koyin sithuFebruary 7, 20121min32615
ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။ ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ […]


၁။ ထိုနေ့မနက်က ကျွန်တော် ပါးစပ်ပျောက်သွားတယ်။ “ဟာ … ငါပါးစပ် ဘယ်ရောက်သွားလဲ .. နေဦး ဘယ်သူခိုးသွားတာလဲ … နေပါဦးဟ ဟုတ်ကော ဟုတ်ရဲ့လား .. အိပ်ရင်းနဲ့အိပ်ယာထဲများ ထွက်ကျသွားခဲ့တာလား …” အဲလိုနဲ့ ကျွန်တော် အိပ်ယာထဲ၊ အိပ်ခန်းထဲ၊ ဘီဒိုထဲ …၊ တစ်အိမ်လုံးအနှံ့ လိုက်ရှာရပါတယ်။ မတွေ့ဘူးဗျ။ ပြဿနာတော့ အကြီးအကျယ်တတ်ပြီ။ ဟုတ်တယ်လေဗျာ။ ပါးစပ်မရှိလို့ ဘယ်ဖြစ်မလဲ။ ကိုယ်တတ်ကြောင်း ပြောရတာလည်း ဒီပါးစပ်၊ ကိုယ်မှန်ကြောင်း ပြောရတာလဲ ဒီပါးစပ်၊ ကိုယ် မလုပ်တတ်ကြောင်း ရှင်းရတာလည်း ဒီပါးစပ်၊ ကိုယ် မှားကြောင်းဝန်ခံရမှာလဲ ဒီပါးစပ်။ နောက်ဆုံး။ ကိုယ်မှားလည်း မှန်တယ်လို့ လိမ်ရမှာလဲ ဒီပါးစပ်။ ကဲ ။ ဘယ်လောက်တန်ဖိုးရှိတဲ့ ပါးစပ်လဲ။ […]


AKKOFebruary 6, 20121min51420
တစ်နေ့တာ မောပန်းနွမ်းနယ်မှုတွေကို ကျော်ဖြတ်ရင်း ၊ဆေးခန်းမှ ပြန်ရောက်ပြီး ခဏနားနေစဉ်တွင် “ ဂျိန်း …ဂျိန်…. ဂျိန်း  “ ဆိုသည့်အသံနှင့်အတူ အော်ဟစ် ဆူပူသံများ ညံသွားတော့သည် ။ မည်သည့်အကြောင်းကြောင့်ဟု သိလိုသည့်အတွက် အိမ်ရှေ့ထွက်ကြည့်မိသော အခါ ရုပ်ပျက်ဆင်းပျက် ယာဉ်တိုက်မှုတစ်ခုဧ။် အနိဌာရုံမြင်ကွင်းကို မြင်လိုက်ရသည် ။ လူများအုံခဲလျှက်ရှိသဖြင့် တစ်စုံတစ်ရာ အကူညီပေးနိုင်ရန် အနားကပ်သွားမိသည် ။ မြင်ရသည့်မြင်ကွင်းမှာ သာမန်လူတွေအဖို့သွေးပျက်ခြောက်ချားဖွယ်ကောင်းလွန်းလှပြီး ၊ နှလုံးရောဂါရှိသူအဖို့ ရှော့ရသွားနိုင်သည့် သွေးသံတရဲရဲ မြင်ကွင်းမျိုးဖြစ်သည်။   ဘေးလူများဧ။်ပြောပြချက်အရ လိုက်အေ့စ်ကားတစ်စီမှာ ညအချိန် မီးစုံမဖွင့်ပဲမောင်းလာပြီး ရှေ့ကား အကွယ်မှ လမ်းဖြတ်ကူးရန်ကြံစည်နေသော ကာယအလုပ်သမား လေးဦးအား အရှိန်ပြင်းထန်စွာဖြင့် ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည် ။တိုက်ပြီးပြီးချင်းမောင်းပြေးသွားသော်လည်း ပတ်ဝန်းကျင်မှ လူအများ ကားနံပါတ်ကို မှတ်နိုင်ခဲ့သည် ။ […]


