alinsettJune 17, 20141min102
      ကဗျာလေးရဲ ့ နာမည်… ပိုင်ရှင်မဲ ့…အချစ် ဆိုတဲ့ စာသားလေးကို… ချစ်သော ညီတော် သဂျားက …စဉ်းစားပေးထားတာပါ ။ ကျနော်… ဘယ်လို နာမည်လေး..ပေးရမှန်းကို.. မစဉ်းစားတတ်တော့လို ့..  ညီတော်သဂျား.. ဖတ်ပြီးပေးတဲ ့ နာမည်လေးကိုပဲ… ကဗျာထိပ်မှာ.. ကပ်လိုက်ပါတယ်. .။ အစ်ကိုတော် က… ကျေးဇူးတင်တော်မူပါတယ်…. ညီတော် သဂျားရေ… ။          


naywoon niJune 14, 20141min2715
တစ်​ကယ်​​တော့ ငါတို့​တွေဟာ ကမ္ဘာလုံးထဲမှာ ဆိုင်​ကယ်​စီးနင်​း​နေသူ​တွေပါ့ ဆိုင်​ကယ်​တစီးနဲ့တစ်​စီး သွားရမဲ့လမ်​း​ကြောင်​း ​မောင်​းရမဲ့ အရှိန်​ အားလုံး တိုင်​မင်​ ကိုက်​ညှိထားပြီးသား ။ တစ်​စီးစီးက သွားရမဲ့အတိုင်​းမသွား ​နှေးသွား မြန်​ထားခဲ့ရင်​ အားလုံး ဝရုန်​းသုံးကား ပွဲပျက်​​တော့မှာ လမ်​း​ကြောင်​း​ပြောင်​းမယ်​ဆိုရင်​လည်​း အားလုံး တစ်​ညီတစ်​ညာထဲ ဝမ်​း တူး သရီး ​ပြောင်​းမယ်​ တိုင်​မင်​ကိုက်​ပါမှ…….။ ​နေဝန်​းနီ ဲ


zaw winJune 13, 20141min2635
ရီဝေဝေ ယစ်မူး ငါဟာ သေမထူး နေမထူး လူသားတယောက်ဖြစ်တဲ့ ငါ့မှာ ဘဝအတွက် ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုနိုင်ပါ၊ ငါချစ်ခဲ့တဲ့ အဖေ အမေ ချစ်တဲ့သူအပေါင်း စိတ်ဆင်းရဲ ဒုက္ခ ပင်လယ်ဝေကြရတာ တဘဝစံငါဟာ အပါယ်ငရဲသို့ သွားရမှာ။ မင်းသုတ 9:50 A.M 13.6.2014


အာဂJune 12, 20141min40110
မျှော် ခြင်းဟာ… သော့မရှိတဲ့ တံခါး။ ခြံစည်းရိုးမရှိတဲ့ အိမ်လိုပဲ။ ဝေးကွားခြင်းကို ကုတင်ပေါ် ဆွဲခေါ်ပြီး နီးကပ်သောချစ်ခြင်းတွေနဲ့ ဖက်အိပ်ရရင်…..။ သွေးချင်းချင်းနီသော အလွမ်းများ… ကလေးကုလားဆန်ဆန် ခုန်ပေါက်မြူးတူးနေမှာ…။ တကယ်တော့… အချစ် နဲ့ အလွမ်းဆိုတဲ့ တူရင်းတူးသလောက်နက်တဲ့ တွင်းလိုပဲ..။ ဖြစ်နိုင်ရင်ပေါ့….။ ငါ့ရင်ဘက် ကြွက်တွင်းထဲမှာလဲ…. မင်းနဲ့အတူ လ လေး တစ်စင်းတော့ အတူတူ “သာ” ချင်မိတယ်။ မျှော်စင်လေးထိုးလို့…အလွမ်းကို မိုးလိုခေါ်တာထက်စာရင်…ပေါ့..။ တစ်လက်မဆိုပေမယ့်…..တစ်သက်မက ကွာဟာနေတဲ့… မြေပုံ ထဲကလို ….အလွမ်း….။


