အာဂAugust 5, 20141min3448
ဒုက္ခ အယ်ကိုဟောတို့ စီးဆင်းကခုန်ရာ……. ပြာလိုကြွေကျရင်း ပျောက်ဆုံးမဲ့ ဘဝထဲ…။ ခပ်ညစ်ညစ်စိတ်တွေရောလို့ မော့ပစ်လိုက်….။ လောကဓံဆိုတာ ကြိုးညှိစရာမလိုပေမဲ့ အသံထွက်က ဒီမှာ ညံ့တာများတယ်။ အိပ်ကပ်ထဲ ကံတရားထက် ငွေသာထည့်ခဲ့…။ ဘဝကို ရဲရဲကြီးမူးလို့ရတယ်။ မနက်ဖြန် မနက် သေမင်းတံခါးဝကိုမရောက်ခင်အထိပေါ့။


ခင္ခAugust 4, 20141min2886
” တင်စားခဲ့တဲ့ ဒေါင်း “   အိုးဝေ အိုးဝေ လို့တွန်ကာကျုးတဲ့ ဒေါင်း ကျောင်းသားများအတွက် ရင်မှာငြိတဲ့ ဒေါင်း ဝှေ့ရမ်းလို့သာ တိုင်မှာလွှင့်တဲ့ ဒေါင်း ဇာတိမန်ကြွ ခွပ်သဏ္ဍန်ပြတဲ့ ဒေါင်း အာဏာရှင်ကို ငုံမခံခွပ်တော့ ဒီအလံအောက်မှာ သေခဲ့ကြသည် ဒီအလံအောက်မှာ နေခဲ့ကြသည် ဒီအလံအောက်မှာ ကြွေခဲ့ကြသည် ဒီလိုပေးဆပ် အာဇာနည်ကို ဒို့များဦးညွှတ် အလေးပြုတယ်။     ခင်ခ။


htet wayAugust 2, 20141min2397
အမုန်းမုန်တိုင်းပေါ်က ရက်စက်သောရယ်သံ အမုန်းမုန်တိုင်းကြားမှာ ရက်စက်မှုဟာဟားတိုက်ရယ်လို့ မီးမုန်တိုင်းတွေတောက်လောင်တဲ့အခါ အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေကြား ရက်စက်မှုဟာဟားတိုက်ရယ်လို့ အမုန်းကြောင့်ရက်စက်ရတာဆိုပဲ ရက်စက်မူက ဆင်ဝှေ့ရန်ရှောင်လေးပြောတယ် ကလေးသူငယ်လည်းမချန်ဘူးသက်ကြားအိုလည်းမငဲ့ဘူး ရက်ရက်စက်စက် ရက်စက်ရဲတယ် ရက်စက်မှရာဇာဆိုတဲ့စကားနဲ့ ရက်စက်မှုဟာဟားတိုက်ရယ်လို့ အကြင်နာတစ်စတစ်လေတောင် မရှိတဲ့ အမုန်းလေပင့်လို့ ဖြစ်တည် လာတဲ့ အနိုင်အားနဲ့ ကျရှုံးမှုတွေကို ပင့်မြှောက်လို့ အော်ဟစ်သံပေးတယ် ကြောက်ရွံ့တုန်လှုပ်စွာပြေးလွှားတဲ့နောက်ကိုလိုက်ပြီး တောင်းပန်သံတွေကိုလည်း နားလေးသူလိုဥက္ခောပြုရင်း ရက်စက်မှုဟာဟားတိုက်ရယ်လို့ ချစ်ခြင်းမေတ္တာမြစ်ကို သူ့အပူငွေ့နဲ့ ခြောက်ခမ်းစေတယ် ရက်စက်မှုကို တားပေးကြပါ ရက်စက်မှုကိုတရားပြပါ ရက်စက်မှုကိုမရက်စက်ဖို့ ရက်စက်မှုတွေ ပပျောက်ဖို့ ခင်ဗျားတို့ကျနော ်တို့ ရက်စက်မှုကို ရက်ရက်စက်စက်နိမ်နင်းရလေမလား ခင်ဗျားအနားမှာ ရက်စက်မှုဟာဟားတိုက်ရယ်နေတယ် ကျနော့အပါးမှာ ရက်စက်မှုဟာဟားတိုက်ရယ်နေတယ် ကျနော ်နှလုံးသားထဲလှံချွန်နဲ့ထိုးသလို သူ့ရယ်သံကထက်မြနေတယ် ကျနော် စိတ်ထဲအော် ကလီဆန်အောင် သူ့အသံက ရွံ့စရာကောင်းနေတယ် တိတ်……..တိတ်စမ်း…တိတ်လိုက်စမ်း ရက်စက်မှုဟာဟားတိုက်ရယ်လို့ […]