kaiFebruary 6, 20121min2295
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၂) အခန်း (၂) ” ကျွန်မဟာ သချင်္ာ ပညာရှင် တယောက်ပါ” ကျွန်မ ဒီလိုဆိုလိုက်ချိန်မှာ အေးဂျင့် Miller က ခေါင်းညိတ်ပြပါတယ်။ ပြီးတော့မှ ” ဒီထက်နည်းနည်းပိုပြီး နောက်ကြောင်း ပြန်ပေးပါလား။ ဒီနေ့ မင်းရောက်နေတဲ့ အခြေအနေဆီကို ဘယ်လိုဖြတ်သန်းရောက်ရှိခဲ့လဲ ဆိုတာကိုပေါ့။ သချင်္ာပညာရပ်ကို ဘယ်အချိန်မှာ စပြီး စိတ်ဝင်စားခဲ့သလဲ။ ဘာကြောင့် မင်းအဖိုး ပရော်ဖက်ဆာ Henreid ရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ရသလဲ ဆိုတာတွေပေါ့” ” ကျွန်မ အမေကလဲ သချင်္ာပညာရှင် တယောက်ပါပဲ။ ကျွန်မထင်တာတော့ သူ့အဖေ၊ ကျွန်မ အဖိုးဆီက အမွေဆက်ခံခဲ့တာ နေမှာပေါ့။ ကျွန်မရဲ့ အဖိုးက သချင်္ာပညာရပ်ကို အလွန်စွဲလန်း […]


အိပ်မက် (၁)   အဲဒီနေ့က ပညာရှိကဏန်းကြီးနဲ့ တွေ့တော့ သူက ပြောတယ်။ “ရှေ့က သွားတဲ့ နွားက ဖြောင့်ဖြောင့်သွားမှ နောက်က လိုက်တဲ့ နွားက ဖြောင့်ဖြောင့်လိုက်မှာကွ” “အော .. ဟုတ်ကဲ့ဗျ” “လမ်းလျှောက်တဲ့ အခါ တည့်တည့်မတ်မတ်လျှောက်ရမယ် ဘေးဘီဝဲယာကို သိပ်မကြည့်နဲ့ ကိုယ့်ဦးတည်ရာကိုသာ သေချာကြည့် ကြားလား” “ဗျာ .. ဟုတ် .. ကြားပါတယ် ကိုကဏန်း” ကျွန်တော့်ကို ပညာရှိကဏန်းကြီးက သင်ပေးသွားပြီး ထပြန်သွားတယ်။ သူ လမ်းလျှောက်တဲ့ ပုံစံကို ကျွန်တော် နောက်က ကြည့်ပြီး အတုယူလိုက်တယ်။ အပြန်မှာ ကျွန်တော် အိမ်ပြန်တော့ ခြေနှစ်ချောင်းကို ကွကွကြီးလုပ်ပြီး ဟိုဘက်ရမ်း ဒီဘက်ရမ်း ကဏန်းတစ်ကောင်လို လျှောက်ပြန်ခဲ့တယ်။   အိပ်မက် […]


koyin sithuFebruary 5, 20121min40231
တတိယအိမ်နီးချင်း အကြောင်းကို ပြောပြရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်၏အိမ်နှင့် ကပ်လျက်အိမ်ကို ဝယ်ပြီး အိမ်သစ်ပြင်ဆောက်၍ နေသောသူ ဖြစ်၏။ သူ၏အမည်မှာ ကိုစိန်ဖေဟူ၍ ဖြစ်၏။ သူသည် မူလတန်းကျောင်းအုပ် လုပ်ခဲ့ဖူးသည်ဟု သိရ၏ စကားပြောလျှင် သူ့ကိုယ်သူ “ဆရာတို့က” ဟု ခေါင်းစဉ်တပ်၍ ပြောလေ့ရှိ၏။ သူသည် အိမ်ပြင်၍ ဆောက်သောအခါ၌ ကျွန်ုပ်၏မြေကို ခြောက်လက်မ ခိုး၍ ဆောက်လေ၏။ သူ၏ အိမ်ခေါင်းရင်းတွင်လာ၍ ဆောက်သူကလည်း သူ့ထံမှ မြေခြောက်လက်မကို ခိုးယူ ပြန်၏။ ထိုအခါ၌ ဦးစိန်ဖေသည် မခံမရပ်ဖြင့်ကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းလေတော့၏။ ခြောက်လက်မ ခိုးယူထာကြောင်း ထင်ရှားလျှင် ဦးစိန်ဖေက ရပ်ကွက်လူကြီးများကို ပြသတိုင်းတန်းလေတော့၏။ ထို့ကြောင့်သူ၏ ခေါင်းရင်းအိမ်မှ လူသည် ရေတံလျှောက် ကြီးကို […]


