Mr. MarGaJune 21, 20131min63327
မင်္ဂလာပါ ရွာသူားတို့ရေ ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာ ပြခန်း သုံး တောင် ရောက်ပါပေါ့။ နောက်ထပ်နောက်ထပ် လာမယ့် ပြခန်းတွေအတွက်လဲ ကဗျာတွေက စုပြီးဆောင်းပြီး အခြေအနေမှာ ရှိနေတယ်။ ဒီလောက်အထိ အောင်မြင်တဲ့အတွက်လဲ စီစဉ်သူများက အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါသဗျ။ အခုပို့စ်ကတော့ ကျွန်တော်တို့ ပြခန်း ဘယ်လို ဆက်သွားဖို့ စီစဉ်ထားတယ် ဘာတွေ ဆက် လုပ်သွားဖို့ ရှိတယ် ဆိုတာကို အသိပေးဖို့ တင်ရခြင်း ဖြစ်ပါတယ်။ တင်ရမှာစိုးလို့ ပတ် ပြေးပေမင့် ကဗျာမရေးတဲ့ ဒီ သိကြားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ပို့စ်တင်ဖို့ အတင်းအကျပ် တောင်းဆိုတာကြောင့် လာမယ့်ဘေး ပြေးတွေ့ ဆိုသလို တင်ရတာပါဗျို့။ ပြခန်း တာဝန်ခံ ဖြစ်နေတော့လဲ […]


CharTooLanJune 20, 20131min41618
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ ရုတ်တရက် သူတို့ကိုကျောခိုင်းခဲ့လိုက်တယ်။ အတူတူ သွားခဲ့ဖူးတာတွေ အတူတူ စားခဲ့ဖူးတာတွေ အတူတူ ဆိုခဲ့ဖူးတာတွေ အတူတူ ဆဲခဲ့ဖူးတာတွေ အတူတူလှုပ်ရှား အတူတူသွားပြီး အကြိမ်ကြိမ်သာဓု ခေါ်ဆိုခဲ့ကြတာတွေက တွေးလိုက်တိုင်း မျက်နှာပေါ်အပြုံးရောက်လာတဲ့ အရောင်တောက်တောက် အမှတ်တရတွေပါ။ နားလည်ပေးနိုင်တဲ့ အတိုင်းအတာတခုထက် ပိုပြီးခွင့်လွှတ်ပေးခဲ့ကြတဲ့ သူတို့က………. ကြိုက်တဲ့အချိန်ပြန်လာ နွေးထွေးစွာကြိုဆိုလျှက်ပါတဲ့။ ဝမ်းနဲစရာမကောင်းတဲ့ အဲ့ဒီစကား………. ကြားလိုက်တော့ မျက်ရည်ဝဲသွားတယ်။ အခုချိန်ဆို…….. သူတို့တွေ ပျော်နေကြတယ် သူတို့တွေ ရယ်နေကြတယ် သူတို့တွေ ပြောနေကြတယ် သူတို့တွေ ဆိုနေဆဲနေကြတယ် ခုချိန်ဆိုသူတို့တွေ လှုပ်ရှား သူတို့တွေသွားကြပြီး သာဓုတွေခေါ်နေကြတော့မယ်……….. ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ နာမည်တစ်ခုနဲ့ဘဝတစ်စိတ် သေသွားခဲ့တယ်။ ============================= တစ်ဦးတိုင်း တစ်ယောက်စီက တစ်ယောက်တိုင်း တစ်ဦးစီအတွက်နဲ့ အားလုံးအတွက် အပြည့်အဝနားလည်ပေးတတ်တဲ့ သူငယ်ချင်းများသို့…………….. […]


