လူကေလးMay 20, 20131min1577
ဦးဖိုးလူနှင့် ပထမဆုံးများ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ် .. သာဓု .. သာဓု.. သာဓု.. နောက်ဆုံးတစ်ကြိမ် အမျှဝေလို့ ပြီးသွားတဲ့ အခါမှာတော့ ရှေ့က အလှူ့ဒါယိကာနဲ့ အလှူ့ဒါယိကာမ တို့နှစ်ယောက်က ငွေဖလားကြီးတွေ မလို့ ထလိုက်ကြလေရဲ့.. ကျောင်းပေါ်က လူကြီးလူငယ် အပျိုအအိုမကျန် ဘုစုကရု ကလေးတွေပါ ရုပ်ရုပ်ရုပ်ရုပ် နဲ့ .. ထတဲ့သူက ထ.. ထိုင်တဲ့သူက ထိုင် .. နဲ့ ငွေဖလားကြီးကိုင်ထားတဲ့ အလှူရှင်တွေကို တပြုံးပြုံးနဲ့ ကြည့်နေကြတာပေါ့.. “ကိုဖိုးလူရေ.. သည်ဘက်ကို ကြဲပါဗျို့.” “ဦးဖိုးလူကြီး .. ဒီဘက်ဒီဘက်” “ဦးဖိုးလူရေ.. ကျွန်တော်တို့ကို လဲ မမေ့နဲ့ဦးဗျ.. လုပ်ပါဟ ဒီဘက်ကို” ဆိုပြီး .. […]


ဘင်ဘိုxxxဘင်ဘိူxxxxxxxxxxခွေးငယ်ကလေးမင်းရဲ ့အမည် ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxxမင်းကခေါ်တိုင်းအမြဲတမ်းလာ ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxလိမ္မာပါတယ်ကွာ မင်းကဖြူစင်တယ်တကယ်xxxxxxxxxxxအလွန်လိမ္မာတဲ ့ခွေးလေးကွယ်.….. ဟုတ်ပါတယ်..ကျွန်တော်တို ့အိမ်မှာအိမ်မွေးတိရိဆ္တန်တွေကိုမွေးတတ်ကြပါတယ်… ခွေးကိုချစ်တဲ ့လူတိုင်း(အချိူ ့သောလူတွေကမချစ်တတ်ပါဘူးလို ့တရားဝင်ပြောတဲ ့လူတချိူ ့ကိုလည်းတွေ ့ဖူးကြမှာပါ….) ခွေးတွေဟာသခင်အပေါ်မှာ…သစ္စာအရှိဆုံးဆိုတာကမ္ဘာချီပြီးတော ့တောင်ပြောကြပါသေးသည်…. ဂျပန်မှာဆိုတကယ် ့အဖြစ်အပျက်..တစ်ခုတောင်ရှိတယ်ဆိုတာ…စာဖတ်သူတို ့ကြားဖူးဖတ်ဖူးမှာဖြစ်ပါတယ်….. ခွေးတွေဟာ…သခင်တွေအပေါ်သစ္စာစောင် ့သိနားလည်တတ်ပါတယ်….ဒါကြောင် ့ဒီသီချင်းလေးကိုခံစားရင်းဆောင်းပါလေးရေးလိုက်ပါတယ်…… (ဘင်ဘိုလေးနဲ ့မြေနီလမ်းလေးxxxxxအပြေးပြိုင်ဆော ့ကြတယ် သခင်ထံပြေးxxxxxအရိုအသေပေးမင်းလာရှိခိုးတတ်တယ် လူသားများကxxxxxအချင်းချင်းမုန်းကာလမ်းခွဲကြပေမဲ ့ လိမ္မာတယ်xxxxxကျေးဇူးတရားမမေ ့ပါတယ် လမ်းခွဲမသွားရက်တယ်xxxxxxxxxxxxxxx) လူသားတွေက…တစ်ယောက်နဲ ့တစ်ယောက်ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ…. ချောင်းမြောင်းနေတတ်တာကလည်းသဘာဝပါ…….