    သူ ဒီနေ့တော့ ပိုက်ဆံ မရရအောင် ရှာမှ ဖြစ်မယ်။ သားလေးရဲ့ ကျန်မာရေးကလည်း အရင်လို ဆေးမြီတိုနဲ့ ပြေလည်မသွား။ တစ်နေ့တစ်ခြား ပိုလို့ ဆိုးလာတယ်။ သူ မနက်က သားလေး နဖူးကို စမ်းကြည့်တော့ မီးခဲကိုင်ထားရသလို ခံစားမိတယ်။ သူ့ရင်ထဲမှာလည်း နေလို့မကောင်း။ သူ့ စိတ်ထဲမှာ သားရဲ့အကြောင်းကို တွေးလိုက်တိုင်း အက်ဆစ်ပူကို မျိုချရသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေက မရိုးမရွနဲ့။ သူ့ဘဝမှာ ဇနီးဆုံးပါသွားကတည်းက သားလေးက တစ်ဦးတည်းသော မြတ်နိုးရတဲ့ ရတနာ။ ဒီသားလေးပဲ သူ ပုံအော ချစ်ခဲ့တာ။ ခုတော့ ဒီလူမမယ် သုံးနှစ်သာသာရှိတဲ့ ကလေးကို ရောဂါက ကြံဖန်ရှာဖြစ်ရတယ်လို့။ ဖြစ်နိုင်ရင် သူပဲ အစားထိုး ခံစားလိုက်ချင်တယ်။ သူသား […]


alinsettFebruary 4, 20121min36415
* * အပြစ် ရှိလျှင် ခွင့်လွတ်တော်မူပါ .. မိုးရေချိန် ကျဲပါးသော ရာသီဥတု အလွတ် တစ်လုံးထဲတွင်.. ကျွန်တော်..ဝင် ပုန်းခဲ့ရဖူးပါသည် ။ ** အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ.. ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း.. ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီတစ်လုံးကို.. ကျွန်တော်..ခူးခဲ့မိပါသည်။ ထို သစ်သီး မှာ ပြာသော ရနံ ့ရှိပါသည် ။ * * အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ .. သို ့တည်းမဟုတ်..အပြစ်ယူတော်မူပါ.. * * မည်သို ့ပင် ဖြစ်စေ… သင်လာသောအခါတွင် တိုက်ကျွေးရန်…အတွက် အေးချမ်းတတ်သော သောက်ရေ ဖြူဖြူတစ်ခွက်ကို.. ယခုပင်လျှင်…. ဤ လက်များ ဖြင့် ….ခပ်ယူ ခဲ့ပြိး ဖြစ်ပါသည် […]


