ဘီလူးအင်း ……… ဘီလူးအင်း ဆိုတာ လောကီ ပညာရပ် ဖြစ်တဲ့ အင်း အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ အင်းကွက် ရေးတယ်၊ အင်းကွက် ဆွဲတယ် ဆိုတဲ့ စကားတွေကိုလည်း ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ အင်းရေးတဲ့အခါမှာ အရာဝတ္ထု တစ်မျိုးမျိုးပေါ်မှာ ရေးကြပါတယ်။ တစ်ချို့က စက္ကူ စာရွက်ပေါ်မှာ၊ တစ်ချို့က သစ်သား ပျဉ်ချပ်ပေါ်မှာ၊ တစ်ချို့က နံရံပေါ်မှာ စသည်ဖြင့် ရေးကြလေ့ ရှိပါတယ်။ အခု ဘီလူးအင်း ကိုတော့ သိမ်ဝင်တဲ့အခါမှာထားတဲ့ သပိတ်ရဲ့ ကွဲသွားတဲ့ အပိုင်းအစ တစ်ခုပေါ်မှာ ရေးဆွဲ ထားခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရား သာသနာမှာ ကိုရင် အဖြစ်ကနေ အသက်ပြည့်လို့ ရဟန်း အဖြစ်ကို ပြောင်းတဲ့အခါမျိုးမှာ သိမ်မှာ သွားပြီး […]


AKKOFebruary 1, 20121min56924
ဒီတစ်ခါတော့ ပျိုပျိုမေတို ့အတွက် ဖြစ်လေ့ဖြစ်ထရှိပြီး ဆေးရုံဆေးခန်းပြဖို့ အချင်းချင်းတိုင်ပင်ဖို့ မဝံ့မရဲဖြစ်တဲ့ရောဂါလေးအကြောင်းဆွေးနွေးပြောပြပေးပါမယ် ။ အမျိုးသမီးများအဖြစ်များပြီး ဝေဒနာကြာရှည်စွာခံစားနေရာမှ ဆေးခန်းရောက်လာလို ့ဒီပို ့စ်လေးရေးဖြစ်တာပါ။ တိုးတိုးတိတ်တိတ်ခံစားနေကြရတာ အဖြူဆင်းလို ့တဲ ့။ မပြောရဲပဲ ငြိမ်နေတာကြောင့် မပျောက်ပဲ စိတ်ဒုက္ခရောက်နေသူများလည်း ရှိပါတယ် ။ အထူးသဖြင့် အဖြူဆင်းတယ်။ယားယံပါတယ်ဆိုသူများအတွက်ပါပဲ ။   ဒီပြသနာ ဘာကြောင့်ဖြစ်တာလဲဆိုရင် infection ကြောင့်ပါ။ candida albicans= မှိုကြောင့်နဲ ့ trichomonas vaginalis= ပရိုတိုဇိုးဝါး(protozoa) ကြောင့် ဖြစ်ရတာ 90%လောက်ရှိတယ်။   Candida infections (မှို ) ကြာင့်ဆိုရင် ဝေဒနာရှင်က တော်တော်ကြီးယားယံမယ်၊နီရဲနေမယ်၊ညနေပိုင်းနဲ ့ညပိုင်းမှာပိုဆိုးပါတယ်။          နွားနို ့မလိုင်ဖတ်တွေလိုပဲ မိန်းမကိုယ်မှာ အဖြူဖတ်တွေ ကပ်နေမယ်။ […]


