိုလိုချင်​ချင်​ . မြတ်​နိုးကြင်​၍ . ခ​ျစ်​ခင်​ယုယ . ပြု ပြင်​သလည်​း . အခ​ျိန်​ဘီလူး . အထူးမညှာ . စား​တာခံရ . အသက်​​ကြွေ​ပျောက်​ . ​ချောက်​မရဏ . ဆင်​းရသည် . သဂျီးဦးခိုမ် မှက်လေလော့…။ . ရုပ်နာမ်​နှစ်​ခု . စွဲလမ်​းမှု​ကြောင့်  ​့ပြုကာကံမ္မ . ဆင်​းရဲမှန်​စစ်​ . သုံးဆယ်​့တစ်​ဘုံ . လုံးစုံ​လောက . ထိုထိုမျှတွင်​ . ကျင်​လည်​မပြတ်​ . ဆင်​းရဲထပ်​လျှက်​ . ရဟတ်​သံရာ . စီးကာခရီး . ​ကျောပိုးပြီးလျှင်​ . ချည်​းနှီးဗလာ . […]


ခင္ခSeptember 12, 20141min1295
” မဆုံမိလေ ကောင်းလေ “   မျဉ်းပြိုင်နှစ်ခု ပေါင်းဆုံပြုဖို့ မဖြစ်နိုင်ဘူး သူ့လမ်းသူသွား ကိုယ်လမ်းကိုယ်သွား တစ်ထီးတစ်နန်း နေသည်မှန်လဲ သူမရှိမဖြစ် ကိုယ်မရှိမဖြစ် ပေါင်းဆုံဖို့လဲ မဖြစ်ပါဘဲ အမြဲတူယှဉ် ပြိုင်လျှက်အစဉ် ရှိမှကောင်းတာ ဒို့တိုင်းပြည်က မီးရထားလမ်းပါ။   ခင်ခ။


ခင္ခSeptember 11, 20141min23310
” ပြောင်းပြန်သီအိုရီ “   ထန်းလျက်ဆို ချိုမှာပေါ့ ဆားဆို ငံတယ်လေ ငရုတ်သီးက စပ်တယ်ဟ ကြက်ဟင်းခါးသီး အခါးကြီး သဘာဝတရား ရှိပြီးသားကို မျိုးရိုးဗီဇ ပြင်လို့ရတော့ ဆားအချို ငရုတ်သီးခါး ထန်းလျက်ကယ် ချဉ်အောင်ပြု နောင်တစ်ချိန် မယ်ဖြစ်လာတု ပြောင်းပြန်သီအိုရီ မှန်နိုင်သည်။ ခင်ခ။


ခင္ခSeptember 10, 20141min21010
” ဟိုအရင် ထိုင်ခဲ့ဖူးတဲ့ခုံလေး “   ငယ်ငယ်တုန်းက စာသင်ကျောင်းဝယ် မူလတန်းအရွယ် ကလေးငယ်တို့ တူယှဉ်တွဲထိုင် ခုံတန်းရှည်မှာ တစ်ယောက်ကို တစ်ယောက် ညာတာထောက်လို့ မျှတစွာတွေး ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   အလယ်တန်းအောင် အထက်တန်းရောက် တစ်ယောက်တစ်ခုံ ထိုင်တဲ့ကျောင်းမို့ ကိုယ့်စားပွဲကိုယ် ကိုယ့်ထိုင်ခုံနဲ့ သဘောတွေကျ ဟန်ကျခဲ့ကာ ကိုယ်စားပွဲပေါ် ပစ္စည်းတင်ရင် ဟောက်ဟန်းချင်ကာ ရန်တွေ့ချင်လို့ ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   တက္ကသိုလ်တက်တော့ တစ်ဆင့်ပြီးမြင့် ခုံတန်းရှည်နဲ့ ခန်းမတွေ့တော့ အပေါ်စီးက မြင်တွေ့ရအောင် အမြင့်ဆုံးဖြစ် နောက်ဆုံးတန်းမှာ ထိုင်စာသင်လို့ သဘောကျတယ် တက်ရဆင်းရ မောလှပါရဲ့ ထိုင်ခဲ့သေးတာ အမှတ်ရမိတယ်ဗျာ။   ဘွဲ့တွေလည်းရ ဝန်ထမ်းဘဝတွင် ကိုယ်စားပွဲကိုယ်ထိုင် အလုပ်လုပ်ရလည်း မန်နေဂျာထိုင် ဆုံလည်ခုံဝယ် ဘယ်အချိန်ထိုင်ရ […]


