ကာရံAugust 26, 20141min2656
ဒဏ်ရာဒဏ်ချက်တွေနဲ့ အဖန်တစ်ရာ ရိုက်ခက်နေစဲ ကောင်းကင်ထက်က နေမင်းလည်း အမှောင်ထုကို လွန်ဆန်ရင်း မာနတွေတစ်ဖွဲဖွဲပေါ့ ကမ်းမမြင်တဲ့ လမ်းတစ်ဘက်မှာ မှန်းရခက်တဲ့ မေတ္တာမျိုးမို့ ချစ်ခြင်းစကားကို ဘယ်လိုနားလည်ရပါ့မလဲလေ ရိုးသားခြင်းအက္ခရာက တို့နှစ်ယောက်အတွက် နှောင်ကြိုးဆိုရင် ခိုင်မြဲခြင်းအရာတွေက သစ္စာဆိုခြင်းလား အတွေးကလေးထဲမှာ ကြည်နူးခြင်းများ တိုးဝှေ့နေကြတယ် တစ်သက်မခွဲဖို့ အမြဲတွေးနေဖူးတယ် လွမ်းသည်သို့သော် အနားမှာ မင်းမရှိ ချစ်သည် သို့သော် ရင်ခွင်မဲ့ညမို့ ကောင်းကင်ထက်မှာ ဆီးနှင်းများ သက်ဆင်းလာကြပြီပေါ့ မခေါ်ပဲလာခြင်းထက် မနှင်ပဲ ပြေးခြင်းက နားလည်ရခက်သော ပုစ္စာတစ်ပုဒ်ဆိုလျှင် အဖြေခက်လှပါသည် အလွမ်းတွေလက်ချိုးရေရင်း သောကလေပြေအကြားက မောင်လေပြောပြချင်ပါဘိ အချစ်ဆိုသည်မှာ မချိုသော အခါးလေလားလို့ ကာရံ ၂၆ ့၈ ့၂၀၁၄


ko sixAugust 26, 20141min2104
​နောက်​​ကျောဘက်​ဆီကလာတယ်​ ဘယ်​အရပ်​ကိုရည်​ရွယ်​သလဲ ရင်​ညွန်​့မှာသီး​နေတဲ့​ပစ်​မှတ်​ကိုလား အမှန်​တရားဟာ အနာလို မချိုပါဘူး အ​မှောင်​ဟာ ဦး​နှောက်​မရှိတဲ့ တံခါးမှာ အမှန်​တရားကို စည်​းတားထားခဲ့တယ်​ လက်​ခုပ်​မတီးရင်​ စိတ်​သက်​သာရာရပါတယ်​ အသံတိုင်​း လက်​ခံစရာကိစ္စချည်​းမှ မဟုတ်​ဘဲ။ ကိုစစ်​


ခင္ခAugust 26, 20141min2177
” ဒေသဘုရားများ ဖူးကြစို့”   ဒေသတစ်ခု ပြယုဒ်ပြုလို့ တန်ခိုးကြီးဘုရားတွေရှိကြတယ် ရန်ကုန်မှာဆို ရွှေတိဂုံနဲ့ ဆူးလေ ဗိုလ်တထောင်ဖူးရမယ် သန်လျှင် ကျောက်တန်း ရေလည်ဘုရားနဲ့ ကျိုက်ခေါက်စေတီ ဖူးမဝဖွယ် ပဲခူးရွှေသာလောင်း ဟင်္သာကုန်းနဲ့ မဟာစေတီ ဝင်ဖူးကွယ် ကျိုက်ထိုဘက်တော့ မှဲ့ရှင်ဘုရားနဲ့ ကျိုက်ထီးရိုးတောင်ပေါ် တက်ကြမယ် သထုံမှာဆို ဝင်ကာဖူးဖို့ မြသပိတ်စေတီ တည်ထားတယ် ရွှေတောင်ဝင်ရင် ရွှေနတ်တောင်နဲ့ ရွှေမျက်မှန်ဘုရား ဆုတောင်းသွယ် ပေါင်းတည်စွယ်တော် နံမည်ကြီးလို့ ဖူးမဝကာ ကြည်ညိုဖွယ် ပြည်ဘက်မှာတော့ ရွှေဆံတော်နဲ့ ဆယ်ထပ်ကြီးဘုရား တင့်လို့တယ် မကွေးရောက်တော့ မြသလွန်မယ် ဘီလူးကြီးတွေ စောင့်ရှောက်တယ် ဟိုဘက်ကမ်းကို ကူးကာသွားရင် မင်းဘူးရွှေစက်တော် ရောက်လိမ့်မယ် မုံရွာရောက်ရင် ဗောဓိတစ်ထောင်နဲ့ သမ္ဗုဒ္ဓေဘုရား ဝင်ဖူးကွယ် ကျောက္ကာမြို့ဘက် ခြေဦးလှည့်ရင် ရွှေဂူနီဘုရား […]