AKKOJanuary 31, 20121min31810
ဖုန်းမှ ringtone သံကြား၍ ကိုင်လိုက်သောအခါ မြန်မာပြည်သို့မကြာခဏလာလည်တတ်သော ဥရောပနိုင်ငံတစ်ခုမှ ၊ မိတ်ဆွေနိုင်ငံခြားသူ ၁ယောက် နေမကောင်း၍ လာကြည့်ပေးရန် request လုပ်သဖြင့် မအားသည့်ကြားမှသွားကြည့်ရန် ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်ရသည်။မိမိနိုင်ငံလာလည်သည့်ဧည့်သည်ဖြစ်သည်ကတကြောင်း၊မိတ်ဆွေဖြစ်နေသည်က တကြောင်း trader ဟော်တယ်သို ့သွားရန် လိုအပ်သည့်ဆေးများထည့်၍ အမြန်ဆုံးထွက်ခဲ ့ရပြန်သည်။ အသက်၅ဝခန် ့ရှိသော သူမမှာ ကုတင်ပေါ်တွင် နွမ်းလျစွာဖြင့် ရှိသမျှ အင်အားနှင့် ပြုံး၍ နှုတ်ဆက်ရှာသည်။ လူနာမြင်လျှင် စိတ်မကောင်း ဖြစ်တတ်သော စာရေးသူအဖို ့ခံစားရပါသည်။ မေးကြည့်သောအခါမှ အဖျားတက်၍ ကိုယ်လက်နာကျင်နေကြောင်း၊ချောင်းအနည်းငယ်ဆိုးနေကြောင်း သိရပါသည်။စမ်းသပ်ကြည့်သောအခါ အသက်ရှူလမ်းကြောင်းတွင် ရောဂါလက္ခဏာ အနည်းငယ်သာတွေ ့ရသဖြင့် အင်(influenza)မိနေသည်ဟု သိလိုက်ရပါသည်။ သူတို ့နိုင်ငံတွင် viral infection ဆိုလျှင် အရမ်းကြောက်ကြသည်။ ယောကျာ်းဖြစ်သူ နိုင်ငံခြားသားက […]


etoneJanuary 31, 20121min2278
ကြက်သွန်ဖြူကို လူအများစုက ကြိုက်ကြပေမယ့် … သူ့ရဲ့ ပြင်းလှတဲ့ အနံ့ကြောင့် အများနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်ခွင်တွင်းနဲ့ ပါ့ဘလစ်နေရာမျိုးကို ရှောင်ပြီး အိမ်မှာသာစားကြတာများပါတယ် ။တစ်ချို့ကလည်း ကြက်သွန်ဖြူကို ဟင်းခတ်အမွေးကြိုင်နေဖြင့် ဆီသတ်စားကြသလို ၊ တစ်ချို့ကလည်း အသုတ်လိုမျိုး ၊ ဘိတ်ချဉ်လိုမျိုး ထည့်သုံးကြတယ် ။ ဒါ့ပြင် ကြက်သွန်ဖြူကို ဆီချက်ချက်ပြီး အသီးရွက်တွေနဲ့ အသုတ်လုပ်ရာတွင်လည်းကောင်း ၊ လ္ဘက်နဲ့ တွဲဖက်ပြီးတော့လည်းကောင်းစားကြတယ် … ။ ကျွန်မလည်း ကြက်သွန်ဖြူကြိုက်ပေမယ့် ….. အများနဲ့ ဆက်ဆံနေရတဲ့ လုပ်ငန်းခွင်အလုပ်ချိန်တွင်းမှာတော့ မစားဖြစ်ပါဘူး … ။ ကြက်သွန်ဖြူက အနံ ့ပြင်းသလို သူ့ရဲ့ ဆေးဖက်ဝင်မှုကလည်း ပြင်းပြင်းပျပျ ရှိလှပါတယ် … ။ ကြက်သွန်ဖြူစားခြင်းအားဖြင့် ကိုလက်စထရော(အဆီဓါတ်) ကိုလျော့ကျစေခြင်း ၊ […]


alinsettJanuary 28, 20121min31212
ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။ __________________________________________________ ဘာကြောင့်လဲ..ဆိုတော့.. 1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ… သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ…. ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး ပြပွဲ..ကို တင်သွင်းလိုက်တယ်..။ ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် […]


koyin sithuJanuary 27, 20121min2578
စိတ်ပညာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလည်းဆိုတော့ မိမိနာမည်ကို မိမိအလေးအနက်ထားရမယ်ကွ။ မိဘကပေးတဲ့ နာမည်ကိုလည်း ကိုယ့်ဟာကို နာမည် အသစ်တစ်ခု ပြောင်းပြီး ပေးပေါ့ကွာ။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ အလေးအနက်ထားရမယ်။ ကိုယ့်နာမည် မဟုတ်လား ” အဲဒီလို လုပ်လို တော်ပါမလားဗျာ။ နာမည်ရင်းကို ဖျောက်ပြီး နာမည်သစ်ပေးတယ်ဆိုတာ လုပ်ကောင်းရဲ့လား” လုပ်ကောင်းတဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ မင်းကို တစ်ခုပြောပြမယ်။ ငါတို့ တိုင်းပြည် လွတ်လတ်ရေးရ အောင် ကြိုးစားခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ နာမည်ရင်းနဲ့ တစ်ယောက်မှ မရှိဘူးကွ။ အကုန်လုံး နောက်ထပ်ပေးထားတဲ့ နာမည်တွေကြီးပဲ။ အဲဒီတော့ မူရင်းနာမည်ကို ကြိုက်ရင်လည်း မူရင်း နာမည်ထား။ မကြိုက်ရင်လဲ ရဲရဲဝံ့ဝံ့သာ ပြောင်းပစ်လိုက်။ ဒါပေမဲ့ အဲဒိ […]