ခင္ခAugust 1, 20141min2307
” ကျွန်တော်မီးသွေး ရောင်းတယ်ဗျို့”   တဲအိုဟောင်းလေး ဖာကာထေးလို့ ထရံလေးကာ ဓနိမိုးဟာတာ နေရရှာလည်း သူမှာပျော်စံ ညဉ်းဟန်မရှိ မနက်လယ်ဆင်း နေ့လယ်အတွင်း လယ်ယာအလုပ် တကုတ်ကုတ်နှင့် အားထုတ်လာတာ နှစ်တွေကြာပေါ့ မိုးရွာခမောက် စောင်းကာပျိုးကောက် ထွန်းယက်စိုက်တယ် သီးတင်းကျွတ်လို့ စပါးထွက်လျှင် သူရင်ပျော်ဘိ ဝမ်းသာထိကာ ပြုံးကြရှာသည် လယ်သမားဘဝ ဆိုရမည်။   ခုတော့လယ်မရှိ စစ်တပ်သိမ်း၏ ပြန်ပေးတောင်းဆို မရ လေတော့ ဝမ်းရေးပြသနာ မနေသာမို့ ကျွန်တော်မီးသွေး ရောင်းတယ်ဗျို့။   ခင်ခ။   ( စာကြွင်းးးးးးးးးးးးးးးးးးးးးးးးးးးးး ဥပဒေတွေပြင်ဆင်နေကြတဲ့ထဲ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့် ဥပဒေများ ပြင်များ ပြင်ပြီးသွားလေလားမသိ အခု လယ်မလုပ်သူတွေ လယ်ပိုင်ဆိုင်နေကြလို့။ )


marblecommetJuly 31, 20141min40611
ထွန်တုံးနဲ့ အပ်ချုပ်စက်တွေ တိုက်ပွဲဝင်နေရတဲ့နိုင်ငံမှာ အဓိကဇာတ်ဆောင်တို့ရဲ့ အခန်းကဏ္ဍှဟာ ခေတ်ကိုအရည်အသွေး အပြည့်နဲ့ `မှီ´ ကြတယ်…။ ကမ္ဘာကျော်မယ့် ဇာတ်ဝင်ခန်းတွေ အတွက် ဖြတ်လျှောက်(Side Pass) တွေကတော့ မိသားစု ထမင်းဝိုင်းများကို ပီပြင်စွာ ဖယ်ပေးကြ ကိုယ့်အိမ်ကိုယ့်ယာ လုံခြုံမှု ရိပ်မြုံထဲက ကျီးလန့်စာစား ထွက်ပြေးနေကြရတဲ့ သရုပ်ဆောင်ချက်တွေ လွှတ်လှ…။ ဒီ…ဒါရိုက်တာရဲ့နှလုံးသားဟာ ဖြတ်လျှောက်တို့ရဲ့မျက်ရည်မိုးကို ညှို့တဲ့နေရာမှာ ပါရမီမြောက်တယ်…။ အားမတန်လို့ မာန်လျှော့ပြီးမှ ကျင့်လိုက်ရတဲ့ ဥပေက္ခာတရားဟာ တစ်နေ့ပြီးမှတစ်နေ့ စားရတဲ့ နေ့စားခကြေးပါ နေ့စားသရုပ်ဆောင်တွေပေါလှချည့် ဒီ ဆက်တင်…။ ပြီးခဲ့တဲ့အခန်းတွေကို ကြည့်ပြန်ရင်လည်း ညအချိန်မတော် လာခေါက်တဲ့တံခါးသံဟာ ကျွန်တော်တို့ရဲ့အိမ်ရှေ့တံခါးတစ်ခုတည်းကို မဟုတ်ဘူး အမေ အရေးပေါ်နောက်ဖေးလှေကားက ဆင်းပြေးသွားတာ ကျွန်တော်မဟုတ်ဘူး အဖေ လူအိုကြီးနှစ်ယောက်ကြားက ဟာသွားတော့မယ့် ပန်းကန်လေးတစ်ချပ်ရဲ့ အနာဂတ် […]


