ဒီနေ့ သရုပ်ဖေါ်ကာတွန်းဇတ်ထုတ်လေးတစ်ခုပြန်ဖတ်ရသဗျ ပန်းချီသရုပ်ဖေါ်လက်ရာကတော့ တော်တော်ကောင်းလှသဗျာ……ဒီလို..ဒီလို                                                                                                       […]


ငယ်ငယ်တုန်းက ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်ပါ။ အခုထက်ထိ မှတ်မိနေသေးတော့ ပျော်စရာအနေနဲ့ ပြန်ရေးကြည့်ပါဦးမယ်။ နတ်ပြည်ကစားတဲ့ နတ်သုဒ္ဒါအသီးတစ်မျိုးဟာ လူ့ပြည်မှာ ရှိပါသတဲ့။ အဲ့သည် အသီးရဲ့ ဒဏ္ဏာရီလေးပေါ့။   ရှေးသရောအခါက တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါး အလွန်ချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိပါသတဲ့။ မင်းသမီးလေးရဲ့ အလှဟာ သူ့တိုင်းပြည်မှာတင်မဟုတ်ဘဲ အနီးအနား ဝန်းကျင်က တိုင်းပြည်တွေပါတင် ကျော်ကြားသတဲ့။ မင်းသမီးလေးကို လိုချင်ကြ တဲ့ အခြားတိုင်းပြည်က မင်းသားတွေလည်း တပုံတပင်ပေါ့။   သည်လိုနဲ့ ဘုရင်မင်းကြီးဟာ သူ့ရဲ့သမီးတော်လေးအတွက် တွေးပြီး ပြိုင်ပွဲတစ်ခုကို တိုင်းပြည်အရပ်ရပ်သို့ ကြေငြာမောင်းထုခဲ့သတဲ့ကွယ်။ အဲသည်ပြိုင်ပွဲကြေငြာချက်ကတော့ မြင့်မားလှတဲ့ မျှော်စင်ကြီးတစ်ခု တည်ဆောက်ပြီး မျှော်စင်ရဲ့ပတ်ပတ်လည်မှာ ရေပြင်ကျယ် ကြီးဖြစ်အောင် ဖန်တီးလိုက်သတဲ့။ ရေပြင်ကျယ်ကြီးထဲမှာတော့ အသားစား ရေသတ္တဝါ အစုံကိုထည့်သွင်းထားသတဲ့။ မင်းသမီးလေးကို လိုချင်တဲ့ မင်းညီမင်းသားတွေဟာ […]


alinsettAugust 20, 20151min22011
                            ”ဇာတ်ကောင်များ၏ ဇာတ်ကောင်များ” ——————————————–   ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါ မြင်၏ ။ အဘယ်သို့နည်း ဟူမူကား… ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ…. (ဓမ္မသစ် ဆာလံနှင့် သုတ္တံကျမ်း၊ စာမျက်နှာ ၃၃ဝ ၊ ဗျာဒိတ်ကျမ်း-အခန်း ၂၁၊ အပိုဒ် ၁ )     >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   တိတ်ဆိတ်ခြောက်သွေ့သော နွေမနက်ခင်းတစ်ခုကို တောင့်တနေရသည့် မိုးသည်းထန်သော ဝါခေါင်နေ့ရက်တစ်ခုတွင် … သူတို့ ထိပ်တိုက်ဆုံဖြစ်ကြသည်။ သူတို့သည် လွန်းထားထား(ဆေးတက္ကသိုလ်)တို့ ၊ ပုညခင်တို့ရေးသော […]


## သုဘရာဇာမှူးကြီးနှင့် သင်္ချိုင်းစောင့်တပ်ဖွဲ့ ## ဘိုက် ညာ …… ဘိုက် ညာ .… ဘိုက် ညာ …ဘိုက် …… ( ဘယ် ညာ ဘယ်ညာ ဟုအော်ခြင်းဖြစ်သည် ) .…” ဘာ လုပ် နေလဲ “”


