MAUNGSeptember 13, 20131min55726
ဝန်ခံချက် ကျွန်တော် ဒီစာ လေးကို စင်ကာပူ က ဘလော့ဂါ အစ်ကို တစ်ယောက်ဆီမှာ ရှယ်ဘူးပါတယ် ။ ရွာ ထဲမှာ အားလုံး အတွက် အပျင်းပြေ သဘောမျိုးထပ်ရှယ် ကြည့်တာပါဗျာ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အင်း…..  ပြောရရင်တော့  တော်တော် ရှည် မယ်ထင်တယ် ။ ကျွန်တော်တို့ နိုင်ငံခြားမှာရှိ တဲ့ တစ်ချို့ တစ်ချို့ သော ဗမာတွေရဲ့  လူကြုံပေး တတ် ကြောင်းလေးကို  ပေါ့ပေါ့ ပါးပါးစာလေးတစ် ပုဒ် အနေနဲ့ ရေးထား တာပါ ။ ပထမဦး ဆုံးဘယ်သူ တစ်ဦးတစ်ရောက်ကိုမှ ထိခိုက် စေ – ဆိုတဲ့စိတ်မျိုးမရှိဘူး ဆိုတာပြောပါရစေ ။ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ် ပါ ။   […]


MAUNGSeptember 11, 20131min42622
မှတ်မှတ် ရရ၊ ကျွန်တော့ ဘွ မှာ ခါးပိုက်နှိုက် ဆိုသော အနှီ သကောင့် သားများ နဲ့ တေ့တေ့ ဆိုင်ဆိုင် နှစ်ခေါက် ကြီးများတောင် ဆုံဘူး တယ်ဗျ ။   ပထမ တစ်ခေါက်က၊ ကျွန်တော် ကျောင်းသွား ရက် တစ်ရက်မှာပေါ့ …… အဲဒီ နေ့က ကျွန်တော်ကားမှတ်တိုင် ရောက်တော့၊ ကားစောင့် နေတဲ့ လူအုပ် ကြီးက မနည်း မနော ဗျာ။ ရုံးချိန်၊ ကျောင်းချိန် ဆိုတော့ ဗျာ ကားစောင့် နေတဲ့ လူတွေ မရှိဘူးဆို လူငါးဆယ်ထက်မ နည်းဘူးဗျ ။ ကား တစ်စီး ဆိုက်လိုက် စုပြုံတိုး တက်လိုက်နဲ့ မိနစ် နှစ်ဆယ်လောက် […]


Mon LaySeptember 9, 20132min48721
၁။ မြောက်လတ္တီတွဒ် (၂၂˚-၅၀΄) နှင့် (၂၂˚-၅၅΄) ကြား၊ အရှေ့ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁) မိုင်၊မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈) မိုင်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင်တို့နှင့် အသီးသီးကွာဝေးသည့် ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့သို့ ကျွန်မရောက်ရှိလို့လာပါသည်။ မိုးကုတ်သို့မရောက်ခင် ရန်ကုန်ကနေမိုးကုတ်အထိ ကားတိုက်ရိုက်မရောက်သောကြောင့် မန္တလေးမှတဆင့် ဗန်ကားလေးဌားပြီး မိုးကုတ်သို့ဆက်လက်ထွက်ခွာခဲ့ရသည်။     မိုးကုတ်မြို့ ရှုခင်း အကွာအဝေးကြာချိန်ကိုမှတ်သားချင်သောကြောင့် နာရီကိုကြည့်လိုက်ရာ (၁၀)နာရီထိုးနေပြီဖြစ်သည်။ မန္တလေးမြို့မှစထွက်လာတော့ အပူဓာတ်ကအရှိန်ကောင်းနေတုန်းပဲဖြစ်သည်။ ထို့နောက် နာမည်ကြီးလှသည့် ကိုးသုံးလုံးကွေ့ (၉၉၉) ကွေ့ကို ကျွန်မတို့ရင်ဆိုင်သည့်အခါ အအေးဓာတ်လေးကလွှမ်းမိုးစပြုလာတော့သည်။ တစ်ကွေ့ကို ကွေ့လို့မဆုံးသေးဘဲ နောက်ထပ်တစ်ကွေ့ကိုထပ်ကွေ့ရသည်။ လမ်းကမကြမ်းသော်လည်း အကွေ့ပေါင်းများစွာကို ကွေ့ပတ်ပြီးသွားရသောကြောင့် ခေါင်းမမူးရအောင် ကျွန်မကတော့မျက်လုံးလေးစဉ်းပြီးလိုက်ပါသွားသည်။ ထို့ပြင် တောင်တန်းတွေကို […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} ကျွန်မ ကျွန်မ ရဲ့ ဘဝမှာ လိုချင်တာဆိုတာ မရခဲ့ဖူးဘူး အမေ့ရဲ့ ဝင်ငွေတစ်ခုသာ မှီခိုနေရတဲ့ သူမတို့ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးမှာ ယိုင်နဲ့နဲ့ ဝါးကြမ်းခင်းနဲ့ ဖျာကြမ်းစုတ် ကပဲ နေရာယူထားတယ် ကျွန်မ ဒီဘဝထဲက […]


