ဂေဇက်သင်ခန်းစာ

SandyJanuary 25, 20121min1336

ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။
ပုံပြင်လေးတွေပါ…………………………………
“The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး
တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။
ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။
သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။”
ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။
သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။
ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။

ဒုတိယပုံပြင်လေးကတော့……………………………………
“The Dog in the manger”…….နွားစာခွက်ထဲကခွေး
တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။
နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။
သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။
ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။
ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။

ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။

6 comments

  • windtalker

    January 25, 2012 at 1:09 pm

    တို ့ကတော့ “ မတင့် ” ရဲ ့ “ ပုံလာလာပြောတိုင်းယုံ ” ဘဲ

  • Wai Phyoe

    January 25, 2012 at 1:17 pm

    ကောင်းတယ်ဗျာ ကြိုက်တယ် ကြုံရင်လည်းတင်ပေးပါအုံး အားပေးနေပါတယ်။

  • kyeemite

    January 25, 2012 at 1:23 pm

    သိဘူးပီးသားပေမဲ့“အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်“ဆိုသလို
    ပါဘဲ..သတိထားနေရတုံးပါ..ပြန်တင်ပြပေးတဲ့အတွက်.သင့်ခရုပါ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2012 at 1:47 pm

    ဘယ်လိုမှတော့သဘောမထားပါနဲ့ဗျာ
    သဂျီးမင်းက သူများနဲ့မတူအောင်ကြံဖန်ပြီးတွေးရမယ်ဆိုလို့ပါ
    သဗျစ်သီးပင်ဆိုတာ အပ်ပင်ကြီးမျိုးမဟုတ်ဘူးလို့ထင်တာပါဘဲ ( အထင် )
    ငှက်ပျောပင်နဲ့ ခပ်ဆင်ဆင်ထင်းဘာဒယ် 😀 😀 😀
    မြေခွေးရဲ့ သဗျစ်သီးကို လှမ်းတယ်ဆိုတဲ့အပိုင်းကို ဝေဖန်ကြည့်ရင်
    အခြေနေတစ်ခုပေါ်မှာ သုံးသပ်နိုင်ခြင်းဉဏ် ( ပညာ ) ကင်းမဲ့မှု့လို့ မှတ်ယူပြီး
    ထိုဉဏ် ( ပညာ ) မရှိသူတို့ဟာ လုပ်ငန်းဆောင်တာတစ်ခုပေါ်မှာ လုံးလထုတ်မှု့
    မရှိကြကုန်လေသတည်းလို့ တွေးကြည့်ပါတယ်
    ကောက်ရိုးပုံကိုစားတဲ့နွားတွေကိုဟောင်တဲ့ ခွေးကိုတော့
    တာဝန်ထမ်းဆောင်ခြင်းကောင်းသော လုံခြုံရေးခွေးတစ်ကောင်လို့
    အတိုက်ခံပြုပါတယ်
    မဟုတ်လို့ကတော့ ကောက်ရိုးပုံကို ခင်ဗျားတို့စည်းမရှိကမ်းမရှိဝင်စားနေကြလျှင်ဖြင့် .. 😀 😀 😀

  • green

    January 25, 2012 at 2:04 pm

    မြင်ဘူးသမျှ စပျစ်ပင်တွေကတော့ နွယ်ပင်အမျိုးအစားပါ။ ဗူးပင်လို စင်တင်စိုက်ပါတယ်။
    နာဂါနိုလို့ခေါ်တဲ့ ဒေသမှာ အဝစား ၁၀၀ဝ ယန်းနဲ့ စပျစ်ခြံတွေသွားလည်ဘူးပါတယ်။
    ထင်တာတော့ စင်ပေါ်က စပျစ်သီးကိုမမှီတာမျိုးလည်း ဖြစ်နိုင်ပါကြောင်း။

  • etone

    January 25, 2012 at 2:48 pm

    Sandy ဥပမာပေးသလို … ပထမပုံပြင်ထဲက ကိုယ်မရတဲ့ အရာကို မကောင်းပြောတတ် ၊ဝေဖန်တတ်တဲ့ သူနဲ့ … ဒုတိယပုံပြင်ထဲကလို ကိုယ်အသုံးမဝင်တာကိုသူများကိုလည်း မပေးနိုင်တဲ့ သူ….. ထိုလူနှစ်ဦးရဲ့ စိတ်ကတော့ .. ထပ်တူပါပဲ … ။
    သဘောထားသေးသိမ်စိတ်ရှိပြီး .. သူတပါးကောင်းစားတာ မနာလိုတဲ့ သေးသိမ်နုံဖျင်းတဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုးလို့ပဲ .. အဓိပါ္ပယ်ဖွင့်ဆိုချင်ပါတယ် … ။ 🙂

Leave a Reply