Ko out of...June 20, 20131min36313
– ၁၂၆ရခု၊ တော်သလင်းလဆန်း (၁၅)ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်တွင် ပန်းတနော်မြို့ ရွှေမြင်တင်စေတီတော်၏ ဘုရား ရာဟုဒေါင့် ကုန်းတောင်ပေါ်တွင် နတ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်လျှက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာသောလူတစ်ယောက်သည် မတ်တပ်ရပ်လျှက် ဘုရားကိုအာရုံပြုနေသည်ကိုတွေ့ရကြောင်း….ထိုနေ့ကား လပြည့်နေ့ဖြစ်သဖြင့် ဥပုသ်သည်တို့သည် ထိုထူးဆန်းသော အချင်းအရာကို အံ့အားသင့်စွာ ဝိုင်းအုံကြည့်ကြကြောင်း….ထိုသတင်းသည် ပျံ့နှံ့ကာ (၈) နာရီခွဲ အချိန်လောက်တွင် ထိုနတ်နှင့်တူသော ပုဂိ္ဂုလ်၏ အနီးတွင် ဝိုင်းအုံကြည့်ရှု့ကြသော လူဦးရေသည် တစ်ထောင်ကျော်မျှ ရှိမည်ဟုထင်ရကြောင်း….ထိုသူ၏အနီးပူလွန်းလှ သဖြင့် မည်သူမျှမကပ်နိုင်ကြချေ…. အချို့သောသူတို့က ထိုသူသည်… နတ်ဖြစ်သည်…အချို့က ဗြဟ္မာဖြစ်သည်ဟု အသီးသီးငြင်းခုံကြသည်…အချို့က ပုဆစ်ဒူးတုပ်ပြီး ရှိခိုးကြကြောင်း…ပရိတ်သတ်အလည်တွင်ထိုသူသည်ဘုရားကို ဦးသုံးကြိမ်ချပြီး ကြီးစွာသော အခိုးအလျှံသည် ထိုသူ၏ကိုယ်ပေါ်မှထွက်ပြီးလျှင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြောင်း…. – အထက်ပါသတင်းကို ဖတ်ရသောမြန်မာလူမျိုး တစ်ရာလျှင် […]


မောင် ပေJune 17, 20131min42513
ကလိန် ကလိန် ကလိန်… ကလိန် ကလိန် ကလိန်… “ ဟယ်လို ၊ မင်္ဂလာပါခင်ဗျာ ၊ ညီအစ်ကိုများ ရောင်းဝယ်ရေး ကကြိုဆိုပါတယ် ” ““ ဟုတ်ကဲ့ ၊ မင်္ဂလာပါရှင် %!@#$%^ ဘဏ် က ဆက်တာပါ ၊ ဦးစိန်ပေါက်ပေါက် ရှိပါသလားရှင် ”” “ ဟုတ်ကဲ့ ၊ ကျွန်တော် စိန်ပေါက်ပေါက် ကိုယ်တိုင် ပြောနေတာပါ ” ““ ကျွန်မ တို ့ %!@#$%^ ဘဏ် ကို ဦးစိန်ပေါက်ပေါက် နာမည် နဲ ့ ချီးပိုးထိုးမြို ့က ဦးလျှောက်ဝူ က သိန်း၃ဝကျပ် လွှဲတာကို လာထုတ်လို ့ရပါပြီ ရှင် […]


alinsettJune 14, 20131min67831
  To း   alinsett.art@gmail.com from:  paneiphyu@starmail.com Subject :  ကူညီပေးပါ ။     သူငယ်ချင်း ကိုလင်း ။ ငါအခု အရမ်းစိတ် ညစ်နေတယ်ဟာ။ ငါအခု ဖြစ်နေတဲ့ ပြဿနာကို နင် ကူညီ နိုင်ရင် ကူညီပေးပါနော် ။ ငါ ဘာတွေ ဖြစ်နေတယ် ဆိုတာ ရယ်။ နင် ကူညီရမယ့် ကိစ္စ ရယ် ကို ပြောပြပါ့မယ် ။ ဒီလိုပါ ။ ငါ နဲ ့ မင်းနိုင် နဲ ့ချစ်သူတွေ ဖြစ်နေတာ နင် အသိပါပဲ ကိုလင်းရယ် ။ အခုတလော မင်းနိုင် ခြေလှမ်းတွေ ပျက်နေတယ် […]