ဦးေက်ာက္ခဲAugust 6, 20151min102731
သိသလောက် တတ်သလောက်လေး ခါတော်မီ ပွါးပါရစေဗျာ… ဒီလိုပါခင်ဗျ… ဆည်ဆောက်တယ်ဆိုတာ ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်… . လျှပ်စစ်ဓာတ်အားထုတ်ဖို့ . စိုက်ပျိုးရေးမှာ အသုံးချဖို့ ၊ သောက်သုံးရေ ဖြန့်ဝေဖို့ . ရုတ်တရက် ရေမကြီးအောင်တားဆီးဖို့ . နုံးနဲ့ ရေညာက အမှိုက်တွေကို ဆယ်ထုတ်ဖို့ . …. အစုံပေါ့ဗျာ…   အဲသည့်ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး Hydro-power Dam, Irrigation Dam, Embankment Dams, Flood Protection Dam, Cofferdam, etc. ပေါ့ခင်ဗျာ ။ ဆည်ဆောက်တာ အပြစ်မဟုတ်ပေမည့် ဆည်ကို ဘယ်နေရာမှာဆောက်မယ် ၊ (Crest Height) အမြင့် ဘယ်လောက်ထားမယ် ၊ ဘယ်လိုဒီဇိုင်းဆောက်မယ်ဆိုတာက အရေးပါပါတယ် ။ […]


alinsettAugust 1, 20152min30118
#ရွှေခေတ်မှာတောင် ရွှံ့စော်နံတယ်# (A) ခါးသက်ကြမ်းရှ … ကိုယ့်လက်ထဲက ကံကြမ္မာများ တခွမ်းခွမ်း ကျကွဲတဲ့ညကပေါ့ကွယ်… (B) ဝှက်ဖဲတစ်ချပ်ကို ဝှက်သည်ထက်ဝှက်ရင်း…. နောက်ဆုံးမှာ… ကိုယ်ကိုယ်တိုင် ပျောက်ဆုံး… ဟောဒီ – ခမ်းနားကြီးကျယ်လှပါသော အညတရလူသားရဲ့ မလှမပ-ညဆိုးများ… ဘယ်ဆီမှာ အနားသတ်သွားပါသလဲ…. (C) အမှောင်မိုက်ဆုံးတိမ်တိုက်မှာတောင် ငွေရောင် အနားကွပ်လေး ရှိသေးသတဲ့… ဟေ့အေး… အဲဒါက ကြည့်သောသူနှင့်သာ ဆိုင်ပါတယ်…. ရွှေခေတ်မှာတောင် ရွှံ့စော်နံတဲ့သူ.. ငါလိုလူ ဤဇဗ္ဗူမှာ ထပ်မရှိနိုင်ဘူးရယ်လို့… (D) ဒီလိုပဲပေါ့ကွယ် … ဖတ်ခဲ့ဖူးတဲ့ စာသားတစ်ပိုဒ်အတိုင်း … ဘဝဆိုတာကိုက လက်ဖက်ရည်ခွက်ထဲ ကျသွားရတဲ့ ယင်ကောင်လို… ရုန်းရင်းကန်ရင်း ချိုမြိန်လိုက်ရတာပါပဲ… (E) ဝင်္ကပါသာ ဆန်ပြီး ထွက်ကမ္ဘာမဆန်ပါသော … လမ်းတချို့မှာ … […]


CourageJuly 27, 20151min31816
ချစ်သော နေ့ရက်များ အခန်း(၃)             ထိုနေ့ညရောက်တော့ သူ ကျွန်တော့ဆီကိုဖုန်းဆက်တယ်။ ကျွန်တော်စိုက်ပေးထားတဲ့ ငွေကို ပြန်ပေးဖို့ သူ့မှာ အခက်အခဲရှိနေတဲ့အကြောင်းကို ပြောတာလေ။ သူဖုန်းပျောက်တဲ့ ကိစ္စ သူ့အမေကို အသိမပေးပဲထားခဲ့တာဆိုတော့ သူ့အနေနဲ့ နေ့စဉ်ရနေတဲ့ မုန့်ဖိုးငွေကလွဲလို့ အပိုငွေသိပ်မရှိတဲ့အတွက် အကြွေးပြန်ဆက်ဖို့ နည်းနည်းကြာဦးမယ်ဆိုတာ ပြောပြတယ်။ ဒါကလဲ ကျွန်တော်မျှော်လင့်ပြီးသား ကိစ္စပါပဲ။ တစ်ကယ်လို့များ သူသာ စည်းစနစ်မရှိတဲ့မိသားစုကလာတဲ့သူ ဒါမှမဟုတ် ငွေကို လိုသလိုယူသုံးဖို့လွယ်နေတဲ့ သူဆိုရင် ကျွန်တော်အနေနဲ့ ပိုက်ဆံစိုက်ပေးစရာလိုမှာမှမဟုတ်တာ။ တစ်ခုတော့ကောင်းပါတယ်။ ကျွန်တော်သူနဲ့ အဆက်အသွယ်လုပ်ဖို့ အကြောင်းပြချက်ရသွားတာပေါ့။ နောက်ရက်တွေမှာလဲ ကျွန်တော်သူနဲ့စကားပြောဖြစ်ခဲ့တယ်။ စကားပြောတယ်ဆိုတာ လူချင်းတွေ့ပြီး ပြောတာမဟုတ်ဘူး။ ဖုန်းနဲ့ပဲ ပြောဖြစ်ခဲ့တာ။ ဖုန်းနဲ့ဆိုတာတောင်မှ ဖုန်းခေါ်ပြီးစကားပြောတာ (free call) မဟုတ်ပါဘူး။ အင်တာနက်ကနေ စာတိုစနစ် (sms)နဲ့ပဲ […]