naywoon niJune 12, 20141min2268
ငါတို့အားကိုးရာ လမ်​းပြကြယ်​​တွေကိုယ်​တိုင်​က သူ့လမ်​း​ကြောင်​းနဲ့ဝင်​ရိုးကိုမထိမ်​းချုပ်​နိုင်​​သေးဘူး ။ ဒီ​တော့ ​ခေါင်​း​ဆောင်​လုပ်​တဲ့သူ​တွေခမြာလဲ ​တောနက်​ထဲမှာလမ်​း​တွေ​ပျောက်​လို့ အားကြီးတဲ့သူ​တွေက​တော့ ဆင်​သွားရင်​လမ်​းဖြစ်​တယ်​ဆိုပြီး သူတို့လမ်​းသူတို့ထွင်​ ထင်​ရာစိုင်​းလို့​ကောင်​းတုန်​း ​မြေပုံ လမ်​းပြမဲ့​မြေပုံကလည်​း ​မြေပြင်​အ​ခြေအ​နေနဲ့မကိုက်​ စ​ကေး​တွေလွဲလိုလွဲ အညွှန်​း​တွေမှားလိုမှားနဲ့ ငါတို့​နောက်​လိုက်​ခရီးသွား​တွေက​တော့ လမ်​းပြကြယ်​ကိုကြည်​့လိုက်​ ​ခေါင်​း​ဆောင်​ကိုကြည်​့လိုက်​ ထင်​ရာစိုင်​း တစ်​​ဇောက်​ကန်​း​တွေကိုကြည်​့လိုက်​နဲ့ သူမှားတယ်​ ငါမှန်​တယ်​ငြင်​းခုန်​ရုံကလွဲပြီး ဘာမှမလုပ်​နိုင်​ပဲ စားလိုက်​ အိပ်​လိုက်​ ငြင်​းခုံလိုက်​ အချိန်​ကုန်​​နေကြတာပဲ ။ လမ်​းပြကြယ်​ ကိုထိန်​းချုပ်​ဖို့မကြိုးစားဘူး ။ ခရီးသွား​ခေါင်​း​ဆောင်​ကို ကူညီဖို့ ဒါမှမဟုတ်​ ကိုယ်​တိုင်​​ခေါင်​း​ဆောင်​ဖို့ မကြိုးစားဘူး ​မြေပုံအမှားကို ပြင်​​ရေးဖို့မကြိုးစားဘူး ​ရောက်​ရာ​နေရာမှာပဲ စတည်​းချ ရပ်​​နေကြမဲ့ပုံ ။ ​နေဝန်​းနီ


ကာရံJune 11, 20141min2096
လွန်​ခဲ့​ခြေပြီ​ပေါ့ ဒွန်​တွဲတဲ့ ​မေတ္တာရိပ်​​အောက်​မှာ ခိုနားဖို့ကြိုးစားရင်​း ​သောကကိုရင်​မှာပိုက်​ အမိုက်​​ဒေါသ မစွန်​့ခွာမိ​လေ​တော့ ရင်​နာစရာ အဖြစ်​များ အမြစ်​ပွားသလို ငါ​လေကြီးထွားလို့​နေပါပြီ​လေ မချစ်​လို့စွန်​့သွားတဲ့ သံ​ယောဇဉ်​​တောင်​မှ လှည်​့​တောင်​မကြည်​့​တော့ဘူး​ပေါ့ ရှိပါ​စေ​တော့ ဖြစ်​သမျှအ​ကြောင်​းအရာ​တွေက ​နှောင်​းအတိတ်​က ဇာတ်​​ကြောင်​း​တွေပါ ဤဝဠ်​​ကြွေး ​ပြေပါ​စေ​တော့​လေ မြတ်​ဘုရားမှာ အကျွန်​ဆု​တောင်​းရင်​း ​နောင်​ဘဝဆိုတာ တစ်​ပတ်​လည်​​သေးရင်​ ငါ​လျှောက်​​သောခရီးကြမ်​း ​ကျောခင်​းလမ်​း မဖြစ်​ပါရ​စေသား ကာရံ{11.4.2014}​​