Mr WorldWideSeptember 4, 20131min2126
၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် အမေရိကန် တရားရေးဌာနမှ Snowden အား သူလျိုမှုနှင့် နိုင်ငံတော်ပစ္စည်းများအား ခိုးယူမှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အမေရိကန် အစိုးရမှ ဟောင်ကောင် အာဏာပိုင်များကို Snowden အား အမေရိကန်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း Snowden သည် ၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် မော်စကိုသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ပါသည်။ ဇွန်လ ၂၃ ရက်နေ့တွင် အမေရိကန်အစိုးရမှ Snowden ကိုင်ဆောင်ထားသော passport အားပြန်လည် ရုပ်သိမ်းကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံပေါင်း ၂ဝ သို့ နိုင်ငံရေးခို လှုံခွင့်ပေးရန် Snowden မှလျောက်ထားခဲ့ပါသည်။ ထိုနေ့၌ပင် သမ္မတပူတင်မှ Snowden အနေဖြင့် မိမိတို့၏မိတ် ဆွေအမေရိကန်နိုင်ငံအား ထိခိုက်စေမည့်လုပ်ရပ်များကိုရပ်တန့်ပါက ၎င်းအားနိုင်ငံရေးခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း […]


Mr WorldWideSeptember 3, 20131min32116
Snowden သည် ၁၉၈၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ Elizabeth မြို့၌ မွေးဖွားခဲ့ပြီး ၎င်းပြည်နယ် Wilmington    မြို့၌ ကြီးပြင်းခဲ့ပါသည်။ သူ၏ဖခင် Lonnie Snowden သည် ပင်ဆယ်လ်ဗေးနီးယားဒေသခံတစ်ဦးဖြစ်ပြီး အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့တွင် အရာရှိတစ်ဦးဖြစ်ခဲ့ပါသည်။ မိခင်မှာ မယ်ရီလန်းပြည်နယ်၊ ဘယ်တီမိုးဒေသခံဖြစ်ပြီး ပြည်နယ်တရားရုံးတွင် စာရေးမအဖြစ် အမှုထမ်းခဲ့ပါသည်။      Snowden ၁၉၉၉ ခုနှစ်တွင် သူ၏ မိသားစုနှင့်အတူ မယ်ရီလန်းပြည်နယ်၊ Ellicot မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး  Arundel Community College တွင် အထက်တန်းပညာရေး ဒီပလိုမာရရှိရန် တက်ရောက်ခဲ့ ပါသည်။ ၂၀၀၄ ခုနှစ် မေလ ရ ရက်နေ့တွင် အမေရိကန်တပ်မတော် အရံတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင်တပ်သား သစ်တစ်ဦးဖြစ်ခဲ့သော်လည်း သင်တန်းပြီးဆုံးခြင်း မရှိခဲ့ပေ။ ¤င်း၏ သင်တန်းဝင်ခွင့်လျောက်လွှာတွင် […]