ကိုယ် ့ထက်သာရင်မနာလိုကိုယ် ့ထက်နိမ် ့ကျပြီးလားဟေ ့ဆိုရင်…. ဝမ်းသာလို ့မဆုံး..ဒီလိုလူမျိူးတွေကိုလည်းတော်တော်များများတွေဖူးကြုံဖူးမှာပါ….. တချိူ ့ဆိုရင်လည်း…ခြေထိုးခံဘို ့ဝန်မလေးတတ်ပါ…… မှန်တာပြောရင်…ရွာပြင်ထုတ်ခံတတ်ရတယ်ဆိုတာလည်းသိကြမှာပါ…… ကျွန်တော် ့ပါတ်ဝန်းကျင်မှာ ဒီလိုလူတွေကဒုနဲ ့ဒေးဗျ…… ဘယ်သူတရားပျက်ပျက်….ကိုယ်မပျက်စေနဲ ့တဲ ့လူတွေဟာတစ်ယောက်နဲ ့တစ်ယောက်မတည် ့တော ့ဘူးဆိုရင်…. […]


Mr. MarGaMay 16, 20131min44124
မဟာစင် မုန်တိုင်းကတော့ ကမ်းခြေကို ဝင်ရောက်ဖို့ အရှိန်အဟုန်နဲ့ လာနေပြီ။ နောက်ဆုံးခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံ ကြားကနေ ဝင်လိမ့်မယ်လို့ ပြောလို့ရတယ်။ မြန်မာဘက်မှာဆို မောင်တော၊ ဘင်္ဂလားဒေ့ရှ်မှာတော့ စစ်တကောင်းပေါ့ ဒီမြို့တွေက အဓိက လမ်းကြောင်းပေါ်ကို ရောက်နေတယ်။ အထူးသဖြင့် စစ်တကောင်းက မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ တည့်တည့်ပဲ။ မြန်မာ အနေနဲ့တော့ မုန်တိုင်းလမ်းကြောင်းနဲ့ တည့်တည့်မှာကျတာ ချင်းပြည်နယ် တစ်ခုပဲရှိတယ် ကျန်တာတွေက မုန်တိုင်းဗဟို မရှိဘူး။ ဆက်ပြီး ခန့်မှန်းချက်အရဆိုရင် မြန်မာနိုင်ငံ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထိကို ဆက်သွားမယ်ဆိုတော့ မြန်မာဘက်က ရခိုင်ကမ်းရိုးတမ်းနဲ့ ချင်းပြည်နယ်ဘက် အဓိက အာရုံစိုက်ရလိမ့်မယ်။ ကံကောင်းတာတစ်ခုက အဲဒီဘက်မှာ ရခိုင်ရိုးမ ရှိနေတာကြောင့် အသင့်အတင့် အားလျော့သွားမယ်လို့တော့ ယူဆမိတယ်။ နောက် ဆက်ကာဆက်ကာ […]


ရွှေ ကြည်May 15, 20133min42933