ရဲနဲ့အပူစာ အပူစာနဲ့ရဲ စာရဲသူစားစတမ်​း။ စားရဲလို့ဝင်​လုပ်​တာ သမ္မာရင်​ ထမင်​းငတ်​တဲ့​ခေတ်​ ခပ်​တင်​းတင်​းယူရမှာပဲ။ အပြစ်​လုပ်​မိတာ ငါ့​ကြောင်​့မဟုတ်​ ဥပ​ဒေမသိတာ ငါ့​ကြောင်​့မဟုတ်​ ငါ့အလုပ်​က ​ငွေထုပ်​​ကောက်​ဖို့။ ​ဟောက်​ချင်​လည်​း​ ​ဟောက်​မယ်​ ​အောက်​ကျဆိုလည်​း ရတယ်​ အထက်​ဖား​အောက်​ဖိ အကုန်​သိ၏။ အပြစ်​ရှိတယ်​ လာမ​ပြောနဲ့ ကုန်​လိုက်​တာ ​ဟောကနဲ ငါ့တစ်​မိသားစုလုံး ​ရောဂါရှိတယ်​။ ။ Posted from WordPress for Android


ခင္ခAugust 25, 20141min2397
” ခါးမှန်းသိလျှက် မစားစေချင်”   ကြာကြာဝါးတော့ ခါးမှန်းသိ ခါးနေလျှက်မို့ ထွေးထုတ်ပစ်လဲ မစားမနေ ခိုင်းစေလေတော့ ခါးလျှက်သာဘဲ ဝါးခဲ့ရတယ် နှစ်ထောင့်ဆယ့်ငါး အဲဒီအခါး ဆက်မစားရအောင် ဒို့ကြံဆောင်ဖို့ လူတိုင်းအသိ သတိရှိလို့ အစိမ်းကိုရှောင် ပင်နီကိုဆောင် ရောင်းရင်တို့ရယ် မမေ့နဲ့ကွယ်။ ခင်ခ။


ခင္ခAugust 24, 20141min1513
“ကြေးစည်သံ”     ကြေးစည်သံလေး တဝေဝေ အပေါ်ထပ် ဘုရားခန်းကလေ အမေကြီးတီးလို့ အမျှဝေ မနက်စောစော သံသာနေ။ ကြေးစည်သံလေး တလွင်လွင် ရွာဘုန်းကြီးတို့ ဆွမ်းခံဝင် လောင်းလှုကြလို့ ကုသိုလ်ပြု မြင်သူအေးလို့ ချမ်းမြေ့စု။ ကြေးစည်သံက တူဝေတူဝေ လိုက်ပါပို့ဖို့ လူစုကြလေ ကျန်ရစ်သူများ ငိုကြလို့နေ သံဝေဂ မြင်သူရကြစေ။ ကြေးစည်သံက တသာသာ ရွာထိပ်တောင်ပေါ် စေတီကလာ ညချမ်းချိန်ခါ ကုသိုလ်မျှ ဘုရားဖူးနဲ့ လွန်စည်ပါ့။ ခင်ခ။


ခင္ခAugust 24, 20141min1333
” ရုပ်သေးစင် “   ကကြိုးမရှုပ် ရုပ်သေးရုပ်ကို သူ့ဆိုင်းချက်နှင့် ဟန်ညီလှဖို့ ထားသိုဝင်ထွက် ကျွမ်းကျင်လျှက် ကသည့်ရုပ်ခုံ နောက်ကွယ်စုံမှ ကြိုးကိုင်သမား ဝါရင့်များက တော်လှပေတာ ဉာဏ်ကြီးရှင်ရာ ကကြိုးရုပ်မှာ မသိရှာ ကဟန်မပျက် ကနေလျှက် ရုပ်သေးသဘင် ကစန်းထွင်။   ခင်ခ။


