တစ်ဖျတ်ဖျတ်တောက်ပနေတဲ့ ကြယ်တွေကို ကျွန်မမော့ကြည့်မိနေတယ်။ ကျွန်မစောင့်ကြည့်နေတယ်။ ကြာခဲ့ပါပြီ။ မိုးတစ်ဖွဲဖွဲကျရောက်နေပေမယ့် လက်တစ်ဖက်က ထီးကိုဆုပ်ကိုင်ထားပြီ စောင့်ကြည့်နေမိတယ်။ မြစ်ကမ်းဘေးနားမှာ လူတစ်ယောက်မှရှိဘူး။ ကူးတို့ဆိပ်နားက လှေကိုစောင့်ရင် နားဖို့ထားတဲ့ ဝါးတဲအိမ်က ကတော့ ခပ်တည်းတည်း။ လှေစီးမယ့်သူမရှိတော့တဲ့အချိန်မှာ ညကမှောင်မိုက်နေတယ်။ ချောင်းရေပြင်ပေါ် မှာတော့ မိုးပေါက်တွေရဲ့ ကျရောက်မှုကြောင့် လှိုင်းပွက်ကလေးတွေက ခပ်ဖျောက်ဖျောက်ပေါ်နေတယ်။ ကြယ်တွေကတော့ မှိတ်တုတ်မှိတ်တုတ်။ တိမ်မည်းမည်းတွေ အနည်းငယ်အုပ်မိုးထားတော့ ကြယ်တွေကို သိပ်မတွေ့ရဘူး။ တစ်စုံတစ်ရာကြယ်များ ကြွေမလားလို့ပေါ့။ ဆုတောင်းဆိုတာ တောင်းတိုင်းပြည့်သလားလို့ ကျွန်မကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေသာ အဖတ်တင်ခဲ့ သလားလို့ ပြန်အဖြေထုတ်မိပြန်တယ်။ အခုတော့ ကျွန်မစောင့်ကြည့်တဲ့အချိန်ထိ ကြယ်တွေမကြွေသေးဘူး …မောင်။ …………………………………………………………………………………………………………………… မှုန်ပျပျနံနက်ခင်းဟာ နေ့တိုင်းလိုလိုပါပဲ။ အုံ့မှိုင်းမှိုင်းရာသီဥတုက ပိုသတိရလွမ်းဆွတ်နေသလိုလို။ အိမ်ရှေ့ထွက်လိုက်တာနဲ့ တူတူစိုက်ခဲ့တဲ့ ထားဝယ်ပန်းတွေဟာ […]