“ကလင်  ကလင်” အဆေင်ရှေ့ကစက်ဘီးဘဲလ်သံကြောင့် ကျွန်မဆတ်ကနဲဖြစ်သွားပါတယ်။ စိတ်ထဲကနေလည်းတိတ်တခိုးမျှော်လင့်နေမိတာ ကသူဖြစ်ပါစေပေါ့။ အတန်ကြာအောင်နားစွင့်ထားပေမယ့်ကျွန်မနာမည်ခေါ်သံမကြားရတဲ့အခါသက်ပြင်းမောတခုကိုမှုတ် ထုတ်မိလိုက်ပါတယ်။ “အစ်မ” “ဝေ့ ဘာလဲ” အခန်းဖော်ညီမလေးကခေါ်လို့ထူးလိုက်ရင်းမော့ကြည့်မိတော့သူ့မျက်ဝန်းတွေကစကားပြောနေသလိုအကဲခတ် နေသလိုမို့ ကျွန်မမျက်နှာနွေးကနဲဖြစ်သွားပါတယ်။ ချက်ချင်းမျက်နှာလွှဲလိုက်ရင်းက ဟင့်အင်း မမေးပါစေနဲ့ဘာမှမမေးပါစေနဲ့ စိတ်ထဲကနေဆုတောင်းနေမိပေမယ့် ဆုတောင်းမပြည့်ဘူးလေ..။ “မျှော်နေတာလားအစ်မ” ကဲမေးပြီ ဘယ်လိုဖြေမှာလဲမိကြာညို ညည်းဘယ်လိုဖြေမှာလဲ အမှန်အတိုင်းမလိမ်မညာဖြေမှာလား လိမ်မှာလား..။ ကုတင်ပေါ်မှာစာတွက်နေရင်းမို့ ကျွန်မစာကိုစိတ်ဝင်စားနေသယောင်ပြုရင်းစဉ်းစားနေမိတယ်..။ ကဲဟယ်ဖြေလိုက်မယ်..။ “မမျှော်ပါဘူး ပုမရယ်” ကျွန်မလိမ်လိုက်ပါပြီ သူနဲ့ပတ်သက်လာရင် အမြဲလိမ်ညာနေမိခဲ့တယ် အရင်ကလည်းလိမ်ခဲ့တယ် အခုလည်းလိမ်မိတယ် နောင်လည်း ကျွန်မလိမ်ရဦးမှာပါပဲလေ။ ချစ်စရာကောင်းတဲ့အခန်းဖော် ကျွန်မတို့အခေါ်ပုမတဖြစ်လဲ ယဉ်မင်း ကလည်းအလိုက်တသိနဲ့ပဲဘာမှဆက်မမေးတော့ပဲ စာကိုပဲဆက်ကျက်နေပါတယ်။ ကျွန်မတို့နှစ်ဝက်စာမေးပွဲနီးပြီမို့ကျောင်း  တပါတ်လောက်မသွားကြပဲ အဆောင်မှာပဲစာကြည့်နေကြတာပါ။ သူရောစာတွေတော်တော်ကြည့်ပြီးနေပြီလားမသိ ဪငါ့နှယ်ပြောနေရင်းကိုစိတ်ကသူ့ဆီရောက်သွားပြန်တယ်။ ခက်ပါလားနော်။ “အစ်မ ဘယ်သွားမလို့တုန်း” စာအုပ်တွေသိမ်းနေတဲ့ကျွန်မကိုအံ့ဩသလို ကြည့်ရင်းမေးလိုက်တဲ့ပုမကိုဘာမှမပြောပဲပြုံးပြပြီး “ပုမစာကျက်စရာရှိတာကျက်ပါ ကျုပ်ဘာသာဘယ်သွားသွားပေါ့” “အံမယ် […]


  ၁။ ညတစ်ည။ မဆိုသလောက် မှောင်လာပြီပဲ။ ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း လူသူ နည်းလာသလို ကားများ အသွားအလာ နည်းနည်း ကျဲလာတယ်။ မိုးကောင်းကင်မှာ ကြယ်တွေ သိပ်မလင်း။ တိမ်တိုက်များ ဖုံးအုပ်ထားခဲ့တယ်။ ကျော်ကျော် ဆေးပေါလိပ်ခပ်တိုတိုကို ဖွာရှိုက်ရင်း လမ်းရဲ့ ပလက်ဖေါင်း အတိုင်း ခေါင်းကို ငိုက်စိုက် လျှောက်လာခဲ့တယ်။ သူ့ပုံစံက ခပ်နွမ်းနွမ်း။ ဆံပင်က