ကာရံAugust 23, 20141min920
ရှေးရာဇဝင်မှတ်တမ်းက အချစ်ကြီးသူတစ်ချို့ ဘဝကိုစတေးဖူးကြတယ် နွယ်ဆိုတာ ရစ်ပတ်သူတဲ့ အပြစ်မဲ့တဲ့ ချစ်ခြင်းစကားကို အရောင်တွေပြောင်းလဲကြဖူးသေးတယ် အချစ်ကြောင့် မုန်းကြတယ် အချစ်ကြောင့် အလွမ်းတွေ အစပျိုးကြတယ် အချစ်ကြောင့်ပဲ နှလုံးသားတွေ နာကျည်းကြပြန်သေးတယ် မေတ္တာစစ်ရင်လေ သစ္စာဆိုတဲ့စကားက ရင်မှာ တည်ကိန်းဖြစ်ရင် အကြွင်းတစ်နေရာကမင်းက ထာဝရဖြစ်မှာပါ အရောင်းအဝယ် အပြုသင့်တဲ့ ချစ်ခြင်းကဗျာလေးကို မင်း တန်ဖိုးထားတက်ရင်လေ သံယောဇဉ်ကြိုးလေး ရစ်ပတ်နေသူမို့ ရာဇဝင်ထဲကသူကလေ ကာရံ ၂၃ ့၈ ့၂၀၁၄


ကာရံAugust 23, 20141min1211
ကြမ်းတမ်းတဲ့ ဘဝခရီးကြမ်းမှာ မင်းလေးမောဟိုက်နေရောပေါ့ ငါကမ်းလင့်ချင်ပါတယ် အားအင်တစ်ချို့ လောဘ လှေကားထစ် ကိုတက်မလှမ်းချင်ပါနဲ့ နွေးထွေးတဲ့ အကြင်နာလက်ကလေး ကြိုဆိုနေကြတယ် ပန်းကလေးရယ် မနွမ်းလိုက်ပါနဲ့နော် ငါလေဘေးမှာ စမ်းချောင်းလေးအဖြစ် ရပ်တည်ပေးချင်သေးတယ် အတ္တတွေ အရိပ်ဆိုးနဲ့ လမ်းမထက်မှာ ဖြန့်ကျဲနေကြတယ် မေတ္တာအတိမ်အနက်ကို လက်ချိုးမရေချင်ပါနဲ့ စိတ်ထဲမှာ အမြတ်ဒေါသဆိုးတွေ အတိုးနဲ့ ကျန်ရစ်နေလိမ့်မယ်လေ သူငယ်ချင်း သံသရာခရီးကြမ်းမှာ မင်းလမ်းတစ်ဝက်က ဖြတ်မပြန်ချင်စမ်းပါနဲ့ လင်းလက်ကြယ်လေး အမြဲမသာပေမယ့် ပန်းတိုင်းမရောက်မချင်း ဆက်လျှောက်စေချင်တယ် ဒေါသကိုအရောင်မဆိုးပါနဲ့ကွာ လိုတိုင်းတမရပေမယ့် ငိုတိုင်းပြီးမသွားတဲ့ ချိန်နာရီ စက္ကန့်တိုင်းမှာ နာကျည်းချက်များ အနိုင်ကြဲနေကြလိမ့်လေ သူငယ်ချင်းဆက်ရမယ့် ခရီးလမ်း မပြီးဆုံးသရွှေ့တော့ ဘဝအမောတွေကို လှောင်ပြုံးလေးနဲ့ရယ်လိုက်ပါ တစ်နေ့ အနိုင်ရမယ့် ပန်းတိုင်က လက်တစ်ကမ်းမှာ ရှိပါတယ် ကာရံ ၂၃ ့၈ ့၂၀၁၄


ခင္ခAugust 23, 20141min1484
” မျှတစွာဘဲ စားကြပါ “   ထန်းညက် နဲ့ သကြား ချိုသည် ထားလို့ ဆား နဲ့ ငပိရေ အငံ တွေနော့ သံပရာ ရှာလကာ အချဉ် ဓာတ်ပါ ကြက်ဟင်းခါးသီး အခါး ပါသမို့ ငရုတ်သီးတောင့်စိမ်း အစပ် ကိန်းကာ ချို ချဉ် ငံ ခါး အစပ်များနဲ့ သဘာတရား ဖန်တီးထားလို့ အမျိုးရသာ စုံလှသည်၊   လွန်ကဲစားမိ မကောင်းသည်ရှိ ဥပမာပေး ရေးပြအုံးမည် အချိုများစွာ စားသည့်သူမှာ ဆီချိုရန်ဘေး တွေ့နိုင်သေးသလို အငံကဲပို စားမည်ထိုထို သွေးတိုးဖြစ်ရန် ရာနှုန်းများပြန် ထိုကြောင့်အစား သင့်လျှော်ထားလို့ စုံကာ ရသာ စားကြပါဗျာ။     ခင်ခ။