ကာရံJune 11, 20141min1864
မြက်​ခင်​းစိမ်​းစိမ်​း လွမ်​း​တေး​ရေးရင်​း ​မျှော်​​ငေးမိတယ်​ ကာရန်​အစပျိုးလို့ ငါ့နံ​ဘေးမှာ သူခိုနားခဲ့ဖူးတယ်​ ​ကြေကွဲခြင်​းဆိုတာ မသိလိုက်​​သေးခင်​ နှလုံးသားက နွမ်​း​နေဖူးတယ်​ ပန်​းက​လေးတစ်​ပွင်​့ရယ်​ပါ အနမ်​း​လေးမ​ပေးလိုက်​​သေးခင်​ ရနံ့​လေး ပျက်​​ကြွေ​နေပြီလား မျက်​ရည်​ဆိုတာ အချစ်​ကြီးသူအဖို့​တော့ သံဇဉ်​​လေးတစ်​ပုဒ်​ပါ သူရင်​နစ်​စွာ ငို​ကြွေး​နေပါပြီ​လေ ဆူးမရှိပါဘူး သူ့အနားမှာ​တော့ လိပ်​ပြာ​လေးများ ဝဲပျံ​နေတုန်​းပါ တိမ်​က​လေးများ ဟိုဒီ​ပြေးလွှားရင်​း ဘယ်​အရပ်​မှာ ခိုနားမည်​နည်​း ဒီည လမင်​းအလည်​မလာဘူး​နော်​ အဘယ်​မှာ သူပုန်​းခိုမည်​နည်​း ကြယ်​ပွင်​့​လေး ​ကြွေကျလာတယ်​ ငါ့အနား​တော့ မဟုတ်​ပါဘူး ရနံ့လည်​းပျယ်​ ပန်​းက​လေးရယ်​ နံနက်​ခင်​း မနိုးထ​သေးခင်​မှာပဲ သူ သူ​လေ ငါ့​ဘေးကစွန်​့ခွာ​ချေပြီ​ပေါ့ ရှာလည်​းမ​တွေ့ ကြာလည်​းမ​မေ့တာထက်​ ငါလည်​းတစ်​​နေ့ လိုက်​လာခဲ့မယ်​ဆိုရင်​​လေ သူ သူ သူက မနမ်​းထိုက်​တဲ့ပန်​း မနမ်​းထိုက်​တဲ့ပန်​းလို့ ဘယ်​သူဆို​နေမလဲကွယ်​ ကာရံ{11.4.2014}​​


ကာရံJune 10, 20141min2157
အလွမ်​း​တေးတစ်​ပုဒ်​ ဂန္တဝင်​​ဆောင်​တဲ့ မာလာ​ဆောင်​​ရှေ့ ဖြတ်​​လျှောက်​ဖူးတယ်​ သစ်​ပုတ်​ပင်​ အိုကာ​ဟောင်​းလည်​း ချစ်​သူတို့မှတ်​တမ်​း ​ရေးထိုးဖူးတယ်​ လွယ်​အိပ်​​လေးအသာလွယ်​ သူနဲ့တွဲ​လျှောက်​ရင်​း ​ကျောင်​း​တော်​ကြီးဝင်​း ​ပျော်​ဖူး​သေးတယ်​ ခု​တော့ မာလာ​ဆောင်​လည်​း ​ပြောင်​းလဲပြီမို့ သူလည်​းအ​ဝေး​ရောက်​ခဲ့ပါပြီ တစ်​ပင်​တည်​း အထီးကျန်တဲ့ အပင်​အိုလည်​း အရွက်​​ကြွေ အရိုးပြိုင်​းမို့ မင်​းနဲ့ငါ ချစ်​သက်​​သေ ဒီ​နေရာ​လေးမှာ အထီးကျန်​ ​ငေး​မောရင်​း မာလာ​ဆောင်​လည်​း လွမ်​းလို့​နေပါပြီ ကာရံ{10.6.2014}