ရှည်ရှည်၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးတွေက မရိတ်ထား။ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ကြေမွှလို့။ လေပြင်းပြင်း တစ်ချက်တိုက်သွားတော့ စိမ့်ခနဲ အေးသွားတယ်။ တစ်နေရာရာမှာ မိုးရွာနေလောက်ပြီလို့ ကျော်ကျော် တွေးဖြစ်လိုက်တယ်။   ၂။ ညတစ်ည။ မဆိုသလောက်ထက် အနည်းငယ် မှောင်လာပြီ။ လူတစ်စု ဆိုင်တစ်ဆိုင်မှာ စုရုံးလို့နေတယ်။ သူတို့ […]


မောင် ပေMay 9, 20131min28518
မိုးကလေးက စိုတိုတိုရုံတင်မက (တင်မက လို ့ ဖင်က လားလို ့ကျွန်ုပ်အား လာမမေးကြပါနှင့် ၊ နှာအထူးကျွမ်းကျင်သူ ရွာသား “ မိုပိုင်း ” ဆိုသူအား သွားရောက်မေးကြပါရန်) ……. ဝုန်းဒိုင်းနဲ ့ ၊ မိုးသီးကြီးတွေ မိုးသီးလေးတွေ မိုးသီးဇွန်တွေပါ ပါလာတော့ မန်းတလေးမြို ့မှာ သစ်ပင်တွေ၊ ဓါတ်တိုင်တွေ ၊ ကြေညာဘုတ်တွေ ပါ မြေခကြရကုန်ရှာပေါ့လား ။ အဲ့ချိန်မှာ ကံထူးရှင် ကျွန်ုပ် မောင်ပေ မှာ ရန်ကုန်-မန်းတလေး အမြန်လမ်းမကြီး တွင် စူပါကပ်စတမ်ကားပေါ်နှိုက် ထန်းရည်လေးသောက်ရင်း ပဲကြီးလှော်လေးဝါးရင်း ၊ ထွေးညိုဘူးလေးကို ရင်မှာပိုက်ကာ ဇိမ်ကြခဲ့လေသည် တမုံ ့။ ထိုထွေးညိုဘူး ရရှိခဲ့ပုံမှာ… လမ်းခရီးဘေးတွင် ကျွန်ုပ် […]


NovyMay 8, 20131min15210
ငွေရှာရတာမကောင်းတော့ သူများဖေါက်ပြီးသားလမ်းလေးနောက် အသာအယာလိုက်မလားလို့ :harr: လျှိ့ဝှက်မေးခွန်း၁ဝ ခုကို မချွင်းမချန်ဖြေလိုက်မယ်နော် ကိုပီချိုကြီးကို သူကြီးက ဆယ်အိမ်ဂေါင်းရဲ့ မေးခွန်းတွေကိုဖြေလို့ 9.9 အိမ်ဂေါင်းရာထူးပေးတယ်ဆိုတော့ တို့ကိုလည်း အမျိုးသမီးစွမ်းဆောင်ရှင်ဂေါင်းများပေးမလားလို့ ဟိဟိ :kwi:   ၁၂။ မိန်းမအပြင် ဘယ်သူ.ကိုပိုချစ်သေးလဲတဲ့ (ရွာသူဖြစ်ပါက ယောင်္ကျားအပြင်၊ လူပျိုဖြစ်ပါက အခုလက်ရှိရည်းစားအပြင်၊ အပျိုဖြစ်ပါက အခုလက်ရှိ ရည်းစားအပြင်) ဒါလင်အပြင် လင်ဒါကိုလဲချစ်ပါတယ် ၁၃။ ရွာသူားထဲမှာ ဘယ်သူ.ကို အချစ်ဆုံးလဲ။ နိုဗွီဆိုတဲ့ ခတ်ချောချောနဲ့ ကောင်မလေး ၁၄။ အခုချက်ချင်းထပြီး နပန်ရိုက်ခိုင်းရင် ရွာသူားတွေထဲက ဘယ်သူ.ကို အရိုက်ချင်ဆုံးလဲ။ အဖြေကတော့ ရှင်းပါတယ် -မရှိ ၁၅။ ရွာသူားတွေထဲက တစ်ယောက်ယောက်ကို အာဘွားပေးဆို ဘယ်သူ.ကိုအပေးချင်ဆုံးလဲ။ နိုဗွီရဲ့ဒါလင် ၁၆။ သူကြီးအကြောက်ရဆုံးသူဟာ ဘယ်သူလဲ။ […]