ခင္ခJuly 31, 20141min29110
” ပန်းက ပန်းပါဘဲ “   ပင်မြင့်စံပန်း အမည်လွှမ်းလို့ မွှေးရနံကယ်စူး ပွဲတက်ပန်တယ် သူ့အလှက ဝင့်ကြွားထည်။   ရှေးအခါပြောစကား ပုံပြင်လားမသိ မသာပန်စင် ခေါင်းရမ်းခေါ်တွင် ထိုထိုပန်းကို ပွဲတက်မပန် နှိမ်ထားကြပြန် အပင်မှာပွင့် လှနိုင်တင့်။   ပန်းချင်းတူသော် အခြေအနေမတူ သတ်မှတ်မူကြောင့် ကွဲပြားအဆင့် ဖြစ်လှအင့်လည်း ပန်းက ပန်းပါဘဲ။   ခင်ခ။


အာဂJuly 30, 20141min3819
ဝေဒနာတွေ သပ်ချလိုက်တော့ ကိုင်းဖျား ကိုင်းနားလေးတွေ တဆက်ဆက်တုန် အော်….. ဖျားခြင်း နာခြင်းထဲ… ချစ်ခြင်းနဲ့ပတ်သက်လို့ …..ဖျားခြင်းက… ဆေးမမီခဲ့…..။


ခင္ခJuly 30, 20141min5276
” ၁၂ လ ရာသီဖွဲ့ ကဗျာများ “   “တန်ခူး”   နှစ်လုံးရယ်တဲ့ ပါဒ်မှီ။ ရေသွန်း စံပျော်လို့၊ ငွေကံ့ကော် ပိတောက်ပန်းရယ်၊ လန်းတဲ့ရာသီ။ စိတြာ ရွှေကြယ်မြတ်ကယ်နှင့်၊ စန်းသမသတ် ပြည့်ခါမှီ၊ ညဉ့်နာရီ နေခင်း။ မျှမပို လအလို အခါထူးပါတဲ့၊ တန်ခူး သည်ဂိမှေ၌၊ ရဝိန်နေ မဇ္ဈေနန်းမှာ၊ မြန်းမည့်အတွင်း။ ။      “ကဆုန်”   နေနန်းရယ်တဲ့ ဖန်သူရိန်။ တန်ခိုး ဥဏှဂူနှင့်၊ ကဆုန်ဟူ သည်မာသမှာ၊ ပြင်းပြပူရှိန်။ ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့၊ ထွန်းလှတဲ့ ငွေတာရိန်ငယ်၊ ဒွတ္တိသ နေ့စွဲ။ ပန်းစကားဝါ၊ နန်းဘယာ ကေသီဆင်လို့၊ ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့၊ ငြိမ့်ညောင်းအောင် ထာဝစဉ်ဖြင့်၊ […]


manawphyulayJuly 30, 20141min3036
ပြီးခဲ့တဲ့နှစ်တွေက တစ်စတစ်စနဲ့ ပျောက်ဆုံးသွားခဲ့လေပြီ။ အတိတ်ရဲ့နေ့ရက်များက ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့် ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ လှုပ်ရှားရုန်းကန်နေဆဲ…. ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့ လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက် တစ်နာရီပြီး တစ်နာရီ တစ်နေ့ပြီး တစ်နေ့ တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်နေမြဲ မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း ဆက်လျှောက်နေဆဲ…. ဘဝက ခါးသီးတာလား ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား ခုတိုင် ထင်မှတ်မှားနေဆဲ…… ပြန်မရသော အတိတ် ခြေရာကောက်ရင်း ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ တစ်ခေါက်ပြန်အရောက်ဟာ ဖြစ်လာနိုင်ပါဦးမလား… မနောဖြူလေး ၃၀.၇.၂၀၁၄


ေမာင္ရိုးJuly 26, 20141min37116
        နွမ်းမှာစိုး၍ ၊ ပန်းကိုတွေ့လည်း ၊ မနမ်းရဲခဲ့ ၊ ပန်းရဲ့ အထိ ၊ ဆွဲငင်ငြိမှ ၊ အသိနောက်ကျ ၊ ပွင့်လွှာကျကြွေ ၊ နေရစ်လေတော့ ၊ ကြွေလေတော့နော် …………။   လွမ်းမှာစိုး၍ ၊ မြတ်နိုးနှောင်ရစ် ၊ သောကမြစ် လျှံ ၊ ချစ်ဟန်မပြ ၊ တမ်းတချုပ်နှောင် ၊ လမ်းလွှဲရှောင်ထွက် ၊ ခု မှခက်ပြီ ၊ ကြွေလွင့်ပြီမို့ ၊ နေလေတော့နော် …………   ဒီလိုပဲလေ ၊ နွေလည်အိမ်မက် ၊ ရော်ဝါရွက်တို့ ၊ ညှိုးသက်လွင့်ကြွေ ၊ တွေဝေငေးမော ၊ […]