“ဟယ်လို….. လှိုင်ထွန်းစကားပြောနေပါတယ်ခင်ဗျာ….. Golden Land Travel & Tours Co.ltd ကပါခင်ဗျာ…”           ရုံးခန်းသို့ရောက်ရောက်ချင်းပင်  မြည်လာသောဖုန်းကိုကိုင်လိုက်ကာ  ပြောနေကျစကားအတိုင်း  ကျွန်တော့်နှုတ်မှ ထွက်ကျသွား၏။ တစ်ဖက်မှပြောသောစကားသံကို ကြားရလိုက်ရသဖြင့် အတတ်နိုင်ဆုံး (English) အင်္ဂလိပ်လို ယဉ်ကျေးစွာ ကျွန်တော်ဖြေဆိုနေရသည်။ တစ်ဖက်မှ ဖုန်းချသွားကာမှ ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရ၏။ နံနက်ပိုင်း စီးလာသော ဘတ်(စ်)ကားကြပ်ပါသည်ဆိုမှ ရုံးသို့ရောက်ရောက်ချင်းပင် Tourist ဖုန်းနှင့်တွေ့ရသဖြင့်  ပိုလို့ပင် အမောဆို့သွားရသည်….။           ထိုင်ခုံပေါ်တွင်ထိုင်နေရင်းပင် ကျွန်တော်တစ်ချက်ပြုံးလိုက်မိသည်။ ပြည်ပခရီးသွားခြင်း ဝန်ဆောင်မှုလုပ်ငန်းအား ဝါသနာပါသောကြောင့်သာ Travel & Tours တစ်ခုတွင် စာရင်းကိုင် (Accountant) နေရာတွင်… လုပ်နေသော်လည်း Hotel (ဟိုတယ်လ်) အများအပြားနှင့် ဆက်ဆံရခြင်း ၊ Tourist (နိုင်ငံခြားသား) […]


ရွှေလက်ကောက် တစ်တောင်ဆစ်လောက်နဲ့ ပိုက်ဆံအိတ်အိတ်ကို ချိုင်းမှာချိတ်လို့  ဖြိုးအောင်ရှေ့မှာ ထောင်တန်တစ်ထပ်ကို တံတွေးဆွတ်ပြီး ရေနေတဲ့ ဒေါ်ရွှေပုရဲ့လက်ကို မျက်လုံးကမခွာနိုင်ဘူးဖြစ်နေသည်။ “သုံးသောင်းနော်.. ငဖြိုး… နင့်မို့လို့ အတိုးကို  တစ်ရက်….ငါးရာပဲယူတာ……….” ဒေါ်ရွှေတုတ်ကြီးလက်ထဲမှ ငွေသုုံးသောင်း ဖြိုးအောင်လက်ထဲသို့ ရောက်လာလေသည်။ ဖြိုးအောင် ငွေသုံးသောင်းအားကြည့်ရင်း ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုပင်။ သည်ငွေသုံးသောင်းအတွက်  ဖြိုးအောင် ဒေါ်ရွှေပုကြီးအား အကြွေးသုံးသောင်း မပေးနိုင်တဲ့အချိန်အတွင်း တစ်ရက်ကို မတ်တိုး ငါးရာပေးရမည်ဖြစ်သည်။ ဒါက ဖြိုးအောင်တို့လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွင် ထုံးစံလိုဖြစ်နေသည်။ ငွေကြေးတစ်ရက်တာ အဆင်မပြေသူများ အလောတကြီးလိုသူများ ဈေးရောင်းရန်အတွက် အရင်းလိုနေသူများသည် မတ်တိုး (သို့မဟုတ်) နေ့သွင်းပေးရျ် ယူကြရသည်။ (မတ်တိုး – အရင်းမပေးနိုင်မချင်း… တစ်ရက်အတိုး(ယူသောငွေပမာန၏ 5 (သို့) 10 ရာခိုင်နှုန်း) ပေးသွားရမည်ဖြစ်သည်။) (နေ့သွင်း – […]