ဒီကောင့်အကြောင်း ပါးစပ်ထဲထည့် မပြောချင်ပေမဲ့ နောက်လာနောက်သားတွေအတွက် ဆင်ခြင်နိုင်အောင်လို့ ကျွန်တော် ပြောရအုံးမယ်။ ဒီကောင်ဆိုတာက ကျွန်တော့ရဲ့ အိမ်နီးချင်း မောင်မောင်။ ကျွန်တော်တို့ ရွာလေးမှာ ငရဲအရှာဆုံးလူကို ပြောရရင် ဒီကောင်ဟာ ဂရင်းနစ်စံချိန်တောင် ချိုးမဲ့ကောင်။ မိုးလင်းတာနဲ့ မောင်မောင် ဘာလုပ်လဲ မမေးနဲ့။ အရင်ဆုံး အရက်နဲ့ မျက်နှာသစ်တော့တာပဲ။ သောက်လည်း သူ့ဘာသာသူ အေးဆေးနေမယ်မှတ်လို့လား။ ဝေးသေး..မအေကို အရင်ဆုံး ဆဲဆိုကြိမ်းမောင်း နေတော့တာပဲ။ ပြောပုံကိုလည်း ကြည့်ပါအုံး။ “ခင်ဗျားကြီးက မနက်စောစောစီးစီး ဘုရားရှိခိုးတာ ကျယ်ကျယ်မဆိုစမ်းပါနဲ့ ကျွန်တော် အိပ်ယာကနေ လန့်..လန့် နိုးတယ်ဗျ” အမေက… “သားရယ်.. မိုးလင်း နေပြီပဲဟာ ထပါတော့လား” “ဟာဗျာ…ဒီအဘွားကြီးကလည်း တော်တော် လျှာရှည်နေပါလား မနေ့က အရက်ရှိန် အကင်းမသေသေးလို့ ခေါင်းကိုက်နေရတဲ့ကြားထဲ ပါးစပ်ပိတ်ထားစမ်းဗျာ” […]


အွန်လိုင်းလောကမှာ ကျွန်တော် လုပ်စားနေတာ အံတိုနေပြီ…မိတ်ဆွေ။ ဒီလို လုပ်စားဖို့အတွက် ပိုက်ဆံ တော့ နည်းနည်း ရင်းရတာပေါ့။ ထောင်မြင် ရာစွန့်ပဲ မဟုတ်လား။ ဒါတွေ ရင်းပြီးရင်တော့ တစ်လ၊ နှစ်လအတွင်း မှာပဲ ရင်းထားတဲ့ ပိုက်ဆံ ပြန်ရရုံမက ဆယ်ဆမကတောင် ဝင်ငွေတွေ တိုးလာအုံးမှာ။ ခေတ်စကားနဲ့ ပြောရရင် တော့ “လာထားဟေ့ ပိုက်ဆံပေါ့”။ ပိုက်ဆံတွေက ဟိုကဝင်၊ ဒီကဝင်နဲ့ တော်ပါတော့လို့တောင် တားချင်လာတဲ့ အထိ ဖြစ်လာအုံးမှာဗျ။ ဟား…ဟား ဘယ်လိုလုပ်တဲ့ အစီအစဉ်များလဲ သိချင်လို့ ဟုတ်လား။ အင်း…ဒါက လွယ်ပါတယ်ဗျာ။ အရင်ဆုံး လူများစွာ သုံးနိုင်ဖို့ ခင်ဗျား ဆိုဒ်တစ်ခု ဝယ်ပြီး ထောင်ရမယ်။ အင်း…ခင်ဗျား ဝယ်တယ်ဆိုတာလည်း တစ်သက် လုံး သုံးမဲ့ […]


ခရမ်းပြာ အကြောင်းကြားတော့ ရေနွေးပန်းကန်တောင် လွတ်ကျကွဲသွားတယ်။ ကျွန်တော်။ တီဗွီသတင်းလိုင်းက လွှင့်တာဆိုတော့ ဒီသတင်းက မှန်မှာပဲ။ ခရမ်းပြာ။ ခရမ်းပြာ။ “… ရက်၊ .. လ…၊ ခုနှစ် .. နံနက် (၁၀)နာရီ (၁၂) မိနစ်မှာ ခရမ်းပြာ ကွယ်လွန် …” “အို …” “ဟာ …” “ဘုရားရေ ..” လက်ဖက်ရည်ဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ကျွန်တော်က လွတ်ကျကွဲသွားတဲ့ ရေနွေးပန်းကန်ကို ဂရုမစိုက်အား။ ခရမ်းပြာရဲ့ သတင်းကို နားထောင်ပြီး ကြက်သေသေသွားတယ်။ အော်..။ ခရမ်းပြာ ..။ ခရမ်းပြာ..။   ××××   ခရမ်းပြာအကြောင်းကို ပြောရရင် သူရဲ့ မျက်လုံး၊ မျက်ခုံးကစရမလား မသိဘူး။ တစ်ချို့က […]