မနေ့ကညပိုင်း ၊ ရုံးပြန်ရဦးမယ့် ကျနော် အိမ်မှာ အမေနဲ့ စကားပြောနေတုန်း ဖုန်း ဝင်လာပါတယ် ၊ မင်းနိူင်ဆီကပါ ၊ ရှေ့နေလုပ်နေတဲ့ အောင်မြင့်ရယ် တွံတေးသိန်းတန်သား မြတ်သူတို့လည်း ပါသတဲ့ ၊ အိမ်နားက ရွှေလီမှာ စောင့်နေမယ်ဆိုလို့ တွေ့ဖြစ်ခဲ့ကြပါတယ် ၊ ၄ ယောက်သား ဆုံတော့ အသံအကျယ်ဆုံးဝိုင်းဟာ ကျနော်တို့ ဖြစ်မယ်ထင်တာပါပဲ ၊ မင်းနိူင် ၊ မြတ်သူတို့နဲ့က ပြီးခဲ့တဲ့  ( ၁၉၇၄ – ၁၉၈၁ တီတီစီ ကျောင်းသားဟောင်းများ ) ဆရာကန်တော့ပွဲမှာ တွေ့ခဲ့ပေမယ့် အောင်မြင့်နဲ့ မတွေ့တာ ၅ နှစ် ၆ နှစ်လောက်ရှိပါပြီ ၊ ကျောင်းအုပ်ဆရာမကြီးအထိဖြစ်ခဲ့တဲ့ ၉ တန်း အတန်းပိုင်ဆရာမ ဒေါ်ခင်နွယ်တင့် […]


၁။   “ကဲ…… ရော့ မင်းအတွက်ကမာ္ဘကြီးကို ဂတ်စ်ထည့်ပြီး ညှိထားတဲ့ စီးကရက်တစ်လိပ်” “အို…. ရှင်ကျွန်မကိုယ်တိုင် လောင်ကြွမ်းနေတာ မသိဘူးလား” “လာပါ … ကိုယ်တို့ကမ်းစပ်ဘက်သွားရအောင် … လာ” သူမက ကျွန်တော်တည်ဆောက်ထားတဲ့ကမ်းစပ်အတုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်တယ်။ အိပ်မက်။ ခင်ဗျားတို့သိလိုက်လား။ခံစားလိုက်ရလား။ အဲဒီကမ်းစပ်က တိုက်တဲ့ လေတွေထဲမှာ သူမအတွက် မျှော်လင့်ခြင်း အိပ်မက်တွေပါတယ်။ ပါတာမှ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ မရှိပါဘူး။ လုပ်ချင်တာတွေများလာတယ်။ ရူးသွပ်ခြင်းထက်မက ရူးသွပ်တယ်။ တိမ်တွေထဲက လျှပ်စီးတွေနဲ့ သူမကို ထွန်းလင်းပေးခဲ့ချင်တယ်။မီးညှိထားတဲ့ စီးကရက်တစ်လိပ်ကို သူမ တစ်ရှိုက် ဖွာလိုက်တယ်။ မီးခိုးတွေက အချစ်ကို စာတန်းထိုးကြလိမ့်မယ်။အဲလိုလည်း မထင်နဲ့။ လူ့ဘဝဆိုတာ ဘယ်လိုတီးတီး အသံမထွက်တော့တဲ့ တူရိယာတစ်ခုပဲ။ ခု […]


ရွှေ ကြည်May 4, 20131min61360