ခင္ခAugust 23, 20141min1935
” မဟောသဓာ ငိုလောက်မယ် “   ဟိုရင်တုန်းက မဟောသဓာ စီရင်ခန်းမှာ နွားရှင်သူခိုး မေးမြန်းထိုတော့ နှမ်းဖတ်ကိုလည်း ကျွေးလေတယ် နွားကိုဝမ်းသက် လားစေလျှက်တော့ မစင်ထဲဝယ် မြက်ပင်ပါလို့ နွားရှင်နဲ့သူခိုး ခွဲခြားလိုက်တယ် မဟောသဓာ တော်လေတယ်။   အခုခေတ်များ ကားခိုးများက ပုလိပ်ရဲမင်း ပေါင်းသင်းတတ်ပြီး ကာဘော်ဒီလည်း လုံးလိုက်ချိန်းလို့ ဝစ်သောက်ကားလည်း တင်သွင်းပိုင်တယ် ဆေးဘော်ဒီဖျောက် အလွန်ကျွမ်းတော့ မဟောသဓာ ငိုလောက်မယ်။   အစိုးရရုံး ဌာနတိုင်းဝယ် ပေးယူမျှတ လာဘ်ယူဘဝက ပျောက်ပျက်သွားအောင် ပြောခဲ့ဆိုလည်း ပပျောက်မှုများ မရှိငြားဘဲ ပိုလို့တိုးကာ ဖြစ်နေရှာတာ ဒို့အတွေ့ ဒိုဓလေ့ဟု ဒို့နိုင်ငံအတွက် ဆိုရမလိုလို ယိုသူမရှက် မြင်သူရှက်ဖွယ်။       ခင်ခ။ (စာကြွင်း […]


ကာရံAugust 22, 20141min2036
အတိတ်အိပ်မက်ကလေးထဲက အရိပ်ကလေးရေ မင်းလေး ဘယ်ဆီသို့ အဝေးရပ်မှာ ရှိနေရပါလိမ့် အလွမ်းပုံရိပ်ထက်က အနမ်းတစ်စုံလေး ငါအမှတ်တရ တမ်းတနေဆဲပါ မင်းလေးကတော့ အရိပ်ကလေးတဲ့လား တစ်သက်မဝေးဖို့ ငါအမြဲတွေးနေဖူးတယ် လက်တွေခိုင်မြဲဖို့ မယိုင်လဲတဲ့ မေတ္တာလေးက အားအင်အသစ်မွေးဖွားပေမယ့် မင်းလေးက အရိပ်ကလေးပါပဲလား လေပေါ်တည်ဆောက်တဲ့အိမ်ကလေး အချစ်တွေအပြည့်နဲ့ သံယောဇဉ်အကာအရံကြားမှာ မင်းနဲ့ငါ နှစ်ယောက်ထဲပါ လွမ်းလက်စကဗျာတစ်ပုဒ် အမုန်းတွေရိုက်ချိုးရင်း ကာရန်ပျိုးနေဆဲမို့ တို့တစ်တွေ မျက်ရည်စက်တွေက မအေးမြစေတာတော့ အမှန်ပေါ့ တစ်ဘက်ကမ္ဘာအဝေးမှာ သောကသူဌေးသယ် ဘဝမို့ မောဟကင်းတဲ့လမ်းလေးကို မျှော်ငေးရင်း တမ်းတမိပါတယ် အရိပ်ကလေးရယ် ကာရံ ၂၂ ့၈ ့၂၀၁၄


ခင္ခAugust 22, 20141min3399
” ကုန် ဈေး နှုန်း မ ဟာ “   ဖိုးလမင်းကြီး ထမင်းဆီစမ်း ရွှေလင်ပန်းနဲ့ ပေးပါဟုဆို တောင်းခဲ့ထိုသည် ငယ်ငယ်ကကစား ဟစ်ကြွေးသံများ။   အခုများတော့ တကယ်သာဘဲ ဖိုးလမင်းကြီး ထမင်းဆီစမ်း ရွှေလင်ပန်းကို ပေးပါပြီထား ထိုလင်ပန်းအား ပြန်ရောင်းရွှေချိန် ရမည့်ငွေသည် တိုက်တာ အိမ်ကား ဝယ်ဖို့မဆိုထား တဲအိမ်နဲ့သာ ညားမည်သာသည့် တစ်နှစ်ပြီးမြောက် တစ်နှစ်ရောက်သော် အဲဒီလောက်တောင် ဈေးကြီးလာပြီ ဒို့ပြည်ကြီးမှာ တိုးတက်ဖြစ်တာ ကုန် ဈေး နှုန်း မ ဟာ ။     ခင်ခ။