koyin sithuJanuary 26, 20121min63340
ဘဝဆိုတာကြီးက အတော်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်ဗျာ။ ဒီနေရာမှာ ကျွန်တော်ရဲ့ အကြောင်းကို မပြောချင်ပါဘူး။ ကျွန်တော်နာမည်က လှမောင်ပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လူတွေက ကျွန်တော်ကို လှမောင်လို့ ဘယ်သူမှ မခေါ်ကြပါဘူး။ ဇီဇာမောင်လို့ ခေါ်ကြတယ်။ ဇီဇာကြောင်လွန်းလို့ လှမောင်ဆိုတဲ ့နာမည်ပျောက် ဇီဇာမောင်ဆိုတဲ့နာမည်ရောက်ခဲ့တာသာ ကြည့်ပေတော့။ ကျွန်တော်ရဲ့အသက်က အခုဆို လေးဆယ်တောင်ဝင်ပါပြီ။ အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ပါ။ အိမ်ထောင်မရှိသေးဘူး ဆိုတော့ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားဘူးလို့ မထင်စေချင်ပါဘူး။ အရမ်း စိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ အသက်၁၈-နှစ်သား လောက်ကတည်းက အိမ်ထောင် ပြုချင်ခဲ့တာပါ။ အိမ်ထောင်ဖက်တွေ့ရဖို့ အတွက်လည်း အမြဲတမ်း ကြိုးစား ရှာဖွေခဲ့ပါတယ်။ ချစ်သူ ထားခဲ့ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိပါတယ်။ ဘာဖြစ်လို့ အိမ်ထောင်မကျ […]


koyin sithuJanuary 26, 20121min30215
“အိသဒ္ဓါမိုး… ရယ်…” တစ်ခါတုန်းက ရှိခဲ့ဖူးသော ရိုးသားမှုခေါင်းစဉ်အောက်မှ သံယောဇဉ်များကို ကျွန်တော်မက်မောနေဆဲဖြစ်သည်။ ကျွန်တော်က တကယ်ညံ့သူတစ်ယောက်ဖြစ်သည်။ ဇာနည်နှင့် အီးတီ၊ သူမတို့ကြားက ဘာမှမဖြစ်စလောက်သော အမှားအယွင်းကို သူမလက်ခံလာအောင် ပြေလည်အောင် မဖြေရှင်းပေးနိုင်သူတစ်ယောက်ဖြစ်သည်။ သူမနှင့် ပတ်သက်သော နာကျင်မှုမှန်သမျှကို ဟာသလုပ်ပစ်တတ်သူသာဖြစ်သည်။ အချစ်ဖြင့် ထုံးမွှမ်းထားသည့် အိသဒ္ဓါမိုးနှင့် ကျွန်တော်တို့ သုံးဦး သဘောတူ ရက်စွဲများ ကုန်လွန်သွားသည့်အခါ ကိုယ့်ဒဏ်ရာကိုယ်မေ့နေလျက် သူမ သိပ်များနာကျင်နေမလားဟု တွေးမိသေးသည်။ ကျွန်တော်တို့ အဖြစ်ကို မကြည်လင်လေသူ တချို့က ထိုစကားကို ရယ်မောနေမည်ဆိုပါကလည်း ရှိစေတော့။ ဘာပဲဖြစ်ဖြစ်ပေါ့ အိသဒ္ဓါမိုးရယ်… ခေတ်စနစ်တွေဘယ်လောက်ပဲတိုးတက်လာလာ လူသုံးယောက်ပေါင်းပြီး မောင်းလို့ရတဲ့ ကားတော့ မပေါ်သေးဘူးပေါ့။ သူမရဲ့ နှလုံးသားကားလေးကိုတော့ ဇာနည်က ဂွေကိုင်၊ အီးတီက လီဗာနင်း၊ ကျွန်တော်က ဂီယာထိုးပြီး […]