alinsettSeptember 2, 20131min36425
  ရွာထိပ်ကို ကျွန်တော် ရောက်တော့ နှင်း မရောက်သေးပါ။ နှင်း အလာ လမ်းကို တစ်ချက်တစ်ချက် ငေးမျှော်ရင်းး ကျွန်တော် ခရေပင်ကြီး အောက်မှာ ထိုင်နေမိသည်။ မြောက်လေ မြူးမြူးက ရှူးရှူးရှဲရှဲ တိုက်လာသည်။ လေတိုက်ခြင်းကြောင့် ခရေပင်ကြီး အနည်းငယ် လှုပ်ခတ် လာပြီး ခရေရွက်တို့အချင်းချင်း ထိခတ် သံ တဖျတ်ဖျတ်ကို ကြားရသည် ။   မြောက်လေနှင့်အတူ ပါလာတာကတော့ ကျွန်တော် ဘာပန်းမှန်း မသိသည့် ပန်းရနံ့သင်းသင်းကလေးဖြစ်ပြီး ကျွန်တော် ကောင်းကောင်း သိနေသော ခရေပန်း ရနံ ့ကလေး လည်း ပါလာသည်။   ခရေပန်းရနံ ့။ ဟုတ်သားပဲ ။ နှင်းခေါင်းက ဆံထုံးကလေးထက်မှာ ခရေပန်းကုံးကလေး ရစ်ပတ်သီကုံးထားတာ မြင်ဖူးသည်။ […]


alinsettAugust 25, 20131min58734
ဒီဘဝ မှာ ဖြင့် အချစ်ဆိုတာကို မတွေ ့ရတော့ဘူး ထင်ထားသမျှ လွဲချော်တိမ်းစောင်းပြီး သူမ နှင့် ဆုံဖြစ်ခဲ့ပါသည် ။ အဆုံးသတ် လှမယ် မလှဘူးသေချာ မသိနိုင်သေးသော်လည်း သူမနှင့် ယခုလို တွေ ့ဆုံ တွယ်တာ ခဲ့ရရုံ အဖြစ်ကလေးကိုပဲ ကျွန်တော် ကျေနပ်လိုက်ပါသည် ။ အချစ်သည် ကျွန်တော့်အတွက်တော့ ကြယ်ရောင်မှုန်မှုန်ဖြင့် လင်းသလိုလို ရှိသော သာမန် ညတစ်ည သာဖြစ်ပါသည် ။ ========= ကျွန်တော့်မှာ လျှောက်ရမည့်လမ်းတွေရော ခင်းကျင်းပေးခဲ့ရမည့် လမ်းတွေရော အများကြီးရှိနေပါသည် ။ လမ်းတွေ ပေါ်မှာ . . . . . . လျှောက်လိ်ုက်ခင်းလိုက်ဖြင့် မအားလပ်နိုင်အောင် ဖြစ်နေသော ကျွန်တော့်လို ယောကျာ်းတစ်ယောက်အတွက် […]


ムラカミAugust 20, 20131min29514
  ဆန်ဖရန်စစ်စကို ဂိုလ်းဒင်းဂိတ် ကြိုးတံတားနီပေါ်တွင် ဖြစ်သည်။ အရှေ့အာရှမှ အပျော်ဆုံးယောက်ျား ၂ယောက်ဖစ်သော နှင်းခဲအရည်ပျော် ကျောက်စ် နှင့် ပက်ကညော ခေါင်းညှိမ့် ဂီ့စ် တို့ လမ်းလျှောက်လာသည်။ ရှေ့တူရူမှ စိန တကောင် လျှောက်လာ၏ ။ ကျောက်စ် က အနှီ စိန ကိုရေထဲခုန်ချနိုင်အောင် ပြောနိုင်လျင် ဒေါ်လာတရာ ပေးမည်ဟု ဂီ့စ် ကို ပြောသည်။ ဂလောက်များ ခက်လွန်လွန်းလို့…။ ဂီ့စ် စိနကောင်ကို မျက်နှာမူကာ အောက်ပါအတိုင်းပြောချလိုက်သည်။ ဂီစ့်။ ဟေ့လူ ရေအောက်မှာ ဓါတ်ငွေ့ထွက်တယ်..။ ဘာ..စ်….ဗွမ်းးးးး….။ တဖန် ဂျပန်တကောင် လျှောက်လာသည်။ ဒီတခါ လောင်းကြေးက ၂၀ဝ ဖြစ်၏။ တခြားလူမှတ်လို့ ဂီ့စ်ပဲဟာ…ဂျပန်အကြောတော့ နပ်သပေါ့… ဟိတ်လူ ဟောဒါ […]