  နွေရာသီမွန်းတည့်နေက ကျဲကျဲတောက်ပူလောင်လွန်းလှပါလား။ ကတ္တရာကားလမ်းပေါ်မှာ တံလျှပ်တွေတောင်ထလို့။ ခေါင်းပေါ်က ခေါင်းခုနဲ့ ဆံပင်ကြားမှာ ချွေးတွေဆိုတာ ရေလောင်းထားသလို စိုစိစိဖြစ်နေတာကို ကိုယ့်ဘာသာခံစားမိနေတယ်။ ခေါင်းခုပေါ်မှာတော့ တံမြက်စည်းတွေကိုစုစည်းပြီးရွက်ထားရတယ်လေ။ သားကလည်းကျုပ်လက်တဖက်ကိုတွဲထားရင်း ဟိုငေး၊ ဒီငေးနဲ့ ဒရွတ်ဆွဲလိုက်ပါလာခဲ့ပါတယ်။ တော်ပါသေးရဲ့ အောင်လံမြို့ဘက်အထွက်တဲ့ပြည်မြို့အစွန်ဘက်လမ်းမှာ လမ်းဘေးဝဲရာ မယ်ဇလီပင်တွေနဲ့မို့အရိပ်နည်းနည်းတော့ရနေသေးလို့။ အရိပ်ကိုခိုလျှောက်ရင်း အောင်ချမ်းသာရပ်ကွက်လူနေအိမ်တွေနားရောက်အောင်ခပ်သွက်သွက်လျှောက်နေမိတယ်။ ပြည်နည်းပညာကောလိပ်လို့ ရေးထားတဲ့ကျောင်းကိုကျော်ပြီး သစ်တောဝန်းတွေကိုရောက်လာပြီမို့ ကျောင်းသူအဆောင်တွေ လူနေအိမ်တွေနဲ့နီးလာပါပြီ။ လှမ်းတောင် မြင်နေရပြီလေ။ ပူလောင်လွန်းတဲ့နေကြောင့်လမ်းပေါ်မှာလူသူရှင်းနေတာကိုသတိထားမိတယ်။ ကျုပ်တို့သားအမိကတော့နေပူကြောက်နေလို့မရပါဘူး စီးကျလာတဲ့ချွေးကို လက်ခုံနဲ့သုတ်ရင်း သားကိုငုံ့ကြည့်လိုက်မိတယ်။ သားကပြန်မော့ကြည့်ရင်း ဗိုက်ဆာတယ်မေမေလို့ပြောလာတယ်။ ဟုတ်ပ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေတာကြာပေါ့။ စားရမယ်သားရဲ့ ခနလေးစောင့်နော် လို့ပြောသာပြောလိုက်ရတာ ပိုက်ဆံကအကြွေလေး ၅ဝ တန်နှစ်ရွက်ပဲပါတယ်။ ခြေစောင့်လက်စောင့်လေးထားရတာ။ သက်ပြင်းမောကိုမသိမသာမှုတ်ထုတ်ရင်း တံမြက်စည်းတစ်ချောင်းလောက်တော့ရောင်းရပါစေလို့ စိတ်ထဲကနေဆုတောင်းနေမိတယ်။ သစ်တောဝန်းကျော်တော့ ကားလမ်းဘေးကနေ အောက်ဖက်လမ်းကလေးကိုဆင်းလျှောက်လာခဲ့တယ်။ ဟော […]


alinsettMay 3, 20131min20413