၄။ ရေမကြည် မြက်မနုသော်ငြားလည်း ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၄)   ဟိုးရှေးရှေးကလူတွေက ဘဝနေထိုင်စားသောက်ရေးအတွက် ရေကြည်ရာမြက်နုရာကို လှည့်လည်ရှာဖွေရပါသတဲ့။ အခုခေတ်မှာတော့ ရေနောက်ကိုမသောက်ချင် မြက်ခြောက်ကိုလဲမစားချင်တော့ ကိုယ့်မြေကိုယ့်ရေကို ခွဲခွာပြီး ထမင်းတစ်လုတ်အတွက် အိုးပစ်အိမ်ပစ်နေရသူတွေရှိပါတယ်။ ရေမကြည် မြက်မနုပေမယ့် အခြေအနေအရ နေရတာပေါ့။ ဒီလိုလူတွေက တရုပ်ပြည်နယ်စပ်က ကျယ်ခေါင်မြို့မှာအများကြီးတွေ့နိုင်ပါတယ်။ ဒီကျယ်ခေါင်ထဲမှာရောရွှေလီမှာပါ မြန်မာလုပ်သားတွေ အတော်လေးများပါတယ်။ ကျနော်တို့မြန်မာများထုံးစံအတိုင်းတစ်ယောက်ရောက်တယ်ဆိုရင် တစ်နွယ်ငင်တစ်စင်ပါ ဆိုသလိုဘဲတစ်ရွာလုံးနီးပါး အကုန်လိုက်လာကြတာပါဘဲ။ ကိုယ့်ရပ်ကိုယ့်ဒေသမှာလုပ်ငန်းကိုင်ငန်းကရှားပါးတာကိုး။ ရှားပါတယ် ဆိုတဲ့အထဲမှာက မြေပျောက်ရေရှား ဆိုတာတွေကလဲရှိသကိုးဗျ။ နောက်ပြီး အခုခေတ်လူငယ်တွေဆိုတာကလဲ မြို့တက်ပညာသင်လာတဲ့သူများလာတော့ ပင်ပန်းဆင်းရဲတဲ့ လယ်အလုပ်ကိုင်းအလုပ်ဆိုတာကို မလုပ်ချင်ကြတော့ဘူးလေ။ မြို့တက်ပြီးသက်တောင့်သက်သာနဲ့ငွေရတဲ့အလုပ်ကိုဘဲလုပ်ချင်ကြပါတော့တယ်။ ဒီတော့အလုပ်ပေါတယ်ဆိုတဲ့ နေရာ ကိုနားစွင့်ပြီး ပြေးကြတာပါဘဲ။ ဒီကျယ်ခေါင်ဘက်မှာကအလုပ်ပေါတယ်လို့ဆိုနိုင်ပါတယ်။ ဒီကအလုပ်ပိုင်ရှင်တွေကလဲ ဒေသခံတွေကို အလုပ်သိပ်မခေါ်တာကိုတွေ့ရပါတယ်။ […]


alinsettJune 29, 20154min74632
ညမင်းသား-ကျနော်နှင့် အတုမမများ ——— ဒီကာလထဲ. . .ကျနော်ဟာ ညပိုင်း Taxi မောင်း တဲ့သူအဖြစ် ရပ်တည်ကြည့်မိတယ်။ (စားဝတ်နေရေးအတွက် လက်တလော လုပ်မိတာပါ။ တသက်လုံး လုပ်ဖို့ မရည်ရွယ်ပါဘူး။ Taxi မောင်းခြင်းဟာ ကျနော့်ဝါသနာလည်း မဟုတ်၊ တသက်တာလုံး လုပ်သင့်တဲ့ အလုပ်အမျိုးအစားလည် မဟုတ်ဘူးလို့ ထင်ပါတယ်။) ညဘက်အချိန်တွေ မြို့ထဲမှာ ကားပတ်မောင်းရင်း လူအမျိုးစုံ၊ အဖြစ်အပျက် အမျိုးစုံကို ကြုံရပါတယ်။ တချို့ အဖြစ်တွေက ရီချင်စရာ။ တချို့အဖြစ်တွေကတော့ စိတ်ရှုပ် စိတ်ညစ်စရာ။ တချို့ အဖြစ်တွေကတော့ ဒေါသထွက်စရာ. . .စသည်ဖြင့် ကြုံရ၊ဆုံရပါတယ်။ အဲ့ဒီ ကြုံရဆုံရတာတွေကို ညမင်းသားတစ်ယောက်၏မှတ်စုများဆိုပြီး အဖြစ်အပျက်တစ်ခုချင်းစီ ပြန်ပြောပြပါရစေ။ ပထမဆုံး အနေနဲ့. . . (ညဘက် […]