ငွေမရှိလည်း နောက်ထွက်မယ် iPhone အသစ်ကို မျှော်ခွင့်ရှိတယ်။ နင်မရှိလည်း ငါလိုချင်တဲ့ အချစ်တစ်ခုကို မျှော်ခွင့်ရှိတယ်။ အရူးလိုပဲ ငွေမရှိတဲ့အချိန်မှာ ဘီယာကပိုသောက်ကောင်းနေတယ်။ Marry Brown က ကြက်ကြော်ကို အသည်းအသန်စားချင်နေတယ်။ ခရီတစ်ခုကို လွတ်လပ်စွာ သွားချင်တယ်။ အိမ်တစ်လုံးရဲ့ ဆူပူမှုကို ဖြည့်တင်းပေးချင်တယ်။ မပြည့်တဲ့ လိုအင်တွေနဲ့ ဘဝဟာ ရယ်စရာကောင်းသား။ တစ်ခါတစ်ခါ အရူးလို ရယ်သွမ်းသွေးချင်တယ်။ လူတွေဟာ ငွေနဲ့တွေ့ရင် ဘီလူးတွေလို။ မာနဟာ မီးတောက်သလို ထထတောက်တယ်။ တစ်ခါတစ်ရံ ဟုတ်ကနဲ ငြိမ်းသွားတယ်။ ဘဝမှာ ငြိမ်းအေးစွာ နေချင်တာ ဆန်းသလား။ ဘဝမှာ ဘာတွေအလိုအပ်ဆုံးလဲ ကိုယ်တိုင်သိနေတာ ဆန်းသလား။ အဆောင်ယောင်တွေကြားမှာ အယောင်ဆောင်တွေနဲ့ မွန်းကြပ်မှုဟာ ထမင်းနင်ပြီး ရေနစ်သေသလိုပဲ။ လူတွေဟာ နှုတ်ခမ်းအစွန်းနှစ်ခု အပေါ်ကွေးညွှတ်ရုံနဲ့ […]


ခင္ခJuly 25, 20141min75324
” ပို့ဆောင်ရေး “   ရွာထဲက ဟိုအရင်စုံတွဲ ခုတော့တွဲမတွဲ မသိလေဘဲ နောက်ပေါ်ခဲ့ရာ စုံတွဲမှာ မင်္ဂလာမောင်နှံ ဖြစ်သွားရှာ ထမင်းဟင်းပုံတွေ တင်ပြကာ စားနိုင်သောက်နိုင် ကြွားလှတာ သူတို့အတွဲ ဖြစ်ပုံများရယ် ရွာကိုကိုင်လှုပ် သိမ့်သိမ့်တုန်တယ် ဟိုလေးတကျော်ကျော် ဖြစ်ခဲ့တယ်နော် ဟောအခု တစ်စုံတွဲ တိုးတိုးတိတ်တိတ် ရှိနေမြဲ နှစ်ပတ်လည်လို့ ကမ္ပည်းစာထဲ မတူတာတွေ တူတာတွေပြ သုံးငါးခြောက်ကျော် ချစ်ရက်ရှိသနော် အခုဝါတွင်း မျှော်စရာကင်း ဝါထွက်ကာလှ သတင်းကျွတ်ကြ ဒီစုံတွဲရဲ့ ဖိတ်စာလှလှ ကျုပ်ထံရောက်မလား မျှော်မိနေသဗျ။     ခင်ခ။


manawphyulayJuly 24, 20141min1841
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ မင်းအချစ်တွေ မဟုတ်ဘဲ ဆူးတစ်ချောင်းသာဆိုရင်တော့ အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲံဒီအတွက် ခံစားချက်မဲ့စွာ။ စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ခုတော့ ဒဏ်ရာများစွာ။ ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါက အိပ်မက်မှ မဟုတ်တာ။ မနောဖြူလေး