မြို့တော် ၏ သစ်ပင် သစ်ခက် သစ်ရွက်များထက်… နှင်းစက်တို ့… တွဲလွဲ ခိုကြပြီ ။ အေးမြသော… မြောက်လေတို ့နှင့်အတူ… ရာသီပန်း ရနံ ့တို ့… လှိုင်လှိုင် ထ..ကြပြီ ။ ဆောင်းသည်… စိမ့်စိမ့်ချမ်းသော… အရသာကို ပူးချည်လျက်… ဤမြို့တော်…ဆီ..လာခဲ့ချေပြီ ။ မြို ့တော်သူ မြို့တော်သားတိူု့…. ယဉ်ကျေးမှု ဆိုသော အနွေးထည်တို ့ကို ဝတ်ဆင် သင့်ကြသည် ။ ဆောင်း ဆန်သော..အိပ်မက်များကိုလည်း… အိပ်မက် ဆန်သော ဤဆောင်းတွင်… မက်သင့်ကြလေပြီ ။ လူငယ်တို့သည်လည်း… နွေးထွေးမှု ကို တောင့်တ ဤ နွေးထွေမှု တို့ကိုပင်..ရှာဖွေကြပြီ ။ အချို့က… ချစ်သောသူနှင့်..နွေးထွေးသည် ။ အချို့ကတော့… […]


      ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ […]


ကိုယ့်မျက်ရည်တွေကြွေနေပြန်ပြီ။ ဒါကို……သူသိပါ့မလား…။ သူနဲ့ စတွေ့တွေ့ချင်းပဲ ကိုယ်ငိုခဲ့ရတာတွေ သူ့ကိုသိပ်ချစ်မိသွားတာတွေဟာအပေါစားဆန်နေမလားလို့ ကိုယ့်ကိုယ်ကိုတွေးမိပါရဲ့။ အင်းလျားကန်ဘက်က လေပြင်းတွေက တိုက်ခတ်နေလိုက်တာ။ကိုယ်တောင်လွင့်ထွက်သွားမတတ်ဘဲ။ သူကတော့ အားနာတဲ့ဟန်ပန် တွေနဲ့ပေါ့။ ကိုယ့်မျက်ရည်တွေကိုသူအားနာနေတာလား။ ကိုယ့်ကိုယ်သနားစရာ သတ္တဝါတစ်ကောင်လို သူသနားနေတာလား။ ကိုယ်တွေးရင်းပိုဝမ်းနည်းလာမိပါရဲ့။ ကိုယ့်ကိုယ် သူသနားအောင် အားနာအောင် ဘာတစ်ခုမှ မလုပ်ခဲ့ရိုးအမှန်ပါ။ အဲသည်နေ့က သူဟာ ကိုယ့်ဘဝမှာ ဘယ်တော့မှ မမေ့တော့မယ့်လူသားတစ်ယောက်ပေါ့။   သူရေ……..ကိုယ်ဟာ သူ့ကိုစောင့်ကြည့်နေသူတစ်ယောက်ပါ။ သူ့အကြောင်းတွေကို အမြဲတမ်းစောင့်ကြည့် နေသူတစ်ယောက်ပေါ့။သူအချစ်တစ်ခုကြောင့် ခံစားနေရမှန်းကိုယ်သိနေတယ်။ ကိုယ်ကိုယ်ချင်စာပါတယ်။ ကိုယ်က သူ့ကိုတစ်ဖက်သတ်ဆိုပေမယ့်သူကတော့ အချစ်ဒဏ်ခံရဖူးသား လူတစ်ယောက်ဆိုတာကိုလေ။ ကိုယ်ဟာ တစ်ဖက်သတ်ပါသူ။ အချစ်နဲ့ပတ်သတ်လို့သုံးပြီးသားစကားလုံးပြန်သုံးမယ်ဆိုရင်တောင် တစ်ဖက်သတ်ဆိုတာဟာ ဘယ်တော့မှ ရိုးမသွားမယ့်တစ်ယောက်တည်းချစ်နေရတဲ့ စကားလုံးဆိုတာတော့ သူသိမှာပါ။ တစ်ဖက်သေအောင်သတ် ပစ်သလို ခံစားရတယ်ဆိုတဲ့အကြောင်းအရာတွေကို သူသိမှာပါ။ သူမသိချင်ယောင်ဆောင်နေတယ်ဆိုတာ ကိုယ်နားလည်ပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့အရာတိုင်းသူပိုစိတ်မကောင်းဖြစ်ရတဲ့ဆိုတဲ့ […]