Mr. MarGaJune 14, 20131min62830
  အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာနေသည်။ အိမ်ရှေ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်ချပြီး ထိုင် ငေးနေသည်မှာလဲ မိုး စ ရွာကတည်းကပင်။ မိုးက တဖြည်းဖြည်း ပိုလို့ပိုလို့ သည်းလာ၏။ မိုးရွာတိုင်း တစ်စုံတစ်ယောက်ကို သတိရမိတာ ဟိုအရင်ကတည်းက။ မိုးနဲ့ပဲ စတွေ့ပြီး မိုးနဲ့သာ လမ်းခွဲခဲ့ရတာမို့ မိုးရွာတိုင်း သတိရတာ မဆန်းလို့ပင် ဆိုနိုင်သေးသည်။ အခုထိ မမေ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုလဲ မချင့်မရဲ ဖြစ်နေကျ။ တကယ်ဆိုရင် မေ့သင့်တာ ကြာပြီကိုး။ ထိုင်နေရင်း အတွေးတွေက ထိန်းမနိုင် သိမ်းမရ အတိတ်ကို ပြန်သွားပြန်ချေပြီ။ ဟိုး……………..လွန်ခဲ့တဲ့ မိုးသည်းနေ့လေး တစ်နေ့မှာပေါ့…………….. ညကတည်းက သည်းသည်းမည်းမည်း ရွာနေသည့်မိုးက မနက်လင်းသည့်တိုင် တိတ်ဖို့ အစီအစဉ် ရှိဟန်မတူသေး။ သူ့ကို ရက်ဆက် […]


ムラカミJune 11, 20131min60126
သူမတွင် အကျင့်တခု ရှိသည် ၂လွှာပေါင်းမှ တခု ဖြစ်သော တစ်ရှူးကို အကုန်သုံးလို့ ကုန်တာမှမဟုတ်ဘဲ ဆိုပြီး ၁လွှာခွာပြီး ပြန်သိမ်း တတ်သော အကျင့်ဖြစ်၏။ အဲ့သည့် အကျင့်ကပဲ တခါတခါ ကျနော့်ကို ကျဉ်းထဲ ကျပ်ထဲ တွေကနေ ကယ်တင်တတ်ပါသေးသည်။ (အာလူးချောင်းကြော် ပါးဖြဲနားဖြဲစားပြီးကာမှ သုတ်စရာ တစ်ရှူးစက္ကူပြတ်သည့်အခါမျိုး )   သူမတွင် အကျင့်တခု ရှိသည် အဲ့ဒါကတော့ အိပ်ယာခင်းတွေ ခနခန လဲတတ်ခြင်းဖြစ်သည်။ သူ့အိမ်သွားလည်တိုင်း အသစ်အသစ်သော ကာတွန်း ဇာတ်ကောင်လေးများက ကျနော့်ကို ခရီးဦးကြိုလေ့ရှိပါသည်။ ကျန်း… နင်ငါ့နောက်ကွယ်မှာ ဒိုရေမွန် နဲ့ အိပ်တယ်ပေါ့ လို့ စ-နောက်မိသည့်အခါ ကျနော့်ကို မျက်စောင်း စူးစူးကျွေးပါသည်။သူမသည် နဂါးမဟုတ်သည့်အတွက် ကျနော်လည်း ပြာမဖြစ်သွားခဲ့ပါ။   […]


ムラカミJune 9, 20131min44429
ရုပ်ဆိုးရယ် နင်ဘာလို့မပြောခဲ့တာလဲတဲ့. ကျနော်ကအဲ့တုန်းက မျက်နှာစေ့စေ့တောင်ကြည့်ဝံ့ခဲ့လို့လားဗျာ. ဘဝမှာ ဟုတ်ကဲ့မပြောရဲခဲ့လို့ ခေါင်းသာတွင်တွင်ငြိမ့်ဖူးတဲ့ မိန်းမတယောက်ရှိဖူးတယ်ဆိုရင်ယုံမလားပဲ ရုပ်ဆိုး မနေ့ညက နင်ကတအားရီရတယ်နော်တဲ့. အစ်မ ကျနော်တီဗီကြော်ငြာကြည့်လေ့မရှိဘူး. အဲ့သည့်အစား အစ်မခေါင်းပေါ်က ဆံညှပ်လေးကိုကြည့်ဖြစ်တယ်. တကယ်ပါ. ရော့ ရုပ်ဆိုး. မောင်လေးအတွက်. တဲ့. ကျုပ်ကလည်း. ဟုတ်. မပြူး ကျေးကျေးပါပေါ့. တသက်လုံး စားဖူးသမျှထဲက အရသာအရှိဆုံး လက်ဖက်ဆိုပါတော့. ဂလိုနဲ့ သက္ကရာဇ်တွေတိုက်စားခဲ့. တနေ့. မခံစားနိုင်တော့တဲ့တနေ့ပေါ့. အစ်မ ကို ကျနော်ချစ်တယ်. ကျနော် ပြောခဲ့သင့်တာ ရက် ၁၀၀ဝ မပြည့်တပြည့် ဆိုပါတော့ (ဖလမ ကော်နက်ရှင်ကြောင့်လားတော့မသိ) အချိန် တစုံတရာနှောင့်နှေးခဲ့. တယ်. ဒို့တွေဆုံတွေ့ခဲ့တုန်းက ဘာလို့မပြောခဲ့တာလဲ. အစ်မမှာခုတော့ ရည်ရွယ်သူရှိပါသတဲ့ ကိန်. သွားဘီ အနှီ အနေအထားကို […]