  ညနေ(၅)နာရီမို့ တိမ်တောက်သလိုလို အလင်းရောင်ခပ်ဖြာဖြာပင်ရှိနေသေးသည်။ အနော်ရထားလမ်း လမ်း(၅၀)ဘက်ကနေ ဆူးလေဘက်ကို ရုံးအဆင်းလမ်းလျှောက်လာ ခဲ့သည်။ စိန်ပေါကျောင်းအကျော် ဝန်ကြီးများရုံးခြံစည်းရိုးတစ်လျှောက် ခရေပင်များတန်းစီ ကာ စိုက်ထားသည်ကိုတော့ သတိထားမိသည်။ အခုတော့ ပလက်ဖောင်းတစ်လျှောက် ခရေပန်းများဖွေးဖွေးလှုပ်ကျနေသည်ကို ကျောင်းအပြန်ကလေးငယ်များ လက်ခုတ်လေး ထဲကောက်ယူနေကြသည်ကို ကြည့်ပြီးကျွန်တော်ပြုံးမိလိုက်သည်။ လမ်းများလည်း အတော် ပိတ်သည်မို့ အိမ်အပြန်စောစောရောက်ရန် စိတ်ကစောနေသောကြောင့် ရှေ့မှာကျနေသော ခရေပးန်ေးလများ ကို မနင်းရက်ဘဲ သုံးလေးပွင့်ကောက်ယူပြီး နမ်းရှိုက်မိသည်။ ခရေပန်း ရဲ့ မွှေးရနံ့တို့က ကျွန်တော့်အတိတ်ပုံရိပ် များကို ရေးရေးမြင်ယောင်လာစေမိသည်။ ငယ်ငယ်ကတည်းက သစ်ပင် ၊ ပန်းပင်များနှင့် အကျိုးပေးသည်ဟုပင် ခေါ်ရမလားပင်။ သစ်ပင် ၊ ပန်းပင်နှင့် ပတ်သက်လာလျှင် မှတ်မှတ်ရရ အဖြစ်အပျက်များစွာရှိခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များစွာထဲမှ ခရေပန်းလေးများနှင့် ပတ်သက်သော အဖြစ်အပျက်များမှာ […]


၂၀၁၅ ဆီဂိမ်းဘောလုံး ပြိုင်ပွဲကြီးကား ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မြန်မာယူ-၂၃ အသင်းမှာ ဒုတိယငွတံဆိပ်နှင့် ကျေနပ် ခဲ့ရပြီဖြစ်သည်။ ၈ နှစ်အတွင်း ဆီးဂိမ်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိ လာခဲ့သည့် မြန်မာယူ-၂၃ အသင်းအတွက် ပြည်တွင်းပြည်ပမှ မြန်မာတိုင်းက ချီးကျူးခဲ့ကြပြီး ဗိုလ်လုပွဲတွင် အနိုင်ရစေရန် လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြသည်။ သို့သော် မြန်မာယူ-၂၃ အသင်းမှာ စနစ်တကျရွေးချယ်စုစည်း လေ့ကျင့်ထားခဲ့သည့် ထိုင်းယူ-၂၃ ကို မယှဉ်သာပဲ ဝး၃ ဖြင့်အရှုံးပေးခဲ့ရသည်။ မြန်မာယူ-၂၃ ရှုံးနိုမ့်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရသော်လည်း ထိုရွေးကျအသင်းအတွက်ကိုမူ များစွာဂုဏ်ယူမိပါသည်။ ရွေးကျအသင်းဟု အဘယ်ကြောင့် ဆိုရသနည်း။ မြန်မာကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် AFC ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ ကဆီမီးအထိရောက်ခဲ့သဖြင့် ဖီဖာယူ-၂၀ ကမာ္ဘ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ ထိုပြိုင်ပွဲသည် ၂၀၁၅ […]