“လမ်းပေါ်ကလူ” ……………………………………………………………………. ကျွန်တော်စိတ်တွေဘာလို့အလိုမကျဖြစ်နေမှန်းမသိ ဘာအတွက်ကြောင့် ဖြစ်နေမှန်း လည်းမသိ၊ငွေမရှိလို့လား အထီးကျန်မှုလား၊ လူတွေရဲ့အရေးမစိုက်မှုလားမသိ၊ကိုယ့် ကိုကိုယ်အလိုမကျမှုတွေဖြစ်နေခဲ့သည်။ အိပ်ရာထပြီးမျက်နှာသစ်ကာအလိုလိုဒေါသတွေဝင်လာခဲ့မိပြီး ဘယ်သူ့ကိုဒေါသ ထွက်ရမှာလဲ၊ ဘာကိုအကြောင်းပြုရမှာလဲ ကျွန်တော်ကိုယ်ကျွန်တော် စိတ်ဝင်စားသွား သည်။ ကျွန်တော်ထင်တယ် ဒါဟာအထီးကျန်မှုပဲဆိုတာ သူများတွေမှာ အဖော်တွေနဲ့ လေ ကျွန်တော်မှာဘယ်မှာလဲ ဘယ်သူ့ကို တိုင်တည်ရမှာလဲ ၊ဘယ်သူ့ကိုရင်ဖွင့်ရမှာ လဲ၊ ဘာအကြောင်းပြောရမှာလဲ ဘာတွေဖြစ်နေမှန်းမသိ တခါလည်းမဟုတ် ခဏခဏ ဖြစ်နေခဲ့သည်။ ဒီလိုဖြစ်တိုင်း စိတ်တွေဖြေဆည်ဖို့စာတွေရေးခဲ့သည်။ အချိန်တွေကုန် စေခဲ့သည်။ခုလည်းအချိ်န်တွေကုန်စေဖို့လ္ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ လ္ဘက်ရည် ဆိုင်က နီးလို့သာတော်ပေသည်။ ဆိုင်ထဲကိုထိုင်လိုက်ပြီဆိုတာနဲ့ “အကိုဘာသောက်မလဲ” စားပွဲထိုးညီလေးရဲ့ နှုတ်ဆက်သံ ဒါသူလုပ်နေကျအလုပ်ပင်ဖြစ်လိမ့်မည်။ ပုံမှန်လား၊ချိုစိမ့်လား၊ဆိုင်မှာရ တာတွေအကုန်ရွတ်ပြသည်။ ကျွန်တော်သိလိုက်ပြီ အချိန်တွေကုစားဖို့ဆိုတာ ဒါနဲ့ ကျွန်တော်သောက်နေကျ ချိုဆိမ့်တစ်ခွက်မှာလိုက်တယ်။သိပ်မကြာလိုက်ပါဘူး စားပွဲ ထိုးညီလေးက ချိုဆိမ့်တစ်ခွက်လာချတယ်။ ကျွန်တော်ချိုဆိမ့်လ္ဘက်ရည်တစ်ကျိုက် သောက်သည်။ […]


ムラカミJanuary 25, 20121min30612
လူ့ဦးနှောက်ဆိုတာ ကြီးက တခါတခါ တယ်ထူးဆန်းသကိုး …..။ ကျနော် တခါက ပြောဖူးသလို “ဋ” “ဎ” တို့ကို မသုံးလို့ မေ့ထားမယ် ဆို …မေ့လို့မှမရဘဲဗျာ…။ အင်း …သည်လိုပဲ ….မဖတ်ချင်လို့ စာအိတ်တောင်မဖောက်မိခဲ့တဲ့ …စည်သူ့ မင်္ဂလာဆောင်ဖိတ်စာ ကို အချိန်ပြည့် စိတ်စွဲနေတော့တာရယ်…. ။   ကျနော့် ထမင်းစားစာပွဲပေါ်က ထိုစာအိတ်ကလေးသည် တစေ တစ်ကောင်နှယ် ကျနော့်အား ခြောက်ခြား စေခြင်းငှာ စွမ်း၏။ ဆေးလိပ်မီးနှင့်ပြာချရန် ၁ကြိမ် …။ရေသို့ မျှောကာ အစဖျောက်ပစ်ရန် ၂ကြိမ် ၊ စက္ကူဖျက်စက်ထဲ ထိုးထည့်ရန် ၃ကြိမ် ၊ အမှိုက်ခြင်းထဲ ထည့်လွှတ်ရန် ၄ကြိမ် ၊ သတင်းစာ ဟောင်းများနှင့်အတူ စွန့်ပစ်ရီစိုက်ကယ်လ် လုပ်ပစ်ရန် ၅ကြိမ် […]