alinsettJune 10, 20142min44513
ကျွန်တော်ဗျာ…. ခင်ဗျားကို..လွမ်းရတာ..အလွမ်းနဲ ့ နေရတာ.. မဝသေးဘူးဗျ… ခင်ဗျားရဲ ့လက်က  ရေးချလိုက်သမျှကို.. ဖတ်ပြီး..ခံစား လွမ်းဆွတ်မိနေတာ… ခင်ဗျားနဲ ့…တစ်ခါတုန်းက… လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ.. အတူထိုင်ပြီး..စကားနည်းနည်းပြောခွင့်ရခဲ့တာလေးကို… သတိရလွန်းလို ့… အဲဒီတုန်းက..ခင်ဗျားရဲ ့ လက်ကလေးတွေကို ..ကျွန်တော်..စိုက်ကြည့်မိခဲ့တယ်.. အဲဒီတုန်းက.. ကျွန်တော့်လက်ကိုလည်း..ကျွန်တော် ပြန်ကြည့်မိတယ်.. ။ ကျွန်တော့်လက်နဲ ့…ခင်ဗျားလိ ု…လူရဲ ့..လက်…ဘယ်တော့မှ မတူနိုင်ပါဘူး… ဒါကို..သိသွားတာကတော့… အဲဒီတုန်းက….ခင်ဗျားရေးနေတဲ ့.. ကဗျာတွေကို.. ဖတ်ပြီး.. ခင်ဗျားပြောနေတဲ ့..အနုပညာအကြောင်းတွေကို… နားထောင်ပြီးကတည်းကပဲ….. ဒါပေမယ့်…. ခင်ဗျားလိုလူတစ်ယောက်..ကျွန်တော့်ဘဝထဲက..ခပ်စောစော ထွက်မသွားသင့်ဘူး…..လို ့တော့…. မကြာခဏ တွေးမိတယ်… ။ ကျွန်တော်ဗျာ… ခင်ဗျားကို… ကြောက်ခမန်းလိလိအလွမ်းနဲ ့…တမ်းတနေမိတယ်… ကျွန်တော်… ကျွန်တော်…. ကျွန်တော်ဗျာ…..         […]


“သံယောဇဉ် အစစ်သမား”   ချစ်ခင်နှစ်သက် ငါကျင်လည်တဲ့အရပ်ကို သံယောဇဉ်ဖြတ် ဝေးရာအရပ်ကို ခွဲထွက်ပြေးဘို့အရေး ငါရဲရဲ တောင် မတွေးဖူးဘူး။   တွယ်တာနှောင်ရစ် ငါသိပ်ချစ်တဲ့မင်းကို သံယောဇဉ်ဖြတ်ဘို့အရေး နည်းနည်းလေးမပြောနဲ့ ငါ ရဲ ရဲ တောင် မတွေးဖူးဘူး။   ရဲရဲ မတွေး ဆို တကယ့်ကိုချစ် သံယောဇဉ် အစစ်သမားလေးမို့ပါ။   ကိုပေါက်လက်ဆောင် အတွေးစဉ် 9-6-2014


ကာရံJune 9, 20141min1632
အားငယ်​စိတ်​နဲ့ရှင်​သန်​​နေမိတယ်​ ဘဝမှာ ဘာမှမရှိ​တော့ဘူး​လေ နားလည်​မှုဆိုတာ ငါ့အတွက်​​တော့ပျားရည်​စက်​ပါ ပထမဆုံးချစ်​ခဲ့မိတယ်​ အပြုံးများ​မ​ဝေလိုက်​​သေးခင်​ အမုန်​းတရားခါးသက်​မိတယ်​ မင်​းက​တော့ စွန်​့ခါပြစ်​ပြီ​ပေါ့ တစ်​​ယောက်​​သောသူကို ထာဝရလို့ သတ်​​မှတ်​ဖူးတယ်​ ခု​တော့ ခု​တော့​လေ နာကျည်​းချက်​​တွေမုန်​တိုင်​းအလား ရက်​စက်​တယ်​လို့မ​ပြောရက်​ပါဘူး​လေ အချစ်​ကငါ့အတွက်​​တော့ စွန်​့လွှတ်​ခြင်​းလား ဟိုးအ​ဝေးမှာ​လေတံခွန်​​လေး ​ပျော်​မြူး​နေ​သေးတယ်​ ​လျှော့ကြိုးကုန်​ခဲ့ပါပြီ​လေ ဒုတိယနှလုံးသားနဲ့ ဆက်​ရှင်​သန်​​နေသူမို့ ကံတရားရယ်​ ဆက်​ရန်​ရှိ​သေးရင်​ အကြင်​နာရနံ့​လေး ရင်​မှာစွန်​းထင်​ကျန်​ပါ​စေ  ကာရံ{9.6.2014}​