ko sixSeptember 9, 20141min1234
​ငါ့ဖြတ်​ပိုင်​းက ​အုတ်​​ရော​ရော​ကျောက်​​ရော​ရော စီးဆင်​းခဲ့တာများပြီ သူ​သေငါပို့​လောက်​နဲ့​တော့ အတ္တက မရိနိုင်​​သေးဘူး ​ငါ အသက်​၂ဝ ​ကျော်​ခဲ့ပြီ ခုထိ ငါ ​သေပြီလို့ အာဂုံမ​ဆောင်​နိုင်​​သေးဘူး ဘယ်​မလဲ မြင်​းခွာသံ​တွေ အထူအပါးဆိုတာ အမြစ်​​တွေစိမ်​း​နေတဲ့ ငါကိုယ်​တိုင်​ပါပဲ မမြဲမှန်​းသိ​နေရဲ့နဲ့ ​ရေအဆုံးကုန်​းတစ်​ဝက်​စိတ်​ကနှင်​မရ​သေးဘူး ​ဒီလမ်​းက မ​နေ့ကလည်​း​နေဝင်​ခဲ့ပြီ ဒီက​နေ့လည်​း​နေဝင်​ဦးမှာပဲ မနက်​ဖြန်​​နေဝင်​တာကို မ​မျှော်​လင်​့ချင်​​တော့ဘူး မီးရှိတုန်​း ပဉ္စငါးပါးလုံး ကျိုလိုက်​မယ်​ အဆုံးသတ်​မှာ သုံးခွက်​တစ်​ခွက်​တင်​ဆို မ​မောရ​တော့ဘူးရယ်​။ ကိုစစ်​


manawphyulaySeptember 9, 20141min1978
လပြည့်ညရောက်လာပြန်ပေါ့ လမင်းကြီးကို ငေးကြည့်ရင်း ကြယ်တွေကို ရေတွက်ခဲ့ ဒီလိုညမှာ အကြင်နာအရိပ်ပါးပါးတစ်ခု ငါ့အနားကို ရောက်ရှိလာခဲ့ သူ့ရဲ့ဂရုဏာမျက်ဝန်းလေးနဲ့ ငါ့ကို ခွန်အားတွေပေးမြဲ ငါလေ ဒီလို ညမျိုး ဒီလို အိပ်မက်မျိုးကနေ ပျောက်ကွယ်သွားမှာ စိုးရွံ့လို့နေမိတယ်… သူ ဘယ်လိုလူလဲ ဘယ်မှာလဲ ရောက်လေရာမှာ ရှာဖွေခဲ့ပေမဲ့ ခုထိ အိပ်မက်ထဲမှ တစ်ယောက်သော သူ ဘယ်လိုလူလဲဆိုတာ ငါ မသိခဲ့ ကံကြမ္မာရယ် တောင်းခွင့်သာ ရှိရင် အိပ်မက် မဟုတ်တဲ့ ဘဝမျိုး ဖန်တီးပေးပါ အကြင်နာအရိပ် ဂရုဏာမျက်ဝန်းရှင်ရယ် မင်း ဘယ်ဆီမှာလဲ…. မင်းပေးတဲ့ခွန်အားနဲ့အတူ ငါလေ အသက်ဆက်ရခက်နေလို့ အိပ်မက်မဟုတ်တဲ့ အိပ်မက်ရှင်ရယ်…. မနောဖြူလေး ခံစားသည်။


ကာရံSeptember 8, 20141min1244
ရင်ထဲသို့ရိုက်ခက်နေသေးသည် အတွေးကလေး ခက်ရေးရေးမို့ ကြယ်လေးများ လင်းလတ်စဲပေါ့ ဝိုးတစ်ဝါးမို့ နိုးမထချင်ခဲ့တာလား ကြင်နာသူကတော့ အနမ်းလေးခြွေရင်း ကြွေသွားတဲ့ ကြယ်လေးကို လိုက်ကောက်မိတယ် နှလုံးသားက အလင်းတန်း ဖြာဆင်းကျလုလု မျက်ဝန်းကဗျာလေးက ကာရန်ကို အစပျိုးလို့ ပန်းကလေးများ နိုးထနေကြတယ် ညမွှေးပန်း ရနံ့လေးက ချစ်သူတို့ရဲ့ အတွေးကို လှုပ်ခက် နိုးနေတယ် ဒါကိုသူသိလေမလား ရောင်ခြည်ပျိုးတော့မယ်ထင်တယ် ငှက်ကျေးတို့ တစ်စာစာအော်ရင်း လေပြေလေး လှုပ်ခက် ဆော့ကစားနေကြတော့မယ် အတွေကလေး နိုးမထခင်လေးမှာ ထိုညလမင်း အလင်းဘာကြောင့်မဖြာသေးပါလိမ့်ပေါ့ ကာရံ ၈ ့၉ ့၂၀၁၄


ခင္ခSeptember 8, 20141min991
” ကြုံတတ်ပုံ “   တောက်ပလို့ ရွှန်းလဲ့ရောင်ထ မှောင်လှတဲ့ စင်ပေါ်ဝယ် မျက်လုံးရယ် နှစ်လုံးသာပြူး တွေ့လိုက်တဲ့ ခဏမှာဖြင့် ကြောက်အားငယ်ပိုတဲ့ကလေး လန့်ကာအော်ငိုလှလေတော့ အပြေးသာမီးဖွင့်ကာကြည့် စင်ပေါ်မှာငုတ်တုတ်သာမိ မိကြားဆိုတဲ့ ကြောင်နက်မရယ် အမှောင်ထဲဝယ် ထိုင်ကာနေလို့ မျက်လုံးသာပေါ်သည်မို့ကွယ် ငါ့ကလေးရယ် သရဲထင်ကာငို ဖြစ်ရလေ ကြုံမှကြုံတတ်သကိုး။     ခင်ခ။