SandyJanuary 25, 20121min1916
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ


နွယ်ပင်January 23, 20121min42122
တကယ့်ရုပ်ရှင်တွေက အတိုင်းပါပဲ ကိုယ့်မျက်စီရှေ့တည့်တည့်မှာ ကားကြီး နွယ်ပင်တို့ ဆိုင်ကယ်ကလည်း ကားရှေ့ကို ကွေ့အချတိုက်မိတော့မယ်ဆိုတဲ့စိတ်နဲ့ အဲဒီအချိန်ခဏလေးမှာ ခံစားချက်က တော်တော်ကိုဗြောင်းဆန်သွားပါတယ် ကားကလည်း အလျှင်မြန်ဘရိတ်အုပ် ဆိုင်ကယ်ကလည်း ဘရိတ်ဆွဲဆိုတော့ ကားနဲ့ ဆိုင်ကယ်မတိုက်မိလိုက်ပင်မယ့် အနောက်က နွယ်ပင်နဲ့ တစ်ယောက်သောသူက လှုပ်လှုပ်ရှားရှားဖြစ်တော့ ဆိုင်ကယ်က မထိန်းနိုင်ဘဲလဲသွားပြီး နွယ်ပင်တစ်ယောက် အောက်က တမံတလင်းနဲ့ မိတ်ဆက်ပါတော့တယ် တကယ်ပါ မျက်လုံးတွေ အကုန်လုံး ဝေဝါးပြီးတော့ ချက်ခြင်းလဲ ထမရဖြစ်နေပြီး လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တဆက်ဆက်တုန်နေပါတော့တယ် သူငယ်ချင်းနဲ့ တစ်ယောက်သောသူက လာတွဲလို့ လမ်းဘေးကို ပါလာပါမယ့် တစ်ကိုယ်လုံး နာကျင်ပြီး မျက်လုံးထဲမှာလည်း ဝေဝေဝါးဝါးနဲ့ အသားတွေကလည်း အေးစက်နေပါတော့တယ် တစ်ယောက်သောသူလည်း အရမ်းကို စိတ်ပူပြီး နီးစပ်ရာ ဆေးခန်းကို လဲကျခဲ့တဲ့ ဆိုင်ကယ်နဲ့ပဲ သွားဖို့ပြင်ရင်း […]


နွယ်ပင်January 23, 20121min22110
19.1.2012 ရက်နေ့ နွယ်ပင်တို့ တစ်ယောက်သောသူနဲ့ နေပြည်တော်ကို မထင်မှတ်ပဲ သွားရမယ်ဆိုတော့ အရမ်းကိုပျော်နေတာပေါ့ ။ ကြိုတင်သွားဖို့ စီစဉ်ထားတာမဟုတ်တော့ ရရာကားနဲ့ သွားမယ်ဆိုပြီး အောင်မင်္ဂလာအဝေးပြေးရောက်မှ ကားလက်မှတ်ဖြတ်တော့ 9း00နာရီ ထိုးကားနဲ့မှီတော့ ကမန်းကတန်းပဲ ဖြတ်လိုက်မိတယ် ပြီးမှ ကားလည်းစထွက်ရော ညနေစာ အခုထိမစားရသေးတာကို သတိရသွားတယ် ဒါပင်မယ့် 115မိုင်ရောက်ရင် ကားရပ်ရင် စားလို့ရတယ်ဆိုတော့ အဲ့တော့မှစားမယ်ဆိုပြီး အိတ်ထဲရှိတဲ့ သကြားလုံးလေးတွေကိုပဲ အားကိုးနေလိုက်တော့တယ် ။ ကားက 115မိုင်လည်းရောက်ရော လူကဆာနေတာ ဟပ်ထိုး ကိုလိုက်ရော ဒါနဲ့ကားအောက်ကို မပြေးရုံတစ်မယ်ဆင်းလိုက်တဲ့ နွယ်ပင့်ကို အောက်ကနေ အေးစိမ့်နေတဲ့ လေအေးတွေကကြိုဆိုနေလိုက်တာ တစ်ကိုယ်လုံးကို တုန်ခိုက်သွားတဲ့ အထိပါပဲ ။ဆိုင်ထဲလည်းရောက်ရော အပြင်မှာအေးခဲ့တဲ့ အရှိန်လေးနဲ့ ကိုရီးယားယဉ်ကျေးမူထဲ စီးမျော လိုက်ဦးမယ်ဆိုပြီး လျှာရှည်မိတဲ့ စိတ်က […]