alinsettJune 9, 20143min33512
ခင်ဗျား…ဗျာ….   ဘာလို ့…အစောကြီး…ထွက်သွားရတာလဲ…. ခင်ဗျား..ပြောခဲ့သလို…. ဘယ်သူကမှ နောက်မကျပါဘူး..နေဝင်ချိန်ကိုက..စောသွားတာပါ...လို ့… ဖြေရမှာလား… ။ ခင်ဗျား…ဗျာ…. ကျနော်…ခင်ဗျားကို..လွမ်းဆွတ်တမ်းတနေတာတောင်မှ…. ခင်ဗျားက..လွမ်းဖို ့..စကားလုံးတွေ..ချန်ထားပေးခဲ့တယ်… ကြည့်.. ကျနော်အခု..ခင်ဗျားပြောခဲ့တဲ့စကားတစ်ခွန်းနဲ ့…. ဖြေသိ်မ့်လိုက်ရတယ်…. အားလုံးကို..စွန့်လွှတ်ရရင်တောင်.. သတိရခြင်းကို..ငါ ပိုင်တယ်….ဆိုပြီး….                                       ဆရာတာရာမင်းဝေ…ရေးတဲ ့ကဗျာတွေကို..ပြန်ဖတ်ချင်../ သိမ်းချင်သူတွေအတွက်ပါ… ။ ပုံလေးတွေကို… ကြည့်ရတာ အဆင်မပြေရင်.. ကျနော့် ဖေ့ဘုတ် အကောင့် alinsett  ကနေ ဖြစ်ဖြစ်.. ကျနော့်မေးလ် alinsett.art@gmail.com […]


ကာရံJune 8, 20141min1856
အမြဲမခွဲ​​နေချင်​​သော တွဲလက်​တစ်​စုံ​ ကြင်​နာ​သော အဖြူ​ရောင်​ သံဇဉ်​​လေး​ပြေးအလာမှာ ​တေးသွား​လေးတူတူ ဆိုညည်​းရင်​း ရင်​ခုန်​ရဖူးတယ်​ ​ဘေးမှာ သူ့အပြုံ​း​လေး ခိုနားရင်​းပါ ဆူးခင်​းလမ်​းပါတဲ့ အတူမငြင်​းဆန်​နိုင်​​သော ၁၅၀ဝ ​မေတ္တာများက တို့နှစ်​​ယောက်​ရင်​မှာ ခို​အောင်​း​နေစဲပါ​မေ ဘဝဆို​သောလမ်​း​လေးမှာ အချစ်​ဆို​သော ဆိုင်​းဘုတ်​​လေး ​ရေးထိုးဖူးတယ်​ အမုန်​း​တွေမဖိတ်​​ခေါ်ရဘူးတဲ့​​မေ ​ပျော်​ရွှင်​ဖူးတဲ့ ​နေ့ရက်​​လေးများ မျက်​ရည်​စက်​​လေး အလည်​မလာရဘူး​နော်​ ​မောင်​့ရင်​မှာ ချစ်​စကား​လေးတစ်​ခွန်​း အမိန်​့​တော်​ခံဘူးတယ်​ ထာဝရပါ​မေ ဘဝ​တွေဘယ်​​လောက်​ခြားခြား ​မေ့နဲ့​မောင်​သာ ချစ်​သစ္စာတည်​ရင်​​လေ တွဲလက်​က​လေး မြဲပါ​စသေား ကာရံ {8.8.2014}​