သူကေလးJune 9, 20131min55521
“ငါမျှော်နေမိ မျှော်နေခဲ့တယ် နင်လာမယ်လို့ထင်နေမိသူ နေဝင်နေထွက်အချိန်ရှိတိုင်း .. နင်လာမယ်လို့မျှော်နေမိသူ” ~~ မိုးအေးအေး ချမ်းစိမ့်စိမ့်ဖီလင်လေးနဲ့ ကော်ဖီတစ်ခွက်ဘေးချကာ ကျွန်မအလုပ်လုပ်နေခဲ့တာ ရုံးရောက်ကတည်းပင်။ စနေ တနင်္ဂနွေပိတ်တဲ့ရုံးဆိုပေမယ့်လည်း ကျွန်မတို့ရုံးကဝန်ထမ်းတွေရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးက အလုပ်ရှိရင် ရှိတဲ့လူတွေက စနေရုံးလာတက်ကြတာပင်။ ဘဝမှာ အလုပ်ကလွဲပြီး ဘာဆိုဘာမှမရှိတဲ့ ကျွန်မအတွက် weekend ဆိုတာလည်း သိပ်အဓိပ္ပါယ်မရှိလှချေ။ close type ဖြစ်တဲ့သူငယ်ချင်းနှစ်ယောက်ကလည်း သူတို့ Plan တွေနဲ့သူတို့မအားတာမို့ ဒီစနေလေးကို ရုံးမှာပဲ လာပြီးအချိန်ဖြုန်းလိုက်မိတာပင်။ ကျွန်မရုံးရောက်တဲ့အချိန်တည်းကရွာတဲ့မိုးဟာ နေ့လည် ၁၁ နာရီခွဲတာတောင် အငြိုးကြီးကြီးရွာကောင်းတုန်း။ ပတ်ဝန်းကျင်တစ်ခုလုံးမည်းနေတာများ … ပိန်းပိန်းကိုမှောင်လို့။ Air-con က Shutter Swing တစ်ချက်ခတ်တဲ့အခိုက် ရင်ထဲစိမ့်ကနဲ ဖြစ်သွားတာမို့ ဝတ်ထားတဲ့လက်ရှည်နွေးထည်ခပ်ပါးပါးကို ခပ်တင်းတင်းဆွဲစေ့မိသည်။ မိုးပက်မှာစိုးလို့ ပြတင်းပေါက်တံခါးတွေပိတ်ထားသည်မို့ ရုံးခန်းလှောင်နေမှာစိုးတာနဲ့ […]


padonmarJune 9, 20131min220159
ဆေးတက္ကသိုလ် တက်စဉ်တုံးက ခင်မင်သိကျွမ်းခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ မြန်မာပြည်တောင်ပိုင်း ကမ်းရိုး တန်းမြို့လေး တစ်မြို့က မြို့သူလေး ၂ ယောက်ကို သီးခြားစီခင်မင်ခွင့် ရခဲ့ပါတယ်။ ချိုချိုနဲ့ ရည်မွန် လို့ နာမည် အတုလေးပေးပြီးခေါ်ခွင့်ပြုပါ။ တစ်မြို့တည်းသူတွေဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ဘဝအခြေခံတွေ မတူခဲ့ပါဘူး။ ချိုချို ချိုချိုရဲ့ မိဘတွေက ကုန်သည်တွေပါ။ ချိုချိုတို့ ငယ်စဉ်မှာ သူ့မိဘတွေဟာ ကုန်စုံဆိုင်လေးတစ်ခုနဲ့ အရောင်းအဝယ်လုပ်ပြီး သားသမီး ၅ ယောက်ကိုရှာဖွေကျွေးရပါတယ်။ သိပ်ချို့တဲ့လှတဲ့ အခြေအနေမဟုတ်ပေမယ့် သုံးနိုင်ဖြုန်းနိုင်တော့ မဟုတ်ပါဘူး။ သူ့မိဘတွေကလည်း သာမန်ရေးနိုင်ဖတ်နိုင်ရုံ သူတို့ခေတ်ရဲ့ မူလတန်း အလယ်တန်းလောက်ဘဲ ဆိုပါတော့။ ဒါပေမယ့် သားသမီးတွေအပေါ်မှာ စည်းကမ်းကြီးကြီးထားပါတယ်။ သားသမီးပညာရေးကိုလည်း သူတို့နားမလည်ပေမယ့် တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါတယ်။ ကျူရှင်ယူဖို့လိုရင် ကျူရှင်ခရအောင် ရှာကြံ ပေးပါတယ်။ စာကိုတစ်ဖက်က […]


