” မဆုံမိလေ ကောင်းလေ “
” မဆုံမိလေ ကောင်းလေ “
မျဉ်းပြိုင်နှစ်ခု
ပေါင်းဆုံပြုဖို့
မဖြစ်နိုင်ဘူး
သူ့လမ်းသူသွား
ကိုယ်လမ်းကိုယ်သွား
တစ်ထီးတစ်နန်း
နေသည်မှန်လဲ
သူမရှိမဖြစ်
ကိုယ်မရှိမဖြစ်
ပေါင်းဆုံဖို့လဲ
မဖြစ်ပါဘဲ
အမြဲတူယှဉ်
ပြိုင်လျှက်အစဉ်
ရှိမှကောင်းတာ
ဒို့တိုင်းပြည်က
မီးရထားလမ်းပါ။
ခင်ခ။
5 comments
aye.kk
September 12, 2014 at 12:54 pm
မဆုံနိုင်တဲ့မျဉ်းပြိုင်
မှာမေျှာ်လင့်ခြင်း
ကင်းဝေးလို့
ုနေလည်း
ကမ္ဘာမှာမြန်မာဟာ
သာသနာထွန်းကားတဲ့နိုင်ငံမို့နေရတာအပျော်ဆုံးပါ
ခင် ခ
September 12, 2014 at 1:09 pm
နေတတ်ရင်ကျေနပ်စရာပေါ့ မဟုတ်ဘူးလားဗျ။
Yae Myae Tha Ninn
September 12, 2014 at 1:40 pm
အဲလိုကျတော့ ဟုတ်သားနော်.. ကိုခကြီး.. 🙂
ကိုပေါက်(မန္တလေး)
September 12, 2014 at 3:51 pm
အဲဒီ ရထား မျဉ်း ပြိုုင်ကတော့ ဆုံလို့ မဖြစ်ဘူး ကို ခ
ဆုံတာနဲ့ ရထားတွေ ဒုက္ခရောက်ပြီသာ မှတ်ပေတော့
ခင် ခ
September 12, 2014 at 4:25 pm
ဒါကြောင့် မဆုံမိလေ ကောင်းလေ လို့။