AKKOFebruary 2, 20121min65117
စာအုပ်စင်ရှင်းရင်း မှတ်မှတ်ရရ သိမ်းထားခဲ့မိသော စာရွက်များကြားမှ နိုင်ငံခြားမှ မှုခင်းဖြစ်ရပ်တစ်ခုအကြောင်းကို အသေးစိတ်လေ့လာဖော်ထုတ်ခဲ့ပုံလေး အကြောင်းနဲ့ တရားခံဖြစ်သူက လူသတ်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခေါင်းတခြား ၊ ကိုယ်တခြား ၊ အင်္ဂါအစိတ်ပိုင်းလိုက် ဖြတ်တောက်ကာ နေရာခွဲ၍ မြှုပ်နှံခဲ့တဲ့အကြောင်းနဲ့ ဖော်ထုတ်ပုံအဆင့်ဆင့်ကို သတင်းအနေနဲ့ ရေးသားဖော်ပြပေးထားတာလေးဖတ်မိပြီး သဘောကျကာ လက်ရှိအလုပ်နဲ့ ဆက်စပ်နေတာလည်းပါတာကြောင့် ရွာသူရွာသားများ ဗဟုသုတရရန် အလို့ငှာ အစိတ်အပိုင်းတွေတွေ့ရုံနဲ့ ဆေးပညာနဲ့ မှုခင်းဖော်ထုတ်ပုံ ဘယ်လိုဆက်စပ်တွေးတောတယ်ဆိုတာလေး ဖော်ပြပေးလိုက်ပါတယ် ။   $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$   Multilated body ဆိုတာ လူ့ခန္ဓာကိုယ်ကို မမှတ်မိအောင် အပိုင်းပိုင်း ဖြစ်အောင် ပြုလုပ်ထားခြင်းကို ဆိုလိုပါတယ် ။ အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်ထားတယ် ဆိုပေမယ့် အရိုးတွေမှာတော့ အသားတွေ ၊ တစ်ရှူးတွေ ၊ […]


“When I was younger” ကျွန်ုပ်ရမ်းကားစဉ်အချိန်…. (၁၀)တန်းအောင်ပြီးနောက်… ရန်ကုန်ကို စရောက်တဲ့အချိန်… မင်္ဂလာဒုံဘက် အဒေါ်တစ်ယောက်အိမ်မှာ ခိုနားတုန်းကပေါ့… ကျွန်တော်က မနက်ပိုင်း (၇)နာရီဆိုရင် မြို့ထဲလမ်း(၅၀)နားမှာရှိတဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ သင်တန်း တွေတက်ခဲ့တယ်… မင်္ဂလာဒုံကနေပြီးတော့ မြို့ထဲကို (၇)နာရီအမီရောက်ဖို့ မနက် (၅)နာရီလောက်ထပြီး ပြင်ရဆင်ရနဲ့ မနက်ပိုင်း စောစောကားစောင့်ရတာလဲ အချိန်ပေးရတာပေါ့… ကျွန်တော်က Bus လမ်းကြောင်းကို သေချာမကျွမ်းကျင်တာလဲပါတာပေါ့ဗျာ… ရောက်မယ့် နံပါတ်ကိုမှတ်ထား… အဲဒီကားစောင့်စီးကိုး…သိပ်မှမသွားတတ်တာ…အဲဒီတုန်းက တောသား အထူးသဖြင့် မနက်စာကို သင်တန်းအောက်က လက်ဘက်ရည်ဆိုင်မှာပဲ အဆင်ပြေသလိုပြီးနေကြပေါ့… တစ်နေ့တော့… မနက် (၅)နာရီလောက်အိပ်ယာလူးလဲထပြီး ရေချိုး၊ မျက်နှာသစ် အဝတ်အစားလဲပြီးတော့ လမ်းထိပ်ကိုထွက်တယ်… (၅၁) Bus ကိုစောင့်စီးခဲ့တယ်… ကားကြီးက အချောင်ကြီးဆိုပေမယ့် ထိုင်ခုံအားလုံးတော့ ပြည့်နေတယ်ပေါ့ဗျာ… ကျွန်တော်က […]