alinsettAugust 20, 20131min2749
ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ (တာရာမင်းဝေ) “ကံကြမ္မာဆိုတာ ဘာလဲ”ဟု အသေအချာ မသိသေးသော အချိန်ကပင် ကံဆိုးခြင်းတရားကို ကျွန်တော် ခပ်ဖျော့ဖျော့ ခံစားခဲ့ရဖူးလေသည်။ လေးတန်းအရွယ် ကျောင်းမှာ ပျော်ပွဲစားလုပ်ကြစဉ်က ဖြစ်၏။ အခြားကျောင်းသားကျောင်းသူလေးများ အားလုံးမှာ ဆရာမများ ချက်ကျွေးသော ငါးကို ဥကြီးကြီးဖြင့် စားရလေ၏။ တစ်ကျောင်းလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဖောက်ပြီး ဥမပါသော ငါးကို စားရလေသည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်ထဲမှ ငါးကို ငုံ့ကြည့်လိုက်၊ သူများပန်းကန်ထဲမှ ငါးကိုကြည့်လိုက်ဖြင့် မကျေမနပ် ဖြစ်နေမိ၏။ သူငယ်ချင်းများက `ကရော်… ကရော်´ဟု ဝိုင်းစကြသောအခါ `ဘာဖြစ်လဲ… ဥမပါတော့ ပိုကောင်းတာပေါ့… ငါ့ ငါးက အပျို…´ ဟု ပြန်ပြောလိုက်၏။ ဆရာမများက ဝါးခနဲ ဝိုင်းရယ်ကြသည်။ ထိုအဖြစ်အပျက်ကလေးသည် သူတစ်ပါးအတွက် ဘာမှမဟုတ်ခဲ့၊ အရေးမပါခဲ့သော်လည်း […]


ムラカミAugust 16, 20131min21811
တားမြစ်ထားတဲ့အဆိပ်သီးဟာ ဆုပ်လည်းစူး စားလည်းရူးမယ်ဆိုရင်တောင် ကျနော်က အရူးအမူးခူးမယ်ဆိုတော့. သူမက သူမရဲ့ အသက်ရှူသံတွေ မြန်နေမယ်ဆိုရင် တောင် အသက်အောင့်လို့ ရပ်စောင့်ပေးရင်း အသက်ရှူသံတွေတောင် ထပ်တူကျချင်သူရယ်ပါ တဲ့


  “ငါးယူဦးမလား အစ်ကို” ….. “ငါးယူဦးမလား အစ်ကို” …. ဒူးခေါင်းထိရောက်နေတဲ့ ရေတွေထဲ လမ်းလျှောက်ရင်း မရဲတရဲ အသံနဲ့ ကျွန်တော် လိုက်မေးပါတယ် ။ တချို့က မိသားစု နဲ့ ၊ တချို့ က သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကြော်တွေ၊ ထမင်းဆီဆမ်းတွေ မှာစားကြ ၊ ပျော်ပျော်ပါးပါး စကားတွေပြောလိုက်ကြ ၊ ရယ်မောပျော်ရွှင်လိုက်ကြ နဲ့ ကျွန်တော် နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းပေါ့ ။ ကျွန်တော် သူတို့ကို အားကျလိုက်တာဗျာ …. ဒါပေမယ့် မဖြစ်သေးပါဘူး ။ ကျွန်တော် က ဦးပိန်တံတားမှာ ငါးရောင်းရတာဗျ ။ ကျောင်းလား … နှစ်တန်းထိတော့ နေဖူးတယ်ခင်ဗျ ။ နောက်တော့လဲ အိမ် က […]