alinsettJune 8, 20134min63825
    ဒီလောက် လင်းနေမှတော့ မိုး မလင်းသေးဘူးထင်ပါရဲ ့။   ဆက် အိပ်ချင်သေးသည်။   အိပ်ရာ ပေါ်မှာတော့ ကိုယ် ဖြစ်ချင် သမျှတွေ ဖန်တီးဆောင်ရွက် ရာမှာ အထ မြောက် နိုင်သည်။   မျက်လုံးကလေး မှိတ်ပြီး ငြိမ်ငြိမ်ကလေး နေလိုက်ရုံနဲ ့ ပျော်စရာ တွေ ဖြစ်လာသည်ပဲ။   တကယ်တော့ မိုးလင်းမှာကို ကြောက်သည်။ ========================================== အဆင်မပြေမှုတွေ များသော ခပ်ညံ့ညံ့ ဘဝကို ဘယ်သူ ယူချင်မှာလဲ။   ဒါပေမယ့် ခါးသီး သော အမှန်တရားတွေကို ကံပဲပေါ့ကွယ်  ဆိုတဲ့စကားနဲ ့မြိုချနေခဲ့ရတာ ကြာပါပြီ ။   သူများတွေ အတွက် တိတ်တိတ်နေခြင်းက […]


Mr. MarGaJune 6, 20131min55026
– – – – – ၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။ ၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။ ၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။ ၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။ ********************************************************************* ဦးမာဃတို့ ရွာသူားတွေ ဒီစကားရပ်လေးတွေကို ရေးတေးတေးတော့ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းများစွာ မီဒီယာတွေပေါ်မှာ နေရာယူခဲ့သော စာသားများပါ။ ပြည်သူ့ သဘောထား ပါတဲ့။ ပြည်သူတွေရဲ့ သဘောထားအစစ်အမှန် ဟုတ်တာမဟုတ်တာတော့ ဦးမာဃ မငြင်းတော့ဘူးနော်။ လူ ဆိုတာ အတော်ခက်သဗျ။ ကိုယ် တွေ့နေကျ မြင်နေကျ အရာတစ်ခုကို မတွေ့ရ […]


ムラカミJune 3, 20131min73435
ဟတ်ကောင် သေမင်း ရီးဘဲ ကွာ … မင့်ကို ကျော်ကိုကို့ ဇဂါး ငှားပြောလိုက်မယ် .. ဘောပဲ မှတ်တယ်…။ ကိုငှက်ကို ပြန်မပေးနဲ့ … ကိုဃကြီး ပြန်မပေးနဲ့ ကိုတိုးဂျီး ပြန်မပေးနဲ့ … ဦးခင်ဝမ်း ပြန်မပေးနဲ့ … ပြန်ပေးရအောင် သူဒို့ မင့်ဆီ လာတာမှမဟုတ်တာကွ… ဟိုဂဒုံး စကား အရဆို .. သူရို့ ကောင်းကင်ဘုံမှာ ဝိုင်းခြင်း ခတ်နေတာတဲ့… အခု နောက် တျောက် … ငဒို့ ချာတိတ်တွေ အသဲကွဲတိုင်း မကင်းနိုင်ခဲ့ကြတဲ့ လူဂျီး ဘာဖစ်တုန်းကွ … သူလည်း ခြင်းခတ်ချင်မပေါ့… ရီးဖစ်လား.. ငဒို့ အနှိုင်းမဲ့တွေက နဲဗား ဆောရီး ကို နှလုံးသွင်းတယ်ဆိုတာ […]